About Bodybuilding & Fitness - Myanmar

About Bodybuilding & Fitness - Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from About Bodybuilding & Fitness - Myanmar, Sports, ၅/၁၉(က) ကေးလမ်း, Pyinmana.

27/01/2018

Jeff Seid(Bodybuilder)
မွေးသက္ကရာဇ် - ၁၂-၆-၁၉၉၄
လူမျိုး - အမေရိကန်
အရပ် - ၆ပေ(၁၈၃ စင်တီမီတာ)
ကိုယ်အလေးချိန် - ၂၁၀ပေါင်(၉၅ ကီလို)
ကိုယ်ရေးအကျဉ်း
သူ့ကို ဂျွန်လ ၁၂ရက်နေ့ ၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ကို အခုလိုအောင်မြင်တဲ့အားကစားသမားဖြစ်စေခဲ့တာကတော့ သူဟာ အသက်၅နှစ်အရွယ် အားကစားကိုလိုက်စားခဲ့တာပါပဲ။သူဟာ ငယ်ငယ်တည်းက အားကစားလိုက်စားလွန်းတဲ့ကလေးဖြစ်ခဲ့တာကြောင့် ကျန်းမာကြံခိုင်လှပတဲ့ ခန္ဓာကိုယ်နဲ့အတူ ပြိုင်ပွဲအတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။ဒီလိုအားကစားပေါ်စိတ်အားထက်သန်မှုတွေနဲ့အတူ အသက်၁၁နှစ်အရွယ်မှာ အလေးမအားကစားကို စတင်လေ့ကျင့်ခဲ့ပါတယ်။အထက်တန်းကျောင်းမှာ သူစကစားခဲ့တဲ့ အားကစားတွေကတော့ ဘောလုံးနဲ့ နပမ်းအားကစားနည်းတွေပဲဖြစ်ပါတယ်။ဘောလုံးကစားရာမှာလဲ အလားအလာရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်
် ဒါ့အပြင် နိုင်ငံတွင်း ကျောင်းနပမ်းပြိုင်ပွဲမှာလဲ အကောင်းဆုံးနပမ်းသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ ဘဝဆိုတာ ထင်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။အမျိုးမျိုးသောအဆင်မပြေမှုတွေကြောင့် ဘောလုံးသမားမဖြစ်ခဲ့ပါဘူး ဒီလိုနဲ့ စိတ်ဓာတ်ကျပြီးနားနေတဲ့အချိန် websiteတခုကနေ လူသစ်တန်းကာယဗလပြိုင်ပွဲကြော်ငြာကိုတွေ့ပြီး ၆နှစ်လုံးအမြဲလေ့ကျင့်ဖြစ်ခဲ့တာ အလေးမအားကစားဖြစ်နေတော့ အာ့ကိုအသုံးချပြီး ကာယဗလလောက ကိုသူ့အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ်ရွေးချယ်ခဲ့ပါတော့တယ်။

26/01/2018

Lazar Angelov(Bodybuilder)
မွေးသက္ကရာဇ် - ၂၂-၉-၁၉၈၄
လူမျိုး - ဆိုဖီယာ(ဘူဂေးရီးယား)
အရပ် - ၆ပေ(၁၈၀ စင်တီမီတာ)
ကိုယ်အလေးချိန် - ၁၉၅ ပေါင်(၈၈ ကီလို)
ကိုယ်ရေးအကျဉ်း
သူဟာ fitness model(နည်းပြ)တစ်ယောက်မဖြစ်ခင်က ဘတ်စကက်ဘောကစားသမားအဖြစ် ဆယ်နှစ် ကစားခဲ့ပါတယ်။သူ့အသက်၁၈မှာ ၁နှစ်တာစစ်မှုထမ်းဆောင်ရင်း ကာယဗလ လောကကိုစတင်ဝင်ရောက်ခဲ့ပြီး အဲ့ကစပြီး ကာယဗလဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါတယ်။သူဟာ ၂၀၀၆ခုနှစ်ကစပြီး ပြိုင်ပွဲတွေတခုပြီးတခုဝင်ရောက်ယှဉ်ပြိုင်ရင်း သူပြိုင်တဲ့ပွဲတိုင်း ဆုမရတဲ့ပွဲဆိုတာမရှိပါဘူး(အနည်းဆုံး တတိယဆု)ကိုရရှိပါတယ်။သူဟာ ကမ္ဘာပေါ်မှာ အကောင်းတကာ့အကောင်းဆုံး ဝမ်းဗိုက်ကြွက်သား(six packs)ပိုင်ဆိုင်ထားတယ်ဆိုတဲ့လူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။သူပြောဖူးတာတွေထဲက တစ်ခုက "ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တခုပိုင်ဆိုင်ရဖို့ တားမြစ်ဆေး(စတီးရွိုက်) မသုံးပဲ လူတိုင်းတည်ဆောက်နိုင်ပါတယ်"

Want your business to be the top-listed Gym/sports Facility in Pyinmana?

Click here to claim your Sponsored Listing.

Location

Category

Website

Address


၅/၁၉(က) ကေးလမ်း
Pyinmana