09/10/2025
Parami Development Network (PDN - Taunggyi) မှ အောက်ဖော်ပြပါဝန်ထမ်းများခေါ်ယူနေပါတယ်
Engineer
https://www.facebook.com/share/p/1BVbqCT3VD/
M&E cm Training Coordinator
https://www.facebook.com/share/p/1GjTSYqCgx/
Project Manager/ Coordinator
https://www.facebook.com/share/p/1BP4Cbo3Pg/
07/10/2025
အလုပ်ခေါ်စာ
ပါရမီဖွံ့ဖြိုးရေးကွန်ယက် မှ အောက်ဖော်ပြပါ ရာထူးအတွက် ဝန်ထမ်းခေါ်ယူနေပါတယ် (တောင်ကြီး၊ ညောင်ရွှေ)
Engineer
https://www.facebook.com/share/p/1BVbqCT3VD/
M&E cm Training Coordinator
https://www.facebook.com/share/p/17KvkwRq7w/
Project Manager/ Coordinator
https://m.facebook.com/story.php?story_fbid=2637313649948460&id=100010095529459&mibextid=Nif5oz
05/10/2025
အလုပ်ကြေညာစာ (Vacancy Announcement)
ရာထူး (Job Title) - Project Manager/ coordinator (1) Post
အစီရင်ခံရမည့် ပုဂ္ဂိုလ် (Report to) - Executive Director
စီမံကိန်းမြို့နယ် (Project Area) - ညောင်ရွှေမြို့နယ် (အင်းလေးဒေသ)
ကာလ (Duration) - ၅ - လ (October 2025 to March 2026 - 5 Months)
Vacancy closing date - October 14, 2025
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများ၏ လမ်းညွှန်မှုအရ နိုင်ငံတကာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် နိုင်ငံရေးပါတီများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ပါရမီဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ကို ၂၀၁၂-ခုနှစ်တွင် ဖွဲ့စည်း၍ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အမည်ဖြင့် ၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီ လတွင် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၂/ရှမ်း/၀၂၄ နှင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် ၂/ပြည်တွင်း/၀၀၇(၂၀၂၂) တို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၌ Enhanced Livelihood Recovery and Community Resilience in Earthquake-Affected Areas Project (ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေးနှင့် ရပ်ရွာခံနိုင်ရည်အား မြှင့်တင်ရေးစီမံကိန်း) တွင် ဆောက်လုပ်ရေးလုပ်ငန်းတည်ဆောက်ခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းကို ဒေသခံပြည်သူလူထုများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူ အပါအဝင် ပြည်သူလူထုနှင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းနှင့် ထိပါး နှောင့်ယှက်ခြင်းတို့နှင့် ပတ်သက်သော ပြစ်မှုမျိုးကို လုံးဝသည်းမခံသော အဖွဲ့အစည်းဖြစ်ပြီး ထိုကဲ့သို့သော ကိစ္စရပ်များပေါ်ပေါက်ပါက အလုပ်ထုတ်ပယ်သည်အထိ ပြင်းထန်စွာအရေးယူဆောင်ရွက်ပါမည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် အောက်တွင်ဖော်ပြထားသော အဓိကတာဝန်ဝတ္တရားများနှင့် လိုအပ်သော အရည်အချင်း၊ အတွေ့အကြုံများနှင့် ပြည့်မီသူကို ခေါ်ယူလျှက်ရှိပါသောကြောင့် အရည်အချင်း ပြည့်မှီသူ မည်သူမဆို ပြည့်စုံစွာဖြည့်စွက်ထားသော ကိုယ်ရေး အကျဉ်းပုံစံ (cv form)၊ Cover Letter ဖြင့် လျှောက်ထားနိုင်ပါသည်။
အဓိက တာဝန်နှင့် လုပ်ပိုင်ခွင့်များ (Key Responsibilities)
၁။ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု (Project Implementation & Strategic Management)
• စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းအစီအစဉ် (Work Plan) နှင့် ဘတ်ဂျက် (Budget) ကို ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် လိုအပ်သလို ပြန်လည်ညှိနှိုင်းခြင်း။
• အဓိက ရည်မှန်းချက်များနှင့် ရလဒ်များ (Outputs) အားလုံး အောင်မြင်စေရန် Village Development Committees (VDCs - ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ) နှင့် Community Contractors တို့အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ထိရောက်စွာ ဆက်သွယ် ညှိနှိုင်းဆောင်ရွက် ခြင်း။
• အလှူရှင်၊ အစိုးရဌာနများနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများသို့ တရားဝင် ကိုယ်စားပြု ဆက်သွယ် ဆောင်ရွက်ခြင်း။
• စီမံကိန်းလုပ်ငန်းများ၏ အရည်အသွေး၊ စံချိန်စံညွှန်းများကို အဖွဲ့အစည်း၏ မူဝါဒများ၊ အလှူရှင်၏ သတ်မှတ်ချက်များနှင့်အညီ တိကျစွာ အကောင်အထည်ဖော်နေမှုကို အမြဲမပြတ် သေချာစေရန်နှင့် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်သလို အကြံပြုညွှန်ကြားရန်။
• စီမံကိန်းအောင်မြင်မှုကို ထိခိုက်စေနိုင်သော အခက်အခဲနှင့် စိန်ခေါ်မှုများကို ကြိုတင်ခန့်မှန်း ဖော်ထုတ်ပြီး ထိရောက်သော ဖြေရှင်းမှုနည်းလမ်းများ (Mitigation Strategies) ကို ရေးဆွဲ အကောင်အထည်ဖော်ရန်။
• လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်း/ကျား-မအခြေပြု အကြမ်းဖက်မှု (SEA-GBV)၊ နှင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ရမည်။
• အဓိက စွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) (အရည်အသွေး၊ လုပ်ငန်းရက်၊ ကျားမပါဝင်မှု၊ CFM ဖြေရှင်းမှု၊ စစ်ဆေးမှုများ) ကို ပုံမှန် ပြန်လည်စစ်ဆေးခြင်းနှင့် လုပ်ငန်းနောက်ကျကျန်မှုများကို ဖြေရှင်းဆောင်ရွက်ရမည်။
၂။ စောင့်ကြည့်အကဲဖြတ်ခြင်း၊ သင်ယူမှုနှင့် အစီရင်ခံခြင်း (Monitoring, Evaluation, Learning & Reporting)
• စီမံကိန်း၏ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း (M&E) စနစ်ကို M & E ဌာနနှင့် ပူးပေါင်း၍ တည်ဆောက်စီမံခန့်ခွဲပြီး ရရှိလာသော အချက်အလက်များကို ပိုင်းခြားစိတ်ဖြာ သုံးသပ်ကာ စီမံကိန်း၏ တိုးတက်မှုနှင့် အကျိုးသက်ရောက်မှုကို တိုင်းတာရန်။
• စီမံကိန်းအဖွဲ့ထံမှ လစဉ်၊ သုံးလပတ်နှင့် နှစ်စဉ် အစီရင်ခံစာများကို ခြုံငုံသုံးသပ်၍ အလှူရှင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့များသို့ အရည်အသွေးပြည့်မီသော အစီရင်ခံစာများ (Donor Reports) အချိန်မီ တင်ပြနိုင်ရေးကို အလုံးစုံ တာဝန်ယူရန်။
• စီမံကိန်းသုံးသပ်ချက် အစည်းအဝေးများကို ဦးဆောင်ကျင်းပပြီး ရရှိလာသော သင်ခန်းစာများ (Lessons Learned) ကို မှတ်တမ်းတင်ကာ နောက်ဆက်တွဲ စီမံကိန်းလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် မဟာဗျူဟာကျကျ ပြင်ဆင်အသုံးချရန်။
၃။ ဘဏ္ဍာရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် အရင်းအမြစ် စီမံခန့်ခွဲမှု (Financial, Operational & Resource Management)
• စီမံကိန်းတစ်ခုလုံး၏ ဘတ်ဂျက်သုံးစွဲမှုကို အလုံးစုံ တာဝန်ယူ၍ အနီးကပ်စောင့်ကြည့်လေ့လာပြီး၊ အသုံးစရိတ်များက သတ်မှတ်ထားသည့် ဘဏ္ဍာရေးမူဝါဒ၊ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ရန်။
• စီမံကိန်းအဖွဲ့မှ တင်ပြလာသော ဘတ်ဂျက်အဆိုပြုလွှာများ၊ ငွေစာရင်းရှင်းတမ်းများကို ပြန်လည်စစ်ဆေးအတည်ပြုပေးပြီး ဘဏ္ဍာရေးဌာနနှင့် ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တာဝန်ယူရန်။
• စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းဝယ်ယူရေး (Procurement)၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ခြုံငုံကြီးကြပ်ကွပ်ကဲရန်။
လိုအပ်သော အရည်အချင်းနှင့် အတွေ့အကြုံများ (Required Qualifications & Experience)
ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
ဝန်ထမ်းများကို တိုက်ရိုက်အုပ်ချုပ်ကွပ်ကဲခြင်း၊ ဘတ်ဂျက်ကို စီမံခန့်ခွဲခြင်း အပါအဝင် လူထုအခြေပြု လုပ်ငန်းများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများ သို့မဟုတ် လူမှု/ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စီမံကိန်း ညှိနှိုင်းဆောင်ရွက်သူ/မန်နေဂျာ အဆင့် အတွေ့အကြုံ အနည်းဆုံး (၅) နှစ် ရှိရမည်။
စီမံကိန်း ရေးဆွဲခြင်း (Design)၊ အကောင်အထည်ဖော်ခြင်း (Implementation)၊ စောင့်ကြည့်အကဲဖြတ်ခြင်း (M&E) နှင့် အဆုံးသတ်ခြင်း (Closing) အထိ စီမံကိန်းလည်ပတ်မှုစက်ဝန်း (Project Cycle Management) တစ်ခုလုံးကို နားလည်ပြီး လက်တွေ့လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံရှိရမည်။
လုပ်ငန်းခွင် အဖွဲ့ဝင်များ (အင်ဂျင်နီယာ၊ သင်တန်း) ကို ထိရောက်စွာ ဦးဆောင်နိုင်သော အရည်အချင်းရှိရမည်။
ပြင်ပ သက်ဆိုင်သူများ (VDCs, VIOMCs, PIT) နှင့် ရှင်းလင်း ထိရောက်စွာ ဆက်သွယ်နိုင်ပြီး၊ အရေးကြီး အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော် ပြောဆိုနိုင်ရမည်။
စီမံကိန်း လုပ်ငန်းဧရိယာ၏ ဒေသဆိုင်ရာ အခြေအနေ၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး/လူမှုရေး ရှုပ်ထွေးမှုများကို နားလည် သိရှိထားရမည်။
အလှူရှင်များ၊ အစိုးရဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ရှိရမည်။
စီမံကိန်းလုပ်ငန်း အစီအစဉ်များ၊ အချိန်ကာလ၊ ဘတ်ဂျက်နှင့် လုပ်ငန်းအတိုင်းအတာတို့ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း။
ဘတ်ဂျက်ရေးဆွဲခြင်း၊ သုံးစွဲမှု စောင့်ကြည့်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများကို နားလည်သုံးသပ်နိုင်ခြင်း။
M&E စနစ်များ၊ အချက်အလက်ကောက်ယူခြင်းနှင့် ပိုင်းခြားစိတ်ဖြာခြင်းဆိုင်ရာ အသိပညာနှင့် လက်တွေ့အတွေ့အကြုံရှိခြင်း။
အင်္ဂလိပ်ဘာသာဖြင့် အရည်အသွေးပြည့်မီသော အစီရင်ခံစာများ (အထူးသဖြင့် Donor Report များ) ရေးသားနိုင်စွမ်းရှိခြင်း။
Microsoft Office Suite (Word, Excel, PowerPoint) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးကို ပြောဆို၊ ရေးသား၊ ဖတ်ရှု၊ နားထောင်မှု အဆင့်မြင့်အဆင့်တွင် ကျွမ်းကျင်စွာ တတ်မြောက်ရမည်။
စီမံကိန်းနယ်မြေများသို့ ခရီးသွားလာနိုင်ရမည်။
မှတ်ချက်
အင်တာဗျူးဖြေဆိုရန် ရွေးချယ်ခြင်းခံရသူများကိုသာ အင်တာဗျူးလာရောက်ဖြေဆိုရမည့်နေ့ကို ပြန်လည် အကြောင်းကြားပေးမည်ဖြစ်သည်။
လျှောက်လွှာများကိုလျှောက်ထားရာ၌ (E-mail) ဖြင့်သော်လည်းကာင်း၊ လူကိုယ်တိုင်ဖြင့်သော်လည်း ကောင်း၊ Viber (09777917577) ဖြင့်သော်လည်းကောင်း (၁၄.၁၀.၂၀၂၅) ရက်နေ့ အင်္ဂါနေ့အထိ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
ရွေးချယ်ခြင်းခံရသည့် အလုပ်လျှောက်လွှာရှင်သည် အလုပ်စဝင်သည့် ပထမကာလ (၂) လကို အစမ်းခန့်ကာလအဖြစ်သတ်မှတ်ပါသည်။
လျှောက်ထားရမည့်လိပ်စာ
ပန်သခွါးကျေးရွာ၊ ဖါမွန်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ် (တောင်ကြီး-ကျောက်တလုံး လမ်းမကြီးဘေး၊ အ.ထ.က ပန်သခွါး စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်)
အီးမေလ်း လိပ်စာ (Email Address)
[email protected]
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
ခွန်မောင်ကျော် (HR Officer) - 09777917577
13/08/2024
ရှမ်းပြည်နယ်တောင်းပိုင်းအတွင်းရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့မှ #အခမဲ့ ဖွင့်လှစ် သင်ကြားပေးနေပါတယ်.....
#ဖုန်းဖြင့်ဆက်သွယ်စုံစမ်းရန်
07/07/2024
& Cashier - ကျား/မ (၁) ဦး
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများ၏ လမ်းညွှန်မှုအရ နိုင်ငံတကာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် နိုင်ငံရေးပါတီများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ကို ဖွဲ့စည်း၍ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အမည်ဖြင့် ၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် မှတ်ပုံတင်အမှတ် ၂/ရှမ်း/၀၂၄ နှင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် မှတ်ပုံတင်အမှတ် ၂/ပြည်တွင်း/၀၀၇(၂၀၂၂) တို့ဖြင့် ရရှိခဲ့ပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization -ILO) အဖွဲ့နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်သည့် “ပေါင်းကူတံတား” စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူငယ်များအတွက် ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် လိုအပ်သော အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူ အပါအဝင် ပြည်သူလူထုနှင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်း၊ အလွဲသုံးစားမှုပြုလုပ်ခြင်းနှင့် အနိုင်ကျင့်ခြင်းတို့ကို လုံးဝသည်းမခံသော အဖွဲ့အစည်းဖြစ်ပြီး ထိုကဲ့သို့သော ကိစ္စရပ်များပေါ်ပေါက်ပါက ပြင်းထန်စွာအရေးယူဆောင်ရွက်ပါမည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် အောက်ဖော်ပြပါလစ်လပ်နေရာအတွက် စိတ်ပါဝင်စားသူများကို ခေါ်ယူလျှက်ရှိပါသောကြောင့် အရည်အချင်းပြည့်မှီသူ မည်သူမဆို ပြည့်စုံစွာဖြည့်စွက်ထားသော ကိုယ်ရေး အကျဉ်းပုံစံ (cv form) ဖြင့် လာရောက်လျောက်ထားနိုင်ပါသည်။
လုပ်ငန်းတာဝန်သတ်မှတ်ချက်များ (JD)
(၁) နေ့စဉ်ငွေကြေးသုံးစွဲမှုများနှင့် ငွေကြေးလုံခြုံရေးအတွက်တာဝန်ရှိခြင်း။
(၂) ငွေကြေးသုံးစွဲမှုတိုင်းတွင် ဘောက်ချာနှင့် မှတ်တမ်းအပြည့်အစုံပါဝင်စေခြင်း။
(၃) ငွေလက်ခံခြင်းနှင့်ပေးခြင်း။ ကြိုတင်ငွေထုတ်ပေးခြင်းနှင့် ပြန်လည်စာရင်းရှင်းခြင်း။
(၄) ငွေစာရင်းစာအုပ်ပြင်ဆင်ခြင်းနှင့် ဘောက်ချာများထိန်းသိမ်းခြင်း။
(၅) ဘဏ်မှငွေထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်အပ်နှံခြင်း။
(၆) ငွေထုတ်ချက်လက်မှတ်သက်တမ်းစစ်ဆေးခြင်းနှင့် အပတ်စဉ်ဘဏ်စာအုပ် Update ပြုလုပ်ခြင်း။
(၇) ဘဏ္ဍာရေးမူဝါဒ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း။
(၈) စာရင်းစစ်အတွက် လိုအပ်သည်များပြင်ဆင်ပေးခြင်း။
(၉) သက်ဆိုင်ရာတာဝန်ရှိသူမှ နေ့စဉ်ငွေလက်ကျန်စစ်ဆေးရာတွင် ကူညီခြင်းနှင့် နေ့စဉ် ငွေလက်ကျန်မှတ်တမ်းပြုလုပ်ခြင်း။
(၁၀) ဘဏ္ဍာရေးသတင်းအချက်အလက်များ လုံခြုံစွာထိန်းသိမ်းခြင်း။
(၁၁) လစဉ်အစီရင်ခံစာ၊ (၃) လပတ် အစီရင်ခံစာ၊ နှစ်စဉ် အစီရင်ခံစာများ ပြင်ဆင်ခြင်း၊ ပေးပို့ခြင်း။
(၁၂) အလှူရှင်နှင့်အဖွဲ့အစည်းအတွင်း ငွေကြေးဆိုင်ရာပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အချိန်နှင့်အပြေးညီ ငွေကြေး အစီရင်ခံစာများပို့ရာတွင် သေချာမှုရှိစေခြင်း။
(၁၃) စီမံကိန်းလုပ်ငန်းများ အောင်မြင်မှုရရှိစေရန် စီမံကိန်းတာဝန်ခံအား ကူညီပံ့ပိုးပေးခြင်း။
(၁၄) ရုံးပိုင်ပစ္စည်းများအား စာရင်းဇယားများနှင့်တကွ ပြုစုထိန်းသိမ်းထားခြင်း။
(၁၅) စီမံကိန်းအကျိုးခံစားခွင့်ရှိသူများအား အခါအားလျော်စွာ ဝန်ဆောင်မှုပေးခြင်း။ (ဧည့်ခံကြိုဆိုခြင်း၊ စီမံကိန်းလုပ်ငန်းများအား မိတ်ဆက်ပေးခြင်း)
ရှိရမည့် အရည်အချင်းများ
(၁) ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ (သို့) ၎င်းနှင့်တူညီသောဘွဲ့ဒီဂရီ/ အရည်အချင်း ရှိရမည်။
(၂) သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိရမည်။
(၃) ကွန်ပျူတာအသုံးပြုနိုင်ရမည်။ (အထူးသဖြင့် Microsoft Excel ကျွှမ်းကျင်ရမည်)
(၄) အင်္ဂလိပ်ဘာသာ အခြေခံတတ်ကျွှမ်းရမည်။ (reporting)
(၅) ကျန်းမာရေးကောင်းမွန်ရမည်။
(၆) လုပ်ငန်းအစီအစဉ် အပြောင်းအလဲအပေါ်မူတည်၍ ဆောင်ရွက်နိုင်ရမည်။
(၇) အသင်းအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်တတ်ပြီး၊ သင့်တင့်သော ကိုယ်ရည်ကိုယ်သွေးရှိရမည်။
(၈) မိမိကိုယ်ကို ကောင်းမွန်အောင်ကြိုးစားလိုစိတ်နှင့် သင်ယူလိုစိတ်ရှိရမည်။
(၉) အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားသူဖြစ်ရမည်။
(၁၀) လိုအပ်ပါက ကွင်းဆင်း ခရီးသွားနိုင်ရမည်။
မှတ်ချက်
👉 ဖော်ပြပါ အရည်အချင်းမျာ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် လျှောက်ထားသူများကို အလုပ်လျှောက်လွှာ လာရောက်တင်သွင်းသည့်နေ့တွင် အင်တာဗျူးဖြေဆိုရပါမည်။ (ဖုန်းဖြင့်ကြိုတင် အကြောင်းကြားထားရပါမည်)
👉 ရွေးချယ်ခြင်းခံရသည့် အလုပ်လျှောက်လွှာရှင်သည် အလုပ်စဝင်သည့် ပထမကာလ (၃) လကို အစမ်းခန့်ကာလအဖြစ်သတ်မှတ်ပါသည်။
👉 လျှောက်လွှာကို (၁၂.၇.၂၀၂၄) ရက်နေ့အထိ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။
👉 သတ်မှတ်ရက်အတွင်း လျှောက်လွှာကို လူကိုယ်တိုင် (သို့) Email (သို့) Viber ဖြင့် လျှောက်ထားနိုင်သည်။
လျှောက်ထားရမည့်လိပ်စာ
👉 ပန်သခွါးကျေးရွာ၊ ဖါမွန်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ် (တောင်ကြီး-ကျောက်တလုံး လမ်းမကြီးဘေး၊ အ.ထ.က ပန်သခွါး စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်)
အီးမေလ်း လိပ်စာ (Email Address)
👉 [email protected]
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
👉 ခွန်မောင်ကျော် (HR Officer) - 09777917577
12/09/2020
“Hi Avocado Company Limited” သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဒေသဖွံ့ဖြိုးရေးကို အခြေခံသော စိုက်ပျိုးစီးပွားရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုအဖွဲ့အစည်းမှ Human Resources and Administration (Supervisor) ရာထူးဖြင့် ဝန်ထမ်းခေါ်ယူနေပါသောကြောင့် ဖော်ပြပါအရည်းအချင်းနှင့်ကိုက်ညီပြီး စိတ်ပါဝင်စားသည့် မည်သူမဆို 16 sep 2020 မတိုင်ခင် လျောက်ထားနိုင်ပါသည်။
04/08/2020
ဂျပန်နိူင်ငံ JAMAHA အလှူရှင်အဖွဲ့ဝင်နှင့် ငိုလကျေးရွာဆရာတကာ ဒေသပြည်သူများ ပူးပေါင်းပြီး ၂၀၂၀- ၂၀၂၁ ခုနစ် ပညာသင်နစ်အတွက် မူလတန်းကြိုကျောင်းထပ်မံတည်ဆောက်နေပါပြီ
ပါရမီဖွံဖြိုးရေးကွန်ယက်