Arrakha League

Arrakha League

Share

Amateur League for Arakan

14/11/2023

အာရက္ခလိဂ်ဖြစ်မြောက်ရေးကော်မတီမှ
လေးစားစွာ အသိပီးခြင်း📣📣

Photos from Arrakha League's post 29/10/2023

အာရက္ခလိဂ် ဖြစ်မြောက်ရေးအတွက် အကြို ညိှနှိုင်းအစည်းအ​ေ၀း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပပြုလုပ်မည့်
အာရက္ခလိဂ်အပျော်တမ်းကလပ်များအမှတ်ပေးဘောလုံးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အကြို ညိှနှိုင်းအစည်းအ​ေ၀း တစ်ရပ်ကို အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည်ပိုင်း က စစ်တွေမြို့ New World New World Bar & Restaurant ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအ​ေ၀းသို့ ရခိုင်ပြည်နယ် လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်ခင်မေဌေး၊စစ်တွေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အား/ကာမှူး ဦးကောင်းခန့်ထူး၊ ပြည်နယ် ဒိုင်လူကြီးဆပ်ကော်မတီ၊ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၀င်များ၊ အပျော်တမ်းကလပ်အသင်းများမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအ​ေ၀းအဖွင့်အမှာစကားအဖြစ် အာရက္ခလိဂ် ဖြစ်မြောက်ရေး ကော်မတီ၀င် ဦးသက်ထူးနိုင်ဦး မှ လက်ရှိမြန်မာနိုင်ငံတစ်၀ှမ်းရှိမြို့ကြီးအသီးအသီးတွင် အပျော်တမ်းလိဂ်များ ကျင်းပပြုလုပ်လျက်ရှိနေ သည် ကို အားရဖွယ်မြင်တွေ့ရပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ် တွင် လည်း သံတွဲမြို့ ဒွါရာ၀တီလိဂ် နှင့် ဂွလိဂ်အစရှိသည့် ပြိုင်ပွဲများကို မီဒီယာပိုင်းအဆင့်မီမီ ဖြင့် ရှေ့ဆက်လျက်ရှိသည် မှာလည်း အားရစရာကောင်းပါကြောင်း၊စည်းကမ်း ထိန်းသိမ်းရေး ပိုင်း နှင့်ပတ်သက်၍ လည်း ပြိုင်ပွဲကျင်းပရာတွင်အရေးကြီးသည့် အပိုင်းဖြစ်ပါ
သဖြင့် အဆိုပါ Issue ကို ဖြေရှင်းနိုင်ရန်အတွက် ၀ိုင်း၀န်းအကြံပြုပေးကြစေလိုပါကြောင်း၊ စစ်တွေမြို့ ဘောလုံးရပ်၀န်းအတွက်လည်း ကလပ်အသင်းများစွာ ရေခံမြေခံကောင်းပါသဖြင့် အာရက္ခလိဂ်ဖြစ်မြောက်နိုင်စေရန် တတ်နိုင်သည့်ကဏ္ဍ အားလုံးမှ ၀ိုင်း၀န်းပူးပေါင်းပြီး ကြိုးစားပေးကြပါစေလိုကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်ဘောလုံးသမားဟောင်းကြီးများမှတစ်ဦးချင်းစီမိတ်ဆက်ပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် အကြံပြု​စကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေး မှ ရခိုင်ပြည်နယ်မြို့တော်စစ်တွေ အတွက် ဂုဏ်ဆောင်နိုင်
မည့် အပျော်တမ်းလိဂ်တစ်ခုပေါ်ပေါက်လာရေးအတွက် ကြိုဆိုပါကြောင်း၊ လိဂ်ကျင်းပမည်ဆိုပါက ပြည်နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ပြည်နယ်အား/ကာ ဖက် မှ လည်း ယခုပြိုင်ပွဲအတွက် တရား၀င်ခွင့်ပြုချက် ရပါက ကွင်းအပါအ၀င် ပြိုင်ပွဲကျင်းပရေး အတွက်
ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်ပြီး လိုအပ်သည့် အပိုင်းများ ကို အကြံပြုဆွေးနွေးခဲ့ပါသည်။

စစ်တွေမြို့နယ်အား/ကာ ဦးစီးမှူး ဦးအောင်ခန့်ထူး မှ လည်း ပြိုင်ပွဲကျင်းပရန် လျာထားချိန် နှင့် ပြည်နယ်
အဆင့်ကစားသမား ရွေးချယ် မှု အပိုင်း နှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပြုပြောကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ မှ ဦးသန်းလှိုင် နှင့် ဦးအောင်ကျော်မိုး တို့ မှ ပြိုင်ပွဲကို ဇန်န၀ါရီလ အတွင်းကျင်းပနိုင်ရန် လျာထားပါကြောင်း၊ပြိုင်ပွဲအတွက် ပံ့ပိုးကူညီပေးကြပါသော စပွန်ဆာလုပ်ငန်းရှင် များ အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးအတွက် လိုအပ်သည့် သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာရေးနှင့်စာရင်းစစ် ကဏ္ဍများ တွင် ကလပ်အသင်းများမှ အနည်းဆုံး ၂ ဦးစီ ပါ၀င်ကူညီအားဖြည့်ပေးရန်
နှင့် ကစားသမားမှတ်ပုံတင်ရေးကိစ္စများအတွက် ၀ိုင်း၀န်းဆွေးနွေးပေးကြပါရန် ရှင်းလင်းခဲ့သည်။

ကစားသမားမှတ်ပုံတင်ရာတွင် Data Base Softwareအခြေပြု ဒစ်ဂျစ်တယ်စနစ် ဖြင့်အောင်မြင်စွာ ပြုလုပ် နိုင်ရန် အတွက် ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ မှ ဦးဟိန်းစိုး ကဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ်အကြောင်း ရှင်းလင်းခဲ့ပြီး ဒိုင်ကော်မတီ မှ ဦးအောင်နိုင် မှ လည်း ဒိုင်လုပ်ငန်းဆိုင်ရာတာ၀န်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။

အာရက္ခလိဂ်ပြိုင်ပွဲ အား ၀င်ရောက်ယှဥ်ပြိုင်ရန်အတွက် တက်ရောက်လာသည့် ကလပ် အသင်းများ၏ သဘောထား ကို တောင်းခံ ခဲ့ရာ MUAFC၊ Silent FC ၊ Warriors FC ၊ 11/Sodius FC စသည့် ကလပ်
အသင်းများ မှ ၀င်ရောက် ယှဥ်ပြိုင် သွားမည် ဖြစ်ပါကြောင်း အတည်ပြုခဲ့သည်။

ထိို့နောက် တက်ရောက်လာသူများ မှ ပြိုင်ပွဲနှင့်ပတ်သက်
ပြီး ၀ိုင်း၀န်းဆွေးနွေးခဲ့ကြကာ အောက်ဖော်ပါပြ ဆုံးဖြတ်ချက်များ ကို ချမှတ်ခဲ့ကြပြီး မကြာမှီ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ထံ ခွင့်ပြုချက်တင်ပြတောင်းခံသွားမည်ဖြစ်ကာ
အာရက္ခလိဂ်ပြိုင်ပွဲ ကို ကျင်းပနိုင်ရန် အတွက်ပြိုင်ပွဲအတွက် Title စပွန်ဆာ ရှာဖွေရေး အပါအ၀င် ပြိုင်ပွဲဆိုင်ရာ လုပ်ငန်း စဥ်များ ကို ဆက်လက် ဆောင်ရွက်
သွား မည် ဖြစ်ပါသည်။

အကြိုညိှနှိုင်းအစည်းအ​ေ၀းဆုံးဖြတ်ချက်များ
==================================
၁။ အာရက္ခလိဂ်ပြိုင်ပွဲကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြတောင်းခံရန်။
၂။ ပြိုင်ပွဲစပွန်ဆာများရှာဖွေရန် အတွက် ဆက်လက်လုပ်ဆောင်သွားရန်။
၃။ အာရက္ခလိဂ် ပြိုင်ပွဲ ၀င်အသင်းများ အနေဖြင့် MNL ပြိုင်ပွဲ ကစားနေ သူများအား အများဆုံး ၃ ဦး ၀င်ရောက်
ကစားခွင့်ပြုရန်။
၄။ အာရက္ခလိဂ်ပြိုင်ပွဲ၀င်အသင်းများ အနေဖြင့် အသင်းမှတ်ပုံတင် လူစာရင်း တွင် U-21 လူငယ် ကစားသမား အနည်းဆုံး ၃ ဦး မဖြစ်မနေ မှတ်ပုံတင်ရန်။

၅။ အာရက္ခလိဂ်အသင်းများအနေဖြင့် page နှင့် အသင်းမီဒီယာတစ်ဦး မဖြစ်မနေ မှတ်ပုံတင်သွားရန်။
၆။ အာရက္ခလိဂ်ကျင်းပရေး သို့ ပြိုင်ပွဲ၀င်အသင်း
တစ်သင်းစီ မှ ၂ဦး Volunteer အဖြစ် ဆောင်ရွက်ရန် အတွက် စာရင်းပေးပို့ပါရန်။

28/10/2023

Reminder : အေနိန့် နိခင်းဖက် ၂ နာရီ ပါနန်း 😍
စစ်တွေမြို့ က ကလပ်အသင်းတာ၀န်ဟိသူတိ
တက်ရောက်ပီးကတ်ဖို့ ထပ်ပနာအသိပီးနှိုးဆော်အပ်ပါရေ...😍

#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

26/10/2023

မှတ်တမ်းတင်ဂုဏ်ပြုခြင်း ⚡
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

25/10/2023

ဖိတ်ကြားခြင်း 📣📣📣

ရက္ခိုင်ရို့အတွက် အာရက္ခလိဂ် ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အကြိုညိှနှိုင်းအစည်းအ​ေ၀းတစ်ရပ် ကို အောက်ဖော်ပြပါအစီအစိုင် အတိုင်း ကျင်းပပြုလုပ်လားဖို့ ဖြစ်တေ အတွက်နန့်
ရက္ခိုင်ပြည် က ဘောလုံးကလပ်အသင်းတိ အနိန် နန့် ပါ၀င် ယှဥ်ပြိုင် ဆင်နွှဲ ချင် ရေ အသင်းတာ၀န်ဟိသူတိ တက်ရောက် နိုင်ဖို့ လေးစားစွာနန့် ဖိတ်ကြားအပ်ပါရေ 😍
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

23/10/2023

Thanks for your kindly Support to Us!
ခုပိုင် ပံ့ပိုးကူညီမှု ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါရေ..

#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

20/10/2023

Official Partner : 📣📣📣
ရန်ကုန်မြို့ La Pyae Sports Wear ဆိုင် မှ အာရက္ခလိဂ်ပြိုင်ပွဲ အတွက် Molten ဘောလုံး တိ ပံ့ ပိုး ကူညီပီးထား ပါရေ။

ယင်းချင့်အပြင် ပြိုင်ပွဲ၀င် ကလပ်အသင်းတိ La Pyae Sports Wear မှာ အသင်း၀တ်စုံ ပြုလုပ်ဖို့ဆိုကေ
အာရက္ခလိဂ် ပြိုင်ပွဲ ID Card ပြပနာ ၁၅ % အထိ
အထူးလျော့စျေးနှုန်းထား လည်း ခံစားခွင့် ရရှိဖို့ဖြစ်ပါရေ။

လပြည့် Sports Wear ကို ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီက နိန် အထူးကျေးဇူးတင်ဟိပါရေ။

လပြည့် Sports Wear က နိန် အားကစားပစ္စည်းမျိုးစုံနဲ့ Quality မြင့် ဖူဆယ် ကွင်းကြီး ဖိနပ်တိ ဘောလုံးတိ
အားလုံး စျေးနှုန်းချိုသာစွာ နဲ့ ၀ယ်ယူရရှိနိုင်ပါရေ..
ဆိုင်တည်နေရာက ကျောင်းလမ်းမှတ်တိုင်၊ပြည်ထောင်စုလမ်းမကြီး၊ မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့ ဖြစ်ပါရေ။
ဆိုင် Page Link >>> https://www.facebook.com/profile.php?id=100094144448758&mibextid=ZbWKwL

20/10/2023

EC စာသင်ကျောင်းနှင့်ဘော်ဒါဆောင် ကို အထူးကျေးဇူးတင်ဟိပါရေနန်း 😍
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

20/10/2023

ခုပိုင် ပံ့ပိုးကူညီမှု အတွက် Roung Zone Sports collection - Sittwe ကို အာရက္ခလိဂ်ဖြစ်မြောက်ရေး ကော်မတီကနိန် အထူးကျေးဇူးတင်ဟိပါရေ😍

နိုင်ငံအသင်း ကလပ်အသင်း Player Version ဂျာစီ တိ PUMA/ADIDAS စရေ Quality ဖိနပ် သျှေတိ ကို
တစ်နေရာ ထဲမှာ စုံစုံလင်လင် ၀ယ်ယူရရှိနိုင်ရေ
ဆိုင်ဖြိုက်ပါရေ.. တည်နေရာက စစ်တွေမြို့ ကျောင်းကြီးလမ်း ကူးကူးစတိုး အနီး ဖြစ်ပါရေ...
ဆိုင် Page Link >>> https://www.facebook.com/profile.php?id=100071892738661&mibextid=ZbWKwL
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

19/10/2023

ရက္ခိုင်ရို့အတွက် အာရက္ခလိဂ် ပေါ်ပေါက်ဖို့
တူတူကြိုးစားကတ်ပါဖို့ !!!

စစ်တွေမြို့ ဘောလုံးရပ်၀န်း မှာ ပထမဆုံးဖြစ်တေ အပျော်တမ်းကလပ်အသင်း အမှတ်ပေးလိဂ် သျှေတစ်ခု
ဖြစ်မြောက်လာဖို့ ကျွန်တော်ရို့ ဖြစ်မြောက်ရေး ကော်မတီက နိန် ကြိုးစားနိန်ကတ်ပါရေ...
အာရက္ခလိဂ်ဖြစ်တည်လာဖို့ ရေရှည် တည်တံ့ဖို့ အားကောင်းဖို့ မြို့ခံ တိ လုပ်ငန်း တိ ကလေ့ ခုဆိုကေ
တတ်နိုင်သလောက် အားနဲ့ အင် နဲ့ ပံ့ပိုးမှုတိကလေ့ လေးစားစရာ ဖြစ်ပါရေ... မှတ်တမ်းတင်ထားပါရေ..
ပြီးကေ ပြီးပြီးပိုင် ဖေသာပံ့ပိုးပီး ပလုံမဖြစ်စီချင်ပါ။

ယေနဲ့ Win Win Solution သျှေ နန့် လုပ်ငန်းတိနန့် လက်တွဲပိုင် ပုံစံမျိုး ဖော်ဆောင်လားဖို့လည်း ရည်ရွယ်ထားပါရေ။
အာရက္ခလိဂ် ကို ဖြစ်စီချင်ရေ လူတိ လေ့ မကန်ဟိစော် တွိရပါရေ။ အားလုံး ကို ကျေးဇူးတင်ဟိပါရေ..
အခန်းကဏ္ဍ တစ်ခုချင်းစီကနိန် ကူညီပီးကတ်ပါလို့လေ့
တောင်းဆိုချင်ပါရေ..

ပွဲ အတွက် အဓိက က ကွင်းပါ။ ပြိုင်ပွဲကွင်းနဲ့ လိုအပ်တေ ပွဲ ခွင့်ပြုချက် ရအောင် ကြိုးပမ်းနိန်ကတ်ပါရေ.. ရခ​ကေ
Meeting သျှေ တစ်ခု လုပ်ကတ်ပါဖို့။ ၀ါကျွတ် လောက် ဖြစ်ဖို့ထင်ပါရေ...

ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ နန့် ကလပ်အသင်းတိ စပွန်ဆာတိ နဲ့ အခြားဖိတ်ကြားသင့်ရေ လူ တိ ပါပါဖို့။
အကြံဥာဏ်တိ ပီးလို့ရပါရေ။ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရေ ရည်ရွယ်ချက်အကောင်အထည်ဖော်ဖို့ ဇာအကြံဥာဏ် မဆို လေးလေးစားစားနဲ့ လက်ခံပီးလားပါဖို့။

စည်းကမ်းထိန်းသိမ်းရေး နန့် ပတ်သက်ပြီးကေလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်လားဖို့ ဖြစ်ရေ အတွက် ဇာပိုင်ထိန်းချုပ်ဖို့လဲဆိုစော် ကြိုတင် ၀ိုင်းပနာ
အကြံပြုပီးကတ်ပါ။

သတင်းထုတ်ပြန်ရေး အတွက် Facebook Live ပြနိုင်ဖို့လည်း ကြိုးစားနိန်ကတ်ပါရေ။ မီဒီယာကဏ္ဍ ကူညီနိုင်ရေ လူ တိလေ့ ဆက်သွယ်ပီးလို့ရပါရေ။

အေပြိုင်ပွဲက အကျိုးအမြတ် ရရေ ပွဲမဟုတ်ပဲ ရက္ခိုင်ရို့အတွက် မဟိ မဖြစ် ဟိသင့်ရေ ပွဲ ဖြစ်လို့ ၀ိုင်းကူပေးချင် ရေ Volunteer တိကိုလေ့ လှိုက်လှိုက် လှဲ လှဲ ဖိတိခေါ် ပါရေ...
ရက္ခိုင်ရို့အတွက် အာရက္ခလိဂ် တစ်ခု ပေါ်ပေါက်လာဖို့
တူတူကြိုးစားကတ်ပါမေနန်း😍

19/10/2023

အာရက္ခလိဂ် ဖြစ်မြောက်ရေး အတွက် စစ်တွေမြို့
ကမ်းရိုးတန်းThe Coast - ငါးမျှားပစ္စည်းအရောင်းဆိုင်
မှ ငွေ ငါးသောင်း ကျပ် တိတိ ပံ့ပိုးကူညီထားပါရေ..
ကျေးဇူးတင်ပါရေ 😍😍
ငါးမျှားပစ္စည်း ၀ါသနာရှင်တိ အတွက် တစ်နေရာထဲ မှာ
ပစ္စည်းစုံစုံလင်လင်သျှေ ရနိုင်ရေ ဆိုင် တစ်ဆိုင်ဆိုလေ့မမှားပါနန်း 😊
ဆိုင် Page Link>>>https://www.facebook.com/KanRoeTan?mibextid=ZbWKwL
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

19/10/2023

စစ်တွေမြို့ နီလာအထည်ဆိုင် မှ အာရက္ခလိဂ်ဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီမှု ကို အထူးကျေးဇူးတင်ဟိပါရေ...

နီလာအထည်ဆိုင်ရေ လောကန္ဒာစေတီတော်မြတ်ကြီး အရှေ့ ဖက် စန်းပွင့်သူဖိနပ်ဆိုင် ဘေးမှာ တည်ဟိပနာ
ပိုးထည်၊ချည်ထည်၊စပန့် စရေ လူကြီး၀တ် အသျှေ၀တ် အထည်မျိုးစုံကို စျေးနှုန်းချိုသာစွာ နဲ့ ၀ယ်ယူရရှိနိုင်ပါရေ...
ဆိုင် Page Link>>>https://www.facebook.com/profile.php?id=100064213745330&mibextid=ZbWKwL
#စစ်တွေမြို့ဧပထမဆုံးသောအပျော်တမ်းလိဂ်ပြိုင်ပွဲကြီး

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Main Road
Sittwe
0012