25/07/2021
ဂျပန်နိင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသော2020 Tokyo Olympic ပြိုင်ပွဲတွင်အမျိုးသမီးတစ်ဦးချင်းကြက်တောင်ပြိုင်ပွဲများအားယနေ့နံနက်မြန်မာစံတောချိန်၇နာရီတွင် Musashino Forest plaza CRT 2 တွင်ကျင်းပပြုလုပ်ရာအုပ်စုတွင်းပြိုင်ပွဲအဖြစ်အုပ်စု(M)မြန်မာနိင်ငံမှကြက်တောင်အားကစားသမား သက်ထားသူဇာနှင့်အင်ဒိုနီးရှားမှTUNJUUG Gregoria Marissa နှင့်ယှဉ်ပြိုင်ကစား အင်ဒိုနီးရှား မှ21:11. 21:8. ဖြင့်အနိင်ရရှိသွားပါသည်
အဆိုပါအုပ်စု(M)တွင်အင်ဒိုနီးရှားအားကစားသမားသည်ကြက်တောင်ကမ္ဘာအဆင့်၂၀ရှိပြီယခုပြိုင်ပွဲတွင်နိင်ခြေအဆင့်၁၄သတ်မှတ်ခံရသူဖြစ်ပြီးမြန်မာမှသက်ထားသူဇာသည်ကမ္ဘာအဆင့်၅၆ရှိသူဖြစ်ပါသည်အုပ်စုတွင်းအခြားပြိုင်ဘက်မှာဘယ်ဂျီယံနိင်ငံသူTAN Lianne ဖြစ်ပြီကြက်တောင်ကမ္ဘာအဆင့်၄၂ရှိသူဖြစ်ပြီးမြန်မာမှသက်ထားသူဇာနဲ့ဇူလိုင်၂၇ရက်နေ့မြန်မာစံတော်ချိန်နံနက်၁၀နာရီတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်
(သတင်းဂျာနယ်များဓတ်ပုံအသုံးပြုပါကCrdပေးပါရန်)
24/07/2021
ဂျပန်နိင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်2020 Tokyo Olympic အားကစားပြိုင်ပွဲတွင် ၁၀မီတာလေပစ္စတိုသေနတ်ပစ်ပြိုင်အားAsaka သေနတ်ပစ်ကွင်းတွင်ယနေ့နံနက်မြန်မာစံတော်ချိန်၁၀နာရီတွင်ကျင်းပပြုလုပ်ရာမြန်မာနိင်ငံမှသေနတ်ပစ်အားကစားသမားရဲထွန်းနောင်မှကျည်အတောင့်၆၀။ ဝင်ရောက်ယှဉ်ပြိုင်ပစ်ခတ်ရာ ၉၂။၉၅။၉၈။၉၆။၉၈။၉၇
ပျှမ်းမျှ ၉.၆၀ စုပေါင်းရမှတ်၅၇၆မှတ်ဖြင့်အဆင့်၁၄ရရှိခဲ့ပါသည်
အဆိုပ်ပြိုင်ပွဲအားကစားသမား၃၆ဦးဝင်ရောက်ခဲ့ပြီ
နောက်ဆုံးဗိုလ်လုပွဲသို့၈ဦးသာတက်ရောက်ခွင့်ရရှိခဲ့ပြီးအဆင့်၁ဖြစ်အိန္ဒိယအားကစားသမားက၅၈၆မှတ်အဆင်၈အဖြစ်ဆားဘီယားအားကစားသမားမှ၅၇၈မှတ်ရရှိပါသည်
17/05/2021
နေပြည်တော်၊ ဧပြီလ(၂၆)ရက်။ မြန်မာအားကစားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားပြိုင်ပွဲများပြန်လည်ကျင်းပနိုင်ရေး နှင့် အားကစားကွင်း/အားကစားရုံများ တည်ဆောက်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အားကစားနှင့်ကာယပညာဦးစီဌာန အစည်းအဝေး ခန်းမ၌ video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်အမှာစကားပြောကြားပါသည်။
အဆိုပါအစည်းဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် (အားကစား) ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။
မြန်မာနိုင်ငံတွင် Covid-19ရောဂါဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင် ပွဲများကို (၂၀၂၀)မတ်လမှစ၍ မကျင်းပနိုင်ခဲ့သည်မှာ (၁)နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ Covid-19 ရောဂါနည်းပါးလာပြီး လူ(၅၀)ထိစုဝေးခွင့် ရရှိလာသောကြောင့် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်အရ ပြိုင်ပွဲများကို အမြန်ဆုံးပြန်လည်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဧပြီလ (၂၂)ရက်မှာ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး ၅/၂၁ မှာ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှုရှိမည် ဖြစ်ကြောင်း၊ အလွယ်အကူဆုံးအားကစားနည်း(၂)ခုမှာ လမ်းလျှောက်ခြင်းနှင့်ပြေးခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစ၍ အားကစားပြိုင်ပွဲများမှာ အောင်မြင်မှုများ ပြီးခဲ့သည့်(၁၀)စုနှစ်အတွင်း များစွာကျဆင်းခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ကြစေလို ကြောင်းဖြင့် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ယခုအခါ အားကစားပြိုင် ပွဲကျင်းပရန်အတွက် ဘောလုံးအားကစားနည်းကို စတင်ကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကိုစတင်ကျင်းပမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ပေးပို့ပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲဆုကြေးများ ယခင်နှစ်များထက်များစွာပိုမိုချီးမြှင့်သွားရန်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ (၂၀၂၁) ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလေးမ၊ ဝူရှူး၊ ဖူဆယ်ပြိုင်ပွဲများကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ပြိုင်ပွဲများကိုကျင်းပရာတွင် အဖြစ်သဘောလာရောက်ယှဉ်ပြိုင်ခြင်းမ ဟုတ်ပဲ အင်ပြည့်၊အားပြည့် အနှစ်သာရပြည့်ကျင်းပနိုင်ရေးကြိုတင်စီမံထားရှိပြီး အားကစားအဖွဲချုပ်များ နှင့်ပူးပေါင်း၍ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကြိုတင်ဖြန့်ဝေထားခြင်းနှင့်ပြိုင်ပွဲကျင်းပရာတွင် ဘတ် လိုက်မှုကင်းရှင်းစေရေးအတွက် လမ်းညွှန်မှာကြားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေနှင့်လည်းပြိုင်ပွဲကို အရည်အချင်းရှိရှိပါဝင်ယှဉ်ပြိုင်ရန်အတွက် မြို့နယ်အဆင့်ရပ်ကွက်ပေါင်းစုံ ပြိုင်ပွဲများ၊ ခရိုင်အဆင့်မြို့နယ်ပေါင်းစုံပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ခရိုင်အဆင့်ပြိုင် ပွဲများ အဆင့်ဆင့်ကျင်းပပြုလုပ်ပြီးမှ အရည်အချင်းရှိသောအားကစားသမာများကိုစီစစ်ရွေးချယ်လာ ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြအုပ်ချုပ်သူများကိုရွေးချယ်ရာတွင် လက်သင့်ရာနီးစပ်သူများကို မရွေးချယ်ပဲ အားကစားနည်းအလိုက် အမှန်တကယ်တက်သိကျွမ်းကျင်နားလည်စည်းကမ်းကောင်းမွန် သည့်နည်းပြ အတွေ့အကြုံနှင့် သက်မှတ်လိုင်စင်ရှိသူများကို တာဝန်ပေးဆောင်ရွက်စေလိုကြောင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာတွင် အားကစားကွင်း/အားကစားရုံဥပဓိရုပ် ကောင်းမွန်ရေးသည် အဓိကကျ၍ မိမိတို့မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားကွင်းများ သန့်ရှင်းသာယာကောင်းမွန်ရေး၊ တိုင်း၊ခရိုင်၊မြို့နယ် ရှိအားကစားဝန်ထမ်းများ၏ တာဝန်ဖြစ်ပါကြောင်း၊ အားကစားကွင်း/အားကစားရုံများတည်ဆောက်ရေးနှင့်ပတ်သက်၍ မှာကြားလိုသည်များမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၅/၂၁)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ''အားကစားပြိုင်ပွဲ များပြုလုပ်ရာ အားကစားကွင်းများ ကောင်းမွန်ရေးသည် အဓိကကျသဖြင့် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများ ကောင်းမွန်ရေး စီစစ်ဆောင်ရွက်ပေးရန်'' ထည့်သွင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ အားကစားကိုပံ့ပိုးချီးမြှင့် အားပေးလျက်ရှိရာ မိမိတို့ဝန်ထမ်းများမှ ဆထက်ထမ်းပိုး ကျိုးစားဆောင်ရွက်ပြီး အားကစားတိုးတက်အောင်မြင်မှုရရှိရန် အထူးကြိုးစားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း အရည်အချင်းပြည့်ဝသော အားကစားသမားများစီစစ် ရွေးချယ်လေ့ကျင့်ပျိုးထောင်ရန်မှာကြားလိုပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြို့နယ်(၃၃၀)တွင် ဘောလုံးကွင်း(၃၈၇)ကွင်း အားကစားရုံ(၂၃၈)ရုံရှိပြီး ဘောလုံးကွင်းမရှိ သောမြို့နယ်(၃၄)မြို့နယ်နှင့် အားကစားရုံမရှိသောမြို့နယ်(၉၉)မြို့သာ ကျန်ရှိတော့ပါကြောင်း၊ ၎င်းအတွက်လည်း (၅)နှစ်တာစီမံကိန်းရေးဆွဲထားပြီဖြစ်၍ ဘဏ္ဍာရေးနှစ်အလိုက်မူတည်ပြီး ထည့်သွင်း တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အားကစားကွင်း/အားကစားရုံများကို လိုအပ်သည့်မြို့နယ်များတွင် အားကစားကွင်း/အားကစားရုံများအဖြစ် မီတာ(၄၀၀)ပြေးလမ်း၊ ပွဲကြည့်စင်အုတ်တံတိုင်း၊ Inner Fency၊ ရုံးဝန်ထမ်းနေအိမ် ရေရရှိရေးများကို သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လျာထားရန်ပုံငွေဖြင့် တည်ဆောက်ကြရန်နှင့် ပြည်ထောင်စု ဘတ်ဂျက်မှ တတ်နိုင်သလောက်ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရှိပြီးသား အားကစားကွင်း/အားကစားရုံများကို ပြန်လည်ပြုပြင်မွမ်းမံရာတွင် ပြည်ထောင်စုဘတ်ဂျက်မှ တတ်နိုင်သလောက်ကျခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေကြီး နှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ အမြဲမပြတ်တွန်းအားပေးကြပ်မတ်စစ်ဆေးသွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း မြို့နယ်၊ ခရိုင်များ နွေရာသီအားကစား သင်တန်းများကို (မြန်မာ့သိုင်း) အပါအဝင် ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပရန် စီမံထားရှိမှုအခြေအနေများ၊ ဦးစီးဌာနမှ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို လာရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲများ၊ လူရွေးချယ်မှုများ ပြုလုပ်ပြီး စခန်းသွင်းလေ့ကျင့်ကာ လာရောက်ယှဉ်ပြိုင်မည့်အခြေအနေများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များအတွင်း အားကစားကွင်း/အားကစားရုံအသစ်တည်ဆောက်ပြီးစီးနေမှုအခြေအနေများ ကို အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတက်ရောက်လာကြသော အားကစားကွင်း/ အားကစားရုံညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဒုတိယမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့မှ ဒေသတွင်းပြိုင်ပွဲများ ကျင်းပရာ တွင် အောင်မြင်မှုရရှိစေရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင်ရာ တွင် စည်းကမ်း၊ စံချိန်၊ စံညွှန်း ပြည့်ဝပြီး အရည်အချင်းပြည့်မီစွာ လာရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ် များ၊ အားကစားကွင်း/အားကစားရုံအသစ်တည်ဆောက်ရေးနှင့် ပြန်လည်မွမ်းမံရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်လေလွင့်မှုမရှိစေရေးကိစ္စရပ်များကို အသီးသီးဖြည့်စွက်ပြောကြား ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
17/05/2021
နေပြည်တော်၊ မေလ(၁)ရက်။ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ်နိုင်ရေးနှင့် မြန်မာအားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ခရိုင် /တိုင်းအဆင့် အားကစားပြိုင်ပွဲများ မကြာမှီပြန်လည်ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ အဆင့်မြင့်ပြီး ကောင်းမွန်သန့်ရှင်းသပ်ရပ်စေရေးသည် အဓိကဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီလ (၃၀)ရက်နေ့နှင့် မေလ (၁)ရက်နေ့တို့တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကယားပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ အသစ် တည်ဆောက်နေမှု ပြုပြင်မွမ်းမံနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေလ (၃၀)ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားကွင်းနှင့် အားကစားရုံ၊ ဝန်ထမ်းအိမ်များအသစ်တည်ဆောက်နေမှုနှင့် အဝီစိတွင်း တူးဖော်မည့်နေရာကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဖရူဆိုမြို့နယ် အားကစားကွင်းနှင့် (၂)ထပ်ပွဲကြည့်စင်ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ဘော်လခဲခရိုင် အားကစားကွင်း၊ (၄)ခန်းတွဲ (၃)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် အားကစားကွင်း/အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း လုပ်ငန်းများ စံချိန်စံညွှန်းကောင်းမွန်ပြီး အချိန်မှီပြီးစီးနိုင်ရေး အသီးသီးလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဖားဆောင်းမြို့နယ်အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းရေရရှိစေရေး ကွင်းရေဖျန်းစနစ်နှင့် ပွဲကြည့်စင်အဝင်လမ်း ပြုလုပ်ပေးရန်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ မယ်စဲ့မြို့နယ်အားကစားကွင်း၊ ပွဲကြည့်စင်တိုးချဲ့ဆောက်လုပ်မည့်နေရာနှင့် အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းဂိုးတိုင်နောက် မြေလွတ်နေရာများ မြေဖို့ရန်နှင့် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ချုပ်ရေးမှူးရုံးခန်း၌ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီးမှ ကျောင်းပြုပြင်ထိန်းသိမ်းမှုများ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုကို ဒုတိယဝန်ကြီးအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည်းဆည်းမှာကြားပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွင်းရှိ အားကစားရုံများ ပြုပြင်မွမ်းမံနေမှုများ၊ စားရိပ်သာ၊ သင်တန်းသား/သူများ၏ အိပ်ဆောင်များနှင့် (၄)ခန်းတွဲဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်ရုံးတွင် ဝန်ထမ်းများအားတွေ့ဆုံ၍ နှုတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ် အားကစားကွင်းအတွင်းရှိ တင်းနစ်အားကစားကွင်း၊ ရေကူးကန်နှင့် GYM ခန်းမတည်ဆောက်နေမှုနှင့် မီတာ (၄၀၀)ပြေးလမ်းအား Synthetic ခင်းကျင်းမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ လွိုင်ကော်မြို့နယ်ရှိ ဖူဆယ်အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည့်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
17/05/2021
နေပြည်တော်၊ မေလ(၂)ရက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မေလ(၁)ရက်၊ (၂)ရက်နေ့များတွင် ရှမ်းပြည်နယ်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံ(တောင်ကြီး)နှင့် တောင်ကြီးမြို့၊ ပင်းတယမြို့များရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်ပြုပြင် မွမ်းမံနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မေလ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ ရောက်ရှိလာပြီး ကျောင်းအတွင်းရှိ သင်တန်းသူအိပ်ဆောင်များ ကြည့်ရှုစစ်ဆေးပြီး အဆောင်မှူး များ၊ စာသင်ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ပြီး ရေကူးကန်သစ်မီတာ (၅၀) တည်ဆောက်နေမှု၊မီတာ (၄၀၀)ပြေးလမ်းအား Synthetic ခင်းကျင်းမှု၊ မိုးလုံလေလုံဘတ်စကက်ဘောရုံ ၊ စားပွဲတင်တင်းနစ်အားကစားရုံ၊ လက်ဝှေ့ရုံ၊ ကရာတေးအား ကစားရုံ၊ တိုက်ကွမ်ဒိုအားကစား ရုံများကြမ်းခင်းပြုလုပ်နေမှု၊ကားပါကင်တည်ဆောက်မည့် နေရာ ဒုတိယ ကျောင်းအုပ်နေထိုင်မည့် အဆောက်အဦ၊ ဘောလုံးကွင်းပြေးလမ်းနှင့် အမျိုးသားအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစား နှင့်ကာယပညာသိပ္ပံ(တောင်ကြီး)နှင့် (လွိုင်ကော်)ကျောင်းတို့သည် တိုးတက်လာကြောင်း၊ သန့်ရှင်း သပ်ရပ်ရမည့်ကျောင်းများဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ရှိသည်ကို အလွန်ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ မကြာမီ ဝန်ထမ်းများကို ရာထူးတိုးတက်ရေး၊ ပြောင်းရွှေ့ရေးကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန(ပြည်နယ်ရုံး)သို့ ရောက်ရှိပြီး ဝန်ထမ်း များနှင့်တွေ့ဆုံနှုတ်ဆက်အမှာစကားများ ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း မှ အားကစားနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ရုံး ညွှန်ကြားရေးမှူးမှ လက်ခံရရှိခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်(၇)နာရီအချိန်တွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များကို တွေ့ဆုံ၍ ရှမ်းပြည်နယ် တွင် ပြည်သူများ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေးကိစ္စရပ်များ၊ ပြည်နယ်အတွင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကိစ္စရပ် များနှင့် အားကစားပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး အားကစားအထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ပြည်နယ် ကောင်စီဥက္ကဌမှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်သို့ ရောက်ရှိပြီး ပင်းတယ မြို့နယ် မိုးလုံလေလုံအားကစားရုံ (၂၀၀ X ၁၀၀)ပေ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီဥက္ကဌ ဦးအာကာလင်းနှင့် တွေ့ဆုံ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပြီး အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ရွာငံမြို့နယ်ရှိ အားကစားရုံ (၁၀၀'X၂၀၀)တည်ဆောက်ရေးလုပ်ငန်းနှင့် ဘောလုံးကွင်း မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သို့ ရောက်ရှိလာပြီး တည်ဆောက်လျက်ရှိသော မိုးလုံလေလုံအားကစားရုံ (၁၂၀ X ၉၀)ပေ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေရေး တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ပတ်သက်၍ တင်ပြချက်များ ကိုရှင်းလင်း တင်ပြချက်များကိုနားထောင်ပြီးလိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
12/05/2021
နေပြည်တော်၊ မေလ(၈)ရက်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိရာ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာအားကစားအဖွဲ့များအား ယနေ့ နံနက် (၈)နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုအားပေးအမှာစကားပြောကြားခဲ့ပါသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့် အတူ အားကစားနှင့် ကာယပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။
ရှေ့ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ကွင်းအမှတ် (၃)၌ လေ့ကျင့်နေလျက်ရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာနအသင်းအနေနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသို့ ပံ့ပိုးပူးပေါင်းဆောင်ရွက်ရမည့် အားကစားသမားများ အခြေအနေ လေ့ကျင့်ရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရမည့်အခြေ အနေများကို မေးမြန်း၍ တာဝန်ရှိသူများအား လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘိလိယက်အားကစားရုံ၌ ပဏာမမြန်မာ့လက်ရွေးစင် (9 Ball) အားကစားသမားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိပိုက်ကျော်ခြင်း အားကစားရုံတွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ တိုးတက်မှု အခြေအနေ အားကစားနည်းအလိုက် ရွေးချယ်ထားသော အားကစားသမားများ စုံလင်စွာပူးပေါင်းလေ့ကျင့်နိုင်မှု အခြေအနေ၊ အားကစားနည်းအလိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် (Event)များရွေးချယ်ထားရှိမှု အခြေအနေ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ထပ်မံပံ့ပိုးပေးရန် လိုအပ်သည့်အခြေအနေများကို မေးမြန်းကာ တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (Fitness Center) GYM ခန်းမ၌ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်လျက်ရှိသော ဝူရှူး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ် အားကစားနည်းများမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အားကစားနည်းအလိုက် အားကစားသမားများ၏ လစဉ်အလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှုစွမ်းရည် တိုးတက်လာစေရေး၊ ပြိုင်ပွဲဝင်ကာလအမှီ အားကစားနည်းအလိုက် လုံလောက်သော ကြံ့ခိုင်မှုရရှိစေရေး၊ စနစ်တကျကြပ်မတ် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရေး၊ အားကစားနည်းအလိုက် စက်ကိရိယာပစ္စည်းများနှင့် ထိထိရောက်ရောက်အသုံးပြုလေ့ကျင့်နိုင်စေရေး၊ ကြံ့ခိုင်မှု (GYM) နိုင်ငံခြားနည်းပြအချိန်မှီ ဌားရမ်းနိုင်ရေး ကိစ္စများလမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေးအားကစားကွင်းသို့ ရောက်ရှိလာပြီး မြန်မာ့လက်ရွေးစင်ပီတန်း အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှုစစ်ဆေး၍ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် အားကစားသမားများအားကြိုးစားအားထုတ်မှုအပြင် စိတ်ပိုင်ဆိုင်ရာ အာရုံတည်ငြိမ်မှုရရှိစေရေး ပိုမိုဂရုစိုက်လေ့ကျင့်ရန် တိုက်တွန်းမှာကြားအားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာသို့ ရောက်ရှိပြီး မြန်မာ့လက်ရွေးစင်အားကစားသမားများအားကျွေးမွေးရန်အတွက် ချက်ပြုတ်စီမံဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည့်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Multipurpose) ခန်းမ၌ ပြေးခုန်ပစ်၊ ဝူရှူး၊ အလေးမအားကစားသမားများ ခေါ်ယူတွေ့ဆုံ၍ ပြိုင်ပွဲအောင်မြင်မှုရရှိစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ထားရှိမှု အခြေအနေ၊ အောင်မြင်မှုကို ရလာပါက နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်မည့်အခြေအနေများ ရှင်းလင်းပြောကြားကာ အားကစားနည်း အလိုက် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ၊ လိုအပ်မှု မရှိစေရေး တာတန်ရှိသူများကို မေးမြန်းကာ ပံ့ပိုးဆောင်ရွက်ပေးပြီး အားကစားသမားများ စိတ်ဓာတ်ခွန်အားမြှင့်တင် အားပေးစကား ပြောကြားခဲ့ပါသည်။
12/05/2021
နေပြည်တော်၊ မေလ(၇)ရက်။
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြို်ငပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြို်ငပွဲအား ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်မှ ဒီဇင်ဘာ လ(၂)ရက်နေ့အထိ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး(၁၂)တွင် အားကစားနည်း(၄၀)နည်းဖြင့် လက်ခံကျင်း ပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း(၁၈)နည်းသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ယခုအချိန် ပြိုင်ပွဲဝင်ကာလ (၁၉၉) ရက်သာ ကျန်ရှိတော့ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကာလ နီးကပ်နေပြီဖြစ်ပါ ကြောင်း၊ နိုင်ငံ၏ Covid-19 ရောဂါအခြေအနေကြောင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားနည်း များကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍သာ စတင်လေ့ကျင့်နိုင်တာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ထိုသို့စခန်းသွင်းလေ့ကျင့်မှုအတွက် ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများတွင် စားစရိတ် ထောက်ပံ့ကြေးကို ယခင်ထက်နှစ်ဆ ပိုမိုထောက်ပံ့တိုးမြှင့်ပေးခဲ့ပြီး အခြားအုပ်ချုပ်ထောက်ပံ့ မှုဆိုင်ရာ လေ့ကျင့်ရေးသုံး၊ ပြိုင်ပွဲသုံးပစ္စည်းများကို ပြည့်ဝစွာ ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိပါ ကြောင်း၊ စခန်းသွင်းလေ့ကျင့်မှုများကို လေ့ကျင့်ရေးကြည့်ကြပ်မှုများနှင့် ပြိုင်ပွဲအောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အားကစားသမားများ ပြိုင်ပွဲနီးကပ်လာပြီးဖြစ်သဖြင့် လေ့ကျင့်ရာတွင် ထိခိုက်ဒဏ်ရာမရရှိစေရေး အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ အားကစားသမားများသည် နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်မည့်သူများဖြစ်သောကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဓိကထားပြီး မြှင့်တင်ဆောင်ရွက်ပေး ရန်လိုအပ်ပါကြောင်း၊ အားကစားသမားအားလုံးကို စေတနာထားနားလည်စိတ်ဖြင့် မိမိသားသမီး များသဖွယ် ဆက်ဆံအားပေးရန်လိုအပ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်း လေ့ကျင့်မှု ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထိန်းသိမ်းတည့်မတ်ကာ အားကစားသမားများ၏ မမြင်နိုင်သော စိတ်စွမ်းရည်များကို ဖော်ထုတ်ပြီး အုပ်ချုပ်စီမံသွားမှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအနေနှင့် အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြများ ငှားရမ်းအသုံးပြုရာတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစား နည်းအလိုက် နိုင်ငံခြားနည်းပြများ လာရောက်တာဝန် ထမ်းဆောင်ရာတွင် မြန်မာနည်းပြများအနေနှင့် သင်ကြားမှုပိုင်းနည်းပညာပိုင်းဆိုင်ရာများ မှတ်သားလေ့လာထားရှိပြီး ပညာဆည်းပူးကာ နောင်တစ်ချိန် ပြန်လည်အသုံးချရန်လိုအပ်ပါကြောင်း၊ ထိုမှသာ မြန်မာနည်းပြများ အရည်အချင်း တိုးတက်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ယှဉ်ပြိုင်လေ့ကျင့်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် မှ မြန်မာအားကစားနည်းအလိုက် နည်းပြများငှားရမ်းထားရှိမှုအခြေအနေ၊ G to G အစီအစဉ်အရ တရုတ်နိုင်ငံ သို့ (Joint Training) ပူးပေါင်းသွားရောက်လေ့ကျင့်မှုအစီအစဉ်များကိုလည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ မြန်မာအားကစားနည်း အလိုက် နေပြည်တော်၊ ရန်ကုန်မြို့များတွင် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေ၊ စခန်းသွင်းလေ့ကျင့် ရာတွင် အားကစားသမားများ ရောက်ရှိမှုအခြေအနေ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့မှု၊ နေထိုင်စားသောက်မှု ပံ့ပိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးချုပ်(၃)ဦးကျော်ဦးမှစခန်းဝင်လေ့ကျင့်ရေး အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲ မှုမရှိစေရေးစီမံဆောင်ရွက်ထားမှု အခြေအနေ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ထားရှိမှုအခြေအနေ၊ လေ့ကျင့်ရေးကာလ အားကစားနည်းအလိုက် စံချိန်စံညွှန်းတိုးတက်မှုအခြေအနေ၊ စီမံအုပ်ချုပ်မှုများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်၍ အားကစားအဖွဲ့ချုပ်များ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ အားကစားနည်းအလိုက် မျိူးဆက်သစ်လူငယ်များ ဆက်လက်လေ့ကျင့် ပျိူးထောင်ထားရှိရန် စီစဉ်ထားရှိမှုအခြေအနေများ၊ Joint Training သွားရောက်ရန် လေ့ကျင့်ရေးကာလ အတွင်း အထောက်အကူပစ္စည်းများ၊ ဝတ်စုံများ ပံ့ပိုးထားရှိမှုအခြေအနေများ၊ လေ့ကျင့်ရေးကာလ တိုးတက်မှု၊ စည်းကမ်းကောင်းမွန်မှုရှိစေရေး၊ တရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လေ့ကျင့်ရေးအထောက်အကူပြုစည်းများ၊ ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ အရည်အသွေးမီ စံချိန်စံညွှန်း ကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အနေနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉)နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အလေးမ ပဏာမ အားကစားသမားများ ပြိုင်ပွဲအကြိုဆန်းစစ်ပြိုင်ပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးပါသည်။ အဆိုပါ ပြိုင်ပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံအလေးမ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်အဖြစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ(ဟောင်း) ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး တက်ရောက်ကြည့်ရှုအားပေးဆုများချီးမြှင့်ခဲ့ကြပါသည်။
ပြိုင်ပွဲကို ပဏာမရွေးချယ်ထားသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအားကစားသမားများမှ စံချိန်ပြုတစ်ဦးချင်းပြိုင်ပွဲအဖြစ် အမြန်မ၊ အနှေးမ (၂)မျိုးပေါင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး၊ ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြားရေးမှူး ချုပ်၊ အဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယပိုင်းဖြင့် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသားအားကစား သမားများမှ အလေးမပြိုင်ပွဲကို အမြန်မ၊ အနှေးမ (၂)မျိုးပေါင်းဖြင့် စံချိန်ပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများမှ ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
12/05/2021
နေပြည်တော်၊ မေလ(၁၁)ရက်။
ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် စခန်းသွင်း လေ့ကျင့်လျက် ရှိရာ အဆိုပါအားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် (၉:၃၀) အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးကာ လမ်းညွှန်အမှာစကားပြောကြားပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးအား မြန်မာအားကစားအဖွဲ့များနှင့် အဖွဲ့လိုက်မိတ်ဆက်ဂါရဝပြုကြပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ ရှင်းလင်းတင်ပြရာတွင် အိမ်ရှင်နိုင်ငံမှ ပြိုင်ပွဲကျင်းပမှုပုံစံများ၊ မြန်မာ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အခြေအနေများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့ တို့၌ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပေးနေမှု အခြေအနေများ၊ အားကစားသမား များအား ထောက်ပံ့ကျွေးမွေးထားရှိမှုအခြေအနေများ၊ လေ့ကျင့်ရေးသုံးအထောက်အကူပြုပစ္စည်း များပံ့ပိုးထားရှိမှုအခြေအနေများ၊ မြန်မာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နိုင်ငံခြားနည်းပြငှားရမ်းမှုအခြေအနေများ၊ လေ့ကျင့်ရေးကာလနှင့် ပြိုင်ပွဲဝင် ကာလ ခန့်မှန်းကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဖြည့်စွက်၍ ရှင်းလင်းတင်ပြရာတွင် မြန်မာ အားကစားအဖွဲ့များအား လေ့ကျင့်ရေးကာလအတွင်း စည်းကမ်းပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ များကို အဓိကဦးစားပေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆုတံဆိပ်ရရှိနိုင်သည့် အားကစား နည်းအလိုက် ဆုရရှိနိုင်မှု မျှော်မှန်းထားရှိမှုအခြေအနေများ၊ အားကစားအဖွဲ့များအတွက် အာဟာရ ပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ လိုအပ်မှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လမ်းညွှန် အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စတို့ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတို/ရေရှည်စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်၍ မိမိတို့အနေနှင့် ပိုမိုအလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ပြည်သူလူထုအားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အဓိကဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဓိကအားပေးဆောင်ရွက်ရမည့်တာဝန် ဖြစ်ပါကြောင်း၊ ကျန်းမာဖို့အတွက်ဆိုလျှင် ပြည်သူများ အစားအသောက်ပိုင်းဆိုင်ရာနှင့် အနေအထိုင်၊ အလေ့အကျင့်များကို ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ပြီး ကြံ့ခိုင်မှုအတွက်ဆို ပြည်သူတိုင်း ကိုယ်လက်လှုပ်ရှားအားကစားကို လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ကျန်းမာ ကြံ့ခိုင်မှ တိုင်းပြည်တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ပတ်သက်၍ အားကစားသမားများအထူးဂရုစိုက်ရန်အရေးကြီးပါကြောင်း၊ သန့်ရှင်းသပ်ရပ်ပြီး အာဟာရပြည့်ဝသော အစားအသောက်ကို စနစ်တကျ စားသုံးရန်နှင့် အားကစားတစ်ခုချင်းလိုက် လိုအပ်သောအာဟာရဖြစ်အောင် စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လှုပ်ရှားနိုင်သော အားကစားနည်းမျိုးအပြင် တိုင်းပြည်ဂုဏ်ဆောင်နိုင်သောအားကစားနည်း များကို ပြိုင်ပွဲများကျင်းပဆောင်ရွက်ပေးရ၍ ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ရန်၊ လမ်းလျှောက်ခြင်းဖြင့် အားကစား ကိုပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်း/ခရိုင်/မြို့နယ်အသီးသီးရှိ လမ်းလျှောက်နိုင်သောနေရာများ ဆောင်ရွက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်သော နေရာများ၊ အားကစားကွင်း/အားကစားရုံများကို ဘတ်ဂျက်လျာထားပေးမှုနှစ်အလိုက် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ကိုယ်လက်လှုပ်ရှားအားကစားကို လမ်းလျှောက်ခြင်းအပါအဝင် ပြုလုပ်နိုင်မည့်နေရာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ကောင်စီဥက္ကဋ္ဌများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရန်အတွက် မြို့နယ်အသီးသီးတွင် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်းများ ရှိရမည်ဖြစ်ပြီး အားကစားအောင်မြင်မှု ရရှိစေရန်အတွက် ခေတ်မီ မိုးလုံလေလုံအားကစားရုံများ၊ အားကစားနည်းများစွာ ကစားနိုင်သည့် အားကစားရုံများ ခေတ်မီပုံစံများဖြင့် တည်ဆောက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒိုင်ဗင်စင် ပါရှိသော ရေကူးကန်တစ်ခု မဖြစ်မနေတည်ဆောက် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းနှင့် ပြေးခုန်ပစ်အားကစားနည်းမှာ ဆုတံဆိပ်အများဆုံးရရှိသော အားကစားနည်း ဖြစ်ပါသောကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှာ ရေကူးကန်ရှိရေးနှင့် မီတာ(၄၀၀) Synthetic ပြေးလမ်း ဘောလုံးကွင်းများကို ကြိုးစားတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားရွေးချယ်မှု ယခင်ထက်စာလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ဝန်ကြီးဌာနပေါင်းစုံ၊ ကျောင်းသားအားကစား ပြိုင်ပွဲများ ကျင်းပမှုအတိုင်းအတာ လျော့နည်းပါသောကြောင့် အဆိုပါ ပြိုင်ပွဲများအား ပြန်လည် ကျင်းပပေးရမည်ဖြစ်ပါကြောင်း၊ ထိုမှသာ ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ထွက်လာသော မျိုးဆက်သစ် များကို နိုင်ငံ့လက်ရွေးစင်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင်လည်း လူရွေးချယ်မှုအပိုင်းနှင့် အားကစားကို အမှန်တကယ် စိတ်ပါဝင်စားသော လူငယ်ကျောင်းသားများကို ရွေးချယ်နိုင်ရေးနှင့် လေ့ကျင့်မှုပိုင်းတွင် နည်းပြ/ နည်းစနစ်များ အနေဖြင့် အရည်အသွေးပြည့်ဝပြီး စည်းကမ်းကောင်းမွန်သူများ ဖြစ်ရန် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှသာ သင်တန်းသား/အားကစားသမားများကို စည်းကမ်း သေဝပ်သော အားကစားသမားများဖြစ်ရန် လမ်းညွှန်မှု ပြုနိုင်မည်ဖြစ်ပါကြောင်း၊ နည်းစနစ်ပိုင်းများအနေဖြင့် နိုင်ငံတကာအဆင့်မီနည်းစနစ်များ သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် ကြံ့ခိုင်မှုလေ့ကျင့်ရာတွင် အားကစားတစ်ခုနှင့်တစ်ခု မတူညီနိုင်ပါကြောင်း၊ အားကစားတစ်ခုချင်းစီအတွက် ကြံ့ခိုင်ရေး ဆရာများ ရှိအောင် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနည်း အလိုက် အစာအာဟာရလိုအပ်မှုခြင်းလည်း မတူညီနိုင်ပါကြောင်း၊ လေ့ကျင့်မှုပိုင်း မတူညီနိုင် ပါကြောင်း၊ ထို့ကြောင့်ခေတ်မီနည်းစနစ်များ စနစ်တကျလေ့ကျင့်နိုင်ရေး နိုင်ငံခြားနည်းပြများ၊ အားကစားနည်းအလိုက် ငှားရမ်းအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အားကစားပြိုင်ပွဲများကို သက်တမ်းအလိုက် ပြိုင်ပွဲများ အသက်မှန်ကန်မှု စနစ်တကျဖြင့် ပြိုင်ပွဲများကျင်းပရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲအချို့သည် သက်တမ်းအလိုက် ပြိုင်ပွဲ များဖြစ်ပါသောကြောင့် သက်တမ်းအလိုက် စီစစ်လေ့ကျင့်ပေးနိုင်ရေး အထူးအရေးကြီးပါကြောင်း၊ အားကစားသမားများ ရေရှည်ဘဝအာမခံချက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုမှသာ အားကစားသမားများ မိမိဘဝတွင် စိတ်အေးလက်အေးဖြင့် အားကစားကို တစိုက်မတ်မတ် ကြိုးစားနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ကြိုတင်လေ့ကျင့်မှု ဆောင်ရွက်ရာတွင် မိမိ၏ စံချိန်စံညွှန်းတိုးတက်မှုရှိအောင် ဆောင်ရွက်ရသလို အခြားပြိုင်ဘက်နိုင်ငံများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ စံချိန်စံညွှန်းကို စဉ်ဆက်မပြတ် လေ့လာသိရှိထားရှိပြီး ၎င်းတို့ထက် သာနေအောင် ပစ်မှတ်ထားကြိုးစားရမည်ဖြစ်ပါကြောင်း၊ ဆေးပညာပိုင်းဆိုင်ရာအနေဖြင့် အားကစားသမား တားမြစ်ဆေးသုံးစွဲမှု အထူးကြပ်မတ်ရန်လိုအပ်ပြီး အားကစားသမားများ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေမှု ရရှိစေရေး လေ့ကျင့်စဉ်ကာလ၊ ပြိုင်ပွဲကာလ၊ ပြိုင်ပွဲပြီးကာလ စိတ်ခံစားချက်များ ကောင်းမွန်အောင် လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ဆေးအဖွဲ့အနေနှင့် အားကစားနည်းအလိုက် တစ်ဦးချင်း စိတ်ဓာတ်ပိုင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အမြဲစစ်ဆေး ပေးသွားရန် လိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ပြိုင်ပွဲများ လက်ခံကျင်းပ နိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး မိမိတို့ရိုးရာအားကစားနည်းဖြစ်သော မြန်မာ့သိုင်းကို မြန်မာနိုင်ငံ၏ အဓိက ပင်မကိုယ်ခံအားကစားနည်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့သိုင်းပညာရှင်အဖွဲ့ချုပ်နှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာ့သိုင်း အားကစားနည်းကို နိုင်ငံ့အားကစားနည်း အဖြစ်ကြိုးစားပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများအနေနှင့် နိုင်ငံတကာအလယ်တွင် နိုင်ငံဂုဏ်ကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်သူများ ဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားအား လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လမ်းညွှန်မှာကြားကာ စိတ်ဓာတ်ခွန်အား မြှင့်တင် အားပေးစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားသမားစားရိပ်သာသို့ ရောက်ရှိ လာပြီး အားကစားသမားများအား နေ့လည်စာ စားသောက်ရန် ချက်ပြုတ်နေမှုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ပေးသော Fitness Center, GYM ခန်းမသို့ ရောက်ရှိကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ နေပြည်တော် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ COVID-19 ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။