13/08/2024
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ဒီရေတော
ကမ္ဘာ့ရာသီဥတုသည် ပို၍ပူပြင်းလာသောကာလသို့ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ၏အအေးပိုင်းဒေသ တွင်ရှိ နေသည့် ရေခဲပြင်များသည် ယခင်ကထက်ပို၍ အရည်ပျော်နှုန်းမြန်ဆန်လာသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်တို့သည် တစ်ဖြည်းဖြည်းမြင့်တက်လာပြီဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းမှာ ပင်လယ်ပြင်နှင့်ထိစပ်မှုများပြီး မြေနိမ့်ဒေသများသော နိုင် ငံ၊ ဒေသတို့အတွက် ဘေးအန္တရာယ်များကျရောက်လာနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ ခြင်းသည် မုန်တိုင်းနှင့်ဒီရေမြင့်တက်ချိန်များတွင် ရေလွှမ်းမိုးခြင်းကို ယခင်ကထက်ပို၍ ခံစားရမည်ဖြစ် သည်။ ထို့နောက် ကမ်းပါးပြိုခြင်းများ၊ စိုက်ပျိုးမြေများ၊ သောက်သုံးရေကန်များအတွင်းသို့ ဆားငန်ရေစိမ့် ဝင်မှုများကိုကြုံလာရမည်။ ကုန်းမြေနှင့်ထိစပ်လျက်ရှိသော ကမ်းခြေဧရိယာများပိုမို၍ ရေလွှမ်းမိုးခြင်းခံ ရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအတော်များများသည် ပင်လယ်ရေမျက်နှာမြင့်တက်လာခြင်းအန္တရာယ်ကိုစတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေရသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၃.၅ သန့်ခန်းသည့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုဒဏ်ကိုနှစ်စဉ်ရင်ဆိုင်နေရပြီး ဒေသခံ ၁၇ ရာခိုင်နှုန်းမှာ နေရာပြောင်းရွှေ့နေထိုင်ရန်လိုအပ် နေပြီဟု ခန့်မှန်းကြပါသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သုံးပုံနှစ်ပုံသည် ပင်လယ်ရေမျက်နှာပြင်အထက် (၅) မီတာအောက်တွင်တည်ရှိပြီး လာမည့် ၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် လက်ရှိအမြင့်ထက် (၅၀) စင်တီမီတာ ခန့်မြင့်တက်လာခဲ့ ပါက နိုင်ငံအကျယ်အဝန်း၏ ၁၁ ရာခိုင်နှုန်းကို ဆုံးရှုံးမည်ဟု ခန့်မှန်းပြောဆိုကြပါ သည်။ (ကိုးကား- အင်တာနက်)
ထို့ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကို တတ်နိုင်သမျှ ကာကွယ်ရန်လိုအပ်လာပြီဖြစ်ပါ သည်။ ဤနေရာတွင် ဒီရေတောများ၏အရေးပါမှုကို ချန်လှပ်ထားခဲ့၍မရပေ။ ဒီရေတောများသည် ကမ်း ခြေကိုကာကွယ်ပေးနေသောအပင်များဖြစ်လေသည်။ ဒီရေတောအမြစ်များနှင့် အပင်များသည် ကမ်းခြေ ကိုခြေကုပ်သဖွယ်ယူပြီး ပင်လယ်ရေလွှမ်းခြင်းများကိုကာကွယ်ပေးနေခြင်းဖြစ်ပါသည်။
တစ်ချို့ကမ်းရိုးတန်းဒေသများတွင် ရှိသည့် ဒီရေတော များကို ခုတ်ထွင်ရှင်းလင်းပြီး ပုဇွန်မွေးမြူရေး လုပ်နေကြသည်များလည်းရှိပါသည်။ ကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းခြင်းများမဖြစ်ပေါ်စေရန် ဒီရေတော များကို ခုတ်ထွင်ရှင်းလင်းခြင်းမှကာကွယ်ရမည်ဖြစ်သည်။
ကမ်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်ကျောက်တန်း၊ ကမ်းတက်မြေများတွင် ပေါက်ရောက်သော ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကာ ကုန်းမြေဖွဲ့စည်းပေးသင့်ပါသည်။ ဒီရေတောများသည် လူသား တို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်လေသည်။ ဒီရေတော များမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ် မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေသည်။ ထို့ ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် ဒီရေတောများကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ပါသည်။
🌿🌿
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 –https://www.instagram.com/worldview_myanmar/
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫'𝐬 𝐓𝐰𝐢𝐭𝐭𝐞𝐫 - https://twitter.com/MyamarWif45219
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐘𝐨𝐮𝐓𝐮𝐛𝐞 -https://www.youtube.com/c/WorldviewMyanmar/videos
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫'𝐬 𝐓𝐢𝐤𝐓𝐨𝐤 -https://www.tiktok.com/
04/06/2024
ဏဘရံဘေးမရှိ အဓိပ္ပါယ်သိစေဖွယ်
========================
အဘိုးဖြူ
တစ်နေ့နံနက်တွင် ကျွန်ုပ်ထံမှ ဗေဒင်ပညာ သင်ယူနေသောမောင်ကျော်ဝင်းသည်စာအုပ်ကလေး ကိုင်ကာ ရောက်လာလေ၏။ ကျွန်ုပ်အား မောင် ကျော်ဝင်းကရိုသေစွာကန်တော့ပြီးမှထိုင်လေ၏။
“မောင်ကျော်ဝင်း လူတွေပြောပြောနေကြတဲ့ ဏဘရံ ဘေးမရှိဆိုတာဘယ်လိုအကြောင်းကြောင့် ဘေးမရှိရတာလဲ၊ ဘယ်လိုရေးရသလဲ လူလေး သိသလား”ဟု ကျွန်ုပ်က မေးလိုက်မိလေ၏။
မောင်ကျော်ဝင်းက တွေဝေသွားပြီး-
“မသိပါဘူး ဘဘိုး”
“ဏဘရံဆိုတာ သူ့အကြောင်းနဲ့သူ့အကျိုး ဖြစ်ပေါ်လာရတာပဲ၊ အလကားနေရင်းဖြစ်လာရတာ မဟုတ်ပေဘူး၊ မြန်မာအက္ခရာဗျည်း ‘က’မှ ‘အ’ အထိ ၃၃ လုံးရှိတယ်၊ ဏဘရံဆိုတာ ဏ-ဘ-ရ ဗျည်းအက္ခရာသုံးလုံးက ဖြစ်ပေါ်လာတာပဲကွယ့် ဒီမှာကြည့်”
ကျွန်ုပ်သည် စာရွက်ဖြူတစ်ရွက်ပေါ်တွင် မြန်မာဗျည်းအက္ခရာ ၃၃လုံးကိုရေးသားလိုက်လေ၏။
“အဘိုးက လူကလေးကို ပုံပြင်တစ်ပုဒ်ပြော ပြမယ်၊ မင်းသားသုံးယောက်နဲ့ဘီလူးသုံးဆယ် ဆိုတဲ့ပုံပြင်လေးပဲ၊ အဲဒီပုံပြင်ကို လူလေးကြားဖူး သလား . . .အဘိုးက လူလေး ဏဘရံကို သဘော ပေါက်သွားအောင် ဒီပုံပြင်လေးကို ပြောပြရတာပဲ၊
ရှေးအခါတုန်းက မင်းသားသုံးယောက်ဟာ တက္ကသိုလ်ပြည်က ဆရာကြီးထံမှာ ပညာတွေ သင်ကြားပြီး နေရပ်ဆီကို ပြန်လာခဲ့ကြတယ်၊ လမ်း ခရီးတစ်နေရာမှာ တောအုပ်တစ်ခုရှိတယ်၊ အဲဒီ တောအုပ်ထဲမှာ ဘီလူးသုံးဆယ်က အုပ်စိုးနေထိုင် ကြတယ်၊ အဲဒီ မင်းသားသုံးယောက်ဟာ တော လမ်းအတိုင်း တောအုပ်ကို ဖြတ်လာကြတယ်၊ အဲဒီမှာ ဘီလူးသုံးဆယ်နဲ့တွေ့တယ်၊ သူတို့ပိုင်ဆိုင် တဲ့တောအုပ်ထဲကို ဖြတ်လာရမလားဆိုပြီး မင်းသား သုံးယောက်ကို ဖမ်းဆီးပြီး သတ်ဖြတ်မယ်လုပ် တော့တာပဲ၊
မင်းသားသုံးယောက်ထဲမှာ အစ်ကိုအကြီးဆုံး က ဉာဏ်ပညာထက်မြက်တာမို့ မသိလို့ကျူးကျော် ခဲ့မိပေမယ့် အပြစ်လို့သတ်မှတ်ချင်သတ်မှတ်ပါ၊ လက်ခံတယ်၊ သတ်မယ်ဆိုလည်း သတ်ပါ၊ ဒါပေမဲ့ ဆယ်ယောက်တစ်ယောက်ကျသူကိုသတ်ပါ၊ဘီလူး တို့လက်ခံပါသလားလို့မေးတယ်၊ ဘီလူးတွေက မင်းသားအကြီးဆုံးရဲ့စကားကို လက်ခံတယ်၊ မင်းသားသုံးယောက်က ဘီလူးသုံးဆယ်ထဲမှာ ဝင် ပေါင်းပြီး နေရာယူလိုက်တယ်၊ တန်းစီလိုက်တယ် ဆိုပါတော့ဗျာ၊ ဘီလူးတွေက ဆယ်ယောက် တစ် ယောက်ကျသတ်ပေမယ့် မင်းသားသုံးယောက်က မသေဘူး၊
ဗျည်း ၃၃ လုံးကို ပြန်ကြည့်၊ မင်းသားသုံး ယောက်၊ ဘီလူးသုံးဆယ်၊ ပေါင်း ၃၃ ယောက်၊ မင်းသားသုံးပါးက ၁၅၊ ၂၄၊ ၂၇ နေရာတွေကို ယူထားကြလို့ပဲ၊ အဲဒီ ၁၅၊ ၂၄၊ ၂၇ နေရာတွေဟာ ဗျည်း ၃၃ လုံးမှာ ဏ၊ ဘ၊ ရ ဆိုတဲ့နေရာတွေပဲ”
“ဘိုးဘ၊ ဏဘရကနေ နဘရံဖြစ်သွားရ တာလဲ”
“အခု အဘိုးပြောတဲ့ ဏ၊ ဘ၊ ရက ဝိသေ သယစကားလုံးကိုခေါ်တယ်၊ သူ့ကို ထူးကဲမြင့်မြတ် အောင် ဝိသေသယစကားလုံးကနေ ဝိသေသန ဖြစ်အောင် အဘိဓမ္မာအဋ္ဌကထာဆရာကြီးတွေက အထူးပြုပေးလိုက်တာပဲ၊ ဥပမာပြောပြမယ်၊ အဘိုး တို့ဗုဒ္ဓဘုရားရှင်က အာရောဂျ ပရမာ လာဘာ အနာရောဂါကင်းရှင်းခြင်းသည် လာဘ်တစ်ပါးလို့ ဟောကြားခဲ့တယ်၊ အဲဒါကို အဋ္ဌကထာဆရာတွေ က အာရောဂျံ ပရမံ လာဘံဆိုပြီး ဝိသေသယ ဘ၀ကနေ ဝိသေသနဘ၀ကို ပြောင်းပေးလိုက် တယ်၊ ဒီသဘောပါပဲ”
“ဟုတ်ကဲ့ အဘိုး”
“နဘရံ ဘေးမရှိစေဖို့ မိမိနေအိမ်မှာ စီရင် ထားချင်တယ်ဆိုရင် အိမ်နံရံခပ်မြင့်မြင့်နေရာမှာ ကြေးပြားတစ်ချပ်ကို သံနဲ့လေးဘက်ခိုင်မြဲအောင် ရိုက်ပါ၊ ‘အက္ခရာတစ်လုံး ဘုရားတစ်ဆူ ဤတွင် တည်တော်မူပါ’လို့ နှုတ်ကရွတ်ဆိုပြီး ကြေးပြားပေါ် မှာ သံချွန်နဲ့ ဏအက္ခရာကို ပီသအောင်ရေးပါ၊ ‘အက္ခရာတစ်လုံး ဘုရားတစ်ဆူ ဤတွင် တည် တော်မူပါ’လို့ နှုတ်ကရွတ်ဆိုပြီး ကြေးပြားပေါ်မှာ သံချွန်နဲ့ ဘအက္ခရာကို ပီသအောင်ရေးပါ၊ ‘အက္ခရာ တစ်လုံး ဘုရားတစ်ဆူ ဤတွင် တည်တော်မူပါ’လို့ နှုတ်ကရွတ်ဆိုပြီး ကြေးပြားပေါ်မှာ သံချွန်နဲ့ ရ အက္ခရာကို ပီသအောင်ရေးပါ၊ ပြီးရင် ရကောက် အပေါ်မှာ နိဂ္ဂဟိတ်သေးသေးတင် ထည့်ပေးလိုက် ရင် ဏဘရံ ဆိုတဲ့ တန်ခိုးရှိတဲ့အက္ခရာသုံးလုံး ဖြစ်ပေါ်လာတာပေါ့၊ ဏဘရံ ဘေးမရှိဆိုတာ သဘောပေါက်သွားပြီလား”
“သဘောပေါက်သွားပါပြီ အဘိုး”
အဘိုးဖြူ
ရွှေပေါက်ဆိန်ဂျာနယ် အတွဲ (၃)၊ အမှတ် - ၈၂ တွင်ဖေါ်ပြပြီးဖြစ်ပါသည်။
ဇာဇာ ပေ့ချ်မှ ကူးယူဖော်ပြပါသည်
03/06/2024
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီး၏မေတ္တာဓာတ်၊
ဓမ္မဓာတ်များသည်ဆရာတော်ဘုရားကြီး
၏အဓိဋ္ဌာန်တော်ကြောင့်ယခင်အတိုင်း
ပေးဝေလျှက်ပါ၊ရရှိကြပါစေ
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
🍁တို့ လက်ဆောင် ပေးချင်လို့
အဲဒါ ဟို ဦးကြည်စိုးဝင်းကြီးတော့
ပြန်သွားပြီ ထင်ပါတယ်
အဲ သူ... ၂၄ နှစ်မြောက်တဲ့
သူ လှူထားတာ
🍁အဲဒါ တခုချင်းလေး ပေးစမ်းပါ
အဲဒီထဲမှာ ဆောင်စရာ ရှောင်စရာလေးတွေလည်း
အကုန် ပါ ပါတယ်
ရော့ အဲ ပေးစမ်းပါ အဲ အဲ
ကဲ ပေးစမ်းပါ ပေးစမ်းပါ
🌷အဲဒီထဲ ဟို နောက်ဆုံးက ဘူတာနိ မေ ဆိုတာ
ဘူတာနိ မေ မာ ဖုဿန္တု ဆိုတာက
အန္တရာယ်ကြုံလို့ အသက်ဘေးနဲ့ ကြုံတဲ့အခါကို
အဲဒီ ဂါထာ ရွတ်ရမှာ
{🙏"ဘူတာနိ မေ" ဂါထာတော်🙏
🔰ဘူတာနိ မေ မာ ဖုဿန္တု
ဖုဿန္တောပိ မာ ပဿန္တု
ပဿန္တော ခေါ မာ ဇာနန္တု
ပါလယန္တု ဣန္ဒာ ဒေဝါ။}
တို့ နွားမကြီး ဘာတုန်း သားဝှက် ဂါထာ ဆိုတာ
ရှိ ထင်တယ်။
နွားမကြီးက သူ့နွားလေးကို မွေးကင်းစ နွားလေးကို
သူများ မမြင်အောင် လို့ ဖွက်တဲ့ ဂါထာ
အဲဒါ သားဝှက်(ဖွက်) ဂါထာ ခေါ်တယ်
🌷တို့ကလည်း ကိုယ့်ကိုယ်ကို ဝှက်တတ်အောင်လို့ ဟဲ့
အန္တရာယ်ကြုံတယ် ဗုံးဒဏ်ထဲကို ရောက်မယ်
ဒါမှမဟုတ်
သူပုန်တွေ နင်းပြီး လာတဲ့အချိန်
အဲဒီ အချိန် တို့ကို မမြင်အောင်လို့ ဟဲ့
ဘူတာနိ မေ မာ ဖုဿန္တု ဆိုတာ။
🌷အခု ဒီတိုင်းကြီးကတော့ အဲဒီဂါထာက
အသက် မဝင်ဘူးဟဲ့
အဲလို အန္တရာယ် ကြုံတဲ့အခါ သုံးဖို့
အဲဒါ ဦးကြည်စိုးဝင်း လှူသွားတာတွေ
အဲဒီ စာအုပ်တွေ ၂၄ နှစ်မြောက်တဲ့
တပေါင်းပွဲ ဝေဖို့လေ
🍁အေး အဲဒါလေး ပေးချင်လို့ တအိမ် တခု
အိမ်ကျတော့လည်း ကဒ်ကြား ထိုးထားမှာပါ
မေးကြည့် စမ်းပါဦးဗျ ရှေ့ကို
အောင်မာ အေး အေး
တို့ကတော့ ကတ်ကြား ထိုးထားလိမ့်မယ် ထင်တာကိုး
🍁အေး အေး
အဲဒါလေး ဝေချင်လို့
မဟာဗောဓိမြိုင် ဆရာတော်ကြီး
(၁၃၈၅ခုနှစ်
တပို့တွဲလပြည့်နေ့(၂၄-၃-၂၀၂၄)တနင်္ဂ
နွေနေ့)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
(ရုပ်သံဖိုင်မှ စာစီပူဇော်ပါသည်။
#မုံလယ်ဇ )
26/05/2024
မုတ်သုန်ဝင်ရောက် မိုးရာသီ ရောက်ခဲ့ပြီ
ဝန်းကျင်အေးမြပေမယ့် ရင်ထဲမအေးနိုင်သေး
အားလုံးပြုံးပျော်ရမယ့်နေ့သစ်ကို ရောက်စေချင်ပြီ
ဘေးကင်းလုံခြုံလို့ ကျန်းမာကြစေကြောင်း ဆုတောင်းပါတယ် 🙏
ချမ်းမြေ့ပါစေ 😌
30/04/2024
ပူမြဲပူနေဦးမည့် မနက်ဖြန်နေ့ရက်များ
************************************
(၂၀၂၃ မိုးရာသီက စိုက်ခဲ့တဲ့ ကျွန်းပင်များရဲ့ ဇာတ်သိမ်း)
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နေတဲ့ဝန်းကျင် အိုအေစစ်ဖြစ်ဖို့
ဒီမိုးမှာ အားမလျှော့ဘဲ ဆက်စိုက်ကြမယ် 💪
ကာဗွန်စုပ်ယူနိုင်ဖို့ ဒီရေတောပင်တွေ တိုးချဲ့စိုက်ရမယ်
အရိပ်ရအေးမြပြီး ဒေသတွင်း ခြောက်သွေ့မှု သက်သာစေဖို့ အရိပ်ရအပင်ကြီးမျိုး များများစိုက်ရမယ် 🌲🌴🌳
ကိုယ်နေတဲ့ဝန်းကျင်ဟာ ဒေသကို တဖက်တလမ်းက အကျိုးပြုနေစေရမယ်
ဆက်ကြိုးစားပါ့မယ်၊ သစ်ပင်စိုက်ဖို့ ပြင်ဆင်ကြမယ်
ဇွဲမလျှော့ပါဘူး
၂၀၂၃ ဇွန်လ တွင် ကျွန်း ၁၃၀၀ ပင် စိုက်ပျိုးပြီးစီးခြင်း
https://www.facebook.com/100057074845549/posts/774544281124726/?
လသားအရွယ် ကျွန်းပင်များ ရှင်သန်ကြီးထွားနေမှု
https://www.facebook.com/100057074845549/posts/891757476070072/?
25/04/2024
“ပူပြင်းလာသော ကမ္ဘာမြေကြီးနဲ့ သဘာဝ အစာရေစာ ရှားပါးလာမှု” ကိုသတိပြုပါ
သစ််ပင်ကြီးကပြောတယ် ….
*******************************************
ချစ်သော အသင်လူသား
သင်သာ ငါ့ကို မဖျက်ဆီးရင်
ငါသင့်ကို အရိပ်၊ အစာ၊ ရေ နဲ့ အောက်ဆီဂျင် ပေးမယ် ….. တဲ့
********************************************
အခု … တစ်နှစ်ထက် တစ်နှစ် အပူချိန် တိုးလာလို့
နေ့စဉ် အပူဒဏ်ကြောင့် အသက်ဆုံးရှုံးနေရတယ်
စေတနာနဲ့ကမ်းသောလက်ကို မခုတ်ချလိုက်ပါနဲ့
ကမ္ဘာကြီးအတွက် အခြားဘာမှ မလုပ်ပေးနိုင်ရင်တောင်
ဒီအသိစိတ်လေးနဲ့ အကျိုးပြုတဲ့လူပီသအောင်
နေထိုင်ကြစို့နော်
“အရိပ်ရသစ်ပင် မခုတ်ပါနဲ့၊ ကြီးမြန်သစ်ပင် တိုးစိုက်ကြပါ”
Credit: photo
17/04/2024
ညနေပိုင်း စတုဒိသာ 🥣🍜🍲
စတုဒိသာ မုန့်တီက မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လှူဖြစ်သွားတယ် ☺️
အလှူဖြစ်မြောက်အောင် ကြွရောက်သုံးဆောင်ပေးသူများနှင့် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသူများအား အထူးကျေးဇူးတင်ရှိပါသည် 🙏
ပေါင်ဝန်တံတားမိသားစု
17/04/2024
မြန်မာနှစ်ဆန်း (၁) ရက်နေ့ စတုဒိသာအလှူ
မုန့်တီအလှူလေး မနက်ကျွေးပြီးပါပြီ
တစ်ဝက်ကျော်ကျန်ပါသေးလို့
ညနေထပ်လှူပါမယ်
အလှူဒါနဖြစ်မြောက်အောင် ကြွရောက်သုံးဆောင်ပေးကြပါလို့ ရင်းနှီးခင်မင်စွာ ဖိတ်ကြားပါရစေ 🥰🤗
ပေါင်ဝန်တံတားမိသားစု
မြပတ္တမြားဥယျာဉ်ပန်းခြံ
ငပလီ
15/04/2024
🙏 စတုဒိသာအလှူ 🙏
မြပတ္တမြားဥယျာဉ်ပန်းခြံ (ပေါင်ဝန်တံတား) မိသားစုက
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် နှစ်ဦးစတုဒိသာအဖြစ် မုန့်တီ လှူဒါန်းပါမည်။
မည်သူမဆို ကြွရောက်သုံဆောင်နိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာ ဖိတ်ကြားပါသည်။
နေရာ၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်၊ စျေးလေးလမ်းဆုံ
အချိန်၊ မနက် (၇) နာရီမှ စ၍
💦🥰🙏🤗
#ပေါင်ဝန်တံတား
13/04/2024
မြန်မာသက္ကရာဇ် “၁၃၈၆” မင်္ဂလာနှစ်သစ်တွင်
မိဘပြည်သူ ရဟန်းရှင်လူ အားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်
မင်္ဂလာအပေါင်း ဝန်းရံခ၍
ဘေးကင်းချမ်းမြေ့ကြပါစေ 🙏🙏🙏
12/04/2024
မြပတ္တမြားဥယျာဉ်ပန်းခြံ၊ ပေါင်ဝန်တံတား
ယာယီပိတ်ထားဆဲဖြစ်ကြောင်း အသိပေးကြေညာခြင်း
မြပတ္တမြားဥယျာဉ်ပန်းခြံ မိသားစုဝင် နယ်ဝန်ထမ်းအချို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်လာနိုင်ခြင်း မရှိသည့်အတွက် ပန်းခြံအား ယာယီ ပိတ်ထားပါသည်။
ပြန်ဖွင့်မည့်ရက်ကို ကြိုတင်ကြေညာပေးပါမည်။
Chat box မှတဆင့် မေးမြန်းကြသူများလာ၍ ပို့စ်တင်ပေးရခြင်း ဖြစ်ပါသည်။
ပေါင်ဝန်တံတားနဲ့ မြပတ္တမြားဥယျာဉ်ကို ချစ်မြတ်နိုးကြသူ အားလုံးအား ကျေးဇူးတင်လျက် အကောင်းဆုံး ပြင်ဆင်မွမ်းမံမှုနဲ့အတူ ကျေးဇူးတုံ့ပြန်မည်ဟု ဆန္ဒပြုရင်း 🥰
ပြန်ဆုံကြမယ်နော် ☺️🌹
09/04/2024
တပေဘူတတို့ပွင့်ချိန် 🌸💐🌺🌷
မြင်မြင်သမျှ အဝါရောင်လွှမ်းနေတဲ့ တပေဘူတတို့ ထည်ဝါချိန် 🌼🌸
နွေအပူကို အန်တုလို့ အေးမြလာမယ့်နေ့သစ်ကို မျှော်ရင်း
အတူဆုံရမယ့် နေ့ကို ရင်ခုန်စွာ စောင့်ကြိုနေမယ် ☺️🥰
#ငပလီ