ဘားဘူ ဆန်ရောင်း၀ယ်ရေး

ဘားဘူ ဆန်ရောင်း၀ယ်ရေး

Share

အရည်အသွေးကောင်းမွန်သောဆန်အိတ်တို့?

30/09/2022

ထမင်းလုံးလေးတွေများ ကော့ညွတ်နေပြီဆို ဆီလေး စမ်းပြီး စားရင်တောင် စားရမြိန်တယ် မဟုတ်လား။ ထမင်းစားချိန်တိုင်း စားရတဲ့ ထမင်းရဲ့အရသာကြောင့် စိတ်ချမ်းသာချင်တယ်ဆို အဲ့ဒီဆန္ဒကို ဘားဘူဆန် ရောင်းဝယ်ရေးက ဖြည့်ဆည်းပေးပါရ‌စေ။

ဆန်စေ့တစ်စေ့တိုင်းမှာ အာဟာရဓာတ် အပြည့်အဝ ပါတဲ့ ရခိုင်ဒေသထွက် ထူးရှယ်ဆန်ကို ရောင်းချပေးနေတာမို့ ထမင်းသားအိအိလေးနဲ့ ထမင်းမြိန်ဖို့သာ မှတ်လိုက်တော့။ တစ်အိတ်ချင်းပဲ ဝယ်မလား၊ များများဝယ်ပြီးပဲ သိုလှောင်ထားမလား၊ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ ပို့ဆောင်ပေးနေပြီနော်။

ဆက်သွယ်ရန် ဖုန်းနံပါတ် - 09780010280 နဲ့ 09779108412

**စစ်တွေနဲ့ ကျောက်ဖြူမြို့အတွင်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုနဲ့ ရခိုင်ဒေသအတွင်း တခြားမြို့နယ်တွေကို ကားဂိတ်အရောက် ဖြန့်ချီရောင်းချပေးနေပါပြီ။

#ဘားဘူရှိယင့်ဆန်ရှိယင့်

30/09/2022

🌾🧅 ဆန် အတက်ဈေးမှာငြိမ်နေ
======================================
🌾🧅 ပြင်ပငွေလဲလှယ်နှုန်း ကျဆင်းမှုနဲ့အတူ ကုန်စည်အချို့ ဈေးပြန်ကျလာပေမယ့် ဆန်ဈေးကတော့ တချို့ အမျိုးအစားတွေ မနေ့ကစလို့ ထပ်တက်လာသလို တက်ပြီးသားတွေကလည်း အတက်နဲ့ပဲ ငြိမ်နေ ပါတယ်။ တချို့အမျိုးအစားတွေတော့ အနည်းငယ်လေး ဈေးကျသွားပေမယ့် အများစုကတော့ အတက် ဈေးမှာပဲ ငြိမ်နေတာဖြစ်ပါတယ်။

🌾🌾 အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ပြည်ပဆန်တင်ပို့မှု ကို ပိတ်ပင်လိုက်ပြီးနောက် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စတဲ့ ဆန်အဓိကတင်ပို့ရာနိုင်ငံတွေမှာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကုန်သည်နဲ့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းမှုတွေ ပြုလုပ်ထားပါတယ်။

စက်တင်ဘာလဆန်း ရန်ကုန်ဘုရင့်နောက်ဈေးကွက် ဆန်ဈေးနဲ့ စက်တင်ဘာ ၂၈ ရက် ဈေးတွေကို ပုံပါဇယားကွက်မှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

**အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။

28/09/2022

ထမင်းချက်ရင် ရေကို အမြဲတမ်း လက်တစ်ဆစ်ခန့်ပဲ ချိန်ပြီး ထည့်တတ်ကြတယ် ဟုတ်။ ဒါပေမဲ့ ဝယ်ထားတဲ့ ဆန်က ဆန်ဟောင်း၊ ဆန်သစ် မတူရင်တော့ အဲ့ဒီလို တသမတ်တည်း ရေထည့်တာမျိုးက ထမင်းသားအိအိလေး ရလာစေမှာ မဟုတ်ဘူးနော်။

ပျော့သွား၊ မာသွားတာမျိုး မဖြစ်ဖို့ဆိုရင် ဆန်ဟောင်း၊ ဆန်သစ်အလိုက် ရေကို ချိန်ထည့်ပေးဖို့ လိုပါတယ်။ အတိအကျ ဘယ်လို ချိန်ထည့်ပေးရမလဲဆိုရင်တော့ -

🌾 ဆန်ဟောင်း
ဆန်ဟောင်းနဲ့ ချက်မယ်ဆိုရင်တော့ ရေကို ပိုထည့်ပေးရပါမယ်။ ဆန် ၁ ခွက်ကို ရေ ၂ ခွက်ခွဲခန့် ထည့်ပေးရမှာပါ။ ဥပမာ - ဆန်ဟောင်း ၃ ခွက် ချက်တယ် ဆိုပါစို့။ ရေကို ၇ ခွက်ခွဲခန့် ထည့်ပေးရမှာ ဖြစ်ပါတယ်။ ထမင်းသား မွှေးမွှေးအိအိလေး ဖြစ်ချင်ရင်တော့ ဆန်နို့ဆီဘူးတစ်ဘူးကို သံလွင်ဆီ ဒါမှမဟုတ် မြေပဲဆီလေး လက်ဖက်စားဇွန်းတစ်ဇွန်းလောက် ထည့်ပြီးချက်နိုင်ပါတယ်။

ဆန်ဟောင်းကတော့ အအီအစိမ့်၊ အစေးအကပ် နည်းတာမို့ အသက်ကြီးတဲ့သူတွေ၊ ရင်ပြည့်ရင်ကယ် အလွယ်တကူ ဖြစ်တတ်တဲ့ ကလေးတွေနဲ့ အစာအိမ်ရောဂါ ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

🌾 ဆန်သစ်
ဆန်သစ်နဲ့ ဆန်ဟောင်းမှာ ဆန်သစ်ကတော့ ပိုစေးပြီး ပိုမွှေးပါတယ်။ ဆန်သစ်နဲ့ ချက်မယ်ဆိုရင်တော့ ရေကို လျှော့ထည့်ပေးရပါမယ်။ ရေများရင် ထမင်းသားအိအိလေး မရတော့ဘဲ ပျော့သွားတတ်တာမို့ ဆန် ၁ ခွက်ကို ရေကို ၁ ခွက်ခွဲလျော့လျော့လောက်ပဲ ထည့်ချက်ပေးပါ။ ဥပမာ - ဆန်သစ် ၃ ခွက် ချက်မယ်ဆိုရင် ရေကို ၄ ခွက်လောက် ထည့်ပေးရင် အနေတော်ပါပဲ။

ဆန်သစ်ကိုတော့ လူငယ်တွေ တော်တော်များများ အကြိုက်တွေ့ကြပါတယ်။ အကြောင်းအရင်းကတော့ ဆန်သစ်က ပိုမွှေးပြီး စားလိုက်ရင် ချိုစိမ့်တဲ့ အရသာကို ပေးတဲ့အတွက်ကြောင့်ပါပဲ။

🌾 ဆန်ဟောင်း + ဆန်သစ်
ဘားဘူဆန်ပရိတ်သတ်တွေထဲမှာ ဆန်ဟောင်းနဲ့ ဆန်သစ် ရောစားတဲ့သူတွေများ ရှိသလား။ ရှိတယ်ဆိုရင် ထမင်းချက်တဲ့အခါ ရေကို သူ့အချိုးအဆအတိုင်း ထည့်ပေးဖို့ လိုပါဦးမယ်။ ထမင်းရဲ့အနံ့အရသာကို အရမ်းမမွှေး၊ အရမ်းမအီတာ စားချင်သူတွေကတော့ ဆန်ဟောင်းနဲ့ဆန်သစ်ကို ရောချက်စားနိုင်ပါတယ်။

ဆန်ဟောင်းနဲ့ဆန်သစ် ရောချက်တဲ့အခါ အနေတော် ထမင်းသား ရဖို့ ဆန်ဟောင်းကို ပိုထည့်ပေးဖို့ လိုပါမယ်။ ဆန်သစ် ၁ ခွက်ဆို ဆန်ဟောင်း ၂ ခွက်ကျော်ကျော် ထည့်ပေးပြီး ရေအချိုးအဆကိုတော့ ၇ ခွက်လျော့လျော့ ထည့်ပေးရင် ပျော့လည်း မပျော့၊ မာလည်း မမာတဲ့ ထမင်းသားလေး ရပါပြီ။

ကဲ ... စားရမြိန်တဲ့ ထမင်းအိုးတစ်အိုး ရအောင် အခုကစပြီး ဒီလို ရေအချိုးအဆ မှန်မှန်နဲ့ ချက်လိုက်ရအောင်နော်။ ဆန်အရည်အသွေးနဲ့ ပတ်သက်လို့တော့ စိတ်မပူပါနဲ့။ ဆန်ဟောင်းပဲ လိုလို၊ ဆန်သစ်ပဲ လိုလို ဘားဘူဆန်ရောင်းဝယ်ရေးရဲ့ ဖုန်းနံပါတ်ကိုသာ ဆက်သွယ်လိုက်ပါ။

ဆက်သွယ်ရန် ဖုန်းနံပါတ် - 09780010280 နဲ့ 09779108412

#ဘားဘူရှိယင့်ဆန်ရှိယင့်

25/09/2022

Telegramမှာလည်း ဘားဘူဆန်ရောင်းဝယ်ရေး ရှိနေပြီနော် 📣📣

ပြောင်းလဲနေတဲ့ ဆန်စျေးနှုန်းသတင်းတွေ၊ ဆန်စျေးကွက်အခြေအနေနဲ့ ဘားဘူရဲ့စိတ်ဝင်စားစရာအစီအစဉ်တွေကို မျက်ခြေမပျက်သိရဖို့ အခုပဲ join ထား‌လိုက်ပါ။

Telegram Channel Link >> https://t.me/barrburiceshop

#ဘားဘူရှိယင့်ဆန်ရှိယင့်

24/09/2022

သင် သိရဲ့လား?

လူတစ်ယောက် ရောဂါဘယ ကင်းပြီး ကျန်းမာကြံခိုင်နေဖို့ နေ့စဉ် အာဟာရအုပ်စု(၃)စုနဲ့ ညီညွတ်အောင် စားသုံးပေးသင့်တယ်ဆိုတာ။ အဲ့ဒီအာဟာရအုပ်စုကို ဘာတွေလဲ မသိလို့ မစားဖြစ်၊ မစားဖြစ်လို့ အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင် ဘားဘူဆန် ရောင်းဝယ်ရေးက မျှဝေပေးလိုက်တယ်နော်။

🥩 အုပ်စု(၁) - ကြီးထွားဖွံ့ဖြိုးစေတဲ့ အစာအုပ်စု
ခန္ဓာကိုယ် ကြီးထွားဖို့နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အစာအုပ်စုဖြစ်ပြီး ဒီအုပ်စုမှာ အဓိက အသားဓာတ်နဲ့ ကယ်စီယမ်ဓာတ်တွေကို ကြွယ်ဝစေတဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ဥပမာ - ကြက်သား၊ အမဲသား၊ ဝက်သား၊ ငါးလို အသားအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥလို ဥအမျိုးမျိုး၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ မြေပဲလို ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။

🌾 အုပ်စု (၂) - အင်အားဖြစ်ထွန်းစေတဲ့ အစာအုပ်စု
ဒီအုပ်စုကတော့ လူတစ်ယောက် သွားလာလှုပ်ရှားရာမှာ လိုအပ်တဲ့ စွမ်းအင်ကို ပေးနေတဲ့ အစာအုပ်စုပါပဲ။ အထူးသဖြင့် ကာဗွန်ဟိုက်ဒြိတ်ဓါတ် (သို့မဟုတ်) ကစီဓါတ် ကြွယ်ဝစေတဲ့ အစားအစာ ဖြစ်ပြီး နေ့စဉ် စားသုံးနေတဲ့ ထမင်းအပြင် ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား၊ ထောပတ်၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥတို့ ပါဝင်ပါတယ်။

🥦 အုပ်စု (၃) - ရောဂါတွေက ကာကွယ်ပေးတဲ့ အစာအုပ်စု
ကိုယ်ခံအားကောင်းပြီး ရာသီမရွေး ဖျားနာခြင်း ကင်းနေဖို့ တာဝန်ယူပေးတဲ့ အစာအုပ်စုကတော့ ဒီအုပ်စု(၃)ပါပဲ။ ဒီအစာအုပ်စုမှာတော့ ဗီတာမင်နှင့် သတ္တုဓါတ်တွေ ကြွယ်ဝစေတဲ့ အစားအစာတွေ ပါဝင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ အသီးအနှံမျိုးစုံကို နေ့စဉ် စားတဲ့ အစားတွေထဲမှာ မပါမဖြစ် ထည့်စားပေးဖို့ လိုအပ်ပါတယ်။

ဒီလိုအစာအုပ်စု(၃)စုစလုံးကို မျှတအောင် နေ့စဉ် စားသုံးပေးမှ ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။ ဘယ်လို တွဲစပ်စားရမလဲ မသိရင်လည်း စိတ်မပူပါနဲ့။ ဒီလိုအတွဲအစပ်လေးအတိုင်း ချက်စားလို့ ရတယ်လေ။

အတွဲအစပ် (၁) - ငါးခေါင်းဟင်းရည်၊ ခရမ်းသီးချက်၊ ငရုတ်သီးကြိတ်၊ ဘားဘူထမင်း
အတွဲအစပ် (၂) - ငါးနီတူနဲ့ ခရမ်းသီးချက်၊ ပဲနီလေးဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၃) - ကြက်သားဆီပြန်၊ မျှစ်နဲ့ ပုစွန်ချက်၊ ကင်ပွန်းချည်ဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၄) - ငါးစင်ရိုင်းချက်၊ ကင်စွန်းရွက်ချဉ်ဟင်း၊ သပြုသီးဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၅) - ငါးညို့ဆုပ်ချက်၊ ပဲသီး ရုံးပတီသီးချက်၊ သင်္ဘောဉဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၆) - ဝက်သားနီချက်၊ ဟင်းသနပ်သုပ်ကြော်၊ ချည်ပေါင်ဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၇) - အမဲသားဆီပြန်၊ ငှက်ပျောဖူးချက်၊ ဘူးသီးဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၈) - ပုစွန်နဲ့ အာလူးဆီပြန်၊ ငှက်ပျောပင်ချက်၊ ဒန့်ဒလွန်ရွက်ဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၉) - ကကတစ် ရေကျန်ဆီကျန်၊ ဘူးညွန့်ချက်၊ ပဲကြီးစေ့ ဆူးပုတ်ဟင်းရည်၊ ဘားဘူးထမင်း
အတွဲအစပ် (၁၀) - ဘဲဉချဉ်ဟင်း၊ ပန်းပွင့်ကြော်၊ ငါးနှပ်ဟင်းရည်၊ ဘားဘူးထမင်း

#ဘားဘူရှိယင့်ဆန်ရှိယင့်

21/09/2022

လွယ်ကူအဆင်ပြေစေတဲ့ထုတ်ပိုးမှု

အိမ်ရှင်မတွေနဲ့ ဝယ်ယူတွေအဆင်ပြေအောင် ဘားဘူပေါ်ဆန်းဆန်အိတ်တွေကို ၄၈၊ ၂၄၊ ၁၂ ကီလိုအိတ်တွေအပြင် ၆၊ ၅၊ ၁ ကီလိုအိတ်တွေနဲ့ပါ ထုတ်ပေးထားတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဒါကြောင့်
🟡 သယ်ရလွယ်
🟡 သိမ်းရလွယ်
🟡 အလှူမှာလည်း မျက်နှာပန်းလှ
🟡 လက်ဆောင်ပေးလို့လည်းကောင်းတဲ့ လှပသပ်ရပ်တဲ့ ထုတ်ပိုးမှုတွေနဲ့ အရည်အသွေးမြင့် ဘားဘူဆန်ကို ဝယ်ယူချင်ရင် အခုပဲ ဟယ်လို လုပ်လိုက်တော့နော်။

📱 ဆက်သွယ်ဝယ်ယူရန် ဖုန်းနံပတ် - 09780010280 ၊ 09779108412

#ဘားဘူရှိယင့်ဆန်ရှိယင့်

20/09/2022

🌾🌾 အိန္ဒိယက ဆန်တင်ပို့မှုအပေါ် ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက် အာရှတိုက်မှာ ဆန်အရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဝယ်လက်တွေဟာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ ဘက်က ဆန်တွေကို ပြောင်းလဲဝယ်ယူဖို့ လုပ်လာကြပေမဲ့ ရောင်းလက်တွေဘက်ကလည်း ဈေးတွေ တက်နေတော့ စာချုပ်မချုပ်ဘဲ ဆိုင်းငံ့ထားကြသေးတယ်လို့ ဆန်လုပ်ငန်းထဲကသူတွေက ပြောပါတယ်။

🌾🌾 ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံဟာ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ပြီး အခြားအမျိုးအစားများအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ဆန်ရောင်းအား ပြည့်စုံစေဖို့နဲ့ ပြည်တွင်းဆန်ဈေး ကျစေဖို့ ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

🌾🌾 ဆန်ဟာ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု ကန့်သတ်ပိတ်ပင်ခံရတဲ့ ကုန်စည်များစွာ ရှိတဲ့အနက် နောက်တိုးကုန်စည်ဖြစ်လာပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် သီးနှံကုန်သွယ်ရေး အလျင်ပြတ်ခဲ့အပြီး အစိုးရများစွာဟာ သီးနှံရောင်းအား တိုးမြှင့်ရေးနဲ့ စားသောက်ကုန်ဈေး ထိန်းချုပ်ရေးအတွက် သီးနှံတင်ပို့မှုတွေ ပိတ်ပင်ခဲ့ကြပါတယ်။

အိန္ဒိယက ယခုလိုထုတ်ပြန်ကြေညာလိုက်ပြီးနောက် အာရှတိုက်မှာ ဆန်ဈေးတွေ ငါးရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ဒီတစ်ပတ်ထဲမှာ ထပ်မံမြင့်တက်ဦးမယ်လို့ မျှော်လင့်ထားတာကြောင့် ကုန်သည်တွေ အရောင်းအဝယ် မလုပ်ရဲသေးဘဲ ဖြစ်နေကြတာပါ။

🌾🌾 "အာရှတိုက်တစ်ဝန်းမှာ ဆန်အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ကုန်သည်တွေဟာ တစ်ခုခုကို အဆောတလျင်လုပ်ဖို့ မဝံ့ရဲကြသေးပါဘူး" လို့ အိန္ဒိယရဲ့ အကြီးဆုံးဆန်တင်ပို့လုပ်ငန်း Satyam Balajee ရဲ့ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောပါတယ်။

🌾🌾 "အိန္ဒိယဟာ ကမ္ဘာ့ဆန်ကုန်သွယ်မှုအနက် ၄၀ ရာခိုင်နှုန်းကျော် ရောင်းချပေးနေပါတယ်။ ဒါကြောင့် လာမဲ့လတွေအတွင်း ဆန်ဈေး ဘယ်လောက်တက်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး"
ဆန်ဟာ ကမ္ဘာ့လူဦးရေ သန်းသုံးထောင်ကျော်ရဲ့ အခြေခံအစားအစာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းကဆိုရင် အိန္ဒိယရဲ့ ပို့ကုန်ပိတ်ပင်မှုကြောင့် ကမ္ဘာ့ဆန်ဈေးတွေ စံချိန်တင်အမြင့်ဆုံးအဖြစ် တစ်တန်ကို ဒေါ်လာ ၁၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးပါတယ်။

🌾🌾 အိန္ဒိယဆန်တင်ပို့မှုဟာ ၂၀၂၁ ခုနှစ်တုန်းက တန်ချိန် ၂၁ ဒသမ ၅ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး အိန္ဒိယပြီးရင် ဆန်တင်ပို့မှုအများဆုံးဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စု လေးနိုင်ငံပေါင်း တင်ပို့မှုထက်တောင် ပိုများပါတယ်။

'ကုန်တင်လုပ်ငန်းများ ရပ်ထားရ'
🌾🌾 အိန္ဒိယဆိပ်ကမ်းတွေမှာလည်း ဆန် သင်္ဘောတင်တာတွေ ရပ်တန့်ခဲ့ပြီး တန်ချိန်တစ်သန်းနီးပါးလောက် အဲဒီတွေမှာ ပိတ်မိနေပါတယ်။ ဝယ်လက်တွေဘက်က အစောပိုင်း သဘောတူညီထားတဲ့ စာချုပ်ပါဈေးနှုန်းအပြင် အိန္ဒိယအစိုးရ အသစ်စည်းကြပ်လိုက်တဲ့ အခွန် ၂၀ ရာခိုင်နှုန်းကို ထပ်တိုး မပေးချေလိုတာကြောင့် ကုန်တင်လုပ်ငန်းတွေပါ ရပ်ထားရတာပါ။

တချို့ဝယ်လက်တွေ ကြီးမြင့်နေတဲ့ဈေးနှုန်းအတိုင်း အဝယ်စာချုပ်သစ်တွေ ချုပ်ဖို့ အသင့်ရှိနေပေမဲ့ ရောင်းလက်တွေကတော့ လောလောဆယ် စာမချုပ်သေးဘဲ ဆိုင်းငံ့နေကြတယ်လို့ အိန္ဒိယဆန်လုပ်ငန်း Olam India ရဲ့ ဒုတိယဥက္ကဋ္ဌ Nitin Gupta က ပြောပါတယ်။

🌾🌾 အိန္ဒိယပို့ကုန်လုပ်ငန်းတွေက စာချုပ်သစ် ချုပ်ဆိုမှုတွေ ရပ်ဆိုင်းထားကြပေမဲ့ ဝယ်လက်တွေကတော့ ပြိုင်ဘက်ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာတို့ဆီကဆန်ကို ဝယ်ယူနိုင်ရေး ကြိုးပမ်းနေကြပါတယ်။ အဲဒီနိုင်ငံတွေကလည်း ပြီးခဲ့တဲ့ လေးရက်အတွင်း ငါးမှတ်ဆန်ဖြူ တစ်တန်ကို ၂၀ ဒေါ်လာဝန်းကျင်စီ ဈေးတင်ထားကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေကတောင် ဈေးပိုကောင်းလာမှာကို တွက်ဆထားကြပြီး အရောင်းစာချုပ်တွေ အဆောတလျင် ချုပ်ဆိုဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

🌾🌾 "လာမယ့်သီတင်းပတ်တွေမှာ ဈေးနှုန်းတွေ ထပ်တက်လာမယ် မျှော်လင့်ပါတယ်" လို့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။
ဗီယက်နမ် ငါးမှတ်ဆန်ဈေးဟာ တနင်္လာနေ့တုန်းက တစ်တန်ကို ဒေါ်လာ ၄၁၀ ပေါက်ခဲ့ရာ ယခင်အပတ်နှုန်းထား ၃၉၀-၃၉၃ ဒေါ်လာထက် မြင့်တက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

🌾🌾 တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆီနီဂေါ၊ ဘီနင်၊ နိုင်ဂျီးရီးယား၊ ဂါနာစတဲ့ အာဖရိကနိုင်ငံတွေဟာ ရိုးရိုးဆန် တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျနိုင်ငံတို့ကတော့ အကောင်းစား ဘာစမာတီဆန် တင်သွင်းလေ့ရှိတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မကြာသေးခင်က စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် သီးနှံဈေးအများစု မြင့်တက်ခဲ့ပေမဲ့ ဆန်မှာတော့ အထွက်ကောင်းတာရယ်၊ ကုန်ကျန်များတာရယ်ကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အများအားဖြင့် ကျန်သီးနှံတွေနဲ့ မတူဘဲ ဈေးတည်ငြိမ်နေခဲ့ပါတယ်။

🌾🌾 ယခုတော့ အိန္ဒိယမူဝါဒအပြောင်းအလဲကြောင့် ဆန်ဈေးတွေ မြင့်တက်ပြီး ဂျုံ၊ ပြောင်းတို့လို ဈေးနှုန်း ကြီးမြင့်လာမှာကို ဝယ်လက်တွေ စိုးရိမ်နေကြပြီလို့ မွန်ဘိုင်းမြို့အခြေစိုင် နိုင်ငံတကာ ကုန်သည်တစ်ဦးက ပြောပါတယ်။

Ref: India's rice export curbs paralyse trade in Asia as prices rise - Reuters

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်

#ဘားဘူရှိယင့်ဆန်ရှိယင့်

18/09/2022

✅ ထမင်းလုံးလှလှ အိအိလေးဖြစ်ရမယ်
✅ ဆန်သားတက်ရမယ်
✅ ထူးခြားမွှေးပျံ့တဲ့အရသာခံစားမှုဖြစ်ရမယ်

ဒီလိုဆန်မျိုးကို လိုက်ရှာနေတာလား။ ဒါဆို ဘားဘူပေါ်ဆန်းဆန်ကို ‌ရွေးမှ ဖြစ်မယ်နော်။ ဘားဘူပေါ်ဆန်းဆန်ဟာ အရည်အသွေးပိုင်းမှာ အာမခံချက်အပြည့်ရှိတာမို့ ကိုယ့်ရဲ့စားသုံးသူတွေကို သင့်တင့်တဲ့စျေးနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးချင်တဲ့ လုပ်ငန်းရှင်တွေအတွက်ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေရဲ့ အပြုံးပန်းကို ဖော်ဆောင်ချင်တဲ့ အိမ်ရှင်မတွေအတွက်ပဲဖြစ်ဖြစ် အမှန်ကန်ဆုံးရွေးချယ်မှု ဖြစ်မှာပါ။

📱 ဆန်လုံးလည်းလှ၊ ချက်ရင်လည်းမွှေးနေတဲ့ ဘားဘူပေါ်ဆန်းဆန်ကို ဆက်သွယ်ဝယ်ယူရန် ဖုန်းနံပတ် - 09780010280 ၊ 09779108412

#ဘားဘူရှိယင့်ဆန်ရှိယင့်

17/09/2022

ပြီးခဲ့တဲ့ လတွေကတည်းက မြင့်တက်နေတဲ့ ဆန်စျေးဟာ သြဂုတ်လကုန်မှာလည်း ဆက်လက်မြင့်တက်နေတုန်းပါပဲ။

ဆန်ကြမ်းတွေ ဖြစ်တဲ့ ဧည့်မထဆန်ဟာ ဩဂုတ် ၂၆ ရက်နေ့က ရန်ကုန်၊ဘုရင့်နောင် စျေးကွက်မှာ ၁ တင်းခွဲ တစ်အိတ်ကို ၃၈ဝဝဝ-၃၉ဝဝဝ ကျပ် ဈေးရှိရာက ဩဂုတ် ၂၉ ရက်နေ့မှာတော့ ၃၉ဝဝဝ - ၄ဝဝဝ ဖြစ်သွားပါတယ်။ ငစိန်ဆန်(သစ်)ဟာလည်း ၃၅ဝဝဝ - ၃၆ဝဝဝ ကနေ ၃၇ဝဝဝ - ၃၉ဝဝဝ ရှိနေပါတယ်။

သိသိသာသာ စျေးတက်​နေတာကတော့ ဆန်ချောတွေပါပဲ။ ပေါ်ကျွဲဖျာပုံ(သစ်) က ၄၅ဝဝဝ - ၄၈ဝဝဝ ဈေး ရှိရာကနေ အခုဆိုရင် ၅၃ဝဝဝ - ၅၅ဝဝဝ ဈေးဖြစ်သွားပြီး ရွှေဘိုပေါ်ဆန်း(သစ်)ကတော့ ၇၈ဝဝဝ - ၉၁ဝဝဝ ကြား ကနေ ၈၃ဝဝဝ - ၉၁ဝဝဝ ဈေးအထိ မြင့်တက်သွားပါတယ်။

ဆန်ကုန်သည်တွေကတော့ ဒါဟာ စိုက်ပျိုးသူတွေအနေနဲ့ ဓာတ်မြေဩဇာစျေး မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေရသလို ဆန်ကုန်သည်တွေအနေနဲ့ကလည်း စက်သုံးဆီ မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေရတာကြောင့် ဆိုကြပါတယ်။ ဆန်စျေးဟာ ဆက်လက်မြင့်တက်ဖွယ် ရှိနေတဲ့အကြောင်းကိုလည်း BBC နဲ့ အင်တာဗျူးမှာ ဆန်ကုန်သည်တစ်ဦးက ဆိုထားပါတယ်။

"စပါးကတော့ ထွက်နေနိုင်တယ်၊ ဒါပေမဲ့ စျေးနှုန်းကတော့ တက်နေမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အရင်လို ခေတ်တွေလိုမျိုး ကျွဲနွားတွေနဲ့ ထွန်နေကြတာ မဟုတ်ဘူးလေ၊ လယ်ထွန်စက်နဲ့ ထွန်တာလေ၊ လက်ထွန်စက်ကလည်း ဆီနဲ့ပဲ သွားတာ၊ ကောက်ရိတ်ရင်လည်း ကောက်ရိတ်စက်နဲ့ပဲ ရိတ်တာ၊ အဲ့ဒါကလည်း ဆီနဲ့ပဲ သွားတာ၊ နယ်ကနေ ရန်ကုန်ကို ပို့တဲ့အခါ ကားကလည်း ဆီနဲ့ပဲ သွားတာလေ၊ အဲ့ဒီတော့ စွမ်းအင်ပေါ် မှီခိုနေရတာ၊ အဲ့ဒီစွမ်းအင်ကလည်း ဒေါ်လာနဲ့ ချိတ်နေတယ်ဆိုတော့ ဒေါ်လာစျေးအတက်အကျနဲ့ ဆီစျေးတက်ရင် စပါးစျေးက တက်မှာပဲ"

ဒါ့အပြင် စပါးအများဆုံး စိုက်ပျိုးရေးဒေသ ဖြစ်တဲ့ ဧရာဝတီတိုင်းမှာလည်း လယ်မလုပ်နိုင်လို့ စွန်ပစ်ထားတဲ့ လယ်ယာဧကတွေ ထောင်နဲ့ချီ ရှိနေပါပြီ။ ဒါကိုလည်း ပုသိမ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက Development Media Group နဲ့ အင်တာဗျူးမှာ အခုလို ပြောပြထားပါတယ်။

“စပါးစိုက်ပျိုးဖို့ကို မနည်းရုန်းကန်နေရတယ်။ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီဈေးက မတရားကြီးနေပြီ။ ဘယ်လိုမှ စပါးမစိုက်နိုင်ကြတော့ဘူး။ ပုသိမ်မြို့နယ်တဝိုက်မှာ လယ်ဧကရာချီ မစိုက်နိုင်တာ။ တခြားမြို့နယ်တွေဆိုလည်း အတူတူပဲ။ စိုက်လည်းရှုံး မစိုက်လည်းရှုံးတဲ့ဘဝကို ရောက်နေပြီ”

ဓာတ်မြေဩဇာစျေးနှုန်းက ယခင် ၂ဝ၂ဝ ဝန်းကျင်အချိန်က တစ်အိတ်ကို သုံးသောင်းဝန်းကျင် ရှိခဲ့ရာက အခုဆိုရင် တစ်အိတ်ကို တစ်သိန်းကျော်တဲ့အထိ ရှိနေပါပြီ။ ဒီဇယ်ဆီစျေးနှုန်းမှာလည်း စက်သုံးဆီအရောင်းဆိုင်တွေရဲ့ ပြောကြားချက်အရ ဩဂုတ်လ ၂၆ ရက်နေ့မှာ ဒီဇယ်တစ်လီတာ ၃,၃ဝ၅ ကျပ်အထိ ရှိနေပြီ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာတော့ ဒီနှစ် မိုးစပါးစိုက်ပျိုးတဲ့ ရာသီမှာ မိုးခေါင်ခဲ့လို့ စပါးခင်းတွေ ခြောက်သွေ့ပျက်စီးရာက ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိတော့တဲ့ ဒုက္ခကို တောင်သူတော်တော်များများ ရင်ဆိုင်နေကြရပါတယ်။ မိုးခေါင်ရေရှားတာကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ ပျက်စီးခဲ့ရတဲ့ လယ်မြေဧကပေါင်းဟာ ပျှမ်းမျှ ၅ သောင်းအထိ ရှိနေနိုင်တယ်လို့လည်း တောင်သူလယ်သမားဥက္ကဌက BBC ကို ပြောပြခဲ့ပါတယ်။

“ဒီနှစ်တော့ အခက်အခဲတွေ အများကြီးရှိတယ်၊ မိုးကမရွာဆိုတော့ မြေတွေကွဲအက်ပြီး အကုန်လုံး စပါးပင်တွေ လောင်သွားတယ်။ အခု ပျိုးစိုက်တော့လည်း မြေက တအားမာနေတော့ ဆူးထိုးပြီး စိုက်ရတဲ့ အနေအထားတွေရှိတယ်။”

တစ်ဖက်မှာလည်း ကုန်စျေးနှုန်းက မြင့်တက်နေတာကြောင့် သွင်းအားစုစရိတ်တွေကိုလည်း လယ်သမားတော်တော်များများ စိုက်ထုတ်ပြီး မစိုက်ပျိုးနိုင်ကြပါဘူး။ အဲ့ဒီလို သွင်းအားစုကောင်းကောင်းနဲ့ မစိုက်ပျိုးနိုင်ခြင်းက စပါးပင်တွေကို မလှစေသလို စပါးအထွက်နှုန်းကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။

“ရခိုင်ဒေသအတွက်တော့ တော်ရုံနဲ့ ဆန်စပါးလိုအပ်ချက်က မကျဆင်းဘူး၊ ဒီနှစ်ကတော့ ထူးထူးခြားခြား တော်တော်လေးကို ကျဆင်းသွားတာကြောင့် ကျွန်တော်တို့ ဖူလုံမှုကတော့ အခက်အခဲဖြစ်လိမ့်မယ်လို့ထင်တယ်၊ လုံလောက်တဲ့အနေအထား ရှိလိမ့်မယ်လို့ တွေးလို့မရဘူး၊ တော်တော်လေးကို ကျဆင်းမယ်လို့ ထင်ရတယ်။” လို့ ရခိုင်တောင်သူလယ်သမားဥက္ကဌက ဆိုပါတယ်။

ဒါပေမဲ့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဩဂုတ်လကုန်အထိ ပြည်တွင်းမှာ လက်ကျန်ဆန် ၃ သန်းခန့် ရှိနေသေးတဲ့အကြောင်း၊ ဒီပမာဏဟာ လမယ့် လေးလစာအထိ စားသုံးဖို့ ဖူလုံကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် ဒီနှစ် မိုးစပါးစိုက်ဧက ၁၅ သန်းကနေ ဆန်စပါးတွေ ထပ်ထွက်ရှိလာမှာ ဖြစ်လို့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ ဒါကိုလည်း ပြည်တွင်း စားသုံးမှု ပိုလျှံမှ ပြည်ပကို ပို့ဆောင်ဖို့ ညွှန်ကြားထားကြောင်း စီးပွားကူသန်း ဒုဝန်ကြီး ဦးညွှန့်အောင်က ဆိုထားပါတယ်။

ဒါပေမဲ့ The Straits Times သတင်းစာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကနေ ဆန်တန်ချိန် နှစ်သိန်း ဝယ်ယူသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ (၁) တန်ကို အမေရိကန်ဒေါ်လာ ၄၆၅.၅ဝ ဒေါ်လာနဲ့ ဝယ်သွားမှာဖြစ်ပြီး ဒီအတွက်လည်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြား နှစ်ဘက်သဘောတူညီမှု ရရှိပြီးပြီလို့ ဆိုပါတယ်။ မကြာခင်မှာ နှစ်ဖက်တာဝန်ရှိသူတွေ တရားဝင်လက်မှတ်ထိုးပြီးတာနဲ့ ဆန်တွေကို နှစ်လအတွင်း တင်ပို့သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတင် မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေဆီကနေလည်း စုစုပေါင်း ဆန်တန်ချိန် ၃၃ဝ,ဝဝဝ (သုံးသိန်းသုံးသောင်း) ဝယ်ယူထားပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်တွင်း ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်နိုင်ဖို့ ဆန်ကို စျေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်အောင် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်လည်း ဒီလိုဆန်စပါးနဲ့ပတ်သတ်တဲ့ ထူးခြားသတင်းတွေကို တင်ပေးသွားဦးမှာဖြစ်လို့ ဘာဘူးဆန်ရောင်းဝယ်ရေး page ကို like နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။

#ဘားဘူရှိယင့်ဆန်ရှိယင့်

04/09/2022

အားလုံးစောင့်မျှော်နေတဲ့ “ဆန်စကားပုံရွေးမယ်၊ ဖုန်းဘေလ်ယူမယ်” အစီအစဉ်ရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ။

၁။ Shwe Zaw
၂။ Aung Kyaw Won နဲ့
၃။ Celia Win တို့ပဲ ဖြစ်ပါတယ်။ ကံထူးရှင် ၃ဉီးလုံး Congratulations ပါနော်။

တစ်ပတ်အတွင်း ဖုန်းဘေလ်ကို ဖြည့်ပေးသွားမှာဖြစ်လို့ page ရဲ့ message box မှာ ဖုန်းနံပတ်ကို လာပြောပေးထားလို့ရပါတယ်။

ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ဉီးချင်းစီကိုလည်း ဘားဘူဆန်ရောင်းဝယ်ရေးက အထူးကျေးဇူးတင်ရှိပါတယ်။ နောက်လည်း အခုလို စိတ်ဝင်စားစရာအစီအစဉ်တွေ လာဉီးမှာမို့ page ကို see first ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

#ဘားဘူရှိယင့်ဆန်ရှိယင့်

🌾 ဆန် ... ဆန် ... ဆန် 🌾

ဆန်ဆိုတာနဲ့ ခေါင်းထဲ ချက်ချင်း ရောက်လာတဲ့ စကားပုံလေးတွေက ဘာ‌တွေများ ဖြစ်မလဲ။

တစ်ခု စဉ်းစားကြည့်လို့ ရပြီဆိုရင် နောက်ထပ် ဆန်စကားပုံ ၂ ခုလောက် ထပ်စဉ်းစားကြည့်။ စုစုပေါင်း ဆန်စကားပုံ ၃ ခု ရရင် ကောမန့်မှာ ချရေး။ ဒါဆိုရင် ဖုန်းဘေလ် ၃ဝဝဝ ကျပ် ကံထူးနိုင်မယ်နော်။ ‌

ဪ ... ဒါနဲ့ ဖြေတဲ့အခါ ကိုယ်နဲ့အတူ ဦးနှောက်စားစေချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို မန်းရှင်းခေါ်ဖို့ မမေ့လိုက်နဲ့ဦး။ စုစုပေါင်း ကံထူးရှင် ၃ ယောက်တိတိကို ရွေးချယ်ပေးသွားမှာ ဖြစ်လို့ သြဂုတ်လ ၂၀ရက်နေ့မတိုင်ခင် အမြန်ဆုံး စဉ်းစားပြီး ချရေးလိုက်နော်။

• အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပွားပါက ဘာဘူးဆန် ရောင်းဝယ်ရေးရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။
#ဘားဘူရှိယင့်ဆန်ရှိယင့်

31/08/2022

ဝိတ်လျှော့နေရင် ထမင်းကို စားသင့်တာလား မစားသင့်ဘူးလား❓

✅ စားတဲ့ထမင်းပမာဏနဲ့ မိမိခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အပေါ် မူတည်ပါတယ်။ ✅

ကိုယ်က ဝနေလို့ ဝိတ်လျှော့မှာ၊ ဒါပေမယ့် gym ကစားတာ၊ လေ့ကျင့်ခန်းလုပ်တာမျိုးမဟုတ်ဘဲ အစားကိုထိန်းပြီးလျှော့မှာဆိုရင် ထမင်းကို အရမ်းကြီး မစားပါနဲ့။ အနည်းငယ်သာ ထိန်းစားပါ။ ဒါမှမဟုတ် အာဟာရရှိတဲ့ အခြားအစားအစာမျိုးကို ပြောင်းစားပါ။
ကိုယ်က ဝိတ်လျှော့နေပေမယ့် ပုံမှန်သွားလာလှုပ်ရှားမှုရှိတယ်၊ gym လည်း ပုံမှန်ဆော့နေတယ်ဆိုရင် ထမင်းကို စားသင့်သလောက် စားပေးပါ။ ဒါမှအားအင်ပြည့်ဝပြီး လေ့ကျင့်ခန်းကို တစ်စိုက်မတ်မတ်လုပ်နိုင်မှာဖြစ်တယ်။ လေ့ကျင့်ခန်းကြောင့် အစာခြေစနစ်လည်း ကောင်းမွန်နေမှာဖြစ်လို့ စားထားတာကို တွေးပြီး ဝမှာကို စိတ်ပူနေစရာလည်း မလိုပါဘူး။


ဆီးချို၊ သွေးချိုရှိသူတွေကရော ထမင်းကို စားသင့်တာလား မစားသင့်ဘူးလား❓

✅ မိမိရောဂါအခြေအနေနဲ့ စားတဲ့ထမင်းအမျိုးအစားအပေါ် မူတည်ပါတယ်။ ✅

ဆီးချိုရောဂါရှိသူတွေအနေနဲ့ နေ့စဥ်စားသောက်မှုနှုန်းထားကို မသတ်မှတ်ခင် သကြားဓါတ်ကို ပုံမှန်တိုင်းပေးဖို့ လိုအပ်ပါတယ်။ ထမင်းက သကြားဓါတ်ကို တိုးစေတာမို့လို့ မိမိခန္ဓာကိုယ်မှာ သကြားဓါတ်နည်းနေတဲ့အခါ ထမင်းစားပြီး သကြားဓါတ်ကို ထိန်းနိုင်ပါတယ်။ တကယ်လို့ မိမိခန္ဓာကိုယ်မှာ သကြားဓါတ်များနေတယ်ဆိုရင်တော့ ထမင်းစားနှုန်းကို လျော့သင့်ရင်လျော့၊ ရှောင်သင့်ရင် ရှောင်ရပါတယ်။ အမျှင်ဓာတ်၊ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဗီတာမင်၊ သတ္တုဓာတ်များ ပိုမိုပါဝင်တဲ့ ဆန်လုံးညိုလို့ခေါ်တဲ့ Brown Rice ကိုပြောင်းစားလို့လည်းရပါတယ်။ အကောင်းဆုံးကတော့ မိမိကိုကုသပေးတဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်တွေအတိုင်း စားသောက်နေထိုင်ပေးဖို့ ဖြစ်ပါတယ်။


🍚🍚 ဒီလောက်ဆိုရင် ထမင်းကို စားသင့်မစားသင့် ဒွိဟဖြစ်နေတဲ့အချက်ကလေးတွေနဲ့ ပတ်သတ်ပြီး စာဖတ်သူအားလုံး ချင့်ချိန်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆန်ဝယ်ဖို့ စဥ်းစားတဲ့အခါမှာလည်း အရည်အသွေးပြည့်ဝတဲ့ ဆန်သန့်သန့်မွှေးမွှေးလေးတွေကို "ဘားဘူဆန်ရောင်းဝယ်ရေး" မှရောင်းချပေးနေတယ်ဆိုတာ သတိရလိုက်ပါနော်။ 🍚🍚

#ဘားဘူရှိယင့်ဆန်ရှိယင့်

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Sittwe
07011