Arakan Arsenal Fans

Arakan Arsenal Fans

Share

သာလီစွပါ ဂါရဝပါ
ရခိုင်အာဆင်နယ်ပရိတ်သတ်ပေ့ခ်ျကနေ ကြိုဆိုပါရေ

08/06/2026

ကမ္ဘာ့ဖလား လွဲချော်မဲ့ တင်ဘား 🥲
အာဆင်နယ် နှင့် နယ်သာလန် နောက်ခံလူ တင်ဘားဟာ ပေါင်ခြံ ဒဏ်ရာက ရာနူန်းပြည့် မသက်သာသေးတာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
Get well soon

07/06/2026

အဲရစ်ဆင် 🚨
အဲရစ်ဆင် တစ်ယောက် ၂၀၂၁ တုန်းက အတိုင်းဘဲ
ခုကစားနေတဲ့ ဒိန်းမတ် vs ယူကရိန်းပွဲမှာ နှလုံးရပ်ကာ ကွင်းထဲ လှဲကျသွားကြောင်းသိရပါတယ်။
Get well soon
အဲရစ်ဆင် အနေနှင့် ဘောလုံးလောက က နားသင့်ပါပြီ။

07/06/2026

Breaking 🚨
ယူရို သန်း၉၄၀ ( ပေါင် ၈၁၂ သန်း) ရရှိခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဒီရာသီ (၂၀၂၅/၂၆) ဘောလုံး ရာသီမှာ ဝင်ငွေအဖြစ်
ပေါင် ၈၁၂ သန်း ရရှိခဲ့ပါတယ်။
📺EPLမှ ရုပ်သံဝင်ငွေ ပေါင်၁၉၉ သန်း
📺ချန်ပီယံလိဒ်မှ ရုပ်သံဝင်ငွေ ပေါင် ၁၂၅ သန်း
🏟️ကွင်ဝင်ကြေးမှ ပေါင် ၁၆၃ သန်း
🤝စပွန်ဆာများဆီမှ ပေါင် ၃၂၅ သန်း
မှ အသီးသီး ရရှိခဲ့ပါတယ်။
မနှစ်က ပေါင် ၆၉၁ သန်း ရရှိခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပေါငိ ၈၁၂ သန်းထိ တိုးလာခဲ့ပြီး +၂၃.၅ ရာခိုင်နူန်းထိ ခုန်တက်လာတာ ဖြစ်ပါတယ်။

06/06/2026

Transfer news 🚨
အာဆင်နယ်ဟာ PSG လူငယ်ကစားသမားလေး
Mbemba ကို အလွတ်ကြေး နှင့် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ကစားသမားကို PSGဖက်ကလည်း စာချုပ် ကမ်းလှမ်းထားပေမဲ့ သူ့စာချုပ်က ဒီလကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကစားသမားကို ခေါ်ယူမယ်ဆို လေ့ကျင့်ရေးကြေး ပေါင် ၁၅၀၀၀၀ ပေးချေရမှာ ဖြစ်ပါတယ်။

05/06/2026

Bonus +✅
အာဆင်နယ်ဟာ ပရီးမီးယားလိဒ် ချန်ပီယံ နှင့် ချန်ပီယံလိဒ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့်
အင်္ကျီစပွန်ဆာ Adidas ထံမှ ပေါင် ၁၀ သန်း နှင့်
ရင်ဘတ် စပွန်ဆာ Emirates လေကြောင်းလိုင်းမှ ပေါင် ၁၀ သန်းစီ ဘောနပ်စ် ရရှိခဲ့ပါတယ်။

Photos from Arakan Arsenal Fans's post 05/06/2026

⚽️ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် အာဆင်နယ်ကစားသမားများ စာရင်း 🏆
လက်ရှိ ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ မိခင်နိုင်ငံအသီးသီးကို ကိုယ်စားပြုပြီး ပါဝင်ဆင်နွှဲနေကြတဲ့ အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားများ စာရင်းအပြည့်အစုံ ဖြစ်ပါတယ်။
ကျနော်ကတော့ အာဆင်နယ် ပလေယာအများစုပါတဲ့ အင်္ဂလန် နှင့် အားပေးလေ့ရှိတဲ့ ဂျာမဏီရယ်
တခြား ဂန်းနားတွေကိုလည်း စောင့်ကြည့် အားပေးသွားမှာ ဖြစ်ပါတယ်။
ဘရိုတို့ကော ဘယ်အသင်းကို အားပေးကြမလဲ

🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလန် (England)
ဘူကာယို ဆာကာ (Bukayo Saka)
ဒက်ကလန် ရိုက်စ် (Declan Rice)
အီဘီရီချီ အီဇီ (Eberechi Eze)
နိုနီ မာဒွေကီ (Noni Madueke)
🇪🇸 စပိန် (Spain)
ဒေးဗစ် ရာယာ (David Raya)
မီကယ် မီရီနို (Mikel Merino)
မာတင် ဇူဘီမန်ဒီ (Martin Zubimendi)
🇧🇷 ဘရာဇီး (Brazil)
ဂါဘရီရယ် မာဂါဟာယက်စ် (Gabriel Magalhães)
ဂါဘရီရယ် မာတင်နယ်လီ (Gabriel Martinelli)
🇫🇷 ပြင်သစ် (France)
ဝီလျံ ဆာလီဘာ (William Saliba)
🇩🇪 ဂျာမနီ (Germany)
ကိုင် ဟာဗက်ဇ် (Kai Havertz)
🇳🇱 နယ်သာလန် (Netherlands)
ယူရီယန် တင်ဘာ (Jurriën Timber)
🇧🇪 ဘယ်လ်ဂျီယံ (Belgium)
လီအန်ဒရို ထရော့ဆတ် (Leandro Trossard)
🇪🇨 အီကွေဒေါ (Ecuador)
ပီအာရို ဟင်ကာပီယေ (Piero Hincapié)
🇳🇴 နော်ဝေ (Norway)
မာတင် အိုဒီဂတ် (Martin Ødegaard)
🇸🇪 ဆွီဒင် (Sweden)
ဗစ်တာ ဂယိုကီရက်စ် (Viktor Gyökeres)
🔴⚪️

05/06/2026

Personal agreed ✅
အာဆင်နယ် အသင်းဟာ လက်စတာ စီးတီး အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ် တောင်ပံကစားသမား ဂျီရီမီ မွန်ဂါကို ခေါ်ယူရန် အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

04/06/2026

ဆွီဒင် ၂-၂ ဂရိ ခြေစမ်းပွဲမှ ဗစ်တာ ယောကရက်စ်ရဲ့ ဖရီးကစ် သွင်းဂိုး

04/06/2026

Confirm match ✅
ပရီးမီးယားလိဒ် ချန်ပီယံ အာဆင်နယ် နှင့် FAဖလား ချန်ပီယံ မန်စီးတီးတို့ရဲ့ England Super Cup ( Community Shield) ပြိုင်ပွဲကို
ဩဂုတ်လ ၁၆ ရက် မြန်မာစံတော်ချိန် ည ၁၀:၀၀ မှာ
ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

02/06/2026

Breaking news
အာဆင်နယ်ဟာ ဂျူလီယာန် အဲဗာရက်စ်ကို ခေါ်ဖို့ စိတ်ဝင်စားနေပြီး မကြာခင် အက်သလက်တီကို နှင့် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
အပြောင်း၍သာ ဖြစ်မြောက်ခဲ့ရင် ဒီအပြောင်းရွေ့ တန်ဖိုးဟာ ယူရို သန်း ၁၅၀ ရှိမှာ ဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Category

Address


Arakan
Sittwe
81100