31/08/2022
ယူနိုက်တက်ဟာ အန်တိုနီ မခေါ်ယူဘဲ အခြား တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူသင့်တယ်လို့ ပြောလိုက်တဲ့ နယ်သာလန် နည်းပြဟောင်း
လာမယ့်ရက် အတွင်းမှာ ဘရာဇီးနိုင်ငံသား အန်တိုနီဟာ အေဂျက်စ်ကနေ ပေါင် ၈၅ သန်းဖြင့် ရောက်ရှိလာမယ့်လို့ မျှော်လင့်ရပါတယ်။ ကစားသမားဟာ စာချုပ်မချုပ်ဆိုမီ ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပြီး နည်းပြဟောင်း တန်ဟက်နှင့် အိုးထရက်ဖို့ဒ်မှာ ပြန်လည် ပေါင်းစည်းမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် နွေရာသီ တစ်ခုလုံး ကြိုးစားခဲ့ရတာ ဖြစ်ပြီး နောက်ဆုံးမှာတော့ ရရှိခဲ့ကာ အဆိုပါ အသင်းကနေ ခံစစ်မှုး မာတီနက်ဇ်ကိုလည်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဆော်ပိုလို ကစားသမားဟောင်း အတွက် ယူနိုက်တက်ဟာ အများကြီး ပေးချေခဲ့ရတာ ဖြစ်ပြီး ဂိုးအများကြီး သွင်းနိုင်မှာ မဟုတ်ပါဘူးလို့ မျှော်လင့်မိကြောင်း အာဖရိကမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွင် နယ်သာလန် အသင်းကို ဖိုင်နယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဗန်မာဝိတ်က ပြောပါတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် အေဂျက်စ်ကနေ ယူနိုက်တက်ထံကနေ ယူရိုသန်း ၁၀၀ ကို ရရှိခဲ့ပါတယ်။ ဒါဟာ ထိန်းဈေးတစ်ခုဖြစ်ပြီး အနာဂတ်မှာ အန်တိုနီအတွက် အဲ့ဒီဈေးကို ပြန်ရမှာတော့ မဟုတ်ပါဘူး။
အေဂျက်စ်မှာတုန်းက အန်တိုနီက တစ်ရာသီကို ၁၀ ဂိုးလောက် သွင်းနိုင်မှာမဟုတ်ပါဘူးဆိုတာ့ ဝေဖန်မှုတွေကိုလည်း ကျွန်တော် ကြားခဲ့ရပါတယ်""သူက ဂိုးသွင်းတဲ့ ကစားသမား မဟုတ်တာကြောင့် အင်္ဂလန်မှာလည်း ဂိုးသွင်းမှာ မဟုတ်ပါဘူး။ သူမှာ ဂိုးဖန်တီးတဲ့ အရည်အချင်း ရှိပြီး ကူညီမှုတွေကို ပေးမှာ ဖြစ်တာကြောင့် ထူးခြားအောင်တော့ လုပ်နိုင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အတွက်ကိုလည်း သူက ထိန်းနိုင်ပါ့မလား ဆိုတာကို ကျွန်တော် သိချင်မိပါတယ်။
ကျွန်တော်တို့ မကြာခင်မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်" လို့ သူက နယ်သာလန် သတင်းစာ De Telegraaf အတွက် ရေးသား ထားပါတယ်။ ယူနိုက်တက်ဟာ ဗီအက်စ်ဗွီက ဂတ်ပိုကိုခေါ်ယူခဲ့မယ်ဆိုရင် ပိုကောင်းမှာပါလို့ ဗန်မာဝိတ်က ပြောပါတယ်။ "အန်တိုနီထက် ဂတ်ပိုက ရုပ်ပိုင်းဆိုင်ရာမှာ ပိုကောင်းပါတယ်။ အသင်း အတွက် အသေအကြေ ကစားပေးဖို့ စိတ်လည်းရှိပါတယ်။ သဘာဝအရတော့ ဖန်တီးရှင် ကစားသမားတွေ တော်တော်များများက ငပျင်းတွေပါ။ ဂတ်ပိုက အန်တိုနီထက် ကျော်ကြားမှု နည်းတာကြောင့် ဘရာဇီးသားရဲ့ ဈေးနှုန်းက များပြားနေတာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ ကြာပသတေးနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လက်စတာစီးတီးနှင့် ကစားရမှာဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
31/08/2022
ဟယ်ရီကိန်းနှင့် ဟာလန်းတို့ နှစ်ဦးကို ထိန်းချုပ်ရတာက ဘယ်လို ကွာခြားသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ နော်တင်ဟမ်ဖောရက်စ် နည်းပြ စတီဗ်ကော့ပါး
တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်းနှင့် ရင်ဆိုင်ပြီး ၃ ရက်အကြာတွင် မန်စီးတီးက ဟာလန်ကို ထိန်းချုပ်ဖို့ စိန်ခေါ်မှုနှင့် ပတ်သက်ပြီး နော်တင်ဟမ်ဖောရက်စ် နည်းပြ ကော့ပါးက ပြောဆိုလိုက်ပါတယ်။ ဖောရက်စ်ဟာ လက်ရှိရာသီကို အကောင်းဆုံး စတင်နိုင်ခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့က တော့တင်ဟမ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခံစစ် ပုံစံ ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်ကို တော့တင်ဟမ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းရဲ့ သွင်းဂိုး ၂ ဂိုးဖြ င့်အနိုင်ရရှိ ခဲ့ပြီး ထိုသွင်းဂိုးများကြောင့် ကိန်းကလည်း ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး စာရင်းမှာ ပွဲတွဲ တတိယနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဖောရက်စ်အတွက် နောက်ထပ် တစ်ပွဲကတော့ မန်စီးတီးနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ၆ ဂိုး အထိ သွင်းယူထားတဲ့ ဟာလန်းကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ဟာလန်းကို ထိန်းရတာက ကိန်းကို ထိန်းရတာနှင့် မတူညီဘဲ ဖောရက်စ်ဟာ မန်စီးတီးရဲ့ အခြား တိုက်စစ် ကစားသမားတွေကိုပါ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်လို့ ကော့ပါးက ပြောပါတယ်။ "ဒါဟာ တော့တင်ဟမ် ပွဲနှင့် တူညီမှာ မဟုတ်ပါဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က မန်စီးတီးနဲ့ပွဲကို စောင့်ကြည့်ရမှာဖြစ်ပြီး ကလပ် ဘောလုံး လောကမှာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်တယ် ဆိုတာကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။"
"ဒါကြောင့်ပဲ ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ ကစားချင်တာ ဖြစ်ပြီး ပါဝင် ပတ်သက်ချင်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က တိကျတဲ့ အစီစဉ်တွေနဲ့ အကောင်းဆုံး လုပ်ဆောင်ဖို့ အတွက် အဲ့ဒီကို သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့သာ အကောင်းဆုံး လုပ်ခဲ့မယ် ဆိုရင် ရလဒ်က ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကြည့်ရမှာပါ" "ဒါကြောင့် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ အောင်မြင်မှု ရရှိနိုင်တယ်လို့ တွေးပြီး ဒီလိုပွဲတွေကို သွားကစားရမှာ ဖြစ်ကာ ဒီလိုမျိုးလုပ်ဖို့ အတွက်လည်း ကျွန်တော်တို့ ဆန္ဒရှိပါတယ်။
ကိန်းနဲ့ ဟာလန်းတို့ ဆိုတာက ကမ္ဘာ့အဆင့်ရှိ တိုက်စစ်မှုးတွေ ဖြစ်ကြပါတယ်။ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာရှိနေတာ ဖြစ်ပြီး မကြာခင်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးမှာ ဟာလန်း မရှိဘူး ဆိုရင်တော့ အခြား ကစားသမားတွေ ရှိနေပါတယ်" "ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ ရာသီကလိုပဲ အကောင်းဆုံး ကြိုးစား ကစားသွားမှာ ဖြစ်ပါတယ်" လို့ ကော့ပါးက ပြောပါတယ်။ မန်စီးတီးနှင့် ပွဲကို ဒဏ်ရာ ရရှိနေတဲ့ မန်ဂယ်လာက ပါဝင်နိုင်မှာ မဟုတ်သလို အက်သလက်တီကို မက်ဒရစ်ကနေ ခေါ်ယူထားတဲ့ လိုဒီကလည်း ပထမဆုံးပွဲထွက်ဖို့အတွက် မသေချာသေးပါဘူးလို့ ကော့ပါးက ပြောဆိုထားပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
31/08/2022
31.8.22(ဗုဒ္ဓဟူးနေ့)
******************************************
မင်္ဂလာပါရှင့်
Fighter Page ရဲ့ 2D ဝါသနာရှင်များအတွက်
2/6 ဝမ်းချိန်းလေးပါနော်
2D ထိုးချင်တဲ့ မိတ်ဆွေများရှင့်
တစ်ကွက် 100 ကျပ်မှစပြီး ထိုးနိုင်ပါတယ်ရှင့်
အလျော်အစားတိကျမြန်ဆန်ပါတယ်နော်
ပိတ်ချိန် နံနက် (10;40) /ညနေ့ (3;45)
*(အဆ:၈၀)*
Phone(or)Viber - 0943163852 (2D သီးသန့်)
30/08/2022
နယူးကာဆယ်နဲ့ ပွဲစဉ်မတိုင်မီ အသင်းလေ့ကျင့်ရေးဆီ ပြန်လည်ပူးပေါင်းလာတဲ့ လီဗာပူးခံစစ်မှူးများ
ဒဏ်ရာပြဿနာများနဲ့ လှိုင်းကြီးလေထန်ကာလတစ်ခုကို ဖြတ်သန်းပြီးနောက် ဒီနေ့လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတွေ မြင်တွေ့လာရပါတယ်။
ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ၄ ပွဲမှာ ရမှတ် ၅ မှတ်သာ စုဆောင်းနိုင်ခဲ့တဲ့ မာဆေးဆိုဒ်သားတွေအတွက် တကယ်ကိုဆိုးရွားတဲ့ရာသီအဖွင့်ရလဒ်တွေ ဖြစ်လာခဲ့သလို ရာသီအစောပိုင်းဒဏ်ရာပြဿနာတွေကလည်း သူတို့အတွက် အကူအညီမဖြစ်စေခဲ့ပါဘူး။ နည်းပြကလော့ပ်အနေနဲ့ စီနီယာကစားသမား ၉ ဦးလောက်ကို ဒဏ်ရာကြောင့်လက်လွတ်ခဲ့ရသလို တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ထည့်သွင်းအသုံးပြုခွင့်မရချိန် ဘုန်းမောက်ကို ၉ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မကြာခင်မှာ ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းရဖို့ရှိနေလို့ ကစားသမားတွေအကုန်လုံး အသင်းနဲ့ အမြန်ဆုံးပြန်လည်ပူးပေါင်းဖို့ လိုအပ်နေပါတယ်။
အခုလိုအခြေအနေအတွက် ဒီနေ့လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတော့ မာတစ်၊ ရမ်ဆေးတို့လို့ ဒဏ်ရာရ ကစားသမားတွေ အသင်းဆီပြန်လည်ပူးပေါင်းလာတဲ့ ပုံရိပ်တွေနဲ့အတူ သတင်းကောင်းတွေ ရှိလာနေပါပြီ။ လီဗာပူးနောက်ခံလူ မာတစ်က အခုရာသီအဖွင့်ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ကြွက်သားဒဏ်ရာပြဿနာတစ်ခု ကြောင့် အသင်းနဲ့ပူးပေါင်းနိုင်မှုမရှိခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ လီဗာပူးရဲ့ AXA လေ့ကျင့်ရေးကွင်းအတွင်း မာတစ်က အသင်းဆီ ပြန်လည်ပူးပေါင်းလာပြီဆိုတဲ့အကြောင်း ဓါတ်ပုံမှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။
အလားတူ အခုနွေရာသီမှာခေါ်ယူထားတဲ့ လီဗာပူးနောက်ခံလူသစ် ကယ်ဗင်ရမ်ဆေးကလည်း အသင်းနဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို လုပ်ဆောင်နိုင်ခဲ့တာပါ။ ဒီကစားသမားနှစ်ဦး အသင်းလူစာရင်းဆီ ပြန်လည်ပူးပေါင်းနိုင်မှုက အလွန်အရေးပါခဲ့ပြီး ဒီလိုပူးပေါင်းလာမှုနဲ့အတူ အန်ဖီးလ်ကလပ်အနေနဲ့ နောက်ခံလူ ဖီးလစ်စ်၊ ဗန်ဒန်ဘာ့ဂျ်တို့ကို အငှား သို့မဟုတ် အပြီးသတ်ရောင်းချခြင်းတို့အတွက် ပြန်လည်သုံးသပ်ခွင့် ရရှိလာမှာဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
30/08/2022
ပါကွီတာကို ယူရို သန်း၆၀နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ဝက်စ်ဟမ်း ကြေညာ
ဝက်စ်ဟမ်းအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ လူးကပ်စ် ပါကွီတာကို ယူရို သန်း၆၀နဲ့ ခေါ်ယူလိုက်ပြီး ၂၀၂၇ခုနှစ် ဇွန်ထိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ပါကွီတာဟာ ဝက်စ်ဟမ်းမှာ ကျောနံပါတ်၁၁ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
30/08/2022
ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှု အောက် ကျရောက်သွားခဲ့တဲ့ ဂျရတ်
မနေ့ညပိုင်း၊ ဗီလာပတ်ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဧည့်သည် ဝက်စ်ဟမ်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာ ပရိသတ်တွေက အသင်း နည်းပြ စတီဗင်ဂျရတ်ကို အသင်းမှ ထုတ်ပယ်ဖို့ လူမှုကွန်ရက် မီဒီယာတွေမှာ တောင်းဆိုရေးသားလာပါတယ်။ ဗီလာ ပရိသတ်တွေက Twitter လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်မှု ပေါင်းစုံ ရေးသားဖော်ပြခဲ့ကြပြီး ဂျရတ်ဟာ ဥရောပ ချန်ပီယံဟောင်းရဲ့ နည်းပြ အဖြစ် အဆင့်အတန်း မမှီသူ အပါအဝင် အသင်းမှ ထွက်ခွာသွားဖို့ အထိပါ တောင်းဆိုလာခဲ့တာပါ။
ပရိသတ်တစ်ဦးက “ ဂျရတ်က ဒေါက်ကလပ်လူးဝစ်ဇ်ကို လူစားလဲလိုက်ပြီး မကြာခင်မှာပဲ ကျွန်တော်တို့ အသင်းဟာ အမြဲတမ်း ဖြစ်နေကျ အတိုင်း ပုံစံပျက်သွားပြီး လုံးဝကို တရွတ်ဆွဲနေတဲ့ ပုံစံ ပြန်ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော် မောပန်းသွားတဲ့ အချိန် အထိ ဂျရတ်ဟာ ဒီအသင်းရဲ့ နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ အဆင့်အတန်း မမှီသူလို့ ပြောနေဦးမှာပဲ။ သူ မထွက်သွား သရွေ့ ဒါတွေက ပြောင်းလဲလာမှာ မဟုတ်ဘူး”လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးကလည်း “ သူက မာနကြီး စိတ်ကြီးဝင်နေတဲ့ အဆိပ်အတောက် တစ်မျိုးပဲ။ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ။ သူက အသင်းဝတ်လဲခန်းထဲမှာ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ သေချာပါတယ်။ ဒီအသင်းမှာ မာကျောမှု တစ်ခုခုတောင် မမြင်ရတော့ဘူး”လို့ ပြောဆိုပါတယ်။ အခြားဗီလာပရိသတ်တစ်ဦးကလည်း “ ကျေးဇူးပြုပြီး အခုအချိန်မှာ ဂျရတ်ကိုပဲ အလုပ်ထုတ်ပေးကြပါ။ ဒီအကြောင်းအရာကို စဉ်းစားဖို့လည်း မလိုဘူး၊ ဆွေးနွေးနေဖို့လည်း မလိုဘူး၊ ညစာမစားဘဲနဲ့ တန်းပြီး အိပ်ရာဝင်ရုံပဲ။
သူ့ကိုသာ အလုပ်ထုတ်လိုက်ပါ။ ဒီညမှာ ဗီလာအသင်းပရိသတ်တွေတစ်ဦးချင်းစီရဲ့မျက်နှာပေါ် အပြုံးပန်းလေးတွေ ပွင့်ဖူးစေချင်တယ်ဆိုရင် အခုချက်ချင်းပဲ ဂျရတ်ကို အလုပ်ထုတ်လိုက်ပါ”လို့ ရေးသားခဲ့ပါတယ်။ လီဗာပူး ကပ္ပတိန်ဟောင်းက သူရဲ့ နည်းပြ ဘဝ အစမှာပဲ စကော့တလန် ကလပ် ရိန်းဂျားစ်ကို ဆယ်စုနှစ် တစ်ခု အကြာ ဝေးကွာနေတဲ့ စကော့တလန် ပရီးမီးယားရှစ် အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အက်စတွန်ဗီလာ နည်းပြ အဖြစ် စတီဗင်ဂျရတ်က တာဝန်ယူခဲ့ပြီး အခု ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် ဘောလုံး ရာသီ အဖွင့် ပွဲစဉ်လေးပွဲမှာ တစ်ပွဲနိုင်၊ သုံးပွဲရှုံးရလဒ်နဲ့ ဂျရတ်ရဲ့ အသင်းက အမှတ်ပေး ဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
30/08/2022
တစ်နေ့ ၅ကြိမ် အိပ်စက်ပြီး ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု ၅ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိပေါ်တူဂီဝါရင့်တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့အအောင်မြင်မှုတွေမှာ အရေးပါတဲ့ အိပ်စက်လေ့ကျင့်မှု တွေပြလုပ်ခဲ့ရာ အိပ်ယာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ထူးဆန်းတဲ့ သူ့ရဲ့ အမူအကျင့်တစ်ခုအကြောင်းကို ပြောဆိုထားခဲ့ဖူးတာ ဖြစ်ပါတယ်။
ရော်နယ်ဒို ဘာနေဗျူးမှာ ကစားစဉ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နစ်ခ် လစ်တဲလ်ဟေးစ်က ရော်နယ်ဒိုရဲ့ နေ့ခင်းဘက်တွေမှာပါ အချိန်ခဏစီ ခွဲအိပ်လေ့ရှိတဲ့ အလေ့အကျင့်အကြောင်းနဲ့ ပတ်သက်လို့ The Independent သတင်းဌာနကို ဖြေကြားထားခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီဝါရင့်တိုက်စစ်ကစားသမားအနေဖြင့် အခုလို အောင်မြင်မှုတွေကို ရရှိလာခဲ့တဲ့ နေရာမှာ အချိန်ခဏစီ ခွဲအိပ်တတ်တဲ့ အလေ့ကျင့်ကလည်း တစ်ခုအပါဝင်ဖြစ်နိုင်ကြောင်းနဲ့ ရော်နယ်ဒိုရဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တွေ နဲ့ပတ်သက်ပြီး“ရော်နယ်ဒိုနဲ့ တွဲဖက်လုပ်ကိုင်ဖူးတဲ့ သူမှန်တဲ့ သမျှ သူ့ရဲ့ အကျင့်တစ်ချို့ကို သတိပြုမိကြမှာပါ။ တကယ်လို့ အခန်းထောင့် တစ်နေရာမှာ ခင်ဗျားအနေနဲ့ တစ်စုံတစ်ခုအကြောင်းကို ဆွေးနွေးနေတဲ့အခါ သူက ရောက်ရောက်လာတတ်ပြီး ဘာအကြောင်းပြော နေကြတာလဲ ဆိုပြီး မေးပါလိမ့်မယ်”
“ရီးရဲလ်မက်ဒရစ်မှာအတူရှိခဲ့စဉ်က လေ့ကျင့်ရေးပြုလုပ်အပြီးမှာ အဝတ်လဲခန်းသွားပြီးနောက် ရေချိုးရတော့မှာ ဖြစ်ပေမဲ့ သူက ဝန်ထမ်းတွေနဲ့ ကျွန်တော် စကားပြောနေတဲ့ နေရာကို ရောက်လာပြီး ဘာတွေ ပြောနေကြတာလဲ ဆိုတာကို လာမေးခဲ့တာပါ” “ကျွန်တော်လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အရာကို စိတ်ဝင်စားနေတာဖြစ်ပြီး သူက ကစားသမားဘဝအတွက် တိုးတက်မှု ရှိလာအောင် ဘာတွေ အားထုတ် လုပ်ဆောင် ရမလဲ ဆိုတာ အမြဲတမ်းစိတ်ဝင်စားနေလေ့ရှိတဲ့သူပါ”လို့ ရော်နယ်ဒို ထွက်ခွာတဲ့ ၂၀၀၉ခုနှစ်မှာ ယူနိုက်တက်ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ပါ လက်တွဲလုပ်ကိုင် ခဲ့ဖူးတဲ့ အိပ်စက်ခြင်းဆိုင်ရာ ကမ္ဘာ့ပထမဆုံးနည်းပြ အဖြစ် အသိအမှတ်ပြုခြင်း ခံထားရတဲ့ နစ်ခ် လစ်တဲလ်ဟေးစ် ကဖွင့်ဟ ပြောဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
30/08/2022
30.8.22(အင်္ဂါနေ့)
******************************************
မင်္ဂလာပါရှင့်
Fighter Page ရဲ့ 2D ဝါသနာရှင်များအတွက်
8/9 ဝမ်းချိန်းလေးပါနော်
2D ထိုးချင်တဲ့ မိတ်ဆွေများရှင့်
တစ်ကွက် 100 ကျပ်မှစပြီး ထိုးနိုင်ပါတယ်ရှင့်
အလျော်အစားတိကျမြန်ဆန်ပါတယ်နော်
ပိတ်ချိန် နံနက် (10;40) /ညနေ့ (3;45)
*(အဆ:၈၀)*
Phone(or)Viber - 0943163852 (2D သီးသန့်)
29/08/2022
iBet789 မှာ အကောင့်ဖွင့်ကာ ဆော့ကစားဖို့ အခုပဲ Fighter Page ရဲ့ Hotline viber ကိုဆက်သွယ်လိုက်ပါနော်။
ညီမလေးတို့ရဲ့ Fighter Page က ငွေသွင်းငွေထုတ်(100% ယုံကြည်စိတ်ချရမှု)နှင့် (၂၄နာရီ) ဝန်ဆောင်မှုပေးနေပါတယ်နော်....
🔺 Fighter iBet789 Agent🔺
☎{Hot Line -Viber & Mobile} -09:951614450, 09:787677755, 09:950750533
☎{Mobile} - 09:763199067, 09:950749195, 09:787675678
==========================================================
29/08/2022
ပေါ့ဂ်ဘာကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး ပေါင် ၁၁သန်း တောင်းဆိုခဲ့တဲ့ အဖွဲ့မှာ အံ့အားသင့်ဖွယ် ပါဝင်နေခဲ့တဲ့ မာသီးယက်စ်ပေါ့ဂ်ဘာ
ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ကစားဖို့ ဒီနှစ်အပြောင်းအရွှေ့ကာလပိုင်းမှာ စာချုပ် ချုပ်ဆိုခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ် တစ်ခုအတွင်း ဒူးဒဏ်ရာရရှိကာ ကာလရှည်အနားယူနေရတဲ့ ပေါလ်ပေါ့ဂ်ဘာ အနေဖြင့် မိသားစုဝင်တစ်ဦး ကိုယ်တိုင်ပါဝင်ပက်သက်နေတဲ့ ခြိမ်းခြောက် ငွေညှစ်မှုတစ်ခု နဲ့ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ် ကွင်းလယ်လူက သူ့ငယ်ငယ်က အတူပေါင်းသင်းခဲ့တဲ့ သူငယ်အချင်းအချို့က သူ့အပေါ် ပေါင် ၁၁သန်း တောင်းဆိုငွေညှစ်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၃၂နှစ်အရွယ် ပေါ့လ်ပေါ့ဂ်ဘာရဲ့ အကိုကြီးဖြစ်သူ မာတီးယက်စ်ပေါ့ဂ်ဘာ ကိုယ်တိုင်ကလည်း သူ့ညီအပေါ် ကမ္ဘာ့တစ်လွှား ကျော်ကြားမှု တွေ ကို ထိခိုက်စေနိုင်တဲ့ အတွင်းသတင်းအချို့ကို ထုတ်ဖော် ပြောဆိုသွားမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာ ကြောင့် အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။
ပေါ့ဂ်ဘာက အာဏာပိုင်တွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ အဖွဲ့အနေဖြင့် လွန်ခဲ့တဲ့ ၁၀နှစ်ကျော် လောက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့အပေါ် အကြပ်ကိုင်ကာ သူ့အပေါ် ငွေတောင်းဆိုနေတာ ဖြစ်တဲ့ အကြောင်း တိုင်တန်းထားခဲ့တာ ဖြစ်ပါတယ်။ ပဲရစ်မြို့ တရားရေးအဖွဲ့ရဲ့ အတွင်းသတင်းရင်းမြစ်တစ်ယောက်ကလည်း တနင်္ဂနွေနေ့မှာ အဆိုပါ ငွေကြေး အကြပ်ကိုင်တောင်းဆိုထားတဲ့ လူအုပ်စုနဲ့ ပက်သက်လို့ စတင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ အတည်ပြုပြောဆိုထားခဲ့ပါတယ်။
ပေါ့ဂ်ဘာရဲ့ အကိုဖြစ်သူ မာတီယက်စ် ဟာ ပေါ့ဂ်ဘာ ယူနိုက်တက်အသင်းမှာ ကစားစဉ်ကလည်း သူ့ညီဖြစ်သူရဲ့ အကြွေးဝယ်ကဒ်ထဲမှ ပေါင် ၁၇၀,၀၀၀ ခိုးယူအသုံးပြု ထားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ မာတီးယက်စ်က ပေါ့ဂ်ဘာ တစ်ဦးတည်းသာ မက သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ရာဖေလာပီမန်တာနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ကိုင်လီယန်မက်ပီ ကိုပါ ပစ်မှတ်ထားကာ ခြိမ်းခြောက်မှု ပြုလုပ်သွားခဲ့တာပါ။
လူမှုကွန်ယက်မှတစ်ဆင့် ဗွီဒီယိုဖိုင်အတွင်းမှာ မာတီးယက်စ် ပြောဆိုထားတာက “ပေါ့ဂ်ဘာ လက်ရှိကစားနေတဲ့ ဂျူဗင်တပ်အသင်း၊ သူ့စပွန်စာကုမ္ပဏီနဲ့ အသင်းဖော်ကစားသမား တွေအပြင်၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ စပိန်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ဘောလုံးပရိသတ်တွေ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီးသိထားသင့်တဲ့ အကြောင်းအရာ အချို့ရှိနေပါတယ်” “သူ့အနေနဲ့ ပြင်သစ်လက် ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားမှာ ပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲခွင့် ရသင့်ပါတယ်။ ဂျူဗင်တပ်အသင်းမှာလည်း အသင်းဖော်တွေနဲ့ ပျော်ရွှင်စွာ ကစားသွားခွင့်ရချင်နေမှာပါ” “ပြီးတော့ ပေါ့ဂ်ဘာရဲ့ ကိုယ်စားလှယ် ဖြစ်တဲ့ ပီမန်တာနဲ့ ပြင်သစ်လက်ရွှေးစင် မက်ပီတို့နဲ့ ပက်သက်ပြီးလည်း ကျွန်တော် သိထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်” “ကျွန်တော် တောင်းဆိုတဲ့ အရာကို မရရှိခဲ့ပါက ဒါတွေအားလုံးကို ထိခိုက်သွားစေလောက်မယ့် လျှို့ဝှက်ချက်တွေကို ဖွင့်ချသွားမှာပါ” လို့ပြောဆို ခြိမ်းခြောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
29/08/2022
စံချိန်မှတ်တမ်းသစ်တစ်ခုအပေါ် ဝမ်းမြောက်ဂုဏ်ယူနေတဲ့ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်း
မနေ့ညပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ ပူးတွဲတတိယနေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက သူရဲ့စွမ်းဆောင်ရည်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
City Ground ကွင်း၌ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲအစ ၅ မိနစ်မှာ ဟယ်ရီကိန်းက အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို ပွဲချိန်နှောင်းပိုင်းမှာလည်း တော့တင်ဟမ်အတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့် ဟယ်ရီကိန်းက အလန်ရှီယား (၂၆၀ ဂိုး)၊ ဝိန်းရူနီ (၂၀၈ ဂိုး)တို့ပြီးနောက် ၁၈၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အန်ဒီကိုးလ်နဲ့အတူ ပရီးမီးယားလိဂ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ပူးတွဲတတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးပြီးနောက် Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အလန်ရှီးယားရဲ့လိဂ်သွင်းဂိုးစံချိန်အပေါ် ဟယ်ရီကိန်းက “ဒီစံချိန်က လိုက်မှီဖို့ အတော်ဝေးဝေးလိုအပ်နေပါသေးတယ်။ အသေအချာပါပဲ။ ဒါပေမယ့် ကျွန်တော်ဒါကို လိုက်မှီမယ်လို့ ခံစားမိနေပါတယ်။ ကျွန်တော်အနေနဲ့ လာမယ့်နှစ်တွေများစွာ ဘောလုံးကစားနိုင်လိမ့်မယ်လို့လည်း ခံစားမိပါတယ်။ ကျွန်တော် နှစ်တိုင်း ဂိုးတွေအများကြီး သွင်းယူခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုဂုဏ်သိက္ခာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေကြားမှာ ပါဝင်လိုပါတယ်။ ဒီစိန်ခေါ်မှုအတွက် ကျွန်တော် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အလန်ရှီးယား၊ ဝိန်းရူနီတို့လို အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက နှစ်ဦးနဲ့အတူ ဒီလိုစံချိန်မှတ်တမ်းထဲမှာ ပါဝင်ခွင့်ရတာက ကျွန်တော့်အတွက် ပျော်ရွှင်စေပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုကိုယ် ဆက်ပြီး တွန်းအားပေးချင်နေတယ်ဆိုတာ သေချာနေသလို ကျွန်တော် ဘယ်လောက်ဝေးဝေးအထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ကြပါ။ အခုထိကတော့ ကောင်းမွန်တဲ့ ဘောလုံးရာသီအစ ဖြစ်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စွမ်းဆောင်ခဲ့တဲ့ သွင်းဂိုးကြောင့် ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုအတွက် လိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မန်စီးတီး တိုက်စစ်မှူးဟောင်း အဂူရိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အလားတူ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၄ ပွဲအပြီး ရမှတ် ၁၀ မှတ်အထိ စုဆောင်းထားနိုင်တဲ့ တော့တင်ဟမ်ရဲ့ စွမ်းဆောင်ရည်ပိုင်းက ၂၀၀၉-၂၀၁၀ ဘောလုံးရာသီနောက်ပိုင်း အကောင်းဆုံးလိဂ်ပြိုင်ပွဲ တာထွက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''
29/08/2022
ယူနိုက်တက် အသင်းရဲ့ ချိတ်ဆက်မှုအချို့ လက်ခံရရှိထားတဲ့ အကြောင်းအတည်ပြု ပြောဆိုလိုက်တဲ့ ဂတ်ပို
မန်ချက်စတာယူနိုက်တက်အသင်းက ရော်နယ်ဒိုရဲ့အနာဂတ်မရေရာမှုနဲ့အတူ တိုက်စစ်ပိုင်းအားဖြည့်ဖို့ရန်အတွက် အပြောင်းအရွှေ့ပိတ်ခါနီးအချိန်မှာ အလုပ်များနေတဲ့ အသင်း တစ်သင်းအဖြစ် သတ်မှတ်ခံနေရပြီး အန်တိုနီကို ခေါ်ယူနိုင်ခဲ့အပြီးမှာတော့ နောက်ထပ် ပီအက်စ်ဗွီတောင်ပံမှာ ခြေစွမ်းပြ သွင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးနေတဲ့ ကိုဒီဂတ်ပိုကို ဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိထားတယ်လို့ ကစားသမား ကိုယ်တိုင်က ထုတ်ဖော် ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက အေဂျက်စ်ညာတောင်ပံ ကစားသမား အန်တိုနီဆန်းတို့စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်း (ယူရို သန်း ၁၀၀) ဖြင့် ခေါ်ယူဖို့ အေဂျက်စ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်လာဖို့ရှိနေပါသေးတယ်။
အပြောင်းအရွှေ့ကာလက လာမယ့် ကြာသပတေးနေ့မှာ ပိတ်သိမ်းတော့မှာ ဖြစ်ပြီး အန်တိုနီကို ခေါ်ယူဖို့ သဘောတူညီမှု မရယူနိုင်ခင်ကတည်းက ခေါ်ယူဖို့ သတင်းထွက်နေခဲ့ပြီး အန်တိုနီရဲ့ အေဂျက်စ်အသင်းနဲ့ ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ ပီအက်စ်ဗွီရဲ့ညာတောင်ပံမှာ ခြေစွမ်းပြ နေတဲ့ ဂတ်ပိုကိုပါ ဆက်လက်ခေါ်ယူသွားနိုင်ခြေရှိနေတာပါ။
တနင်္ဂနွေညမှာ ကစားခဲ့တဲ့ ပီအက်ဗွီအသင်းက ရော့တာဒန် အသင်းကို ၆ဂိုး - ၁ဂိုးနဲ့ အနိုင်ရယူခဲ့တဲ့ ပွဲစဉ်အတွင်း ဂက်ပိုက ၂ဂိုး ဖန်တီး ၁ဂိုးသွင်းယူပြီး ယူနိုက်တက် အသင်းကို အပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ ချိန်သားကိုက် လှုံ့ဆော်မှု ပြုလုပ်သွားနိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်အပြီးမှာပဲ ဂတ်ပိုက ယူနိုက်တက်အသင်းက သူ့အပေါ် စိတ်ဝင်စားမှုရှိတဲ့ အကြောင်းကို“ကျွန်တော်ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြတဲ့ အသင်းတွေက များပါတယ်။ အဓိက စိတ်ဝင်စားမှု အရှိဆုံးအသင်းကတော့ မန်ချက်စတာယူနိုက်တက်ပေါ့။ ဖွင့်ဟ မပြောဖို့ စိတ်ကူးထားပေမဲ့ ဒါက ခက်ခဲပါတယ်” “အမှန်အတိုင်းပြောရရင် ၁၀သင်းလောက်ကကို ခေါ်ယူချင်နေကြတာပါ။ ဒါက ပဟေဠိတစ်ခုလိုဖြစ်နေပြီးတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ ဒီချိန်မှာ မပြောပြ နိုင်သေးပါဘူး” လို့ESPN သတင်းဌာနကို ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''