1XBET Partner Lin Htike

1XBET Partner Lin Htike

Share

1X bet Unit အထုတ်သွင်းအတွက်
ဒီမှာနှိပ်ပါဗျ t.me/aungthumoe117
City-Taunggyi
Street-Red Goal

19/10/2025

အောင်လအန်ဆန်း သို့မဟုတ် မြန်မာ့ အားကစားသမိုင်းမှာ ထာဝရအမှတ်တရဖြစ်မယ့် သူရဲကောင်း

"The Burmese Python" လို့ လူသိများတဲ့ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး MMA အိုင်ကွန်တစ်ဦးဖြစ်ပြီး ONE Championship ကမ္ဘာ့ချန်ပီယံ division နှစ်ခုမှာ ချန်ပီယံဘွဲ့ကိုင်ဆောင်ခဲ့သူပါ။ 2017 ခုနှစ်မှာ ONE Middleweight ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး ကမ္ဘာ့အားကစားချန်ပီယံ ဖြစ်လာခဲ့သလို၊ 2018 မှာ ONE Light Heavyweight ကမ္ဘာ့ချန်ပီယံဘွဲ့ကိုပါ ဆွတ်ခူးကာ တစ်ချိန်တည်းမှာ ဘွဲ့နှစ်ခု ကိုင်ဆောင်ခဲ့သူပါ။ 2025 ခုနှစ် အောက်တိုဘာလမှာ TKO အနိုင်ရပြီး အောင်မြင်စွာ အနားယူခဲ့ပြီး၊ အဲဒီညမှာပဲ ONE Championship Hall of Fame ထဲ ထည့်သွင်းမယ်လို့ ကြေညာခံရပါတယ်။

မြစ်ကြီးနားမှာ 1985 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အောင်လအန်ဆန်း ဟာ 2003 ခုနှစ်မှာ အမေရိကန်ကို ပညာသင်ဖို့ သွားရောက်ခဲ့ပြီး Andrews University မှာ စိုက်ပျိုးရေးသိပ္ပံ ဘွဲ့ရခဲ့ပါတယ်။

နောင်တစ်ချိန်မှာ ကစားသမားအဖြစ် မြင်တွေ့ရတော့မည်မဟုတ်တဲ့
နည်းပြအဖြစ်သာ မြင်ခွင့်ရတော့မယ့်
ကျနော်တို့ရဲ့ အချစ်တော်ကြီး။

28/07/2024

မန်ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေသူပါ။

>>>>>>>>

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံးပွဲစဉ်အဖြစ် ရိန်းဂျားစ်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး ပြန်လည်အဆင်ပြေခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကိုယ်တိုင်က ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။

ဒါပေမယ့် L'Equipe က ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားတဲ့တောင်ပံကစားသမား ဘာပေရဲ့နေရာမှာအစားထိုးဖို့ ရှာဖွေနေတာဖြစ်ပြီး ဆန်ချိုဟာ သူတို့ရဲ့ပစ်မှတ်ထဲမှာ ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် PSG အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းကလည်း PSG အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အူဂါတေးနဲ့ ဇာဗီဆိုင်မွန်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

1Xbet promo code ATM000

Photos from 1XBET Partner Lin Htike's post 27/07/2024

My favorite team is Manchester United

Photos from 1XBET Partner Lin Htike's post 25/07/2024

Manchester is Red မဟုတ်တော့ပဲ
Blue ဖြစ်သွားတဲ့ဝတ်စုံ
မခန့်ညားတော့ဘူး ကွာ
မိချယ်နဲ့ အရောင်မတူချင်တာပါဆို

20/07/2024

မန်ယူနိုက်တက်အသင်းတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့ခြင်းအတွက် မာဆေးလ်ပရိသတ်တွေဟာ မာဆေးလ်အသင်းကို ဒေါသထွက်နေကြပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုခဲ့ကြပါတယ်။

မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ပေါင်(၂၇)သန်း၊ Add-ons ကြေးပေါင်(၃.၂)သန်းနဲ့ ခေါ်ယူပြီး ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

>>>>>>>

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်နိုင်ခဲ့သလို၊ ကလပ်အသင်းရဲ့တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂ အောက်တိုဘာက မုဒိမ်းမှုအပါအဝင် စွဲချက်အများအပြားနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် ၂၀၂၃ ဖေဖော်ဝါရီမှာ စွဲဆိုထားတဲ့အမှုတွေအားလုံးဟာ ရုပ်သိမ်းသွားခဲ့တာပါ။

ဒါပေမယ့် မာဆေးလ်အသင်းပရိသတ်အချို့ဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကလပ်အသင်းက စတင်ကြိုးပမ်းကတည်းက ဆိုတဲ့လှုပ်ရှားမှုကို စတင်ခဲ့ပြီး သူ့ကို မလိုလားတဲ့သဘောထားကို ပြခဲ့ကြပါတယ်။

ဂရင်းဝုဒ်ကို မာဆေးလ်အသင်းခေါ်ယူခဲ့တဲ့အပေါ် ပရိသတ်အချို့က ကြိုဆိုခဲ့ကြပေမယ့် ပရိသတ်အချို့ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက "ကလပ်ကို အားပေးရတာကို ဘယ်တုန်းကမှ မရှက်ခဲ့ပေမယ့် ဒီလူကို ငါတို့ရဲ့အရောင်နဲ့ မြင်တွေ့ရလို့ ရွံရှာမိပါတယ်။ သူ့ကိုကာကွယ်ပေးပြီး ထောက်ခံတဲ့သူတွေကိုလည်း ရွံရှာတယ်"လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တချို့ကလည်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဂရင်းဝုဒ်ကို ဝေဖန်ခဲ့ကြပါတယ်။

မာဆေးလ်အသင်းဟာ သြဂုတ်(၃)ရက်မှာ ဆန်းဒါးလန်းအသင်းနဲ့ ဘရက်ဖိုဒ့်အသင်းရဲ့အိမ်ကွင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပွဲဟာ ဂရင်းဝုဒ်အတွက် ၂၀၂၂ ဇန်နဝါရီနောက်ပိုင်း အင်္ဂလန်မှာ ကစားမယ့် သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်လာဖွယ်ရှိနေပါတယ်။

20/07/2024

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေဟာ အသင်းဟောင်း PSG အသင်းဆီကနေ သူရဖို့ရှိတဲ့ လစာကြွေးကျန်တွေ မရရှိဘူးဆိုရင် တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင်ဖြစ်သူ ဖေဇာလာမာရီက Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ပြင်သစ်လီဂူး-၁ လက်ရှိချန်ပီယံ PSG အသင်းဟာ ဘာပေကို လစာအပြင် အပိုဆုကြေးအတွက် ယူရိုသန်း(၈၀)ပေးချေရခြင်းမရှိသေးဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

>>>>

အသက်(၂၅)နှစ်အရွယ်ရှိ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးတဲ့ ဇွန်ကထွက်ခွာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် ဘာနေဗျူးရှိ ပရိသတ်ပေါင်း(၈)သောင်းကျော်အရှေ့မှာ တရားဝင်မိတ်ဆက်ခဲ့တာပါ။

Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာပေအနေနဲ့ PSG အသင်းကို တရားရုံးဆီခေါ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းခဲ့ရာမှာ ဘာပေရဲ့မိခင်ဖြစ်သူ ဖေဇာလာမာရီက "ကျွန်မတို့မှာ တခြားရွေးချယ်စရာမရှိဘူးဆိုရင် ဒါကိုလုပ်ဆောင်သွားမှာပါ။ လွန်ခဲ့တဲ့(၂)နှစ်က စာချုပ်ကိုလေးစားဖို့ အလွန်မျှော်လင့်ပါတယ်"လို့ ဖြေခဲ့ပါတယ်။

PSG အသင်းတာဝန်ရှိသူတွေကတော့ အသင်းကနေ ဘာပေအလွတ်နဲ့ထွက်ခွာတဲ့အပေါ် စိတ်ပျက်ပြီး သူ့ကိုပေးချေရမယ့် ငွေကြေးပေးချေဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဘာပေဟာ PSG အသင်းမှာ (၇)ရာသီကြာကစားခဲ့ပြီး (၃၀၈)ပွဲကစားခဲ့ရာမှာ (၂၅၆)ဂိုးသွင်းပြီး ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့တာပါ။ ဘာပေဟာ PSG အသင်းနဲ့အတူ ပြင်သစ်လီဂူး-၁ ဖလား(၆)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၅)ခု ရယူနိုင်ခဲ့ပါတယ်။

20/07/2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာမှာ ယူရို-၂၀၂၄ ချန်ပီယံစပိန်အသင်းက အဆင့်(၅)ဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံနဲ့ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းက အရင်အတိုင်း ထိပ်ဆုံးနံပါတ်(၁)နေရာမှာ ဆက်လက်ဦးဆောင်ခဲ့ပြီး (၁)နှစ်(၃)လကြာ ထိပ်ဆုံးနေရာကို ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

>>>>>>>

အာဂျင်တီးနားအသင်းအနေနဲ့ ၂၀၂၃ ခုနှစ်ဧပြီလကတည်းက ကမ္ဘာ့အဆင့်(၁)နေရာကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး လက်ရှိအသင်းရဲ့အောင်မြင်မှုတွေအရ ရမှတ်တွေများစွာရရှိနေတာကြောင့် ဒီနေရာမှာ ဆက်လက်တည်မြဲနေဦးမှာ ဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ ပြင်သစ်အသင်းကလည်း အာဂျင်တီးနားလိုပဲ အဆင့်(၂)နေရာကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အရင်ထုတ်ပြန်မှုမှာ အဆင့်(၈)နေရာမှာ ရှိခဲ့တဲ့ စပိန်အသင်းက အဆင့်(၅)ဆင့်တိုးကာ အဆင့်(၃)နေရာကို ရောက်လာပြီး အရင်အဆင့်(၃)မှာ ရှိခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းက အဆင့်(၃)ဆင့်ကျကာ အဆင့်(၆)ကို ရောက်သွားခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ခဲ့တဲ့ အင်္ဂလန်အသင်းက အဆင့်(၁)ဆင့်မြင့်တက်ခဲ့ပြီး အဆင့်(၄)ကို ရောက်လာခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ခဲ့တဲ့ ကိုလံဘီယာအသင်းကလည်း အဆင့်(၃)ဆင့်တက်ကာ အဆင့်(၉)ကို ရောက်လာခဲ့ပါတယ်။ ထိပ်ဆုံး(၁၀)သင်းစာရင်းမှာတော့ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီတို့ အဆင့်ကျခဲ့ပြီး အာဂျင်တီးနား၊ ပြင်သစ်၊ နယ်သာလန်နဲ့ အီတလီတို့ကတော့ အရင်အဆင့်အတိုင်းရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းက အရင်ထုတ်ပြန်မှုထက် အဆင့်(၂)ဆင့်လျော့ကျကာ အဆင့်(၁၆၆)ကို ရောက်သွားခဲ့ပါတယ်။

17/07/2024

ယူရို -၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးနိမ့်အပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းက နုတ်ထွက်ခဲ့တဲ့ နည်းပြဆောက်ဂိတ်နေရာမှာ အစားထိုးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူတွေက နည်းပြသစ်ရှာဖွေလျက်ရှိနေပါတယ်။

ဖိအားများတဲ့ ထိုင်ခုံပူလို ဖြစ်နေတဲ့ ဒီနည်းပြရာထူးနေရာအတွက် လက်ရှိမှာ နည်းပြပေါင်းများစွာက ရေပန်းစားနေပါတယ်။

>>>>>>>>

ဘွတ်ကီဒိုင်တွေက ကြေးအမြင့်ဆုံးပေးပြီး ရေပန်းအစားဆုံးဖြစ်နေတဲ့ နည်းပြတွေက လက်ရှိနယူးကာဆယ်နည်းပြအက်ဒီဟောင်း၊ ဘရိုက်တန်နဲ့ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊ လက်ရှိအင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေ အစရှိသူတို့ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းတာဝန်ရှိသူတွေက အက်ဒီဟောင်းကို လက်မလွှတ်ရဖို့ အတတ်နိုင်ဆုံး ကာကွယ်တားဆီးသွားမယ်လို့ ပြောဆိုနေတဲ့တိုင် သူ့ရဲ့အမည်က ရေပန်းစားမှုမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။

လီကာစလေကတော့ နာမည်ကြီး နည်းပြတစ်ဦးမဟုတ်ပေမယ့် ဆောက်ဂိတ်ကိုယ်တိုင် ၂၀၁၆ ခုနှစ်မှာ ယူ-၂၁ အသင်းနည်းပြဘဝကနေ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာတာကြောင့် လီကာစလေလည်း ဆောက်ဂိတ်ခြေရာနင်းနိုင်မလားဆိုပြီး ဘွတ်ကီတွေက အလေးပေးချက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီအင်္ဂလိပ်လူမျိုးနည်းပြ(၃)ဦးရဲ့နောက်မှာ ယာဂန်ကလော့ပ်(ဂျာမနီ)၊ ပိုချက်တီနို(အာဂျင်တီးနား)၊ တူချယ်လ်(ဂျာမနီ)အစရှိတဲ့ နိုင်ငံခြားသားထိပ်သီးနည်းပြတွေ ရှိနေပါတယ်။ ဒီနည်းပြတွေက လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတာကြောင့် အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်နိုင်ခြေရေပန်းစားမှှုမှာ ပါဝင်နေတာဖြစ်ပြီး အဲရစ်ဆင်(ဆွီဒင်)၊ ကာပယ်လို(အီတလီ)တို့လို နိုင်ငံခြားသားနည်းပြတွေလက်ထဲ အသင်းကို ယုံယုံကြည်ကြည်အပ်နှံဖူးတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အနေနဲ့ နိုင်ငံခြားသားနည်းပြခန့်အပ်ဦးမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

လက်ရှိမှာ ဘောလုံးလောင်းကစား ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်အရ ရေပန်းအစားဆုံးဖြစ်နေတဲ့နည်းပြတွေနဲ့ သူတို့ရဲ့အလေးပေးချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း
နည်းပြသစ် ရေပန်းစားနေသူများ
====================
■ အက်ဒီဟောင်း (၅/၂)
■ ဂရေဟမ်ပေါ်တာ (၃/၁)
■ လီကာစလေ (၇/၂)
■ ယာဂန်ကလော့ပ် (၇/၁)
■ ပိုချက်တီနို (၈/၁)
■ တူချယ်လ် (၁၀/၁)
■ လမ်းပတ် (၂၀/၁)

17/07/2024

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ်အဖြစ် ဘာနေဗျူးကွင်းထဲရှိ ပရိသတ်ပေါင်း(၈)သောင်းကျော်အရှေ့မှာ မိတ်ဆက်မှုပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းအတွက် သူအရာအားလုံးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်က PSG အသင်းကနေ ထွက်ခွာခဲ့တဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာပါ။

>>>>>>>>

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကိုခေါ်ယူဖို့ ကာလရှည်ကြာစိတ်ဝင်စားခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၂၂ တွေမှာ ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ဘာပေဟာ PSG အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို ကစားသမားသစ်အဖြစ် မိတ်ဆက်နိုင်ခဲ့ပြီဖြစ်တာပါ။ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ သူ့ရဲ့စံပြ စီရော်နယ်ဒိုရောက်ရောက်ချင်းဝတ်ဆင်ခဲ့တဲ့ ကျောနံပတ်(၉)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဘာပေက "ရီးရဲလ်မက်ဒရစ်မှာကစားဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့တာက ဒီနေ့မှာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျနော်ဟာ ဖလော်ရန်တီနိုပီရက်ဇ်ကို ပထမဆုံးကျေးဇူးတင်ချင်ပါတယ်။ သူဟာ ပထမနေ့ကတည်းက ကျွန်တော့်ကိုယုံကြည်ခဲ့ပါတယ်။ အခုကျွန်တော် ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်သွားပါပြီ။ ကျွန်တော်ဟာ ကလပ်နဲ့ ဒီတံဆိပ်အတွက် အရာအားလုံးပေးသွားမယ်"လို့ ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီလအကုန်ပိုင်းမှာ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ဘာပေဟာ ဒီခရီးစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လိုက်ပါပြီး သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

17/07/2024

မနေ့က ဝုလ်ဗ်စ်(၁-ဝ)ကိုမို ရာသီကြိုခြေစမ်းပွဲစဉ်မှာ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီချန်း လူမျိုးရေးခွဲခြားခံခဲ့ရတာကြောင့် ဝုလ်ဗ်စ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ တရားဝင်တိုင်ကြားဖို့ စီစဉ်နေပါတယ်။

ဒီပွဲစဉ်မှာ ဟွမ်ဟီချန်းဟာ ကိုမိုအသင်းကစားသမားတစ်ဦးရဲ့လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီး ဝုလ်ဗ်စ်အသင်းတောင်ပံကစားသမား ပိုဒန့်စ်ကတော့ ပြိုင်ဘက်ကစားသမားကို ထိုးခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပါ။

>>>>>>

ပိုဒန့်စ်ထိုးခဲ့တဲ့ ကစားသမားဟာ သူ့ရဲ့ဝုလ်ဗ်စ်အသင်းဖော် ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့သူလားဆိုတာတော့ မသိရတာဖြစ်ပါတယ်။ ဟွမ်ဟီချန်းဟာ လူမျိုးရေးခွဲခြားမှုခံခဲ့ရပြီးနောက် နည်းပြ၊အသင်းဖော်တွေနဲ့ ဆွေးနွေးမှုပြုလုပ်ကာ ပွဲကိုဆက်ပြီးပါဝင်ကစားဖို့ ရွေးချယ်ခဲ့တာပါ။ ဟွမ်ဟီချန်းဟာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ကြားခဲ့ရတာကြောင့် အလွန်စိတ်ပျက်နေခဲ့တယ်လို့ ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ပွဲအပြီးကလပ်မီဒီယာကို ပြောခဲ့ပါတယ်။

ဂယ်ရီအိုနေးလ်က "ကျွန်တော်ဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဟွမ်ဟီချန်းနဲ့ စကားပြောခဲ့ပါတယ်။ သူဟာ အလွန်စိတ်ပျက်နေပေမယ့် ပွဲကိုဆက်ပြီးရှိဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာ ဒီလိုအဖြစ်အပျက်တွေက မကောင်းပါဘူး။ ဒီလိုမျိုးတွေက ဘယ်တော့မှမဖြစ်သင့်ပါဘူး"လို့ ဆိုခဲ့တာပါ။

ဝုလ်ဗ်စ်အသင်းက"ဘယ်လိုပုံစံနဲ့မဆို လူမျိုးရေးခွဲခြားမှုတွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး UEFA ထံ တရားဝင်တိုင်ကြားမှုတစ်ခုကို တင်ပြသွားမယ်"လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံတကာဘောလုံးပွဲတွေကစားဖို့
1Xbet Acc ဖွင့်ရန် Promo code ATM000

17/07/2024

ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေရဲ့မိတ်ဆက်ပွဲကို ဘာနေဗျူးကွင်းမှာ ကျင်းပခဲ့ရာမှာ ပရိသတ်(၈၀၀၀၀)ကျော် ကွင်းအတွင်းလာရောက်အားပေးခဲ့ကြပါတယ်။

ဘာပေရဲ့မိတ်ဆက်ပွဲက လွန်ခဲ့တဲ့ (၁၅)နှစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရ ပေါ်တူဂီတောင်ပံကစားသမားစီရော်နယ်ဒိုရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ပြန်အမှတ်ရစေပါတယ်။

>>>>>>>>>

ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက်မှာ သူတို့နှစ်ဦးရဲ့မိတ်ဆက်ပွဲအခမ်းအနားက ပရိသတ်အများဆုံးတက်ရောက်တဲ့မိတ်ဆက်ပွဲတွေအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

မိတ်ဆက်ပွဲမပြုလုပ်မီ ဘာနေဗျူးကွင်းအတွင်းမှာ ဘာပေကို ဆေးစစ်ခဲ့ပြီး ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးမီဒီယာတွေ့ဆုံပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဘာပေက သူ့ဘဝတစ်လျှောက်လုံးမျှော်မှန်းထားတဲ့အရာတွေ ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ခြင်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

ဘာပေ မိတ်ဆက်ပွဲကျင်းပတဲ့ ဘာနေဗျူးကွင်းအတွင်းက စင်မြင့်ထက်မှာ ရီးရဲလ်မက်ဒရစ်အသင်းရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလား(၁၅)လုံးကို တင်ထားခဲ့ပြီး ဒီဖလားတွေအနားမှာ ကြီးမားတဲ့ Screen ကြီးတစ်ခုထားရှိပါတယ်။

စင်မြင့်ထက်ကို ရောက်ရှိလာပြီးနောက် ဘာပေက ပရိသတ်တွေနဲ့အတူ "Uno(1)..Dos(2)..Tres(3)..HALA MADRID !" လို့ ကြွေးကြော်ခဲ့ပါတယ်။

ဒီလိုလုပ်တာက ၂၀၀၉ ခုနှစ်က စီရော်နယ်ဒိုလုပ်ခဲ့သလို လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေက သူ့ရဲ့စံပြကစားသမားနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုလို ကစားသမားမျိုးက တုပလို့မရနိုင်ကြောင်းနဲ့ နောက်ထပ်ပေါ်ထွက်လာဖို့ မရှိကြောင်း ပြောခဲ့ပါတယ်။ ဒီအသင်းကို သူပြောင်းရွှေ့ခဲ့ရာမှာ စီရော်နယ်ဒိုထံက အကြံဉာဏ်ကောင်းများစွာနဲ့ အကူအညီတွေရခဲ့ကြောင်းလည်း ဘာပေက ဆိုခဲ့ပါတယ်။

နိုင်ငံတကာဘောလုံးပွဲတွေကို
1Xbet မှာ Acc ဖွင့်ကစားနိုင်ပါသည်
Promo code. ATM000

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Pan Tha Zin Street
Taunggyi