Body Fix fitness

Body Fix fitness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Body Fix fitness, Gym/Physical Fitness Center, Taunggyi.

28/03/2025

Contact 👇🏻👇🏻👇🏻👇🏻😁😁😁😁😁

29/06/2024

💪💪100%

10/01/2024

😅😅😅

26/01/2022

ကယ်လိုရီတွေ အရမ်းလျော့စားရင်ဘာဖြစ်မလဲ?🥑
၀ိတ်ချသူတွေကို ဖန်တရာတေအပ်ကြောင်းထပ်နေအောင် ပြောနေရတဲ့အကြောင်းအရင်း
တစ်ခုက ၀ိတ်ကျလိုဇောနဲ ့ကယ်လိုရီတွေအရမ်းလျော့စားခြင်းပါပဲ။ကယ်လိုရိီတွေ
အရမ်းလျော့စားရင်ဘာတွေဖြစ်မလဲ?

1️⃣ ဝိတ်တွေရုတ်တရက်ကျသွားမယ်။ (ဒါပေမဲ့ကျန်းမာတဲ့ ၀ိတ်ကျခြင်းမဟုတ်ဘူး။ မကြာ
ခင်ပြန်တက်လာမှာ အသေအချာပဲ)😭

2️⃣ Endogenous hormone ( တက်စတိုစတီရုန်း) ကျသွားမယ်။ အာသဝေါကုန်ခမ်းလာမယ်။
အဆီတွေလောင်ကျွမ်းရာမှာ အထောက်အကူဖြစ်စေတဲ့ Leptin ဟိုုမုန်းအထွက်နှုန်းလျော့
ကျလာမယ်။🤭

3️⃣ အဆီတွေလောင်ကျွမ်းဖို ့နဲ ့ကိုယ်တွင်းဇီဝဖြစ်စဉ် ပုံမှန်ရှိနေဖို ့အတွက်လိုအပ်တဲ့သိုင်းရွိုက်ဟိုမုန်းပမာဏလျော့ကျသွားမယ်။ အဲ့ဒါဆိုဂွမ်းပီ။ ဘယ်လောက်ကြိုးစားကြိုးစား အဆီကျဖို ့ခက်ချေပီ။🤯

4️⃣ NEAT (Non Exercise Activity Thermogenesis) လို ့ခေါ်တဲ့၊ တနေ ့
တာထိုင်ထလှုပ်ရှားမှုတွေမှာ
လောင်ကျွမ်းတဲ့ကယ်လိုရီတွေတွေ လျော့ကျသွားတယ်။😥

5️⃣ Cortisol လို ့ခေါ်တဲ့ Stress ဟိုမုန်းအ
ထွက်တိုုးလာမယ်။🥴

6️⃣ တနေကုန်ဆာလောင်နေမယ်။🥯

ဒီတော့ ဘုမသိ ဘမသိ ဗလိုင်းကြီး ကယ်လိုရီတွေဇွတ်ဖြတ်ကြဦးမှာလားဗျာ။
ရုတ်တရက်ကျသွားတဲ့ဝိတ်က ပြန်တက်လာမှာ နောက်ပီးအခန် ့မသင့်ရင်အရင်ဝိတ်ထက်ပိုတက်လာမယ်။ အသားအရေကလည်း ဘောလုံးလေလျော့ထားသလို ပျောတွဲတွဲနဲ ့ဖြစ်နေလိမ့်မယ်။

ဒီတော့ဗျာ ကိုယ်တစ်နေ ့ကိုကယ်လိုရီဘယ်လောက်လိုအပ်သလဲ၊ ကိုယ့်ရဲ ့ Body Goal
ရောက်အောင်သွားဖို ့ဆိုရင် ကိုယ်လုပ်နေတာတွေက ဘာမှားနေလဲ၊ ဘာတွေလိုအပ်နေသလဲသိချင်တယ်ဆိုရင်တော့ နဲနဲတော့အားစိုက်လေ့လာရမယ်ဗျ။ သင့်အနေနဲ ့လေ့လာဖို ့အသင့်ရှိ
တယ်ဆိုရင်ကျွန်တော်က သင်ပေးဖို ့အသင့်ရှိပါတယ်။ အောက်ကလင့်ခ်လေးကို ၀င်ကြည့်ပေးပါ။

https://www.facebook.com/885104638183061/posts/5588907347802743/?d=n

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝

လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉







Fitness Trainer ဖြစ်လိုသူများအတွက် အွန်လိုင်းမှ
သင်ကြားပေမည့်သင်တန်း ☝️MFTA Batch-29

(မျှော်လင့်နေသူများအတွက် အသေးစိတ် အချက်အလက်များတင်ပြပေးထားပါသည်။)

***Fitness အခြေခံမရှိသူများ မတက်သင့်ပါ***
(Gym မကစားဖူးသူများကို ဆိုလိုပါသည်။)

Fitness Trainer ဖြစ်လိုသူများအတွက် ကျွန်တော်တို ့ရဲ ့Muscle Professor Page မှMyanmar Fitness Trainer Academy-MFTAတည်ထောင်ဖွင့်လှစ်ပြီး၊နည်းပြကောင်းတစ်ယောက်ဖြစ်လာစေရန် နိုင်တငံတကာ အဆင့်မှီသင်ရိုးညွှန်းတမ်းများဖြင့် Online မှ သင်ကြားပို ့ချပေးပါမည်။

ဤသင်တန်း၏ အားသာချက်များမှာ-
-နေရာဒေသ မရွေး၊အချိန်မရွေးဘဲ မိမိအားသည်အချိန်
အင်တာနက် အသုံးပြုရုံဖြင့်၊ အချိန်နှစ်လအကြာတွင် အဆင့်မှီနည်းပြတစ်ယောက်
ဖြစ်လာစေနိုင်ပါသည်။

✅သင်ရိုးကို မြန်မာဘာသာဖြင့် သင်ကြားမည်ဖြစ်သည့်အတွက်၊ အခြေခံပညာအသင့်အတင့်ရှိသူများလည်း၊ အလွယ်တကူသင်ယူ လေ့လာနိုင်ပါသည်။မြန်မာဘာသာဖြင့် အွန်လိုင်းမှပို ့ချသော၊မြန်မာ့ပထမဆုံးသော Fitness Trainer Course ဖြစ်ပါသည်။

✅ဤသင်တန်းကို မည်သူတို ့တက်ရောက်သင့်ပါသနည်း-
-Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊
-နည်းပြကောင်းရှာရန် အခက်အခဲတွေ ့စိတ်ညစ်နေရသော GYM ပိုင်ရှင်များ
-မိမိခန္ဓာကိုယ်နှင့် ကျန်းမာရေးကို
မိမိစိတ်ကြိုက်ပုံဖော်လေ့ကျင့်လိုသော ကစားသမားများ

✅ဘာတွေသင်မှာလဲ-

-ခန္ဓာဗေဒအကြောင်းအရာများ

-ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်း တင်ခြင်း လျော့ချခြင်းများအတွက်အာဟာရ လမ်းညွှန်ချက်များ

-လေ့ကျင့်ရေး ပရိုဂရမ် တည်ဆောက်နည်းများနှင့် exercise science

-Gym.လောကအတွက် လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ

-PT ရောင်းချမှုနည်းစနစ်များ

✅ ဒီသင်ရိုးမှာ ဘာတွေမပါဝင်ဘူးလဲ-

-chest ဘယ်လိုတွန်းပါ
squat ဘယ်လို ထိုင်ပါ ဆိုတာတွေ YouTube မှာရှာလို ့ ့ရနိုင်တာတွေမသင်ပါဘူး။ ဒါကြောင့် အခြေခံ လေ့ကျင့်နည်းစနစ်များအကြောင်း သိထားသင့်ပါတယ်။

✅သင်တန်းကြေးနှင့် သင်ကြားမည့်စနစ်
-သင်တန်းကြေးသည် Certified Personal Trainer-CPT Course တစ်ခုလုံးအတွက်မြန်မာကျပ်ငွေ***တစ်သိန်း***တည်းသာကျသင့်ပါသည်။ မြန်မာဘာသာဖြင့် သင်ရိုးကိုအခြေပြုဆွေးနွေးပေးခြင်း၊ သင်ထောက်ကူ
Videos များဖြင့်လည်း ရိုးရှင်းစွာ သင်ကြားပေးပါမည်။
-သင်တန်းချိန်တွင် သင်ရိုးမှအပ အခြားသော
အကြောင်းကိစ္စများ ဆွေးနွေးခွင့်မပြုပါ။

✅ဤသင်တန်းမှပေးမည့် ၀န်ဆောင်မှုများ-
-MFTA သည်အမှီအခိုကင်းသော၊ကိုယ်ပိုင်
သင်ရိုးဖြင့်သင်ကြားသည့်၊ freelance-
တစ်သီးပုဂ္ဂလကျောင်းဖြစ်သည့် အတွက်၊
သင်တန်းပြီးဆုံးလျင် MFTA မှအသိမှတ်ပြုလက်
မှတ်၊ Certificate ချီးမြှင့်ပါမည်။

-သင်တန်းပြီးလျင် Trainer Association တစ်ခုတည်ထောင်၍၊ ဂျင်မ်များနှင့်ချိတ်ဆက်ကာ၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ PT ရောင်းချခြင်းBusiness အတွက်၊ Tips များSharing လုပ်ပေးပါမည်။

✅သင်တန်း၏ရည်ရွယ်ချက်-
- Myanmar Fitness နယ်ပယ်၏၊အဆင့်အတန်း
မြင့်မားစေရေးအတွက်၊ အရည်အချင်းရှိသော Fitness Trainers မွေးထုတ်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်ပါသည်။

အမေရိကန် သြစတေးလျ ကိုရီးယား မကာအို စင်္ကာပူ မလေးရှားနှင့် ထိုင်းရောက် မြန်မာသင်တန်းသားများ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများ နည်းပြများဂျင်မ်ပိုင်ရှင်ပေါင်း များစွာကို အောင်မြင်စွာ လေ့ကျင့်သင်ကြားပေးခဲ့ပီး Certificate
များချိီးမြှင့်ထားပီးဖြစ်ပါသည်။

**သင်တန်းစတင်အပ်နှံနိုင်သည့်
နေ့ ၂၂-၁-၂၀၂၂ စနေနေ ့မှစတင်၍ ၆-၂-၂၀၂၂
တနင်္ဂနွေနေ ့အထိ**

သင်တန်းစတင်မည့်ရက်စွဲ-
ရ-၂-၂၀၂၂ (တနင်္လာနေ ့)

- MFTA ၏ Certified Personal Trainer Course Batch-29 ကို February -7 ရက်နေ ့
တနင်္လာနေ့၊ ၂၀၂၂ခုနှစ် တွင်စတင်ပါမည်။

✅သင်တန်းအပ်နှံသူများအတွက်လိုအပ်
ချက်များမှာ-

-သင်တန်းကြေးကို ဘဏ်မှတဆင့်ပေးချေရပါမည်။

သင်တန်း၏ ကမ္ဘောဇဘဏ်အကောင့်ဖြစ်သည့်- 089-301-08901376701 သို ့ပေးသွင်း
ရပါမည်။

Account holder name မှာ U Naing OO ဖြစ်ပါသည်။

သင်တန်းကြေးပေးသွင်းပြီးလျင်၊ ငွေသွင်းထားသော ဘဏ်ချလံကိုဓါတ်ပုံရိုက်၍၊ ကျွန်တေ်ာ့ Facebook Account၏ မက်ဆင်ဂျာသို ့ပို ့ပေးရပါမည်။ပြီးလျင် ကျွန်တော့်ကို Add friend လုပ်ပါ။ ကျွန်တော် Accept လုပ်ပြီးလျင်၊သင်တန်း၏ Secrect Group တွင်ထည့်သွင်းပေးပါမည်။

✅ သင်တန်းကြေး တစ်သိန်းကျပ်✅

✅ Wave money 💰 ဖြင့်လည်းပေးသွင်းနိုင်ပါသည်။

✅ KBZ pay ဖြင့်လည်း သင်တန်းကြေးပေ
သွင်းနိုင်ပါသည်။

သို ့မဟုတ်ပါက viber သို ့၄င်းpage ၏
မက်ဆေ့box သို ့၄င်းပို ့နိုင်ပါသည်။ သင်တန်းနှင့်အပ်နှံခြင်းနှင့် ပါတ်သက်အဆင်မပြေမှုများရှိလျင်သော်၄င်း၊ သိလိုသည်များကိုသော်၄င်း၊

ဖုန်း-၀၉ ရရရ ၂၉၁၈၃၅

ဖုန်း-၀၉၇၈၆ ရ၀ ၈၈၄၄

ကိုရုံးဖွင့်ရက်များတွင်၊ ရုံးချိန်အတွင်း၊ ဆက်
သွယ်မေးမြန်းနိုင်ပါသည်။

-သင်တန်းကြေးကို February 6-ရက်နေ ့ ့
နောက်ဆုံးပေးသွင်းရပါမည်။ ထို ့
ထက်နောက်ကျသော၊ သင်တန်းသားများသည်၊ ဤသင်တန်း Batch-28မှလွဲချော်မည်ဖြစ်သည်။

သင်ကြားမည့်သူ-
- သင်ကြားမည့် Coach မှာ Muscle Professor Page နှင့် Myanmar FitnessTrainerAcademy
သင်တန်းကျောင်းကို တည်ထောင်သူ၊ ဆရာ ဦးနိုင်ဦး တစ်ဦးတည်းဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ တစ်နေ ့တခြား အရှိန်အဟုန်နဲ ့တိုးတက်လာနေတဲ့ လုပ်ငန်းတွေထဲမှာHealth andFitnessလုပ်ငန်းဟာတစ်ခုအပါအဝင် ဖြစ်ပါတယ်။လက်ရှိကမ္ဘာပေါ်မှာလူသန်းပေါင်းများစွာဟာတစ်နာရီလျင် ဒေါ်လာငါးဆယ်ခန် ့အနည်းဆုံးရရှိတဲ့ Personal Fitness Trainer အဖြစ်အသက်မွေး ၀မ်းကျောင်းပြုနေပါတယ်။ ကျွန်တော်တို ့မြန်မာနိုင်ငံက များစွာသောပညာတတ်၊လူငယ်တွေဟာ တစ်လကို ၀င်ငွေဘယ်လောက် ရနေကြပါသလဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကအသက်မွေးဝမ်း ကျောင်းပြုဖို ့လုံလောက်ပါ့မလား။ အကယ်၍ သင်ဟာ အားကစားဝါသနာပါတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ လူတွေကို အကျိုးပြုတဲ့၊ ကျန်းမာသန်စွမ်းစေတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊Fitness Trainer အဖြစ်အသက်မွေးဝမ်းကျောင်း ပြုချင်တယ်ဆိုရင်တော့၊လိုအပ်တဲ့ အသိပညာတွေကိုမျှဝေပေးဖို ့့ကျွန်တော်တို ့ရဲ ့ Myanmar Fitness Trainer Academy ကလက်ကမ်းကြိုပါတယ်။

လေးစားချစ်ခင်စွာဖြင့်-
နိုင်ဦး-၁၁၉
Founder Of Myanmar Fitness Trainer Academy
-MFTA
The Founder of Muscle Professor Page
Author of Myanmar Insane Training .
Author of Optimum Bodybuilding Theories
Authour of Scientific ways to lose fat
Author of 3D Bodybuilding exercises and
several fitness books.









Photos from Body Fix fitness's post 24/01/2022

Minus 5Lbs မှကြိုဆိုပါတယ် ဗျ😊
Gym ကိုကတော့ တောင်ကြီးမြို့ပြည်တော်သာရပ်ကွက် စံပယ်လမ်းရှိ SPS တိုက်ခန်း A4. တွင် ဖွင့်လှစ်ထားပါတယ်ဗျ စိတ်ဝင်စားသူများ လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျ။ph 09428913741

04/01/2022

SIX PACK-ပေါ်ဖို့ ကစားတာလွယ်သလား?
******
Six packထွက်အောင်ကစားတယ်ဆိုတာ
ခန္ဓာကိုယ်တခုလုံး အဆီချရပါတယ်
အဆီမချခင်မှာ ဘယ်လီအလုံးတွေ
ကြီးဖို့ အလေးတွေနဲ့ကစားရပါသေးတယ်

နားလည်အောင်‌ပြောရရင်
အခြားကြွက်သားတွေ ကစားသလို
အချိန်ပေးပြီး ထုထည်ကြီးဖို့
ချက်အထက် Sit Up
ချက်အောက် Knee Up စတဲ့
လေ့ကျင့်ခန်းတွေကိုကစားရပါတယ်
Six packဆိုပြီးဘယ်လီ 6လုံးပေါ်ပေမယ့်
6လုံးပေါ်နေတဲ့ ဘယ်လီအိမ်လိုခေါ်တဲ့
ဘေးနားက အကွက်ကြီးပါပေါ်ဖို့
Sit Up ကို ခါးတွေလိမ်ပြီးကစားရသလို
ခြေထောက်တွေလိမ်ပြီး Knee Upတွေ
လည်း ကစားပေးရပါတယ်

Six packထွက်ချင်လို့ဗိုက်တခုထဲ
တနေ့တနေ့အကြိမ်ရေ ထောင်ချီ
ကစားလည်း ဖင်သာပွန်းပြီး မောတာပဲ
အဖတ်တင်ပါမယ်
တကိုယ်လုံးက အဆီကျမှ six packက
ပေါ်လာတာဖြစ်တယ်။

ဒါ‌ကြောင့် ဗိုက်ဘေး ခါးတွေ ခါးနောက်တွေ
ကအစ အဆီပါးကုန်အောင် ကစားနည်း
မျိုးစုံနဲ့ ကစားပေးရပါသေးတယ်

Play Storeက ကြိုက်တဲ့AppတွေDownပြီး
ကစားပါစေ..
FBပေါ်က တလနဲ့ Six packပေါ်နည်းတွေ
2လနဲ့ ပေါ်နည်းဆိုတာတွေဟာ
အလိမ်အညာတွေများများဖြစ်ပါတယ်
လွယ်လွယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး

အရှင်းဆုံး ဥပမာနဲ့ပြောရရင်
မိမိပိုက်ဆံအိပ်ထဲ ထောင်သောင်းမက
ထည့်ထားလည်း ပိုက်ဆံအိပ် ဖွင့်မပြရင်
ဘယ်သူမှ မမြင်နိုင်သလို
အထဲမှာရှိတဲ့ ပိုက်ဆံကို အိပ်ဖွင့်ပြမှ
အထဲမှာ ရှိတဲ့ ပိုက်ဆံကိုလူတွေ
မြင်နိုင်ပါမယ်...

သူများကို ပိုက်ဆံပြချင် မြင်စေချင်ရင်
မိမိပိုက်ဆံအိပ်ထဲ ပိုက်ဆံရှိအောင်
အရင်လုပ်ကြပါ။

Six pack လည်း ဒီသဘောပါပဲ
မိမိပိုက်ဆံအိပ်ထဲ တပြားမှ မရှိပဲ
ဖွင့်ပြလည်း ငမွဲမှန်း လူသိရုံပါပဲ

ထိုအတူ နဂိုက six packတွေ ကြီးထွား
အောင်မကစားခဲ့ပဲ ဗိုက်လေ့ခန်းတွေချည်း
လှိမ့်ပိမ့်ကစားနေပြီး Six packပေါ်ချင်နေ
တယ်ဆိုရင် ဗိုက်သာ အတော်တန်သင့်
ချပ်သွားပေမယ့် Sixpackက ပေါ်လာမှာ
မဟုတ်ပါဘူး....
ဖင်တွေပွန်းပြီး ခါးနာတာ တာအဖတ်တင်
ပါလိမ့်မယ်....

Six packပေါ်ဖို့ အရင်ဆုံး အဆီချရပါမယ်
အဆီချတဲ့အချိန်မှာ ဗိုက်တခုထဲ ကွက်ပြီး
ချလို့လည်းမရပါဘူး...
တကိုယ်လုံးမှာရှိတဲ့အခြားကြွက်သားတွေ
ပါ ပြင်းပြင်းထန်ထန်ကစားပေးရပါတယ်

Six pack ပေါ်ဖို့ အဆီချတာက
လူ၀ကြီးတွေ ဝိတ်ချတာနဲ့မတူပါဘူး

အစားအသောက်ကို အချိုးအစားအတိုင်း
စားသောက်ပြီး အဆီချမှ အရေခွံပါးပြီး
အခြားကြွက်သားတွေနဲ့အတူ Sixpackက
ပေါ်လာတာဖြစ်ပါတယ်...

အရေခွံပါးပြီး Six packပေါ်လာတယ်
ဆိုတာကလည်း မိမိမွေးရာပါ ဖွဲ့စည်း
တည်ဆောက်ပုံအတိုင်းသာ
4pack
5pack
6pack
8pack
10 စသည့်အတိုင်းသာ ပေါ်လွင်လာ
တာဖြစ်ပါတယ်...

မိမိ ဗိုက်ကြွက်သားတွေကို မိမိစိတ်ကြိုက်
6 လုံး 8 လုံး စသည့် ပေါ်ချင်လို့ဆိုပြီး
ပန်းပုဆရာလို ထွင်းထု ကစားလို့မရပါဘူး

နောက်ဆုံးကုန်ကုန်‌ပြောရရင်
Six pack 6 လုံးပါတဲ့သူခြင်း တူရင်တောင်
ကစားနည်းမတူရင် ပေါ်လွင်လှပမှု့ဟာ
မတူပါဘူး...

Six pack ပေါ်ဖို့ဆိုတာ တကိုယ်လုံးမှာ
ရှိတဲ့ကြွက်သားတွေနဲ့ အချိုးအစားလည်း
ကျရပါသေးတယ်...

ပြိုင်ပွဲ၀င် မောင်တယောက်ဟာ
မျက်နှာတွေပြည့်ပြီးပြဲကွဲ ၀ နေတယ်
ဆိုရင် ဗိုက်လှန်မကြည့်ပါနဲ့ သေချာပါ
တယ်..
Six packလည်း မပေါ်ပါဘူး...

မျက်နှာတွေချောင်ပြီး လူမမာရုပ်ပေါက်
နေတယ်ဆိုရင်တော့ သေချာပါတယ်
ကောင်းကောင်းကြီး အစားလျော့ပြီး
ကစားထားလို့ အဆီနည်းပြီး ဘယ်လီတွေ
ပြူးထွက်နေမှာပဲ ဖြစ်ပါတယ်...

Six pack ပေါ်ဖို့ ကစားတယ်ဆိုတာ
လွယ်လွယ်မဟုတ်လို့ လွယ်လွယ်မတွေး
ပါနဲ့...

Sixpack ပေါ်ချင်ရုံ ကစားကြတယ်ဆိုတဲ့
ရူးနှမ်းနှမ်းအတွေးတွေကိုလည်းလျော့ပါ

Sixpackပေါ်ချင်လို့ ကစားတယ်ဆိုတဲ့
ရူး‌ကြောင်ကြောင် ကစားတာတွေလည်း
လျော့ကြပါ...
ခန္ဓာကိုယ်မှာ အခြားကြွက်သားတွေ
ကြံ့ခိုင်တောင့်တင်း သန်မာပါမှ
မိမိတို့လိုချင်တဲ့ Six packကလည်း
ကပ်ပါလာမှာ ဖြစ်တာကြောင့်
အရင်ဆုံးတကိုယ်လုံးမှာရှိတဲ့ ကြွက်သား
မှန်သမျှ ဗိုက်ကြွက်သားအပါအ၀င်
အချိုးအစား ညီညီမျှမျှ ကြီးထွားအောင်
ကစားကြပါ..
အချိန်ပေးပြီး တည်ဆောက်ပြီးမှသာ
မိမိတို့လိုချင်တဲ့ Sixpack ကို အခြားကြွက်သားများနှင့်အတူ ပုံဖေါ်တည်
ဆောက်ရယူကြပါလို့ .....




ပိုစ့်ကိုShareလျှင် လွတ်လပ်စွာShare
နိုင်ပါသည်။
Copy ယူလျှင် Creditအပြည့်ပေးပါ။
ဖြတ်ညှပ်ကပ်လုပ်ခြင်း လုံး၀ လက်မခံပါ။

naung
Written by Myint Naung (Htoo Aung)

Photos from Body Fix fitness's post 24/12/2021

GYM ကစား ရင်း မှားနေတာ လေးဗျား you လဲမှန်အောင် ကစားနေလာဗျား😊

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Taunggyi