ရခိုင်ရိုးရာကျင် - Rakhine Traditional Kyin

ရခိုင်ရိုးရာကျင် - Rakhine Traditional Kyin

Share

ရခိုင်ရိုးရာကျင်အားကစားနည်းကို မြန

19/07/2019

(၇၂) နှစ်မြောက် အာဇာနည်နေ့

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ်အလေးပြုပါတယ်ခင်ဗျား။

Photo Credit

17/07/2019

အားကစားဝါသနာရှင် ပရိတ်သတ်များ ခင်ဗျား - ကျွန်တော်တို့ ရခိုင်ကျင် - Rakhine Traditional Kyin page ဟာ ရခိုင်လူမျိုးတို့ရဲ့ ရိုးရာအားကစားနည်း တစ်ရပ်ဖြစ်တဲ့ "ကျင်" အားကစားနည်းအကြောင်းကို အခြား​သောအားကစားနည်းများကဲ့သို့ အားကစားဝါသနာရှင်​များ​လေ့လာသိရှိအား​ပေးနိုင်​ကြ​စေရန် ရည်ရွယ်ပြီးမိတ်ဆက်ဖော်ပြပေးနေတဲ့ page တစ်ခု ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်​၀မ်းကွဲ​စေမည့်​ ပဋိပက္ခဖြစ်​​စေမည့်​ ဘာသာ​ရေး၊ လူမျိုး​ရေး ခွဲခြားခြင်းများ၊
အ​သွေးအ​ရောင်​ ခွဲခြားမှုများ လုံးဝ(လုံးဝ) မပါရှိ​ပါ။

သို့သော်လည်း page comment များထဲမှာ လူမျိုးရေးထိလွယ်ရှလွယ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေမယ့် အသုံးအနှုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြတာကို စိတ်မကောင်းဖွယ် တွေ့ရှိရပါတယ်။

ဒီ page ဟာ
အားကစား page ဖြစ်တဲ့ အတွက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး များနှငိ့ မရောယှက်စေလိုဘဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှုထားကြဖို့ တိုက်တွန်းပါတယ်။ ထို့ကြောင့် ဆဲဆိုတိုက်ခိုက်သော မှတ်ချက်များ ရေးသားသည့် အကောင့်များကို page ကနေ ဘန်းသွားမှာဖြစ်တဲ့အကြောင်း လေးစားစွာအသိပေးပါရစေ။

#ရခိုင်ကျင်အားကစားနည်း #ရခိုင်ရိုးရာကျင်အားကစားနည်း

16/07/2019

(မြန်မာ)
၂၀၀၄ခုနှစ်ကယှဉ်ပြိုင်ခဲ့ကြတဲ့ကျင်ပြိုင်ပွဲပွဲစဉ်များထဲက
အကောင်းဆုံးလို့ဆိုရမယ့်ပွဲစဉ်တစ်ခုကိုဖော်ပြပေးလိုက်
ပါတယ်။
ရခိုင်ကျင်ပွဲစဉ်များနဲ့ကျင်ကစားနည်းများ၊
ရခိုင်ကျင်သမိုင်းကြောင်းများကို
ရခိုင်ရိုးရာကျင် - Rakhine Traditional Kyin Page ကနေ တင်ပေးသွားမှာဖြစ်ပါတယ်။
(မူရင်းဗီဒီယိုအရည်အသွေးမကောင်းမှုကြောင့်ကြည့်ရတာအဆင်မပြေရင်တောင်းပန်ပါတယ်။)

(ရခိုင်)
၂၀၀၄ခုနှစ်ကယှဉ်ပြိုင်ကစပ်ခဲ့ကြရေကျင်ပွဲစဉ်တိထဲက
အကောင်းဆုံးလို့ပြောလို့ရရေပွဲစဉ်တစ်ခုကိုဖော်ပြပေးလိုက်ပါရေ။
ရခိုင်ကျင်ပွဲစဉ်များ၊ ကျင်ကစပ်နည်းများ၊ ကျင်သမိုင်း
ကြောင်းတိများကို ရခိုင်ရိုးရာကျင် - Rakhine Traditional Kyin Page ကနီ တင်ပီးလားဖို့ဖြစ်ပါရေ။

(မူရင်းဗီဒီယိုအရီအသွေးမကောင်းလို့ကြည့်ရစွာအဆင်မပြေဖြစ်ကေတောင်းပန်ပါရေ)

#ရခိုင်ကျင် #ရခိုင်ရိုးရာကျင်

25/06/2019

(မြန်မာ)
ရခိုင်ကျင်အကြောင်းကို တင်ရာမှာစာနဲ့ရေးပြရုံနဲ့
ဘယ်လိုမှသိနိုင်မှာမဟုတ်တဲ့အတွက် ကျင်ပြိုင်ပွဲကစားနေတဲ့ ဗီဒီယိုကိုဖော်ပြပေးလိုက်ပါတယ်။

Video Credit - ပီတိမောင်

ဒီထက်ပိုအသေးစိတ်တဲ့ အခြေခံကစားနည်းများကိုလည်း
ဗီဒီယို၊ ရုပ်ပုံတို့နဲ့တကွထပ်တင်သွားဖို့ရှိပါတယ်။

(ရက္ခိုင်)
ရက္ခိုင်ကျင်ကစပ်နည်းအကြောင်းကိုတင်ဖို့ဆိုကေ
စာနဲ့ရေးပြစွာနဲ့တစ်ခုလေ့သိဖို့မဟုတ်စွာဖြစ်လို့
ကျင်ကစပ်နီကတ်တေ ဗီဒီယိုကိုတင်ပီးလိုက်ပါရေ။

ဒေချင့်ထက်ပိုအသေးစိတ်တေအခြီခံကစပ်နည်းတိကိုလည်း ဗီဒီယို၊ ရုပ်ပုံတိနဲ့တကွထပ်တင်ပီးလားဖို့ရှိပါရေ။

#ရခိုင်ကျင်

Photos from ရခိုင်ရိုးရာကျင် - Rakhine Traditional Kyin's post 24/06/2019

ရခိုင်ရိုးရာအားကစားနည်းဖြစ်သောကျင်ပညာ၏
အကျိုးသက်ရောက်ပုံများ

(မြန်မာ)

(1)ကျင်ပညာသည် လူငယ်တို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။

(2)ဇွဲ၊ သက္တိကိုခိုင်မာစေသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်စိတ်ကို ရရှိစေသည်။
တက်ကြွမှုအားမာန်ကို ရစေသည်။

(3)ယုံကြည်ချက်ပြည့်ဝစေပြီး ပြတ်သားခိုင်မာစေသည်။
ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စေသည်။

(4)မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစေသည်။
ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ် ခိုင်မြဲစေသည်။

(5)ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စေ
သည်။လူ့ဘောင်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေးကို
တိုးတက်စေသည်။ အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု
ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစေသည်။

သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စေသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့်
ကျင်အားကစားနည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း
နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး
လက်ဆင့်ကမ်းထိန်းသိမ်းကာမြန်မာပြည်တစ်ပြည်လုံး
ပျံ့နှံ့သိရှိစေရန်ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်သည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည်
ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
ယခု ရခိုင်ရိုးရာကျင် page၏ရည်ရွယ်ချက်သည်လည်း
ရခိုင်လူမျိုး၏ရိုးရာအားကစားနည်းဖြစ်သော ကျင်ပညာရပ်
ကို မြန်မာပြည်တစ်ရပ်လုံးပျံ့နှံ့သွားအောင်ကြိုးစားသွားမည်
ဖြစ်ပြီး ထိုမှတစ်ဆင့် အာဆီယံ(အရှေ့တောင်အာရှဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှ(အာရှအားကစားပြိုင်ပွဲ)၊ ကမ္ဘာ့အဆင့်ဖြစ်သော အိုလံပစ်အားကစားနည်းများအထိ ပါဝင်နိုင်စေရန်
အစွမ်းကုန်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

(ရက္ခိုင်)

ရက္ခိုင်ရိုးရာအားကစားနည်းဖြစ်သော ကျင်ကစပ်နည်းပညာ၏ အကျိုးသက်ရောက်ပုံများ

(1)ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။

(2)ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
တက်ကြွမှုအားမာန်ကို ရစီသည်။

(3)ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။

(4)မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။

(5)ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။လူ့ဘောင်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်စီသည်။ အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။

သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စေသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့်
ကျင်အားကစားနည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း
နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး
လက်ဆင့်ကမ်းထိန်းသိမ်းကာမြန်မာပြည်တစ်ပြည်လုံး
ပျံ့နှံ့သိရှိစေရန်ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်သည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည်
ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
ယခု ရခိုင်ရိုးရာကျင် page၏ရည်ရွယ်ချက်သည်လည်း
ရခိုင်လူမျိုး၏ရိုးရာအားကစားနည်းဖြစ်သော ကျင်ပညာရပ်
ကို မြန်မာပြည်တစ်ရပ်လုံးပျံ့နှံ့သွားအောင်ကြိုးစားသွားမည်
ဖြစ်ပြီး ထိုမှတစ်ဆင့် အာဆီယံ(အရှေ့တောင်အာရှဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှ(အာရှအားကစားပြိုင်ပွဲ)၊ ကမ္ဘာ့အဆင့်ဖြစ်သော အိုလံပစ်အားကစားနည်းများအထိ ပါဝင်နိုင်စေရန်
အစွမ်းကုန်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

photos - 4zaw@zawwin

#ရခိုင်ရိုးရာကျင်

19/05/2019

ရက္ခိုင်ရိုးရာအားကစားနည်းတစ်ခုဖြစ်သော
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံများ

(မြန်မာ)

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရ ဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးခေါင်း၊ ဒူး၊တံတောင်၊ ခြေဖနောင့်၊ ခြေစောင်း၊ ခြေဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီး စသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနေဖြင့် လက်နှင့်ခြေကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ရှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြေကို အသုံးချရသည်။ နာကျင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့် လုံးဝမရှိ။

(၄) အဖမ်းသားအခွင့်အရေးအနေဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြေပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြေများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျရှိသည်။

(၅) အခံသားအခွင့်အရေးအနေဖြင့် ထိမ်းကိုင်၊ စည်းကိုင်နည်း၊ ရုန်းရှောင်ထွက်နည်း၊ ခြေချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျရှိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပေးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန် သည် လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနေရုံမဟုတ်ဘဲ အခံကျင်သန်၏ ခုခံခွင့် အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏ လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ ခုခံကာ ကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစားနည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျရှိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။

Photo - 4zaw@zawwin (kokoko)

ရက္ခိုင်ရိုးရာကျင်သမိုင်းကြောင်းစာအုပ်မှကောက်နုတ်သည်။

(ရခိုင်)

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရ ဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီး စသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကျင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့် လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန် သည် လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ဘဲ အခံကျင်သန်၏ ခုခံခွင့် အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏ လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ ခုခံကာ ကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်း ပြရ သည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။

Photo - 4zaw@zawwin (kokoko)

ရက္ခိုင်ရိုးရာကျင်သမိုင်းကြောင်းစာအုပ်မှကောက်နုတ်သည်။

12/04/2019

HAPPY THINGYAN FESTIVAL !

သင်္ကြန်အခါသမယမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ

မင်္ဂလာရှိရေ သင်္ကြန်အခါသမယမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကတ်ပါစီလို့ ဆုတောင်းပီးပါရေ

(သင်္ကြန်အပြီးမှာ ဒီpageကို updateဖြစ်အောင်လုပ်သွားပါမယ်)

31/01/2019

ရက္ခိုင်ရိုးရာအားကစားနည်းတစ်ခုဖြစ်သော
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံ

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရ ဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီး စသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့် လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန် သည် လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ဘဲ အခံကျင်သန်၏ ခုခံခွင့် အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏ လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ ခုခံကာ ကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်း ပြရ သည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။

Photo - 4zaw@zawwin (kokoko)

စာသား - ရက္ခိုင်ရိုးရာကျင်သမိုင်းကြောင်းစာအုပ်

01/01/2019

ရခိုင်ရိုးရာကျင်ပြိုင်ပွဲဆိုတာ

အားခွန်ဗလ သန်မာမှုကို အဓိက ထားကစားသော ကစားနည်း ဖြစ်ပြီး၊ အခြားသော ကမ္ဘာ့နိုင်ငံများမှ နပန်းကဲ့သို့သော ကစားနည်းမျိုးနှင့် ကွာခြားသည်မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက် သတ်ပုတ်ခြင်း မဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး အဖမ်းသမားမှ ယှဉ်ပြိုင်ဖက် အခံသမားကို မြေပြင်သို့ လှဲချနိုင်စေရေး ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ဒီ pageကနေ ရခိုင်ကျင်အကြောင်းကို အသေးစိတ်တင်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းကျရင် ကျင် ကိုင်ပုံ ကိုင်နည်းတွေကိုပါ ရုပ်ပုံ၊ ဗီဒီယို အစရှိသဖြင့် တင်ပေးသွားဖို့ရည်ရွယ်ထားပါတယ်။

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Sittwe