08/09/2023
တတိယဆု ရရှိခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာ ဥပဒေကျောင်းသားဟောင်း ကိုထက်လင်းအောင်နှင့် ကိုဇော်နိုင်ထွန်းတို့ မှ ဆုငွေ 30000 ဆုချလားပါရေ။
ကိုထက်လင်းအောင်နှင့် ကိုဇော်နိုင်ထွန်းတို့ အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး မိသားစုလည်း ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ။
အခုပိုင် ပံ့ပိုးပေးရေ ကိုထက်လင်းအောင်နှင့် ကိုဇော်နိုင်ထွန်းတို့အား ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
08/09/2023
တတိယဆု ရရှိခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာကျောင်းသားဟောင်း ဖြစ်တေ ကိုသန်းလင်းအောင် မှ ဆုငွေ 20000 ဆုချလားပါရေ။
ကိုသန်းလင်းအောင်မိသားစု အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
အခုပိုင် ပံ့ပိုးပေးရေ ကိုသန်းလင်းအောင်မိသားစုကို ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
08/09/2023
တတိယဆု ရရှိခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာဥပေဒကျောင်းသားဟောင်း/ သာလီစွ FC မှ ABC တိုက်စစ်မှူးဖြစ်တေ ကိုရဲဝင်းဖြိုး မှ ဆုငွေ 20000 ဆုချလားပါရေ။
ကိုရဲဝင်းဖြိုး အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး မိသားစုလည်း ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
လူပျိုကြီး Crush နေရေ သူနာပြု ကျောင်းသူချေ ဘားကလည်း အဖြေအယင်ရပါစီ
အခုပိုင် ပံ့ပိုးပေးရေ ကိုရဲဝင်းဖြိုးကို ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
08/09/2023
တတိယဆု ရရှိခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာကျောင်းသားဟောင်း ဖြစ်တေ ကိုဘုန်းလှိုင် မှ ဆုငွေ 30000 ဆုချလားပါရေ။
ကိုဘုန်းလှိုင် မိသားစု အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
အခုပိုင် ပံ့ပိုးပေးရေ ကိုဘုန်းလှိုင်မိသားစုကို ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
08/09/2023
တတိယဆု ရရှိခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာကျောင်းသားဟောင်း ဖြစ်တေ ကိုလွင်ဝင်းကို မှ ဆုငွေ ၅၀၀၀၀ ဆုချလားပါရေ။
ကိုလွင်ဝင်းကို မိသားစု အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
အခုပိုင် ပံ့ပိုးပေးရေ ကိုလွင်ဝင်းကိုမိသားစုကို ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
07/09/2023
Semi - Final တတ်ရောက်လားခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာ ကစားသမား ဖြစ်တေ ကိုမျိုးမြင့်ကျော် မှ ဆုငွေ ၅၀၀၀၀ ဆုချလားပါရေ။
ကိုမျိုးမြင့်ကျော် အလုပ်ကိုင်တိအေထပ်မက အဆင်ပြေပြီး ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
အခုပိုင် ပံ့ပိုးပေးရေ ကိုမျိုးမြင့်ကျော်အား ဥပဒေမေဂျာ ဖူဆယ်အသင်းမှ အထူးပင်ကျေးဇူးတင်ပါရေ
🤍❤
06/09/2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် Law Major ကိုယ်စားပြု အမျိုးသားဖူဆယ် ဘောလုံးအသင်းသည် အောက်ဖော်ပြပါနေ့တွင် English Major ကိုယ်စားပြု အမျိုးသားဖူဆယ် ဘောလုံးအသင်းနှင့် အကြို ဗိုလ်လုပွဲ အဖြစ်ယှဉ်ပြိုင်ဆော့ကစားသွားမည်ဖြစ်ပါသဖြင့် ဥပဒေပညာမိသားစုဝင် ကျောင်းသား/သူများ အနေဖြင့် လာရောက်အားပေးနိုင်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။
ဥပဒေပညာဌာနမှ ကျောင်းသူ၊ကျောင်းသားများ မဖြစ်မနေ လာရောက်အားပေးကြပါရန် ဖိတ်ခေါ်လိုက်ပါရေ🤍
နေ့ရက် ။ ။ ၇ - ၉ - ၂၀၂၃(ကြာသပတေးနေ့)
အချိန် ။ ။ မနက် (၈:၀၀) နာရီ
နေရာ ။ ။ ဝေသာလီ ဖူဆယ်ဘောလုံးကွင်း
Law Football Club -Sittway University
06/09/2023
Semi - Final တတ်ရောက်လားခရေ ဥပဒေ အမျိုးသားဖူဆယ် အသင်းကို စီနီယာ ကစားသမား ဖြစ်တေ ကိုမြင့်နိုင်စိုး မှ ဆုငွေ ၅၀၀၀၀ ဆုချလားပါရေ။
ကိုမြင့်နိုင်စိုး မိသားစု ကျန်းမာ၊ချမ်းသာ နိုင်ကတ်ပါစီ
🤍
06/09/2023
⚽⚽ ယနေ့ ပွဲစဉ် ရလဒ် ⚽⚽
Law 4 : 1 Myanmar
Win Again ✊🏻💯
4:1 ဂိုးဖြင့် ဥပဒေပညာဌာန အမျိုးသားဖူဆယ်ဘောလုံးအသင်း မှ အနိုင်ရရှိခဲ့ပါတယ် 🥳
ဒုက္ခများစွာထဲမှ သေသေချာချာကြိုးစားပေးကြတဲ့အတွက် ဥပဒေပညာဌာန၏ ဂုဏ်ဆောင် ဖူဆယ်ဘောလုံးအသင်း အဖွဲ့သားတစ်ယောက်ချင်းစီကို ကျေးဇူးအထူးပင် တင်ရှိပါတယ် 👏👏👏
ဂရုတစိုက် အနားယူပြီး နောက်ပွဲစဉ်များတွင် ဥပဒေပညာမိသားစု၏ ဂုဏ်ကို ယခုထက်မက သယ်ပိုးနိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ကစားပွဲအတွင်းထိခိုက်မှုအတွက် Myanmar Major အသင်းသားများ အား တောင်းပန်အပ်ပါရေ🙏💖
ရာသီဥတု ကြောင့်နေရာ change ရရေ အဆင်မပြေမှုအတွက် တောင်းပန်ပါရေ 🫶🏻
Law Football Club -Sittway University
05/09/2023
၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ၄.၉.၂၀၂၃ ရက်နေ့မှ ၈.၉.၂၀၂၃ ရက်နေ့အထိ ကြီးမှူးကျင်းပသော စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၏ တတိယနေ့ ကွာတားဖိုင်နယ်ပွဲစဥ်ကို ၆.၉.၂၀၂၃ (ဗုဒ္ဓဟူးနေ့) နံနက် ၇ နာရီ အချိန်တွင် ဥပဒေပညာအမျိုးသားဖူဆယ်ဘောလုံးအသင်းနှင့် မြန်မာစာပညာ အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားသွားကြမည် ဖြစ်ပါ၍ ဥပဒေကျောင်းသား/ကျောင်းသူများ အနေဖြင့်လာရောက်အားပေးခြင်းပြုနိုင်ပါရန် ကြိုတင်အသိပေးအပ်ပါတယ်။
ပြိုင်ပွဲတွင် အားပေးရန် ဥပဒေကျောင်းသား/သူ များ ကို ဖိတ်ခေါ်လိုက်ပါရေ🫶🏻
VAMOS LAW 👏🏻💪🏼❤️
Law Football Club -Sittway University
05/09/2023
⚽⚽ ယနေ့ ပွဲစဉ် ရလဒ် ⚽⚽
Law 7 : 0 Geography
Clean Sheets Again ✊🏻💯
7:0 ဂိုးဖြင့် ဥပဒေပညာဌာန အမျိုးသားဖူဆယ်ဘောလုံးအသင်း မှ အနိုင်ရရှိခဲ့ပါတယ် 🥳
ဒုက္ခများစွာထဲမှ သေသေချာချာကြိုးစားပေးကြတဲ့အတွက် ဥပဒေပညာဌာန၏ ဂုဏ်ဆောင် ဖူဆယ်ဘောလုံးအသင်း အဖွဲ့သားတစ်ယောက်ချင်းစီကို ကျေးဇူးအထူးပင် တင်ရှိပါတယ် 👏👏👏
ဂရုတစိုက် အနားယူပြီး နောက်ပွဲစဉ်များတွင် ဥပဒေပညာမိသားစု၏ ဂုဏ်ကို ယခုထက်မက သယ်ပိုးနိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Law Football Club -Sittway University
04/09/2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဥပဒေပညာဌာနကိုယ်စားပြု အမျိုးသားဖူဆယ် ဘောလုံးအသင်းသည် အောက်ဖော်ပြပါနေ့တွင် ပထဝီကဌာန ကိုယ်စားပြု အမျိုးသားဖူဆယ် ဘောလုံးအသင်းနှင့် ရှံးထွက်ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ဆော့ကစားသွားမည်ဖြစ်ပါသဖြင့် ဥပဒေပညာမိသားစုဝင် ကျောင်းသား/သူများ အနေဖြင့် လာရောက်အားပေးနိုင်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။
နေ့ရက် ။ ။ ၅ - ၉ - ၂၀၂၃(အင်္ဂါနေ့)
အချိန် ။ ။ မနက် (၇:၀၀) နာရီ
နေရာ ။ ။ စစ်တွေတက္ကသိုလ် ဖူဆယ်ဘောလုံးကွင်း
Law Football Club -Sittway University