Rakhine Chelsea

Rakhine Chelsea

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rakhine Chelsea, Sport & recreation, Akyabs, Sittwe.

01/09/2026

🚨🔵 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚 | ENZO FERNÁNDEZ TO MANCHESTER CITY?

Manchester City အသင်းထံ ပြောင်းရွှေ့ဖို့အတွက် Enzo Fernández ဟာ ဒီနေ့ Medical စစ်ဆေးမှုခံယူရန် ခွင့်ပြုချက်ရရှိထားပြီ ဖြစ်ပါတယ်။

🔵 Chelsea အသင်းအနေဖြင့် ဒီအပြောင်းအရွှေ့ကနေ ပေါင် £125M သန်း အထိ တန်ကြေးရှိတဲ့ ဗြိတိန်စံချိန်တင် Transfer Fee ကို ရရှိသွားမယ်လို့ သိရပါတယ်။

အကယ်၍ အပြောင်းအရွှေ့ အပြီးသတ်ခဲ့ပါက Enzo Fernández ဟာ Manchester City ရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အပြောင်းအရွှေ့ အပြီးသတ်ဖို့ official announcement ကို စောင့်ကြည့်ရ‌တော့မှာပါ။

📌 Source: David Ornstein ()

30/08/2026

Full-time: Chelsea 4-3 Brighton

13/07/2026

Official: Andrey Santosကို ပေါင် ၄၈ သန်း + အပိုဆု‌‌ကြေး၂ သန်း နဲ့ Manchester United က ခေါ်ယူပြီးကြောင်း တရားဝင်‌ထုတ်ပြန်လိုက်ပါပြီ။

06/07/2026

ချဲလ်ဆီးအသင်းသည် အာဂျင်တီးနားတောင်ပံကစားသမား အာလီဟန်ဒရို ဂါနာချိုကို ရောင်းချရန် အဆင်သင့်ရှိနေပြီဖြစ်သည်။

သို့သော် အငှားမဟုတ်ဘဲ အပြီးသတ် (Permanent Transfer) ဖြင့်သာ အသင်းမှ ထွက်ခွာခွင့်ကို စဉ်းစားသွားမည်ဖြစ်သည်။

-BobbyVincentFL

01/07/2026

အီတလီနောက်ခံလူ Marco Palestra ကို ချဲလ်ဆီးက တရားဝင် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာလိုက်ပါပြီ။

Serie A တစ်နှစ်တာ အကောင်းဆုံးနောက်ခံလူဆု ရရှိထားသည့် Palestra သည် လာမည့်ရာသီအတွက် အသင်း၏ နောက်တန်းကို ပိုမိုကျစ်လစ်စေရန် ချဲလ်ဆီး အသင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

Welcome to Chelsea, Marco!

Photos from Rakhine Chelsea's post 29/06/2026

Chelsea သည် Enzo Maresca အတွက် Manchester City ထံမှ ပေါင် ၁၇ သန်း ရရှိမည်ဖြစ်သည်။

ထို့အပြင် Maresca ကိုယ်တိုင်ကလည်း Chelsea သို့ သီးခြားပေးချေမှုတစ်ခု ပြုလုပ်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း ထိုပမာဏကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ။

[]

Enzo Maresca ချဲလ်ဆီးအသင်းမှ ရာသီဝက်အတွင်းထွက်ခွါခဲ့ရခြင်း အဖြစ်အပျက်အတွက်ပြောကြားချက်အချို့။

Chelsea မှ ထွက်ခွာပြီး Manchester City သို့ ရောက်ရှိခဲ့ရခြင်းမှာ မိမိကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း Maresca က ပြောကြားခဲ့သည်။

ရာသီအလယ်တွင် ထွက်ခွာခဲ့ခြင်းကြောင့် Chelsea အတွက် အနှောင့်အယှက်ဖြစ်စေခဲ့သည့်အတွက် တောင်းပန်ကြောင်းလည်း ဆိုခဲ့သည်။

Chelsea အသင်း၊ ပိုင်ရှင်များနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် အတူဖန်တီးခဲ့သည့် အောင်မြင်မှုများကို အမြဲတန်ဖိုးထားနေမည်ဟု ပြောကြားခဲ့သည်။

28/06/2026

ချယ်လ်ဆီးအသင်းနှင့် #ဂရန်နစ်_ရှာခါတို့အကြား ပဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို နှစ်ဖက်ကြားသဘောတူညီမှုရရှိထားပြီဖြစ်ပြီး #ရှာခါကိုယ်တိုင်က ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အားတက်သရော တွန်းအားပေးနေပြီး #ချဲလ်ဆီး သို့ ပြောင်းရွှေ့လိုနေပါတယ်။

ထို့အပြင် ကစားသမားကလည်း Xabi Alonso နှင့် ပြန်လည်ပူးပေါင်းလုပ်ကိုင်လိုသလို လန်ဒန်မြို့တွင် နေထိုင်လိုသည့် ဆန္ဒလည်းရှိနေသည်။

အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ နှစ်ဖက်အသင်းတွေက ဘယ်လိုသဘောတူညီမှုရမလဲအပေါ် မူတည်နေသည်။

- Fabrizio Romano

26/06/2026

Marco Palestra ဟာ Chelsea အသင်းသို့ ပြောင်းရွှေ့ဖို့ လန်ဒန်မှာ ဒီနေ့ ဆေးစစ်မှု ခံယူနေပြီဖြစ်ပါတယ်။ ✅

24/06/2026


Marco Palestra ဟာ Chelsea ကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းနဲ့ ကစားသမားတွေကြား သဘောတူညီချက် (verbal agreement) ရရှိပြီးပါပြီ။

Atalanta ကတော့ ယူရို 55 သန်းအပြင် ကစားသမားကိုရောင်းချခဲ့ပါက အပြောင်းအရွေ့၏ တစ်စိတ်တစ်ပိုင်း အကျိုးခံစားခွင့်ရှိမယ့် sell-on clause ထည့်သွင်းထားပါတယ်။

Chelsea ကတော့ Inter Milan ရဲ့ အပြောင်းအရွှေ့ကို “hijack” လုပ်ပြီး Xabi Alonso လက်အောက် ချဲလ်ဆီးမှာကစားမယ့် ပထမဆုံးရောက်ရှိလာမယ့် လူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

- Fabrizio Romano

24/06/2026

Chelsea အသင်းသည် Atalanta မှ Marco Palestra ကို ပေါင် ၄၃ သန်းကျော်ဖြင့် ခေါ်ယူရန် နီးစပ်နေပြီ။ ✅🇮🇹
Xabi Alonso က Chelsea နည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ခေါ်ယူမည့် ကစားသမားဖြစ်လာနိုင်ပြီး၊ ၂၄ နာရီကြာ ဆွေးနွေးမှုများအပြီး Inter Milan ကို ကျော်ဖြတ်ကာ အသက် ၂၁ နှစ်အရွယ် ကစားသမားနဲ့ လက်မှတ်ထိုးဖို့ နီးစပ်နေသည်။

()

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Website

Address


Akyabs
Sittwe