2026 ခုနစ် တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ အား Facebook တွင် live လွှင့်ရန် အခက်အခဲရှိပါသဖြင့် အောက်ဖော်ပြပါ telegram link တွင် live လွှင့်ပြီး video တင်ပေးပါမည်။
https://t.me/shantaekwondo
Shan Taekwondo family
this page is not a business page. This page is about some activities about SHAN STATE TAEKWONDO FEDERATION.
06/05/2026
5.5.2026 ရက်နေ့တွင် ရှမ်းပြည်နယ် တိုက်ကွမ်ဒို ဆပ်ကော်မတီမှ နွေရာသီ သင်တန်းသားအသစ်များ နှင့် ကာလာတန်းများ ခါးစည်းအဆင့်စစ်ဆေးမှုပြုလုပ်။
_____________________________________________________
5.5.2026 ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရှမ်းပြည်နယ် ပြည်နယ်အားကစားကွင်းအတွင်းရှိ ရှမ်းပြည်နယ် တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံ၌ ရှမ်းပြည်နယ်တိုက်ကွမ်ဒို နည်းပြချုပ် နှင့် ရှမ်းပြည်နယ်တိုက်ကွမ်ဒို ဆပ်ကော်မတီ အတွင်းရေးမှူး ဖြစ်သော ဆရာဦးစိုင်းထွန်းထွန်းမှ ကြီးမှူး၍ နွေရာသီတိုက်ကွမ်ဒိုသင်တန်းမှ သင်တန်းသားအသစ်များနှင့် ခါးစည်းအမြင့်များဖြစ်ကြသော ကာလာတန်း (အဝါ၊အစီမ်း၊အပြာ နှင့်အညို) များအား ခါးစည်းအဆင့်မြင့်တင်ရေး စစ်ဆေးခြင်းများကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုကျင်းပပြုလုပ်သော ခါးစည်းအဆင့်မြင့်တင်ခြင်းတွင်
အဖြုမှအဝါသို့ ၆၀ ဦး
အဝါမှအစိမ်းသို့ ၁၉ ဦး
အစိမ်းမှအပြာသို့ ၂၃ ဦး
အပြာမှ အညိုသို့ ၃ ဦး
အညိုမှ အနီ သို့ ၄ ဦး စသည်ဖြင့် အသီးသီးဝင်ရောက်၍ စစ်ဆေးခြင်းခံယူကြပါသည်။ စစ်ဆေးမှုရလဒ်အဖြေများအား ယနေ့ 6.5.2026 ညနေပိုင်း သင်တန်းချိန်တွင် လေ့ကျင့်ရေးရုံအပြင်၌ ကပ်၍ ကြေငြာသွားမည်ဖြစ်ပါသည်။
#ရှမ်းပြည်နယ်တိုက်ကွမ်ဒိုဆပ်ကော်မတီ
Content by paing zay
Camera by Pai Pai.
01/05/2026
တိုက်ကွမ်ဒိုဆရာဦးစိုင်းထွန်းနှင့်ဒေါ်နန်းမိုလျှမ်းတို့၏သားရှင်ပြုအလှူတော်မင်္ဂလာကို သင်တန်းသူ သင်တန်းသားများ၊သင်တန်းသားဟောင်းများ၊သင်တန်းသားမိဘများ၊ ဆရာ ဆရာမများနှင့် မိတ်ဆွေများ ကြွရောက်ချီးမြင့်ပေးပါရန် ဖိတ်ကြားပါတယ်ခင်ဗျား😊
03/02/2026
2026 ခုနစ် နွေရာသီ တိုက်ကွမ်ဒိုအခြေခံသင်တန်း ဖွင့်လှစ်ကြောင်းကြေငြာခြင်း။
2026 ခုနစ် နေရာသီတိုက်ကွမ်ဒိုသင်တန်းများ (၁၀.၂.၂၀၂၅) ရက်နေ့မှစ၍ စတင်လက်ခံပါပြီ။ သင်တန်းလက်ခံမည့်နေရာကတော့ ပြည်နယ်အားကစားဝန်းအတွင်းရှိ သုံးထပ်ဆောင်အပေါ်ဆုံးထပ် ညာဘက်(မြောက်ဘက်) အခန်း(တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံ)မှာဖြစ်ပါတယ်။သင်တန်းလက်ခံချိန်ကတော့ ညနေ (၅) နာရီမှ (၇) နာရီအထိဖြစ်ပါတယ်။
08/12/2025
ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်သော ၃၃ ကြိမ်မြောက် ASIAN SEA GAME သို့သွားရောက်ယှဥ်ပြိုင်သည့် ရှမ်းပြည်နယ်မှ ကစားသမား၂ဦး ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိလာပါစေလို့ဆုတောင်းပေးရင်း အားပေးလိုက်ပါတယ်။
07/12/2025
💥💥ကဲကဲကဲ သတင်းကောင်းလေးဗျာ💥💥
လူကြီးမင်းတို့စောင့်မျှော်နေသော။ မျှော်လင့်နေသော။ ရှမ်းပြည်နယ်တိုက်ကွမ်ဒို ဆပ်ကော်မတီ နှင့် တောင်ကြီး Brainworks Taunggyi International School တို့မှပူးပေါင်း၍ ကြီးမူးကျင်းပသော တတိယအကြိမ်မြောက် ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်ပိုင်ကျောင်းပေါင်းစုံ တိုက်ကွမ်ဒိုဖိတ်ခေါ်ပြိုင်ပွဲ အချိန်ကြီး ရောက်ရှိလို့လာပါပြီ။ ထိုပြိုင်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်အသီးသီး၊ မြို့နယ်အသီးသီးမှ တိုက်ကွမ်ဒိုသင်ကြားနေသော ကိုယ်ပိုင်ကျောင်းများ ဝင်ရောက်ယှဥ်ပြိုင်ကြပါသည်။
ပြိုင်ပွဲကျင်းပမည့်နေရာ : : Brainworks Taunggyi International School
ပြိုင်ပွဲကျင်းပမည့်နေ့ရက် : : (13.12.2025)(စနေနေ့)
ပြိုင်ပွဲကျင်းပမည့်အချိန် : : နံနက် (၇)နာရီမှ ညနေ (၆) နာရီအထိ။
ပါဝင်ယှဥ်ပြိုင်မည့်ကျောင်းများ ။ ။
(၁) Brainworks Taunggyi International School
(၂) The First Taunggyi International School
(၃) Motherland Taunggyi Private School
(၄) ပန်းပျိုးခင်း Taunggyi Private School
(၅) New Light Taunggyi Private School
(၆) Rise Taunggyi Private School
(၇) The Golden School Taunggyi Private school
(၈) The Young Dove Taunggyi Private School
(၉) Future Star Taunggyi Global School
(၁၀) Shwe Gon San Aye Thar Yar Private School
(၁၁) Paragon Hopone Private School
(၁၂) Htoo Myat Eain Hopone Private School
(၁၃) New Light Hopone Private School
(၁၄) Futrue Star Hopone Private School
(၁၅) ဥာဏ်အလင်းတန်း Shwe Nyaung Private School
(၁၆) Inle Heritage Nyaung Shwe Private School
(၁၇) LEA Aung Ban Private School
(၁၈) Sar Pan Yike Aung Ban Private School
(၁၉) Pyin Nyar Yoma Aung Ban Private School
(၂၀) အောင်မြင်မြေ Aung Ban Private School
တိုက်ကွမ်ဒိုသင်တန်း တန်ဆောင်တိုင်အတွင်းပိတ်ပါမည် လပြည့်ကျော်တရက် 6•11•2025 ပြန်ဖွင့်ပါမယ် အချိန်ရာသီအရအကြိုအပို့ခက်ခဲမူရှိပါသဖြင့်
#ရှမ်းပြည်နယ်တိုက်ကွမ်ဒို ဆပ်ကော်မတီ
Fb တွင်အဆင်မပြေပါသဖြင့် telegram channel သို့လာပေးပါ။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Taunggyi