19/04/2026
သင်္ကြန်မှာ စားချင်တာစားပြီး
ဝိတ်တက်လာလို့ ဝိတ်ချချင်တာ🏃🏻♀️
နှစ်သစ် Body Goal အတွက် ဝိတ်တင်ချင်တာ 🏋🏻♂️
Body ပိုင်းကို ပိုပြီး Confidentရှိချင်လို့ ကြိုးစားချင်တာ 👌🏽
ခန္ဓာကိုယ် ပိုပြီး ကျစ်လစ် ချင်တာ 🏃🏻♀️
Body Goal အမျိုးမျိုး အတွက်
Body Transformation လုပ်မယ်ဆိုရင်
ဒီအချိန်လေးတွေရပါအုံးမယ်ဗျာ
Morning
7:00am - 8:00 am
8:00am - 9:00 am
9:00am - 10:00 am
DM me for the new body goal…💪🏼
Avaliable channel:
Gym PT
Home PT
Online PT
26/08/2024
ကျွန်တော် Client တွေထဲမှာ မိတ်ဆွေတွေထဲမှာ ဆီးချိုလဲ ရှိနေတယ် လေ့ကျင့်ခန်းကလဲ လုပ်ချင်တယ် လုပ်လို့ရပါ့မလားဆိုပြီး တွေးနေကြမယ်ဆိုရင် ဒီ Content လေးကို Please do continue reading…👇🏽
ဆီးချိုရောဂါကို ထိန်းထားနိုင်ဖို့ သွေးတွင်းသကြားဓာတ်က ပုံမှန်အတိုင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။ 👌🏽
ကျွန်တော့် Client များ မိတ်ဆွေများက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး 👨⚕️
မိမိနဲ့သင့်တော်တဲ့လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းက 💪🏼ခန္ဓာကိုယ်တွင်း က Insulin ကိုအလုပ်ကောင်းကောင်းလုပ်စေနိုင်ခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းထားနိုင်ပြီး ဆီးချို ရောဂါကိုအတော်အတန် သက်သာစေမှာပါ။ 👨💼
လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာတော့ 🏋️
သွေးတွင်းသကြားဓါတ်ကိုလဲပြန်လည်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ 📋✅
ရေများများသောက်ပေးဖို့လဲ မမေ့ပါနဲ့။ 💦
ရေဓါတ်ခန်းခြောက်တာက သင့်ကိုနေမကောင်းစေရုံသာမက ဆီးချိုသွေးချိုကိုပါဆောင့်တက်စေပါတယ်။
စိတ်အလိုမလိုက်ဘဲ အစားအသောက်ချိန်ညှိစားတာ၊ မိမိသောက်နေကြဆေးဝါးတွေ ပုံမှန်မှီဝဲ တာနဲ့ ဆရာဝန်ညွှန်ကြားချက် အတိအကျလိုက်နာပြီး လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ပိုပြီး ကျန်းမာ သန်စွမ်းလာမှာပါ..
ဆီးချိုရှိတာကြောင့် workout လုပ်ဖို့ အားမလျော့ဘဲ ခန္ဓာကိုယ် သန်စွမ်းဖို့အတူ တည်ဆောက်ပြီး
အတူတူကျန်းမာ ကြမယ်ဗျာ…🩸👨⚕️🏋️♂️🤵♂️
28/05/2024
ဘာကြောင့် Gym ဆော့သင့်လဲ?
တော်တော်များများက Gym ဆော့တာကို ပိန်ဖို့၊ လှဖို့အတွက်တစ်ခုထဲပဲ ထင်ကြတယ်။ အပြင်မှာတော့ Gym ဆော့တာဟာ ဘဝတစ်လျှောက်လုံးကျန်းမာဖို့၊ စိတ်ကျေနပ်မှုရဖို့၊ အားကောင်းဖို့ စတဲ့အကျိုးကျေးဇူးအများကြီး ပါဝင်တယ်။
၁. ကျန်းမာရေးအတွက် အကျိုးကျေးဇူး
Gym ဆော့တာက ရောဂါအန္တရာယ်လျော့ကျစေတယ်။ ရင်သွေးကြွရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ အန္တရာယ်တွေကို လျော့ကျစေတယ်။ ရောဂါကင်းစင်ပြီး ကျန်းမာဖို့ဆိုရင် Gym ဆော့တာက အရေးကြီးတယ်။
၂. စိတ်ကျန်းမာရေး အတွက်
လေ့ကျင့်ခန်းလုပ်ရင်း အာရုံစူးစိုက်မှု ပိုကောင်းလာတယ်။ စိတ်ဖိစီးမှုတွေ သက်သာစေတယ်။ Endorphins လို့ခေါ်တဲ့ စိတ်ချမ်းသာစေတဲ့ ဓာတ်ထွက်လာစေတဲ့အတွက် စိတ်ကျေနပ်မှုရစေတယ်။
၃. ခန္ဓာကိုယ် အားကောင်းစေ
Gym ဆော့ရင်း ကြံ့ခိုင်မှု၊ ခန္ဓာကိုယ်တင်ကြိုးများကို သန်မာစေတယ်။ အရေးကြီးဆုံးက အခြားအလုပ်များမှာပါ သန်မာတဲ့ခန္ဓာကိုယ်က အားဖြည့်ပေးနိုင်တယ်။
၄. အလေးချိန်ထိန်းချုပ်နိုင်စေ
မသင့်တော်တဲ့အလေးချိန်ကိုထိန်းချုပ်ဖို့ Gym ဆော့တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကယ်လိုရီလောင်ကျွမ်းစေပြီး ဆီးချို၊ သွေးတိုးရောဂါ အန္တရာယ်တွေကို လျော့ကျစေတယ်။
၅. စွမ်းဆောင်ရည် တိုးတက်စေ
Gym ဆော့ပြီးတဲ့နောက်ပိုင်း၊ နေ့စဉ်ဘဝမှာ စွမ်းဆောင်ရည်တိုးတက်စေတယ်။ လုပ်ငန်းတွင်လည်း အားမာန်ပြည့်ဖြိုးစေတယ်။
၆. စည်းစိမ့်ရှိတဲ့ လူမှုဆက်ဆံရေး
Gym က မိတ်ဆွေအသစ်တွေရရှိစေတယ်။ အားပေးမယ့် Partner တွေ၊ အတူတူ Challenge လုပ်မယ့် သူတွေ ရရှိတတ်တယ်။
၇. တန်ဖိုးနဲ့ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှု
Gym ဆော့ရင်း ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတာပဲဖြစ်တယ်။ အချိန်ပေးရင်း စွမ်းဆောင်ရည်၊ ကျန်းမာရေး၊ စိတ်ကျန်းမာရေး အားလုံး တိုးတက်စေတယ်။
၈. အနာဂတ်အတွက် အရေးကြီး
အရွယ်ကြီးလာရင် ကျန်းမာရေးနဲ့ အရည်အချင်းတွေ ဆုံးရှုံးတာကို Gym ဆော့ခြင်းက တားဆီးပေးနိုင်တယ်။
ဒီတော့ ဘယ်လိုပင်မဆို Gym ဆော့ခြင်းဟာ ကိုယ့်ဘဝတစ်လျှောက်လုံးအတွက် အကျိုးရှိစေမယ့် အပြင် ကိုယ့်စိတ်ကိုလည်း ပြည့်ဝစေမယ့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဒီနေ့စပြီး ကိုယ့်ကျန်းမာရေးနဲ့ အနာဂတ်အတွက် Gym ဆော့ကြည့်ပါ။