01/01/2024
Happy New Year to you all🙋🥰
မင်္ဂလာနှစ်သစ်အခါသမယမှာ ဘေးဘယာဝေးကွာ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့ Iron Paradise Gym & Fitness Center မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏
ခုဆိုရင်တော့ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ 2024အတွက် Plan ကိုယ်စီချပြီးကြပြီထင်ပါတယ်✌️ အဲဒီအထဲမှာမှ မိမိရဲ့ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးဖို့လဲမမေ့ပါနဲ့နော်💪
အားကစားပြုလုပ်တဲ့နေရာမှာ နည်းစနစ်ကျကျနဲ့လိုချင်တဲ့body goalတစ်ခုရောက်ဖို့ Trainer ဆရာတွေရဲ့လမ်းညွှန်မှုတွေနဲ့အတူအားကစားခန်းမထဲမှာ ကစားချင်တယ်ဆိုရင်တော့ Iron Paradise Gym & Fitness Center မှအသင့်စောင့်ကြိုနေပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ🤗
လစဉ်ကြေး - တစ်လလျှင် 35000 ks
30/12/2023
အခုပိုင်ခက်ခဲနီရေ ကာလမှာ တစ်ဖက်တစ်လမ်းကစိတ်ထွက်ပေါက်ချေတစ်ခုရစီဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စီဖို့ အချိန်ချေတစ်ခုပီးပနာ Gymကစပ်ချင်သူများအတွက် Iron Paradise Gym & Fitness Center မှ လစဉ်ကြေး အချိုသာဆုံးနှုန်းထားဖြင့် ဖွင့်လှစ်ဝန်ဆောင်မှုပီးလျှက်ရှိကြောင်း မိတ်ဆွေများအားသတင်းကောင်းပါချင်ပါရေ🙋
စိတ်ဖိစီးမှုတိကိုတစ်ခဏတာပြေပျောက်သက်သာလားပြီးကေ ကျန်းမာရေကြံ့ခိုင်ရေခန္ဓာကိုယ်တစ်ခုကို ကိုယ်လိုချင်ရေပုံစံအတိုင်းထုဆစ်ချင်ပါကေ Iron Paradise Gym& Fitness Center မှအသင့်ရှိနီပါကောင်း ထပ်လောင်းပြောကြားပါရစီ🤗
လစဉ်ကြေး - တစ်လလျှင် 35000 ks တည်းသာ....👋👋👋
28/12/2023
Iron Paradise Gym & Fitness Centerကိုပုံမှန်အတိုင်းဖွင့်လှစ်ထားရှိပါကြောင်းချစ်ခင်ရပါသောMemberများအားလုံးကိုအသိပီးကြေငြာအပ်ပါရေ။🤗
ယေကေလေ့ လတ်တလောအခြေအနေချေတိကြောင့် Gym ပိတ်ချိန်ကိုပုံမှန်ထက်စောစောချေပိတ်ဖြစ်တယ်အတွက်နဲ့ Memberဝင်တိအနေနဲ့စောစောချေလာရောက်ကစပ်ကတ်ဖို့ဖိတ်ခေါ်ပါရေနန်း😍
အခုပိုင်ဆောင်းရာသီမှာမိုးထဖက်စောစောချေအားကစားလုပ်နိုင်ကေအကောင်းဆုံးပါဗျာလ် ရာသီဥတုကလေ့အေးအေးချေနဲ့ စောစောထပြီး အားကစားလုပ်လို့ချွေးတိထွက်ခကေတစ်ရက်တာအတွက်ခန္ဓာကိုယ်သွက်လက်ပေါ့ပါးလားစီပါရေ။
မိုးထကစပ်ချင်ရေမိတ်ဆွေတိက မိုးထ6:30ကနီလာကစပ်လို့ရပါရေ🤗
လူလေ့မများ အေးဆေး လွတ်လွတ်လပ်လပ်ကစပ်ချင်ကေနေ့ခင်း 3:00 pm to 4:00 pm လောက်ထိက Gym မှာလူရှင်းနီရေအချိန်ဖြစ်လို့ အားကေယင်းချိန်လာကစပ်လို့ရပါရေ🤗 5:00 pm နောက်ပိုင်းဆိုကေ Class ပြရေအချိန်နဲ့ရုံးဆင်းချိန်လူများရေအချိန်ဖြစ်ပါရေ။ယေလေ့အပေါင်းအသင်းတိနဲ့ပျော်ပျော်ပါးပါးရယ်လိုက်မြူးလိုက်ကစပ်ချင်လူတိအတွက်ဆိုတော့လုံးဝrelaxပါဗျာလ်မနားယေ😍
Member ဝင်တိအမြဲတမ်းကျန်းမာကြံ့ခိုင်ရေခန္ဓာတစ်ခုကိုပိုင်ဆိုင်နိုင်ကတ်ပါစီ💪💪💪
28/10/2023
သီတင်းကျွတ် Gym ပိတ်ရက်ကြေငြာခြင်း 🙏
28.10.23 ရက်နေ့မှ 30.10.23 ရက်နေ့အထိ သီတင်းကျွတ်ကာလ (3) ရက်Gym ပိတ်မည်ဖြစ်ပါကြောင်းMemberများအားအသိပေးကြေငြာအပ်ပါသည်။🙏
သီတင်းကျွတ်ပိတ်ရက်အတွင်း Gymခန်းမအတွင်းအပြင်သန့်ရှင်းရေးများနှင့်စက်ပစ္စည်းများစစ်ဆေးပြုပြင်မွမ်းမံခြင်းများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်🤗31ရက်နေ့ Gymပြန်ဖွင့်တဲ့နေ့မှာ Memberများအားလုံးကို သန့်ရှင်းသပ်ရပ်လုံခြုံစိတ်ချရတဲ့ခန်းမကြီးကနေ အသင့်စောင့်ကြိုနေပါမယ်ရှင်🤩
မင်္ဂလာရှိလှတဲ့သီတင်းကျွတ်အခါသမယလေးမှာ မိမိချစ်ခင်ရသူများနဲ့အတူ အလှူဒါနကုသိုလ်ကောင်းမှုများပြုလုပ်ပြီး အေးချမ်းပျော်ရွှင်သောအချိန်များကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း Iron Paradise မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....🙏🌟✨💫🎇🎆🧨
08/10/2023
တော်သလင်းလပြည့်ကျော်(၈)ရက် ဥပုသ်နေ့
Iron Paradise Gym & Fitness Center မိသားစု စုပေါင်းဆွမ်းကျွေးအလှူ အမှတ်တရပုံရိပ်များ🙏
တေဇာရာမကမ္မဌာန်း (သရက်အုပ်ကျောင်း)
စစ်တွေမြို့
29/08/2023
Iron Paradise Gym & Fitness Center ကိုဖွင့်လှစ်ခဲ့တာဟာဒီနေ့ 29.8.2023 ရက်နေ့မှာနှစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။Iron Paradise 2 years Anniversary အထိမ်းအမှတ်အနေနဲ့ ဒီနေ့Gymမှာရှိတဲ့Memberများအားလုံးကို ချွေးသုတ်ဖို့တဘက်အသေးလေးတွေလက်ဆောင်ပေးသွားမှာဖြစ်ပြီး ဒီနေ့နဲ့မနက်ဖြန်Gym Memberစဝင်မဲ့သူတွေအားလုံးကိုလည်းတဘက်လေးတွေလက်ဆောင်ပေးသွားမှာဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်။ဒါကြောင့်မို့ IP မှာGymလာဆော့ဖို့စဉ်းစားထားတယ်ဆိုရင်တော့ ဒီနေ့မဟုတ်ရင် မနက်ဖြန်အမြန်ဆုံးစာရင်းလာသွင်းဖို့မမေ့ပါနဲ့နော်🤩အကယ်၍ Gymကိုလူကိုယ်တိုင်လာရောက်စရင်းပေးသွင်းဖို့မအားတဲ့သူများအနေနဲ့Page messenger မှလဲစာရင်းပေးသွင်းနိုင်ပါတယ်နော်။Gym တစ်လစာMemberကြေးသတ်မှတ်ချက်ကတော့ မိမိစဆော့တဲ့နေ့မှစပြီးတစ်လတိတိပြည့်တဲ့နေ့အထိပဲဖြစ်ပါတယ်။ ဥပမာ ယခုလ 29/8/23 ရက်နေ့စဆော့မယ်ဆိုရင် နောက်လ 29/9/23 ရက်နေ့မှတစ်လပြည့်မှာဖြစ်ပါတယ်နော်။ဒါကြောင့်မို့ လကုန်မှ လဆန်းမှရယ်လို့မဟုတ်ဘဲမိမိGymစဆော့ချင်တဲ့နေ့ဘယ်နေ့မဆိုစတင်နိုင်ပါကြောင်းထပ်လောင်းအသိပေးလိုက်ရပါတယ်🥰🤗🏋️
17/08/2023
မိတ်ဆွေတို့ထဲမှာ Gymဆော့ချင်ပါလျှက်နဲ့ နေ့စဉ်ပုံမှန်အလုပ်မအားလို့သော်လည်းကောင်း၊ မကြာခဏခရီးသွားနေရလို့သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်Gymမဆော့ဖြစ်တဲ့မိတ်ဆွေတို့ ရှိလား..... ရှိလား......???? 🤔
ဒါဆိုရင်တော့ ဒီကြော်ငြာလေးကမိတ်ဆွေတို့အတွက်ပါပဲနော်🤗
Gym member ကြေး တစ်လစာသွင်းထားပြီး မဆော့ဖြစ်လို့ရက်ပျက်တာတွေများလို့လစဉ်ကြေးနစ်နာမှုတွေရှိနေလား?
အလုပ်ကိစ္စကြောင့်မကြာခဏခရီးသွားရလို့ လစဉ်ကြေးသွင်းပြီးမဆော့ဖြစ်မှာစိတ်ပူနေလား?
ဒီပြသနာတွေကိုဖြေရှင်းပေးဖို့ Iron Paradise GymမှMemberများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် Essential Member Card ကိုပြုလုပ်ပေးလိုက်ပါပြီနော်🤗
Essential Member Card ရဲ့သက်တမ်းက3လရှိပြီး တစ်ကတ်ဝယ်ယူလိုက်တာနဲ့ 3လအတွင်းရက်ပေါင်း30ကိုမိမိအဆင်ပြေတဲ့နေ့မှာလာဆော့လို့ရနိုင်မှာပါ။3လအတွင်းခွင့်ပြုပေးထားလို့ ရက်ပျက်မှာတွေ လစဉ်ကြေးနစ်နာမှာတွေစိတ်ပူနေစရာမလိုတော့ပါဘူးနော်။
Essential Member Card ရဲ့ဈေးနှုန်းလေးကတော့ 45000 ks ဖြစ်ပြီးessential card ဝယ်ယူပြီးဆော့တဲ့Memberတွေအနေနဲ့မိမိလာဆော့တဲ့နေ့တွေမှာcardလေးတွေယူဆောင်လာဖို့လိုအပ်ပါတယ်✅
ဒီလောက်ဆိုရင်တော့ လစဉ်ကြေးသွင်းပြီး ရက်ပြည့်မဆော့ဖြစ်လို့နစ်နာတာတွေ၊တစ်လပတ်လုံးgymမဆော့အားလို့Dailyကြေးပေးသွင်းပြီးဆော့နေရသူတွေအတွက် အများကြီးသက်သာပြီး အဆင်ပြေသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်......🏋️
ကဲ ...ဒါဆိုရင်တော့ IP ရဲ့ Essential Member ဝင်တစ်ယောက်ဖြစ်ဖို့ Essential Member Card ကိုခုပဲဝယ်ယူဖို့အကြံပြုလိုက်ပါရစေနော်😍🥰🤩🤗
09/08/2023
ပိန်ခြင်း၊ ဝခြင်း၊ ခန္ဓာကိုယ်အချိုးမကျခြင်းများကိုခဏဘေးဖယ်ထားလိုက်ကြပါစို့။
ဘဝမှာလုပ်ချင်တာတွေလုပ်ခွင့်ရဖို့ ဖန်တီးချင်သမျှဖန်တီးခွင့်ရဖို့ စိတ်ရှိသမျှပျော်ခွင့်ရဖို့ အဓိကကျန်းမာနေမှရပါမယ်။
အခြေခံကျန်းမာရေးအတွက်နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ချိန်ရှိရပါမယ်။တစ်နေ့ကိုတစ်နာရီပဲအချိန်ပေးပါ။တစ်နေ့ကိုတစ်နာရီအချိန်ပေးပြီးGymဆော့တော့မယ်လို့ဆုံးဖြတ်ပြီးရင်တော့ Iron Paradise Gym & Fitness Center ကိုသတိရလိုက်ပါနော်🥰🏋️
လစဉ်ကြေး တစ်လလျှင် 35000 ks သာ👋
ခေတ်မှီအားကစားကိရိယာပစ္စည်းအစုံအလင်၊ အေးမြသောအအေးပေးခန်းမ နှင့် Certificate ရဝါရင့် Trainers များဖြင့် IP Gym မှသင့်အားနွေးထွေးစွာကြိုဆိုနေပါတယ်🤩
31/07/2023
မနက်ဖြန်ဝါဆိုလပြည့်နေ့
Iron Paradise Gym & Fitness Center Gymတစ်ရက်ပိတ်မည်ဖြစ်ပါကြောင်း Memberများအားလေးစားစွာအသိပေးကြေငြာအပ်ပါသည်🙏
ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ဖြစ်သောဝါဆိုလပြည့်နေ့ကိုကုသိုလ်ဒါနများပြုလုပ်ပြီးအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်🙏🙏🙏
07/07/2023
တစ်လလျှင် 35000 ks တည်းနဲ့ မုန့်စားမှာလား ဘီယာဆိုင်ထိုင်မလား အဆီချမှာလား ထုတင်မှာလား ညိုကီတို့ မွီးတို့ ညလေးတို့🫢
ကဲ ကြာတယ် လာ....
စားရင်း သောက်ရင်းနဲ့ပဲ ကျန်းမာသန်စွမ်းစေဖို့
ဖြေးဖြေးနဲ့မှန်မှန် အတူသွားကြစို့ 💪
05/07/2023
တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ခုထိ စားလိုက် အိပ်လိုက် အလုပ်လုပ်လိုက်နဲ့ဘဲတစ်နေ့တာအချိန်ကိုကုန်ဆုံးနေကြတုန်းပဲလား😴
အနာဂတ်အတွက်ကျန်းမာသန်စွမ်းပြီးသွက်လက်မှုရှိနေစေမဲ့ခန္ဓာကိုယ်အတွက် တစ်နေ့ကိုတစ်နာရီလောက်အချိန်ပေးကြည့်ပါ💪
တစ်နေ့ကိုတစ်နာရီလောက်ခန့်အချိန်ပေးရုံမျှဖြင့်သွက်လက်ပေါ့ပါးတဲ့Bodyကိုတစ်လအတွင်းခံစားမိစေပါလိမ့်မယ်✅
ထပ်ပြီးBody Goal တစ်ခုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ စိတ်ရှည်မှုရယ် အချိန်တစ်ခုရယ်ပေးပြီးနေ့စဉ်မပျက်မကွက်ကြိုးစားသွားပါ✅
နောက်တစ်ခုကတော့ Gymစဆော့တော့မယ်လို့ဆုံးဖြတ်ပြီးရင်တော့ ကျယ်ဝန်းပြီး စက်ပစ္စည်းအစုံအလင်၊ လုံခြုံစိတ်ချရတဲ့ ဆိုက်ကယ်ရပ်စရာ Parkingနဲ့ Training ကောင်းကောင်းပေးနေတဲ့ Iron Paradise Gym & Fitness Center ကိုJoinဖို့မမေ့ပါနဲ့နော်