10/08/2026
ထုတ်ပြန်ကြေငြာခြင်း
၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် အဝေရာဘောလုံးအသင်းသည် Friendly Match (2026/51) အနေဖြင့် ညနေ ၃နာရီခွဲအချိန်တွင် တောင်ကြီးမြို့အခြေစိုက် Hangover F.C အသင်းနှင့် ရွှေညောင်မြို့မအားကစားကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ ပွဲချိန်(၈၅)မိနစ်အချိန်တွင် ကစားပွဲအား အကျဥ်းတန်စေခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ အဝေရာအသင်းအုပ်ချုပ်ရေးအဖွဲ့မှ ၎င်းပွဲအားကိုင်တွယ်သည့် ဒိုင်လူကြီး၏ အစီရင်ခံစာအား ဖတ်ရှုခြင်း၊ အုပ်ချုပ်သူနှင့်နည်းပြအဖွဲ့ဝင်များအား မေးမြန်ခြင်း တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အဝေရာဘောလုံးအသင်းမှ ကစားသမားအား friendly match 2026ပွဲစဥ် (52မှ62အထိ) ပွဲစဥ်(၁၀)ပွဲ၊ အချိန်ကာလအားဖြင့် နှစ်လပွဲပယ် ပြစ်ဒဏ်အား နောက်ဆက်တွဲအရေးယူမှု ပြုလုပ်ခဲ့ပါသည်။ ထိုကစားပွဲမှဖြစ်ပျက်သွားသည့် အကြောင်းအရာအတွက် သက်ဆိုင်ရာ ဒိုင်လူကြီးနှင့် Hangover F.C ဘောလုံးအသင်းအား အဝေရာအသင်းမှ အနှုးညွှန့်တောင်းပန်ပါကြောင်း၊ နောက်နောင် အလားတူဖြစ်စဥ်မဖြစ်ပွားရေး အထူးအလေးထားဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
09/08/2026
Happy Birthday Khun Chit Ni🎩🎩🎩
ဒီနေ့အဝေရာအသင်းရဲ့ မွေးနေ့ရှင်ကတော့ တဂိုးရှင် ခွန်ချစ်နီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ယနေ့ကျရောက်တဲ့ မွေးနေ့ရက်မှစ၍ ကိုယ်စိတ်ကျန်းမာချမ်းသာပြီး သက်လုံပြည့်ပြည့်နဲ့ ဂိုးတွေအများကြီး သွင်းနိုင်ပါစေလို့ အဝေရာအသင်းသားများမှ မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ် ချစ်နီရေ။
08/08/2026
ပွဲရလာဒ်အရ အနိုင်ရရှိခဲ့ပေမယ့် အသင်းပုံရိပ်အရ အကျဥ်းတန်တဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲစဥ်အတွက် ထိခိုက်နစ်နာမှုရှိခဲ့တဲ့အတွက် Hangover F.C အသင်းအား အထူးအနူးညွှန့်တောင်းပန်ပါကြောင်း အသိပေးပါရစေ။
07/08/2026
အဝေရာဘောလုံးအသင်းရဲ့ မွေးနေ့ရှင်ကတော့ ဘာမထိ(ဘာပြောမှန်းမသိ)အင်းသား မောင်ဟိန်းသက်ဝိုင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့မှစ၍ ကျန်းကျန်းမာမာ အားကောင်းကောင်းရဲ့ တကွင်းလုံးကို လှည့်ပါတ်ကစားနိုင်ပါစေကြောင်း အသင်းသားများမှ မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ် မောင်အင်းသားရေ။Happy Birthday InThar🚣🚣🚣
02/08/2026
2026 Taunggyi Amateur Family Cup
Group State
Full Time Result
A Way Yar F.C - 3
Vs
Taung Chune F.C - 1
Goal for AWY
⚽Khun Soe Hein
⚽Laung Mon
⚽Naung Naung
ပွဲပြီးဆုံးချိန်မှာတော့ အဝေရာအသင်းမှ စိုးဟိန်း၊ကိုလောင်မွန်း၊ကိုနောင်တို့ရဲ့သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တဆင့်သို့ တက်ရောက်သွားခဲ့ပါသည်။
02/08/2026
တောင်ချွန်းနှင့်ပွဲစဥ်အတွက် အပြောင်းအလဲများစွာနဲ့ ပွဲထွက်လာတဲ့ အဝေရာဘောလုံးအသင်းရဲ့လူစာရင်း။
31/07/2026
Next Up!
2026 Taunggyi Amateur Family Cup
Group State
Taung Chune F.C
Vs
A Way Yar F.C
Date-Date2.8.2026(SUN)
Time- 8:00(A.M)
Feild- ShanStateStadium
2026 Taunggyi Amateur Family Cupရဲ့ အုပ်စုပွဲစဥ်အနေဖြင့် အဝေရာအသင်းသည် သြဂုတ်လ၂ရက်(တနင်္ဂနွေ)နေ့ မနက်၈နာရီအချိန်တွင် တောင်ချွန်းဘောလုံးအသင်းနှင့် ရှမ်းပြည်နယ်အားကစားကွင်းတွင် ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
30/07/2026
ဒီနေ့ အဝေရာအသင်းရဲ့မွေးနေ့ရှင်လေးကတော့ အဝေရာအသင်းရဲ့ဖိုတိုဂရက်ဖာ တဖြစ်လဲ ဂိုးသမားလည်းဖြစ်တဲ့ ကိုဟန်ငင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့ရက်မြတ်ကနေစပြီး ကျန်းကျန်းမာမာနဲ့ ဒီထက်မက အသင်းကိုထိန်းကျောင်းပေးရင်း ပုံလှလှတွေလည်း အများကြီးရိုက်ပေးနိုင်ပါစေလို့ အဝေရာအသင်းသားများမှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။ Happy Birthday Han Ngin🧤🧤🧤
29/07/2026
သွင်းဂိုး လေးဂိုးစီသရေဖြင့် ဂိုးပေါင်းအပေါ်အောင်ခဲ့တဲ့ လပြည့်နေ့ခြေစမ်းပွဲလေးတပွဲ ဖြစ်ခဲ့ပါတယ်။ အသင်းသားများကို ကြက်ဘူးသီးဖြင့်ဧည့်ခံပါမည်။
26/07/2026
2026 Taunggyi Amateur Family Cup
Group State
Shan Gita F.C - 2
Vs
A Way Yar F.C - 3
Match Photo