Tachileik Football Academy

Call Directions

Tachileik Football Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tachileik Football Academy, Sports Team, No. 4 Highway Tachileik, Tachileik.

🔥 SEMIFINAL MATCH DAY! |တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ဖိတ်ခေါ်ပြိုင်ပွဲ 🔥ဖိုင်နယ်တက်ရောက်ခွင့်အတွက် အဆုံးအဖ...
02/11/2026

🔥 SEMIFINAL MATCH DAY! |
တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ဖိတ်ခေါ်ပြိုင်ပွဲ 🔥

ဖိုင်နယ်တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့် အကြိတ်အနယ်ရှိလှတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကြီးတွေ ဒီကနေ့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။ အနာဂတ် လူငယ်ကြယ်ပွင့်လေးတွေရဲ့ စွမ်းဆောင်ရည်တွေကို ကွင်းဘေးကနေ အားပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ ⚽💪⚡

ပွဲစဉ် (၁)

⚔️ ကျိုင်းတုံ Vs မိုင်းဆတ်
📅 ရက်စွဲ - ၂. ၁၁. ၂၀၂၆
⏰ အချိန် - ညနေ ၃:၃၀ နာရီ (3:30 PM) ⚡

ပွဲစဉ် (၂)

⚔️ မီဒေး FC Vs ဆန်ဆိုင်း FC
📅 ရက်စွဲ - ၂. ၁၁. ၂၀၂၆
⏰ အချိန် - ညနေ ၆:၀၀ နာရီ (6:00 PM)

🏟️ နေရာ - တာချီလိတ်မြို့မအားကစားကွင်း (Tachileik Myoma Stadium)

လူငယ်တွေရဲ့ အားအပြည့်နဲ့ ရင်ခုန်စရာကောင်းမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာရောက်အားပေးကြပါဦးခင်ဗျာ။ 🏆✨👏

🏆 MATCH RESULT | ပွဲစဉ် (၉) ရလဒ် 🏆တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး...
01/11/2026

🏆 MATCH RESULT | ပွဲစဉ် (၉) ရလဒ် 🏆

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး၏ ပွဲစဉ် (၉) တွင် မိုင်းဆတ် U-14 အသင်းမှ ခြေစွမ်းပြကစားကာ အနိုင်သုံးမှတ်ကို အမိအရ ရယူသွားခဲ့ပြီ ဖြစ်ပါသည်။

⚽ ပွဲစဉ်ရလဒ်:
🔴 မိုင်းဆတ် U-14 (၂) - (၁) လားဟူစတား U-14 🔵

ပွဲချိန်တစ်လျှောက် စနစ်တကျ တိုက်စစ်ဆင်ကစားနိုင်ခဲ့သည့် မိုင်းဆတ် U-14 အသင်းက လားဟူစတား U-14 အသင်းကို (၂ - ၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ် (၈) ရလဒ်-⚽ အ.ထ.က (ခွဲ) နားအွန်း U-14 0️⃣ - 2️⃣ ဆန်းဆိုင်း U-14ဆန်းဆိုင်း U-14 အသင်းသည် အဆိုပါပွဲစဉ်တွင် (၂ - ၀) ဂ...
01/11/2026

ပွဲစဉ် (၈) ရလဒ်-
⚽ အ.ထ.က (ခွဲ) နားအွန်း U-14 0️⃣ - 2️⃣ ဆန်းဆိုင်း U-14

ဆန်းဆိုင်း U-14 အသင်းသည် အဆိုပါပွဲစဉ်တွင် (၂ - ၀) ဂိုးရလဒ်ဖြင့် အနိုင်ပွဲ ဆွတ်ခူးနိုင်ခဲ့သည်။

Hashtags:
#အထကခွဲနားအွန်း #ဆန်းဆိုင်းU14

⚡ ပွဲစဉ် (၇) ရလဒ် - ကျိုင်းတုံ U-14 အသင်း အနိုင်ရရှိ ⚡တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ဖိတ်ခေါ်ဘောလုံးပြိုင်ပွ...
01/11/2026

⚡ ပွဲစဉ် (၇) ရလဒ် - ကျိုင်းတုံ U-14 အသင်း အနိုင်ရရှိ ⚡

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးတွင် အ.ထ.က တာချီလိတ် U-14 အသင်းနှင့် ကျိုင်းတုံ U-14 အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျိုင်းတုံ U-14 အသင်းက (၅) ဂိုး - (၁) ဂိုး ဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။

🏆 MATCH RESULT | ပွဲစဉ် (၆) ရလဒ် 🏆တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး...
30/10/2026

🏆 MATCH RESULT | ပွဲစဉ် (၆) ရလဒ် 🏆

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး၏ ပွဲစဉ် (၆) တွင် မိုင်းဆတ် U-14 အသင်းမှ ခြေစွမ်းပြကစားကာ အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့ပြီ ဖြစ်ပါသည်။

⚽ ပွဲစဉ်ရလဒ်:
🔴 မိုင်းဆတ် U-14 (၃) - (၁) ဆန်းဆိုင်း U-14 🔵

ပွဲချိန်တစ်လျှောက် စနစ်တကျ ကစားသွားနိုင်ခဲ့သည့် မိုင်းဆတ် U-14 အသင်းက ဆန်းဆိုင်း U-14 အသင်းကို (၃ - ၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

🏆 MATCH RESULT | ပွဲစဉ် (၅) ရလဒ် 🏆တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး...
30/10/2026

🏆 MATCH RESULT | ပွဲစဉ် (၅) ရလဒ် 🏆

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး၏ ပွဲစဉ် (၅) တွင် လားဟူ U-14 အသင်းမှ တိုက်စစ်ခြေစွမ်းပြကစားကာ အနိုင်သုံးမှတ်ကို အပြတ်အသတ် ရယူသွားခဲ့ပြီ ဖြစ်ပါသည်။

⚽ ပွဲစဉ်ရလဒ်:
🔴 လားဟူ U-14 (၈) - (၂) အ.ထ.က (ခွဲ) နာအွန် U-14 🔵

ပွဲချိန်တစ်လျှောက် ထိရောက်သည့် တိုက်စစ်ဆင်မှုများနှင့်အတူ လားဟူ U-14 အသင်းက အ.ထ.က (ခွဲ) နာအွန် U-14 အသင်းကို (၈ - ၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

🌇 ကိုယ့်မြို့၊ 🏟 ကိုယ့်ကွင်းမှာ ရင်ခုန်ရမယ့် EASTERN SHAN (TCL Academy) FC အသင်းရဲ့ MFF U-15 Youth League အိမ်ကွင်းပွဲစဉ...
29/10/2026

🌇 ကိုယ့်မြို့၊ 🏟 ကိုယ့်ကွင်းမှာ ရင်ခုန်ရမယ့် EASTERN SHAN (TCL Academy) FC အသင်းရဲ့ MFF U-15 Youth League အိမ်ကွင်းပွဲစဉ်များ 🔥🏟️

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပတဲ့ MYANMAR FOOTBALL FEDERATION (MFF) ROYAL-D U-15 YOUTH LEAGUE 2026 (SECOND ROUND) ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ တာချီလိတ်မြို့ကိုယ်စားပြု EASTERN SHAN (TCL Academy) FC အသင်းက ဂုဏ်ယူစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

တာချီလိတ်မြို့နေ ဘောလုံးချစ်သူ မိဘပြည်သူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဘောလုံးပွဲစဉ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်တဲ့အပြင်...
💥 အထူးသတင်းကောင်းအနေနဲ့ 💥
ကျွန်တော်တို့ EASTERN SHAN (TCL Academy) FC အသင်းဟာ အခုဆိုရင် မိမိတို့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခွင့် ရရှိထားပြီ ဖြစ်ပါတယ်။တာချီလိတ်မြို့ကိုယ်စားပြု ရွှေရောင်အနာဂတ် မျိုးဆက်သစ် လူငယ်ကစားသမားလေးများ မိမိတို့ အိမ်ကွင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ဖို့အတွက် တာချီလိတ်မြို့နေ မိဘပြည်သူများ နှင့် ဘောလုံးချစ်သူ ပရိသတ်များအားလုံး ကွင်းအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး တခဲနက် အားပေးဝန်းရံပေးကြဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျား။

👏🏟️📍 ပွဲစဉ်ကျင်းပမည့်နေရာ - တာချီလိတ်မြို့မအားကစားကွင်း

⚔️ ယှဉ်ပြိုင်မည့် အိမ်ကွင်းပွဲစဉ်ဇယားများ -
- WEEK - 8
- 🗓 ရက်စွဲ - 7.11.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS KALAW FC
- WEEK - 9
- 🗓 ရက်စွဲ - 14.11.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS MIDDLE SHAN STATE
- WEEK - 10
- 🗓 ရက်စွဲ - 22.11.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS PAW MUU REGION YOUTH FC
- WEEK - 11
- 🗓 ရက်စွဲ - 29.11.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS DANU FC
- WEEK - 12
- 🗓 ရက်စွဲ - 5.12.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS HTEE PHOUNG FC
- WEEK - 13
- 🗓 ရက်စွဲ - 13.12.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS ROYAL NYAUNG SHWE FC
- WEEK - 14
- 🗓 ရက်စွဲ - 20.12.2026 (၃:၃၀ PM)
- ⚽ EASTERN SHAN (TCL Academy) FC VS SHAN SOUTHERN FC"

OUR HOME. OUR PITCH. OUR BATTLE!"
— တာချီလိတ်ရဲ့ ဂုဏ်ကို ဆောင်မယ့် ကျွန်တော်တို့ရဲ့ လူငယ်ကြယ်ပွင့်လေးတွေကို အိမ်ကွင်းမှာ အတူတူ အားဖြည့်ပေးလိုက်ကြရအောင်...💪🇲🇲

🏟

🔥 FULL TIME: မီဒေး U-14 ရဲ့ ထိုက်တန်တဲ့ အနိုင်ပွဲ! 🔥တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ပြိုင်ပွဲ | ပွဲစဉ် (၄)⚽ မ...
29/10/2026

🔥 FULL TIME: မီဒေး U-14 ရဲ့ ထိုက်တန်တဲ့ အနိုင်ပွဲ! 🔥

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် U-14 ပြိုင်ပွဲ | ပွဲစဉ် (၄)

⚽ မီဒေး U-14 3️⃣ - 1️⃣ ကျိုင်းတုံးမြို့နယ် U-14

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး တိုက်စစ်ဆင်မှုတွေ၊ စနစ်ကျတဲ့ ချိတ်ဆက်ကစားမှုတွေနဲ့အတူ မီဒေး U-14 အသင်းက (၃ - ၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါပြီ။ မျိုးဆက်သစ် လူငယ်သားလေးတွေရဲ့ ရှေ့ဆက်မယ့် ခရီးအတွက် ဆက်လက် အားပေးလိုက်ကြရအောင်ဗျာ။ 🌟🏆

Hashtags:
#မီဒေးFC #ကျိုင်းတုံးမြို့နယ်

🏆 MATCH RESULT | ပွဲစဉ်( ၃ )ပွဲစဉ်ရလဒ် ထုတ်ပြန်ချက် 🏆တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အထိမ်းအမှတ် အသက် (၁၄) နှစ်အော...
29/10/2026

🏆 MATCH RESULT | ပွဲစဉ်( ၃ )ပွဲစဉ်ရလဒ် ထုတ်ပြန်ချက် 🏆

တာချီလိတ်ဘောလုံးအကယ်ဒမီ (၅) နှစ်ပြည့် အထိမ်းအမှတ် အသက် (၁၄) နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး၏ ပွဲစဉ်တွင် ဆန်ဆိုင်း U-14 အသင်းမှ ခြေစွမ်းပြကစားကာ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်! ⚡⚽

⚽ ပွဲစဉ် ( ၃ ) ပွဲစဉ်ရလဒ်:
ဆန်ဆိုင်း U-14 3 - 0 လာဟူ U-14

ဆန်ဆိုင်း U-14 အသင်းသည် အကောင်းဆုံး အသင်းအဖွဲ့စိတ်ဓာတ်၊ နည်းဗျူဟာကျနမှုများဖြင့် ပွဲကို အသာစီးရယူကာ လာဟူ U-14 အသင်းကို (၃ - ၀) ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 👏🎉

အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားခဲ့ကြသည့် နှစ်ဖက်လူငယ်ကစားသမားများအားလုံးကို ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ! 💪🔥

💪🔥 ရှုံးနိမ့်မှုကို အတွေ့အကြုံ၊ အောင်မြင်မှုကို ခွန်အားယူကာ ရှေ့ဆက်ချီတက်မယ့် တာချီလိတ်ဘောလုံးအကယ်ဒမီ U-12! 🔥💪မနေ့က ယှဉ်...
29/10/2026

💪🔥 ရှုံးနိမ့်မှုကို အတွေ့အကြုံ၊ အောင်မြင်မှုကို ခွန်အားယူကာ ရှေ့ဆက်ချီတက်မယ့် တာချီလိတ်ဘောလုံးအကယ်ဒမီ U-12! 🔥💪

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းရှေ့ (အခမဲ့) ဘောလုံးအကယ်ဒမီ (၃) နှစ်ပြည့် ပြိုင်ပွဲ Final မှာ တာချီလိတ်ဘောလုံးအကယ်ဒမီ U-12 အသင်းဟာ ရှမ်းရှေ့ (A) အသင်းကို (၂ - ၄) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ ကွင်းအတွင်း အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေကြောင့် ဒုတိယဆု (Runner-up) ကို ခမ်းနားစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ✨ 🥈👏

ဒီပြိုင်ပွဲမှာ အသင်းအတွက်တင်မကဘဲ တစ်ဦးချင်း ခြေစွမ်းပြသနိုင်ခဲ့ကြတဲ့ - ⚽🏆

⚽ မောင်ရွှေတိုး (အရှေ့တန်းအကောင်းဆုံးကစားသမားဆု) ⭐🔥
🧤 မောင်ပြည့်ဘုန်းလျှံ (အကောင်းဆုံးဂိုးသမားဆု) 🛡️⭐

တို့အတွက်လည်း ထပ်တူထပ်မျှ ဂုဏ်ယူမိပါတယ်။ စိန်ခေါ်မှုတိုင်းဟာ သင်ခန်းစာဖြစ်ပြီး ဒီထက်မက အောင်မြင်မှုတွေနဲ့ ပြန်လာခဲ့ကြမယ်! 💪🔥 ⚽🎉💯

Address

No. 4 Highway Tachileik
Tachileik
TACHILEIKCITY

Telephone

+959699726826

Website

Alerts

Be the first to know and let us send you an email when Tachileik Football Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby gyms & sports facilities