02/03/2026
💛 🌾 ပြည်သူတို့၏ ဝမ်းရေးအတွက် နေပူမရှောင် မိုးရွာမရှောင် ကြိုးစားအားထုတ်ပေးနေကြသော ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံးကို ယနေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့မှစ၍ အစဉ်ထာဝရ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သီးနှံများ အထွက်တိုးကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း
AYE THAR YAR GOLF CLUBမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🌾💛
#တောင်သူလယ်သမားနေ့
peasant’s day🌾
23/02/2026
Congratulations 🎊
⛳⛳၂၀၂၆နှစ်၊ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင်
ကစားသမား ဦးအောင်မြတ်မိုးမှ ဒုတိယအကြိမ်မြောက် အဖြစ်
တွဲဖက်ကစားသမား
ဦးထွန်းအေး
ဦးနေမျိုးအောင်
ဦးသားချော
ဦးသီဟတို့နှင့်
ကျင်းအမှတ်-၁၂ # Par # 3, Length # 180Yards ) တွင် 🏆HOLE IN ONE🏆ဝင်သွားပါသဖြင့်
အေးသာယာဂေါက်ကွင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆု လက်ဆောင် များ ချီးမြင့်အပ် ပါသည်။
12/02/2026
⛳️ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့်ကျေးဇူးတင်လွှာ ⛳️
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ (၁၁) ရက်နှင့်
(၁၂) ရက်၊ နှစ်ရက်တိုင်တိုင် ကျင်းပ
ပြုလုပ်ခဲ့သော (၁၄) ကြိမ်မြောက်
MYANMAR GURKHA GROUP (MGG)
Golf Tournament ကြီး အောင်မြင်စွာ
ပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည်။
ဤပြိုင်ပွဲကြီး အောင်မြင်ချောမွေ့စွာ
ပြီးမြောက်အောင် စနစ်တကျ စီစဉ်
ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိလူကြီး
မင်းများ၊ကူညီပံ့ပိုးပေးကြသူများနှင့်
ပြိုင်ပွဲဝင်များအားလုံး ကို AYE THAR YAR
GOLF CLUBမှအထူးပင် ကျေးဇူးတင်ရှိ
ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်
ပါသည်။
နောင်များမှာလည်း ယခုလိုစည်းလုံးညီညွတ်မှု
များဖြင့် ပြိုင်ပွဲကောင်းများကို ဆက်လက်
ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ရပါတယ်ရှင်
12/02/2026
ယနေ့ကျရောက်သော၇၉ကြိမ်မြောက်
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်
တိုင်းရင်းသားညီအစ်ကို မောင်နှမများ
အားလုံးနှင့်တကွ ဂေါက်သီးအားကစား
ဝါသနာရှင်များအားလုံး ကိုယ်စ်တ်နှစ်ဖြာ
ကျန်းမာရွှင်လန်းကြပါစေကြောင်း
AYE THAR YAR GOLF CLUB မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားလပ်ရက်မှာ ဂေါက်ရိုက်ရင်း အပန်းဖြေဖို့
လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်🤍 ⛳️
11/02/2026
Hole-in-One Alert! 🏆
အေးသာယာဂေါက်ကွင်း ၌
ကစားသမားဦးယူကလစ်
သည်Hole: 7 (Par-3)
Distance: 196 Yardsဖြင့် (၉.၂.၂၀၂၆)ရက်နေ့တွင်
တွဲဖက်ကစားသမားများဖြစ်ကြသော
ဦးရိုရှမ်း၊ ဦးဆန်းတို့စ်စိုးလွင်၊ ဦးဝင်းနိုင်
တို့နှင့်အတူ Hole In One ဆု ရရှိခဲ့ပါသဖြင့်
ဤအောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့်
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်
ရှင်။
10/02/2026
အေးသာယာဂေါက်ကွင်း၌
• ၁၁ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)နှင့်
• ၁၂ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ (ကြာသပတေးနေ့) တို့တွင်
“14th Myanmar Gurkha Golf Association Golf Tournament" ကျင်းပရန်ရှိပါသဖြင့်
အဆိုပါရက်များတွင်ကွင်းဖွင့်လှစ်မည့်အချိန်အား မွန်းလဲပိုင်း (၂:၀၀)အချိိန်သို့ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ်ရှင်။
05/02/2026
Congratulations 🎊
⛳⛳၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ (၁၂)ရက်နေ့တွင်
ကစားသမား ဦးစိုင်းဆွမ်ဖိတ်မှ
တွဲဖက်ကစားသမား
ဦးအောင်လင်းဝေ
ဦးဉာဏ်လင်းဦး
ဦးသောင်းညွန့်တို့နှင့်
ကျင်းအမှတ်-၁၂ # Par # 3, Length # 173Yards ) တွင် 🏆HOLE IN ONE🏆ဝင်သွားပါသဖြင့်
အေးသာယာဂေါက်ကွင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆု လက်ဆောင် များ ချီးမြင့်အပ် ပါသည်။
28/01/2026
Membership Open Announcement
Aye Thar Yar Golf Club (Managed by GERIZIM) ရဲ့ Member သစ်များ လျှောက်ထားခြင်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့ မှ စတင်ကာ လက်ခံဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဂေါက်သီးရိုက် ဝါသနာရှင်များအနေဖြင့် အောက်ပါ အချက်အလက်များကို ကြည့်ရှု၍ အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါပြီရှင်
Membership Fees
(နှစ်စဉ် အဖွဲ့ဝင်ကြေး)
• Local -3,000,000MMK
•Foreigner-6,000,000MMK
Member Benefits & Privileges
(အဖွဲ့ဝင် အခွင့်အရေးများ)
• ပထမ (၁၈) ကျင်း ကစားခြင်းအတွက် Green Fee ပေးဆောင်ရန် မလိုပါ။ (ထပ်မံကစားပါက ၅၀% ပေးဆောင်ရမည်)
• အဖွဲ့ဝင်နှင့်အတူ လာရောက်သော ဧည့်သည် (၂) ဦးအတွက် Green Fee (၁၅%) လျှော့ဈေး ခံစားခွင့်ရှိပါသည်။
ဒါ့အပြင်ပထမဆုံးအဖွဲ့ဝင်ဦးရေ (၅၀)အတွက်
• Logo Golf Bag
• Logo Boston Bag
•Logo Umbrella
•Logo Towel
•Logo Hat နဲ့
တခြားအဖွဲ့ဝင်များအတွက်
•Logo Umbrella
•Logo Towel
•Logo Hat အစရှိတဲ့ပစ္စည်းများကိုလည်း ပေးအပ်သွားဖို့ ရှိပါတယ်ရှင်။
အေးချမ်းသာယာလှပတဲ့ Aye Thar Yar Golf Club မှာ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ အဖွဲ့ဝင်အဖြစ် လာရောက်လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများနှင့်စည်းကမ်းချက်များ အသေးစိတ်စုံစမ်းရန် အတွက်
📞 09 888 999 889
📞 09 250 29 29 29
📞 09 666 446 449 တို့ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ရှင် ။
11/01/2026
📢 ANNOUNCEMENT
⛳️လေးစားအပ်ပါသော ဂေါက်သီးရိုက်
ဝါသနာရှင်မိတ်ဆွေများရှင်💚
ကျွန်မတို့ အေးသာယာဂေါက်ကွင်း၏
ဝန်ဆောင်မှုများကို ယခုထက် ပိုမို
တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍
ကွင်းကစားကြေးနှုန်းထားများကို
၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁) ရက်နေ့မှ
စတင်၍အောက်ပါအတိုင်း ပြောင်းလဲ
သတ်မှတ်သွားမည် ဖြစ်ပါသည်ရှင်။
ထို့အပြင် ဂေါက်ရိုက်ဝါသနာရှင်များအတွက်
သတင်းကောင်းအနေဖြင့်
Member အသစ်များကိုလည်း မကြာမီ
စတင်ခေါ်ယူသွားမည် ဖြစ်ပါသည်။
ယခုလို Member အသစ်ခေါ်ယူခြင်းကို
AYE THAR YAR GOLF CLUB နှင့် 3 in 1
Sisters Golf Course များဖြစ်သည့်
ROYAL MINGALARDON GOLF CLUB ၊
SHWE MANN TAUNG GOLF CLUB တို့
တွင်လည်းတပြိုင်နက်တည်း
ခေါ်ယူသွားမည် ဖြစ်ပါသည်။
📌📌Member အကျိုးခံစားခွင့်များနှင့်
အခြားအသေးစိတ်အချက်အလက်များကို
မကြာမီ ထပ်မံကြေညာပေးသွားပါမည် ရှင်။
☎️For more informations :
09-888 999 889
09- 250 29 29 29
09 - 666 446 449