WOW Sports Taunggyi Flagship Store

WOW Sports Taunggyi Flagship Store

Share

အားကစားပစ္စည်းမျိုးစုံကို
ရောင်းခ?

Photos from WOW Sports Taunggyi Flagship Store's post 27/06/2021

ကိတ်ချင်တဲ့ စစ်လေးတို့အတွက် ဆေးမသောက်၊ ဆေးမထိုးဘဲအိမ်မှာနေရင်းလေ့ကျင့်ခန်းလုပ်ရင်ကိတ်လို့ရပြီနော်
Price - 8000ks
💌အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-458043132 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

ယောဂလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့်ရလာမယ့် အကျိုးကျေးဇူး (၈) မျိုး
ဝိတ်ကျစေပြီး ကိုလက်စထလျော့ကျစေခြင်း
ယောဂလေ့ကျင့်ခန်းတွေက ငြိမ်ငြိမ်လေးလုပ်ရတာမျိုးမို့ လူတော်တော်များများက ဝိတ်ချတဲ့နေရာမှာ အသုံးမဝင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့မှားပါတယ်။ ယောဂကခန္ဓာကိုယ်မှာရှိတဲ့ ဇီဝစနစ်အတွက် အထောက်အကူဖြစ်စေတာမို့ အဆီတွေလောင်ကျွမ်းရာမှာ အထောက်အကူပြုပါတယ်။ ကိုလက်စထရောကိုပါကျစေတဲ့အတွက် ဆီးချို၊သွေးချို၊သွေးတိုး ဝေဒနာရှင်တွေနဲ့လည်း အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးပါ။
စွမ်းအင်တိုးပွားစေခြင်း
ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်တွေကို တိုးပွားလာစေပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့အတွက် ခန္ဓာကိုယ်မှာ စွမ်းအင်တွေလျော့ကျလာတတ်ပါတယ်။ ယောဂလေ့ကျင့်ခန်းကတော့ စွမ်းအင်တွေတိုးပွားလာစေပါတယ်။ ဒ့ါအပြင် သွေးလှည့်ပတ်မှုကိုပါ အားကောင်းစေတဲ့ အစွမ်းလည်းရှိပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေရတဲ့ သူတွေမို့ အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုတွေကို ခံစားရပါတယ်။ စိတ်ဖိစီးမှု တွေကို လျော့ကျစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကိုပြောပါဆိုရင်တော့ ယောဂလို့ဆိုရမှာပါ။ ယောဂလေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ အိပ်မပျော်တဲ့ရောဂါကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ညဖက်အိပ်မပျော်တဲ့သူတွေ လုပ်ပေး သင့်ပါတယ်။
အဆုတ်အားကောင်းစေခြင်း
ယောဂလေ့ကျင့်ခန်းမှာ ရှုသွင်း၊ရှုထုတ်ကလည်း အရေးပါတဲ့ အရာတစ်ခုပါ။ ဘယ်လိုယောဂ Pose အနေအထားမျိုး မှာ မဆို ရှုသွင်း၊ ရှူထုတ်က အရေးကြီး ါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ကို စနစ်တကျလုပ်ပေးရတာမျိုးမို့ အဆုတ်အားကောင်း စေပါတယ်။ ရှူသွင်း၊ ရှူထုတ်က တရားထိုင်တဲ့အခါ မျိုးမှာလည်း မှတ်ရ၊ လုပ်ရတဲ့အရာမို့ ယောဂလေ့ ကျင့်ခြင်းဟာ စိတ်တည်ငြိမ်မှုကိုပါရစေမှာပါ။
စိတ်ပျော်ရွှင်စေခြင်း
ယောဂလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ကျ စေပါတယ်။ ဒါ့အပြင် ပုံမှန်ပြုလုပ်ပေးခြင်းက စိတ်ပျော်ရွှင်စေပါတယ်။ ယောဂ လေ့ကျင့်ရင် ခန္ဓာကိုယ်မှာရှိတဲ့ Happiness Hormone လို့ လူသိများတဲ့ Serotonin levels ကို မြင့် တက်စေပါတယ်။
အာရုံစိုက်မှု အားကောင်းစေခြင်း
ယောဂ Pose နဲ့ တရားထိုငတြာ မွိုးမှာဆိုရငြ အသကရြှူသှငြး၊ ရှူထုတကြအရေးကှီးပါတယြ။ ရှူသှငြး၊ ရှူထုတကြ စိတကြို တညငြှိမြ၊ အေးခမြွးစပေါတယြ။ စိတအြေးခမြွးမှုကို အမွားကှီးအထောကအြကူဖှစစြတေဲ့အတှကြ မှတဉြာဏြ အားေ ကာငြး၊ အာရုံစူးစိုကမြှုကို အားကောငြးစပေါတယြ။
အသက်ရှည်ကျန်းမာစေခြင်း
ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ နှလုံး၊အဆုတ်၊ ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုကို အားကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ယောဂပုံမှန်လုပ်ခြင်းက နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုတွေကို လျော့ချပေးနိုင်ပါတယ်။
အရွယ်တင်နုပျိုစေခြင်း
မကြာသေးမီက လေ့လာ တွေ့ရှိချက် တစ်ခုမှာ ဒီ အချက်ကို ထည့်သွင်း ဖော်ပြ ထားတာပါ။ယော ဂ လေ့ကျင့်ခန်း နဲ့ တရားထိုင်ခြင်းက အရွယ် မတိုင်ခင် အို မင်းရင့်ရော် မှုတွေကို ကာကွယ်တားဆီးပေး နိုင်ပါတယ်။ပုံမှန် ပြုလုပ်ပေးမယ် ဆိုရင်တော့ အရွယ်တင် နုပျို စေနိုင်ပါတယ်။
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

Gym သွားတဲ့အချိန် ဖိနပ်ထည့်မလား? ကားသော့လေးထည့်မလား? ဖုန်းလေးဘဲထည့်မလား? မိမိစိတ်ကြိုက်ထည့်လို့ရတဲ့ အိတ်ကလေးပါရှင့်။
Model : KBB-8105
Specification : 330*190*150mm
Color : Red, Black
Retail Price : 9000-Ks
အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း

Photos from WOW Sports Taunggyi Flagship Store's post 27/06/2021

ကိုမြင့်နိုင်ကြီးကြောင့် အပြင်မထွက်ရတဲ့ သားသားမီးမီးလေးတွေအိမ်မှာ အပျင်းလဲပြေ၊ ဉာဏ်ရည်လည်းဖွံ့ဖြိုးတိုးတက်စေမဲ့ ကစားစရာလေးတွေပါရှင့်။
ပုံတစ်ပုံခြင်းစီရဲ့အောက်မှာ ဈေးနှုန်းလေးတွေထည့်ထားပေးပါတယ်ရှင့်။
အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

နေ့စဉ်ပုံမှန် အားကစားလုပ်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
အားကစားနေ့စဉ်ပုံမှန်ပြုလုပ်ခြင်းက သင့်ရဲ့ စိတ်နဲ့ ခန္ဓာအတွက် အင်မတန်ကောင်းမွန်တဲ့ အကျိုးရလဒ်တွေခံစားရစေတယ်ဆိုတာသိပြီပြီလား။ ဘယ်လိုအကျိုးရလဒ်တွေ ခံစားရမယ်ဆိုတာ ဆက်လေ့လာကြည့်ရအောင်။
(၁) ကိုယ်ကိုယ့်ကိုယုံကြည်မှုတိုးလာမယ်
အားကစားပုံမှန်ပြုလုပ်သူတွေဟာ သာမာန်လူတွေထက်ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြတာတွေ့ရပါတယ်။နေ့စဉ်တစ်ရက်ကို တစ်နာရီလောက်အချိန်ပေးပြီး အားကစားပြုလုပ်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်သောကတွေ လျော့နည်းလာစေပြီး မိမိကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွားလာစေမှာဖြစ်ပါတယ်။ ဘယ်နေရာပဲ သွားသွားပေါ့ပါးသွက်လက်မှုတွေနဲ့ အတူ ယုံကြည်မှုပြည့်ဝနေမှာဖြစ်ပါတယ်။
(၂) နဂိုထက်ပိုကြည့်ကောင်းလာမယ်
အားကစားလုပ်ပြီးဆိုကတည်းက ချွေးထွက်များပါပြီး။ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်အတွင်းက အပူအပုပ်တွေကို ကင်းစင်စေပြီး အသားအရည်ကြည်လင်သန့်ရှင်းကာ အရင်ကထက်ပိုပြီး ကြည့်ကောင်းလာစေမှာဖြစ်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်မှာလည်း အဆီပိုတွေကင်းစင်ပြီး ကြွက်သားထုတွေနဲ့ အချိုးကျလှပလာစေမှာပါ။လေ့လာတွေ့ရှိချက်တွေအရ အားကစားလုပ်တဲ့သူတိုင်း သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစား ၊ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှုရှိကြတယ်လို့ သိရပါတယ်။
(၃) စိတ်ဖိစီးမှုလျော့နည်းလာမယ်
လှုပ်လှုပ်ရှားရှားအားကစားလုပ်ခြင်းက ကာလကြာရှည်စိတ်ဖိစီးမှုခံစားနေရသူတွေကိုတောင် စိတ်ဖိစီးမှုလျော့နည်းပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ စိတ်ဟာလူတစ်ယောက်အတွက်အရမ်းကို အရေးပါပါတယ်။ အားကစားမလုပ်တဲ့ လူတစ်ယောက်ဟာ စိတ်ညစ်စရာတစ်စုံတစ်ရာခံစားရရင် မကောင်းတဲ့ စိတ်ခံစားမှုတွေပိုတွေးမိပြီး သင့်ရဲ့ စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။အားက စားလုပ်တဲ့သူတွေကတော့ ကိုယ်ကိုယ့်ကိုယုံကြည်မှုလဲရှိသလို စိတ်ဖိစီးမှုကိုလည်း အကြာကြီးခံစားရလေ့မရှိပါဘူး။
(၄) သက်ရှည်ကျန်းမာမယ်
အားကစားပုံမှန်လုပ်ခြင်းဟာ ကိုယ်ခံအားကောင်းမွန်စေပြီး တော်ရုံဖျားနာတာမျိုးတွေလည်းမဖြစ်တော့ပဲ ကျန်းမာကြံခိုင်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရစေပါတယ် ။ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေတာပြီး အသက်အရွှယ်ကြီးတဲ့အထိ ရောဂါဘယကင်းကင်းနဲ့ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

အမျိုးသားဝတ်အားကစားအကျီလက်ရှည်လေးအသစ်ရောက်
ပါတယ်ရှင့်။
Product details
Retail Price: 9800 ks
Size:M-3XL
Color: Black Grey, Black
❣️အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

စတိုင်လ်ကျကျဝတ်ခြင်တဲ့ ဘော်ဘော်တို့အတွက် Gym
ဘောင်းဘီရှည်လေးပါ
Product details
Retail price- 12,800ks
Size- s-3xl
Color- blue, green, gray
❣️အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

လွတ်လပ်ပြီးပေါ့ပါးတဲ့ အမျိုးသားဝတ် Gym ဘောင်းဘီတိုလေးပါရှင့်။
Product details
Retail price- 9500 ks
Size- M-3xl
Color- black, blue, green
❣️အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

လွတ်လပ်ပြီးပေါ့ပါးတဲ့ အမျိုးသားဝတ် Gym T-Shirt လေးပါရှင့်။
ဈေးနှုန်းက 9,980ကျပ်ပါ။
Retail price- 9,980ks
Size- s-2xl
Color- navy blue, red, coffee, grey, blue
❣️အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-21205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

Photos from WOW Sports Taunggyi Flagship Store's post 27/06/2021

Wow Sports & Cultural Development Co.,Ltd မှတင်သွင်းသော Floor တွေရဲ့အားသာချက်တွေက ဘာတွေဖြစ်မလဲ?
✅ဈေးနှုန်းသင့်တင့်ပြီးအရည်အသွေးကောင်းမွန်သည့်အပြင် ရွေးချယ်စရာဒီဇိုင်းများစုံလင်သည့် PVC Sports Floor (ရာဘာကြမ်းခင်း)၊ Artificial Grass Floorနှင့် EPDM Floor များကိုတစ်နေရာထဲမှာ မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခြင်း
✅ Wow Sports & Cultural Development Co.,Ltd မှတင်သွင်းထားသော Floor များသည် ရာဘာအနံ့အသက်လုံးဝကင်းစင်ပြီး ရုံးခန်း၊ ကျောင်းခန်း၊ အားကစားခန်းမ နေရာများအပြင် အခြားသောနေရာများတွင်လည်းအသုံးပြုနိုင်ခြင်း
✅Customer ခင်းကျင်းလိုသည့် နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ကြမ်းခင်းများအလေအလွင့်မရှိစေရန် တွက်ချက်တိုင်းတာ၍ ဒီဇိုင်းရေးဆွဲပေးခြင်း
✅Customerမှာယူသည့်တည်နေရာကို Wow Sports & Cultural Development Co.,Ltd၏ ကျွမ်းကျင်ဝန်ထမ်းများမှလိုက်လံခင်းကျင်းပေးခြင်း
💌အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

Photos from WOW Sports Taunggyi Flagship Store's post 27/06/2021

Time City Gym Club မှ Gym Floor Design များကို Wow Sports & Cultural Development Co.,Ltd အား ယုံကြည်စွာအလုပ်အပ်နှံခဲ့သည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။
ယခုကဲ့သို့ အရည်အသွေးကောင်းမွန်ပြီး၊ ဒီဇိုင်းဆန်းသစ်လှပသော PVC Floor များကို Wow Sports & Cultural Development Co.,ltd သို့ အော်ဒါမှာယူလို့ရနိုင်ပါပြီရှင်။
💌အသေးစိတ်သိရှိလိုသောမိတ်ဆွေများနှင့် ဝယ်ယူလိုတဲ့ မိတ်ဆွေများအနေဖြင့် Chat Boxမှသော်လည်းကောင်း
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

27/06/2021

လူတိုင်းလူတိုင်းမှာ ကိုယ်မထင်ထားတဲ့အန္တရာယ်တွေကိုကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာတစ်ခုတော့ တတ်ထားသင့်ပါတယ်။ ကိုယ်ခံပညာ၊ နပမ်းအားကစားအမျိုးမျိုးထဲကမှ လက်ဝှေ့ကစားနည်းဟာလည်း ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာစေတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ အားကစားဝါသနာရှင်များအနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို ပုံမှန်ကစားပေးမယ်ဆိုရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးချင်ပါတယ်။
လက်ဝှေ့ကစားနည်းဟာ ကိုယ်ကာယလေ့ကျင့်ခန်း တစ်ခုထက်ပိုတဲ့ကစားနည်းတစ်ခုပဲဖြစ်ပါတယ်။ လျှင်မြန်သွက်လက်မှုကိုအခြေခံတဲ့အားကစားဖြစ်တဲ့အတွက် လက်ဝှေ့ကစားပြီဆိုတာနဲ့ ခေါင်းစခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးနေရတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို အသုံးပြုပြီးကစားရတာဖြစ်တဲ့အတွက် လက်ဝှေ့ကစားနည်းဟာ အခြားကစားနည်းတွေထက် ကယ်လိုရီ ၂ဆပိုမိုလောက်ကျွမ်းစေပြီး တစ်နေ့ကိုတစ်နာရီခန့် လက်ဝှေ့ကစားပါက အနည်းဆုံးကယ်လိုရီ ၄၀၀ ကနေ ၆၀၀အထိလောင်ကျွမ်းစေမှာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားမှုကို ဦးစားပေးကစားရတဲ့အားကစားနည်းဖြစ်တဲ့အတွက် နှလုံးခုန်နှုန်း ပိုမိုမြန်ဆန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သွေးပမာဏကို နှလုံးမှထုတ်ပေးရတာကြောင့် နှလုံးကြွက်သားများပိုမိုသန်မာစေမှာပဲဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေအများကြီးရနိုင်တဲ့ လက်ဝှေ့အားကစားဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်ခဲ့ပြီး ယခုချိန်မှာတော့ တစ်ကမ္ဘာလုံးစိတ်ဝင်တစားနဲ့ အားပေးတဲ့ ဆုကြေးအမြင့်ဆုံးအားကစားများထဲမှတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
Wow Sports (Taunggyi ဆိုင်ခွဲ)၊ 09-440401020 , 081-
205576
လိပ်စာ - အမှတ် ပ/၉၃ ၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

ပ/၉၃ ၊ နှင်းဆီလမ်း ၊ ပြည်တော်သာရပ် ၊ တောင်ကြီးမြို့
Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00