16/11/2022
Parsva Sukhasana
Seated Side Bend Pose
It is a comfortable yoga pose that gives sufficient stretch to the neck, shoulders, back and oblique muscles.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YOGA STM, Yoga studio, No(21/263), (11)street, Pyay.
16/11/2022
Parsva Sukhasana
Seated Side Bend Pose
It is a comfortable yoga pose that gives sufficient stretch to the neck, shoulders, back and oblique muscles.
🍀Happiness game လေးဖြင့် ဖိစီးမှုများစွာတို့ကို လျော့ချနိုင်စေရန်၊ အာရုံစူးစိုက်မှုအားကောင်းလာစေရန်နှင့်အတူ ပူးပေါင်းလုပ်ဆောင် ကြရင်း မိမိကိုယ်မိမိ အားနဲအားသာ လိုအပ်ချက်များစွာတို့အတွက်ပါ အထောက်အပံ့ကောင်းရစေမှာဖြစ်ပါတယ်။
🍀Happiness game ယနေ့ မနက်အတန်းအပြီးတွင်လုပ်ဆောင်နေကြစဥ် ပုံမှန်ရင်းနှီးခင်မင်ပျော်၂ပါးပါး ယောဂအတူကျင့်နေကြတဲ့ Session3 ပါ။
🍀တကယ် game စတင်ချိန်မှာတော့ ထိန်းချုပ်မှုပေါင်းများစွာကို တွေ့ခဲ့ကြရပါပြီ။
🍀အတန်းလူမစုံလင်လို့ဖြစ်ပါလိမ့်မယ်၊ ကဲ အတန်းဖေါ်များ အမြန်လာကြပါတော့နော် 🥰😍
ခေါင်းဆောင်အမျိုးသမီးများ၏ ချစ်စဖွယ်အမူအရာနှင့် Kids session မှ ပါဝင်အားဖြည့်ပေးမှုအတွက် အထူးအထူးကျေးဇူးတင်ပါတယ်။
Thanks for your chosing STM•yoga
Weekends Class { session(3)}
8:00-10:00am
YOGA ..body,mind&breath တို့ရဲ့
ပေါင်းစည်းမှုသဘောကို ဘဝတွေမတူပုံစံကွဲပြားပေမယ့်လည်း တူသောအဖြေအတွက် yoga သည်သူတို့ lifestyle ထဲမှာ အရေးပါနေကြပါပြီ
happiness game လေးဖြင့် အနားယူခဲ့ကြသော session2
🌱ဘယ်လိုနေရာရောက်လာပါစေ ကြိုးစားပေးကြတယ်
🌱လွဲချော်မှုအသေးစားလေးတောင်မှ အတူဖြေရှင်းကြတယ်
🌱အာရုံစူးစိုက်မှု၊ ခံစားမှုမှတဆင့် နားထောင်နိုင်မှု၊ ရွေ့လျားမှုမှအမှန်အမှား၊ ကြိုမသိနိုင်ခဲ့သောများစွာအကြောင်းများ၊ အတိအကျသိနိုင်ခဲ့သောအခိုက်အတန့်....... စသဖြင့်
🌱များစွာပြောင်းလဲဖြစ်တည်နေတာကို သင်လက်ခံနိုင်မှသာ ခုလိုပဲ အမြဲပျော်ရွှင်ရုံမက ကျန်းမာကြမှာအမှန်ပါ။
🍀ဖေါက်ပြန်ပြောင်းလဲနေသောခန္ဓာအတွက်
ကိုယ်တိုင် ကျေနပ်စွာလက်ခံနိုင်ဖို့ ကိုယ်တိုင်ကလည်း ခုလိုgame လေးထဲကလို အစိတ်အပိုင်းအားလုံးတိုင်းကို နေရာပေးပါ၊ နားထောင်ပါ၊ လက်ခံပါ၊ မလိုတာရှိ ဖယ်ထုတ်ပါ၊ body & mind အတွက် ကျေနပ်ပျော်ရွှင်ကာကျန်းမာကြမှာပါ။
🍀အသက်ရှင်နေတာ အသက်ရှုစွမ်းအင်ရှိနေတုန်းမို့ပါ။
စွမ်းအင်ရှိတုန်းမှာ စွမ်းအားရှိဖို့ အသက်ရှုခြင်းအနှစ်သာရကောင်းကို ရယူဖမ်းစုပ်ပါ။
အလကားရသောလေကို တန်ဖိုးထားမှသာ
အလကားမရခဲ့သည့် အဖိုးတန်များစွာကို ဆုံးရှုံးကြရမှာအတွက် အမှန်သတိအမြန်သိရှိနိုင်ကြပါစေ။
ကျန်းမာခြင်းဖြင့်ထာဝရအလှစစ်ရကြပါစေ။
(စွမ်းဆောင်ရှင်အမျိုးသမီးလေးများနှင့်ခေါင်းဆောင်ကောင်းအမျ်ုးသမီးများ ပျော်ရွှင်နေကြသောအမှတ်တရပုံရိပ် အတွက် ကျေးဇူးတင်ပါတယ်။)
Thanks for your Chosing STM•yoga
Friday,23,September 2022.
4:30-5:30pm(session2)
Namaste 🙏
Sat & Sun....Kids'yoga session
လေ့လာစရာတွေအလွန်များလာပါပြီမေမေတို့ရေ...
မှတ်သားလိုက်နာကာကျင့်သုံးစရာတွေလည်း ပါတာပေါ့....
အချိန်မှန်အိပ်ကာ အချိန်မှန်နိုးထတတ်ကြပြီလား....
အစားအချိန်မှန်လို့ဝမ်းကောမှန်ကြရဲ့လား....
အားလပ်ချိန်ရယ် အနားယူတာရယ်ကော သေချာခွဲခြားအသုံးချနေလား...
အနီးကပ်ရင်ခွင်ထဲရှိနေကြပေမယ့်လည်း မေမေတို့ရေ...ကိုယ်ဟန်အနေအထားတွေ သတိပြုမိဖို့ အားနည်းနိုင်ပါတယ်နော်....မချစ်လို့မဟုတ်ပါဘူး၊ ချစ်လွန်းလို့ပါ။
ပိုပြီးထက်မြက်ထူးချွန်စေရုံမက ကျန်းမာခြင်းဆုလာဘ်ကြီးကိုပါ ပိုင်ဆိုင်ထားနိုင်မှ သူတို့လေးတွေ ဘဝ ပိုလှပမှာပါနော်။
ဒါကြောင့်
အသက်ရှုလေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားအတွက်လည်း Daily life style plan ထဲ ပါဝင်လာစေဖို့ လက်တွဲကူဆွဲခေါ်ပေးကြပါ မေမေတို့ရေ။
မေတ္တာဖြင့်ထောက်ပြအသိပေးပါရစေ ချစ်သော ဖေမေများရှင့်🙏
Thanks for your happiness record 🥰😍😘
Namaste All🙏
Sat & Sun (weekend class/session 3)
ရက်တိုလေးသာ အချိန်ပေးနိုင်ကြသူတွေပါ.....
ပြန်ဆုံကြသော 1week' last day တွေတိုင်း အမြဲအသစ်အဆန်းတွေဖြစ်နေကြသူတွေပေါ့....
ကောင်းသောပြောင်းလဲလာပုံလေးတွေတိုင်းက အလွန်ဝမ်းသာပီတိတွေဖြစ်ရပါတယ်😍🥰😘
ကျန်းမာသောအလှစစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။
Thanks for your amazing record🥰
Fighting All🥰
See we next week🤜🤛
Namaste🙏
SIRSHASANA (headstand) လေ့ကျင့်မှု
(လိုအပ်သူများ လွယ်ကူစေနိုင်ဖို့ ရည်ရွယ်ကာပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။)
🕉 လေ့ကျင့်မှုပြုလုပ်ရန် ပထမဆုံး သိရှိရမည်မှာ...
၁။သွေးတိုးနေစဥ် မလုပ်ရ၊
၂။ဖျားနာနေစဥ် မလုပ်ရ၊
၃။အမျိုးသမီးများ ရာသီသွေးဆင်းနေစဥ်မလုပ်ရ၊
၄။အရက်ဘီယာသောက်ထားလျှင် မလုပ်ရ၊
၅။အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဥ် မလုပ်ရ၊
၆။ခေါင်းကိုက်၊ခေါင်းတစ်ခြမ်းကိုက်ခြင်းတိုအတွက် ကြိုတင်ကာကွယ်နည်းဖြစ်ပေမယ့် ခံစားနေရချိန် မလုပ်ရ၊
🕉လေ့ကျင့်မှုကြောင့် ဘာတွေအကျိုးရှိစေမှာလဲ...?
ဦးနှောက်ထဲကို သွေးလည်ပတ်မှု ပိုပြီးပို့စောင်ပေးသည့်အတွက်---အာရုံကြောအားကောင်းလာပါမယ်၊သွေးတွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပါမယ်၊ သန့်စင်သောသွေးများက pituitary ဂလင်းသို့ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး ခန္ဓာနှင့်စိတ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင်ဖလှယ်ခြင်းမှာ ပိုအားကောင်းစေလို့ မှန်ကန်သောအသက်ရှုပုံစံကို ရရှိစေပါမယ်။
ကိုယ်တွင်းအင်္ဂါများအတွက် ထိရောက်စွာအားဖြည့်ပေးမှုကြောင့် လုပ်ဆောင်ချက်များ မှန်ကန်လာစေပြီး ခန္ဓာနှင့်စိတ်ကို ကောင်းသောပြောင်းလဲမှုများစွာပိုင်စေပါမယ်။
အဆီစုသောနေရာများစွာတို့မှာ အဆီလောင်ကျွမ်းမှုအရမ်းကောင်းမွန်စေလို့ ကျန်းမာကာနုပျိုလှပစေပါမယ်။
လေ့ကျင့်မှုစတင်ဖို့အတွက် မှန်ကန်သောပြင်ဆင်မှုများစွာရှိသည့်အတွက် မည်သည့်လေ့ကျင့်မျိုးမဆို လက်လွတ်စလွယ်မလုပ်သင့်၊ မစခင် ပြင်ဆင်မှုများအပြင် လေ့ကျင့်အပြီး အနားယူမှုများလည်းရှိတာမို့ ချစ်သောစိတ်ဖြင့်သတိပေးပါရစေ။
asanas အားလုံးတွင် အကြီးမြတ်ဆုံးအဖြစ် သတ်မှတ်ထားသည့် asanas တစ်ခုပင်ဖြစ်ပါသည်။
လိုအပ်သူများအသုံးချရလွယ်ကူစေရန်...
အနေအထားအမျိုးမျိုးဖြင့် လေ့ကျင့်နိုင်စေရန်
နံရံအနီးအကူ နှင့်ကော နံရံခွာ၍လည်း လေ့ကျင့်ပုံစံတစ်မျိုးကို ၂ကြိမ်ပြပေးထားပါတယ်နော်။
စနစ်တကျတစ်ဆင့်ချင်းစီကို ထပ်၍ပြင်ဆင်နိုင်ဖို့ကြိုးစားနေပါတယ်🙏
အမှားနှင့်မပြည့်စုံမှုများရှိနေပါက ခွင့်လွှတ်ပေးပါ🙏
လိုအပ်သည်များရှိနေသေးတာမို့ ပိုကောင်းအောင်ကြိုးစားလေ့လာနေပါတယ်🙏
𝐻𝑒𝒶𝒹𝓈𝓉𝒶𝓃𝒹 𝓅𝓇𝒶𝒸𝓉𝒾𝓈𝑒
Tue>Wed>Thu..session(1)
Thanks for your amazing record
3.8.2022