Sport View

Sport View

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sport View, Sport & recreation, Pathein.

ကြိုဆိုပါတယ် မိတ်ဆွေ

▪️ညီကိုမိတ်ဆွေများက Skillကောင်းဖို့တာ၀န်ယူပါ

▪️ညီကိုများရဲ့ အနိုင်ယူနစ်ကို ငွေကြေးအဖြစ်ပြောင်းလဲဖို့ကို တာ၀န်ယူပါတယ်

555 Mix /// Sportxzone /// Ms 777 /// Ibet789

Viber - 09673539920

Free Tip - https://t.me/freetipschannel1

15/12/2025

အလွန်ဆို သက်သာရာရခဲ့တဲ့ ရီးရဲလ်ရဲ့နိုင်ပွဲ

အခုမှပဲ ရီးရဲလ်နည်းပြ အလွန်ဆို အသက်ကောင်းကောင်းရှုနိုင်တော့မယ်။ ဆယ်တာဗီဂိုနဲ့မန်စီးတီးကို ဆက်တိုက်ရှုံးပြီးတဲ့နောက် အလွန်ဆိုအတွက် ဖိအားတွေ ပိုပြီးများပြားလာတယ်။ အလာဗက်စ်နဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အလွန်ဆို ဇာတ်လမ်းသိမ်းပြီပဲ။

ဒါပေမဲ့ အလာဗက်စ်နဲ့ပွဲမှာ ၁-၂ နဲ့ အနိုင်ရခဲ့တော့ တော်သေးတယ်လို့ ပြောရမယ်။ ဒါတောင် ရီးရဲလ်အတွက် လွယ်ကူခဲ့တာ မဟုတ်ဘူး။ နိုင်ပွဲရဖို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ရသေးတာ။ အမ်ဘာပေနဲ့ရိုဒရီဂိုတို့ရဲ့ ဂိုးတွေက အလွန်ဆို ပခုံးထက်က ဖိအားတွေကို လျှော့ချပစ်နိုင်ခဲ့တယ်။

ရီးရဲလ်ဟာ အယ်ကလာစီကိုပွဲမှာ အနိုင်ရပြီးတဲ့နောက် မဟာပြိုင်ဘက် ဘာစီလိုနာကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့တာပါ။ ဒီနှစ်ကတော့ ရီးရဲလ်ရဲ့နှစ်လို့ ထင်ရတုန်းရှိသေး။ ရီးရဲလ်ရဲ့ ရလဒ်တွေ ဆက်တိုက် ကျဆင်းလာတော့တာပဲ။ အဲဒီနောက် ဘာစီလိုနာက ကျော်တက်ပြီး ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်တော့တယ်။

ရီးရဲလ်အနေနဲ့ အလာဗက်စ်ကို အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာနဲ့ ၄ မှတ်ကွာအနေအထားကို ဆက်ထိန်းထားနိုင်ဆဲပါ။ ဒါပေမဲ့ နောက်ထပ်တော့ ခြေချော်လို့မရနိုင်တော့ဘူး။ ဘာစီလိုနာက လူပြန်စုံပြီး ချန်ပီယံခြေစွမ်းပြန်ပြ၊ နိုင်ပွဲတွေ ဆက်တိုက် ရယူနေပြီ။

ရီးရဲလ်အနေနဲ့အသင်းတွင်း အဆင်မပြေမှုတွေကို နောက်မှာချန်ထားပြီး နိုင်ပွဲတွေဆက်ပြီး ရယူသွားနိုင်မှသာ လာလီဂါချန်ပီယံဘွဲ့ကို မျှော်လင့်နိုင်လိမ့်မယ်။

Photos from Sport View's post 13/12/2025

အောင်ဖျာလိပ်ခဲ့ရတဲ့ မြန်မာအသင်းတွေ

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပါပြီ။ ဆီးဂိမ်းမှာ အားကစားနည်းပေါင်းစုံ ပါဝင်ပေမယ့် ပရိသတ်တွေ အဓိကအားပေးတာက ဘောလုံးပါ။

မြန်မာပရိသတ်တွေအတွက်ကတော့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲက စိတ်ပျက်စရာအတိဖြစ်ခဲ့တယ်။ အမျိုးသား ယူ-၂၂ အသင်းကိုတော့ အများကြီး မျှော်လင့်ထားကြတာ မဟုတ်ပါဘူး။

အမျိုးသားအသင်းကလည်း ထင်ထားတဲ့အတိုင်းပဲ။ အုပ်စုအဖွင့်ပွဲမှာ ဖိလစ်ပိုင်ကို ၀-၂ နဲ့ရှုံးတယ်။ ဒုတိယပွဲမှာ အင်ဒိုကို ၁-၃ နဲ့ ထပ်ရှုံးပြီး စောစောစီးစီးပဲ အိမ်ပြန်ခဲ့ရတယ်။

မြန်မာတွေ အများကြီး မျှော်လင့်အားခဲထားက အမျိုးသမီးလက်ရွေးစင်အသင်းပါ။ မြန်မာအမျိုးသမီးအသင်းဟာ အရှေ့တောင်အာရှရဲ့ ထိပ်သီးအသင်း။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ ဒုတိယဆု ရထားခဲ့တဲ့အသင်း။

ဒီနှစ် အာဆီယံချန်ပီယံရှစ်မှာလည်း ဒုတိယရခဲ့တယ်ဆိုတော့ ဆီးဂိမ်းမှာ အောင်မြင်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာအမျိုးသမီးအသင်းလည်း အုပ်စုက ထွက်ခဲ့ရတာပါပဲ။

ပထမဆုံးပြောရမှာကတော့ အုပ်စုကျပ်လွန်းခဲ့တာပါပဲ။ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး ၄ သင်းအနက် ၃ သင်းဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့မြန်မာတို့က အုပ်စု(ခ)မှာ အတူတူကျရောက်တယ်။

အိမ်ရှင်ထိုင်းကတော့ သာသာယာယာပဲ။ တကယ်တော့ မြန်မာအသင်းဟာ ဆီမီးတက်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့မလေးရှားကို ၂ ပွဲဆက်နိုင်ပြီး ဗီယက်နမ်နဲ့ပွဲမှာ သရေကစားနိုင်ရင်ပဲ ဆီမီးတက်ပြီ။

ဒါပေမဲ့ ဗီယက်နမ်ကို ၂-၀ နဲ့ရှုံးခဲ့တာကြောင့် ၃ သင်းရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ မြန်မာအသင်း အိပ်ပြန်စောခဲ့ရခြင်းအတွက် ဝေဖန်ပြစ်တင်သံတွေက ဆူညံလို့ပါပဲ။

နည်းပြ လူစာရင်းထုတ်တာမှားတယ်။ ဝင်းသိင်္ဂီထွန်း ပရော်ဖက်ရှင်နယ်မဆန်ဘဲ မလေးရှားကို ဂိုးသွင်းသင့်သလောက်မသွင်းခဲ့ဘူး စသဖြင့်ပေါ့။ အခုကျတော့လည်း နည်းပြ ယူကီလည်း ထွက်သွားပါပြီ။

ဆီးဂိမ်းမှာ အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ အုပ်စုကလှည့်ပြန်ခဲ့ရတာ ပထမဆုံးအကြိမ်ပါ။ မြန်မာအမျိုးသမီးအသင်းအနေနဲ့လည်း ဆီးဂိမ်းရွှေမရဖူးတဲ့ မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခြင်း မရှိသေးပါဘူး။

Photos from Sport View's post 11/12/2025

ရီးရဲလ် ကပ်ဆိုက်နေပြီ

ချန်ပီယံလိဂ်ဘီလူးကြီး ရီးရဲလ်လည်း မန်စီးတီးနဲ့တွေ့တော့ မှင်စာဖြစ်သွားရတယ်။ ရီးရဲလ်ဟာ ဘာနေဗျူးကွင်း၊ သူတို့ရဲ့ ပရိသတ်တွေ ရှေ့မှောက်မှာတင် မန်စီးတီးကို ၁-၂ နဲ့ ရှုံးနိမ့်သွားခဲ့ရတယ်။ ရီးရဲလ်အတွက် နောက်ထပ်ရလဒ်ဆိုးတစ်ခုပေါ့။

ရီးရဲလ်ဟာ မန်စီးတီးကို နိုင်ဖို့ အင်မတန်အရေးကြီးနေခဲ့တာပါ။ မန်စီးတီးကိုထပ်ရှုံးရင် နည်းပြရာထူးကနေ အလွန်ဆို အထုတ်ခံရလိမ့်မယ်လို့ အားလုံးပြောနေကြတာပါ။ မန်စီးတီးနဲ့ကစားတော့လည်း ရှုံးနိမ့်ခဲ့ရပြန်တယ်။ ဦးဆောင်ဂိုးရခဲ့ပေမယ့် ၂ ဂိုးပြန်ပေးရပြီး အရေးနိမ့်ခဲ့ရတာပါ။

မန်စီးတီးနဲ့ပွဲမှာ အဓိကတိုက်စစ်မှူး အမ်ဘာပေ မပါနိုင်ဘူး။ အခြား ဒဏ်ရာရနေတဲ့ အဓိကကစားသမားတချို့လည်း ဝင်မကစားနိုင်ဘူး။ သူတို့တွေ ဝင်ကစားနိုင်ခဲ့ရင်လည်း ရီးရဲလ် နိုင်ဖို့ မသေချာပါဘူး။ ရီးရဲလ်က ရာသီအစကလို စုစည်းခိုင်မာတဲ့အသင်း မဟုတ်တော့ဘူး။

ရီးရဲလ်မှာ ဒဏ်ရာရကစားသမားတွေအများကြီးပဲ။ ဆယ်တာကိုရှုံးရတဲ့ပွဲမှာဆိုရင် ဖရန်ဂါစီယာ၊ ကာရီရက်စ်နဲ့အန်းဒရစ်တို့ အနီကတ်ပြထုတ်ပယ်ခံရတယ်။ အသင်းရဲ့ခြေစွမ်းကကျဆင်း၊ ကစားသမားတချို့နဲ့အလွန်ဆိုကြားမှာလည်း အဆင်မပြေမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေက ဖုံးမရဖိမရ။

အလွန်ဆိုကတော့ ကစားသမားအားလုံး သူ့ဘက်ကရပ်တည်ထောက်ခံနေကြတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူမှ ယုံကြည်မှာမဟုတ်ဘူး။ ရီးရဲလ်အသင်းကိုကြည့်ရတာ စည်းလုံးမှုပြိုကွဲနေပုံပဲ။ ဝမ်းပေါက်နေတဲ့လှေနဲ့တော့ ရှေ့ကိုခရီးဆက်နိုင်မှာ မဟုတ်ဘူး။

အလွန်ဆိုရဲ့ပခုံးထက်မှာ ပြင်းထန်တဲ့ဖိအားဒဏ်တွေ ကျရောက်နေတာပါ။ မန်စီးတီးကို ရှုံးပြီး နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲပဲ နိုင်ပြီးတဲ့နောက် ပိုမိုပြင်းထန်တဲ့ ဖိအားတွေ ကျရောက်လာပြီ။ မကြာခင်မှာ အလွန်ဆိုကို ရီးရဲလ်အသင်း ထုတ်ပယ်ခဲ့ရင်လည်း အံ့ဩစရာရှိမှာ မဟုတ်ပါဘူး။

10/12/2025

အိပ်မက်က လန့်နိုးသွားခဲ့ရတဲ့ ချဲလ်ဆီး

ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ၃ ဂိုးပြတ်နိုင်ပြီးတဲ့နောက် ချဲလ်ဆီးဖန်တွေ ဖလား ၃ လုံး အိပ်မက်တွေဘာတွေ မက်လို့ပေါ့။ ကမ္ဘာ့ချန်ပီယံဆုလည်း ရထားပြီးပြီ။ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့အက်ဖ်အေဖလားတွေ ထပ်ရဖို့ သူတို့ မျှော်လင့်ကောင်းမျှော်လင့်ကြလိမ့်မယ်။

ဘာစီလိုနာကို နိုင်ပြီးတော့ အာဆင်နယ်နဲ့သရေကျတယ်။ လူတစ်ယောက်အနေအထားကနေ သရေကျအောင်ကစားနိုင်တယ်ဆိုတော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ ချဲလ်ဆီးအစစ်ကို မြင်ကြရတာကတော့ လိဒ်နဲ့ပွဲ။ လိဒ်လိုအသင်းကို ၃-၁ နဲ့ရှုံးရတယ်ဆိုတော့ ကမ္ဘာ့ချန်ပီယံအတွက် ရှက်စရာပဲ။

အဲဒီနောက် ဘုန်းမောက်နဲ့သရေကျတယ်။ အတ္တလန္တာနဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ရှုံးနိမ့်ခဲ့ပြန်တယ်။ အခုဆို ချဲလ်ဆီးဟာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပြီ။ ချန်ပီယံလိဂ်မှာဆိုရင် အဝေးကွင်းနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီ။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်မှာ အဆင့် ၁၁ ရောက်သွားခဲ့ရပြီ။

ဒါတောင် ပထမနေ့ပွဲစဉ်အပြီး ရပ်တည်မှု။ ဒုတိယနေ့ပွဲတွေပြီးရင် ချဲလ်ဆီးရဲ့ ရပ်တည်မှု ပိုတောင်ကျဆင်းသွားဦးမယ်။ ချန်ပီယံလိဂ်မှာ ထိပ်ဆုံး ၈ သင်းပဲ တိုက်ရိုက်နောက်တစ်ဆင့်တက်ခွင့်ရမယ်။ အဆင့် ၈ အောက်ရောက်သွားရင် နောက်ထပ်ပွဲတွေကစားပြီး အာရုံတွေနောက်ရလိမ့်မယ်။

ချဲလ်ဆီးဖန်တွေက သူတို့အသင်းဟာ ကမ္ဘာ့ချန်ပီယံဆိုပြီး ဂုဏ်ယူဝံ့ကြွားကြတယ်။ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာလည်း အောင်မြင်မယ်လို့ မျှော်လင့်ထားကြတာကနေ အခုလို ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီးတဲ့နောက် အိပ်မက်က လန့်နိုးသွားပါလိမ့်မယ်။

Photos from Sport View's post 08/12/2025

ရီးရဲလ်နဲ့ဒိုင်တွေကြား ပွဲတွေပြန်ဖြစ်လာဦးမလား

ဆယ်တာဗီဂိုကိုရှုံးပြီးတဲ့နောက် ရီးရဲလ်နည်းပြအလွန်ဆိုရဲ့ ဒေါသတွေက ကွင်းလယ်ဒိုင်ဂွန်ဇာလက်ဇ်အပေါ် ပုံကျသွားတယ်။ ဒိုင်ကလည်း ရီးရဲလ်ကစားသမား ၃ ယောက်အထိ အနီကတ်ပြထုတ်ပယ်ပြီး အဝါတွေလည်း ပလူပျံအောင်ပြခဲ့တာကိုး။

ဒါပေမဲ့ ဒိုင်မှားတယ်လို့လည်း ပြောမရဘူး။ ဒိုင်ညစ်ပြီး ရီးရဲလ်ကို နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ အသံလည်း မကြားရဘူး။ ဒါပေမဲ့ အလွန်ဆိုကတော့ ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့တယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက တော်တော်ဆိုးတယ်၊ ဒိုင်ကို လုံးဝမကြိုက်ဘူးလို့ အပြတ်ပြောတယ်။

ရီးရဲလ်နောက်ခံလူ ကာဗာဂျယ် ပြောတာက ပိုဆိုးတယ်။ ဒါက ခင်ဗျားရဲ့အဆင့်အတန်းပဲ။ သတင်းစာရှင်းလင်းပွဲကျရင် ခင်ဗျား ငိုနေရတော့မယ်လို့ ခြိမ်းခြောက်တဲ့လေသံနဲ့ဒိုင်ကို သတိပေးခဲ့တယ်။ ကြည့်ရတာတော့ ဒိုင်ကို ဖိအားပေးတဲ့ ရီးရဲလ်ရဲ့ ဇာတ်လမ်းဟောင်းတွေ ပြန်ဖြစ်လာတော့မယ်။

ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါဒိုင်တွေနဲ့ ရီးရဲလ်အသင်းကြား တင်းမာမှုတွေဖြစ်ခဲ့တာ အမှတ်ရစရာပဲ။ အဲဒီတုန်းက ရီးရဲလ်ကို နစ်နာစေတဲ့ ဆုံးဖြတ်ချက်တွေလုပ်ခဲ့တဲ့ ဒိုင်တွေကို ရီးရဲလ်ရုပ်သံကနေ အသေးစိတ်ဆန်းစစ်ပြီး ရှုံ့ချပြစ်တင်တယ်။ ဒိုင်တွေရဲ့ နာမည်တွေတပ်ပြီး ဝေဖန်ပြစ်တင်တာပါ။

ရီးရဲလ်ရုပ်သံကို ကြည့်ရှုအားပေးသူ၊ ရီးရဲလ်ပရိသတ်တွေကလည်း သန်းချီရှိတယ်ဆိုတော့ ဒိုင်တွေခမြာ ပြင်းထန်လွန်းတဲ့ ဖိအားဒဏ်တွေ ခံစားရတော့တာပဲ။ ရီးရဲလ်ပွဲကိုတာဝန်ယူမယ့်ဒိုင်ဆိုရင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ငိုယိုမျက်ရည်ကျတဲ့အထိပဲ။

ဒီလိုတွေ ဖြစ်လာတဲ့နောက် ရီးရဲလ်အသင်းနဲ့လာလီဂါအဖွဲ့ချုပ်၊ ဒိုင်အဖွဲ့ချုပ်တို့ကြား ပြဿနာတွေ တက်တော့တာပဲ။ အက်သလက်တီကိုလို အသင်းကအစ ရီးရဲလ်ကို အကွက်ရတုန်း ထိုးနှက်တိုက်ခိုက်တော့တာပဲ။ အခုလည်း ရီးရဲလ်နဲ့ဒိုင်တွေကြား ပွဲတွေပြန်ဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရဦးမယ်။

27/09/2025

တစ်သင်းကျိုး မော_င်း /အပြည့်ကျိုး မော_င်း၀ယ်တဲ့အပြင်နာမည်ကြီး Tips များ Free တင်ပေးမည့် Tele gp link 👇

https://t.me/freetipschannel1

Photos from Sport View's post 27/09/2025

လက်ရှိအချိန်မှာ အကောင်းဆုံးတိုက်စစ်မှူးလို့ဆိုရင် ဟယ်ရီကိန်းကိုပဲ ပြရမှာပဲ။ ကိန်းရဲ့ ဒီရာသီဂိုးသွင်းအားက ကြောက်စရာပဲ။ ဒီရာသီမှာ ၈ ပွဲပဲ ကစားရသေးတယ်။ ၁၅ ဂိုးသွင်းယူထားပြီးပြီ။

ဘိုင်ယန်က ဝါဒါဘရီမင်ကို ၄-၀ နဲ့ နိုင်တဲ့ပွဲမှာလည်း ဟယ်ရီကိန်းဟာ အစဉ်အလာမပျက် ၂ ဂိုး သွင်းနိုင်ခဲ့တယ်။ ဘိုင်ယန်အတွက် ဟယ်ရီကိန်းရဲ့သွင်းဂိုးပေါင်း ၁၀၀ ပြည့်သွားတာပါ။

ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ကလပ်အသင်းတစ်သင်းအတွက် ဂိုး ၁၀၀ ကို ပွဲအနည်းဆုံးနဲ့သွင်းနိုင်သူအဖြစ် ဟယ်ရီကိန်း စံချိန်တင်လိုက်တယ်။ ရော်နယ်ဒိုနဲ့ဟာလန်းတို့ရဲ့စံချိန်တွေကို ဟယ်ရီကိန်း ချိုးဖျက်နိုင်ခဲ့တယ်။

ရော်နယ်ဒိုနဲ့ဟာလန်းတို့က ကိုယ့်ရဲ့ကလပ်အတွက် ဂိုး ၁၀၀ ပြည့်ဖို့ ၁၀၅ ပွဲအထိ ကစားခဲ့ရတာပါ။ ဟယ်ရီကိန်းကတော့ ၁၀၄ ပွဲနဲ့တင် ဂိုးရာပြည့် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပြင် ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းမှာလည်း ဂိုး ၅၀ ကို ပွဲအနည်းဆုံးနဲ့သွင်းယူနိုင်တဲ့စံချိန်၊ ပင်နယ်တီ ၁၈ ကြိမ်ဆက်တိုက် ဂိုးအဖြစ်ပြောင်းလဲနိုင်သူစတဲ့ မှတ်တမ်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။

Crd Ygn-တုံချွမ်

15/09/2025

Free Acc Free unit များ မဲဖောက်ပေးတဲ့အပြင်နာမည်ကြီး Tips များ Free တင်ပေးမည့် Tele gp link 👇

https://t.me/freetipschannel1

Photos from Sport View's post 01/09/2025

Szoboszlai ရဲ့ အမိုက်စား ဖရီးကစ်သွင်းဂိုးနဲ့အတူ အာဆင်နယ်ကို အနိုင်ယူပြီး အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိခဲ့တဲ့ လီဗာပူးလ် 🔴🔴

လီဗာပူးလ် 1-0 အာဆင်နယ်

Crd Ygn-တုံချွမ်

28/08/2025

သရဲနီလို့ ဘာကြောင့် ခေါ်လည်း ခုမှ သိတော့တယ် 🥴

Ygn-တုံချွမ်

Want your business to be the top-listed Gym/sports Facility in Pathein?

Click here to claim your Sponsored Listing.

Location

Website

Address


Pathein
10011