17/01/2021
ော်ဂယ်လဲထူး
ရှေးမြန်မာ့ဓလေ့…"ဆေးမင်ကြောင်"…ထိုးပုံ ထိုးနည်း။
*******************************************
မြန်မာ့ဓလေ့ ဆေးမင်ထိုးတယ်… ဆိုရာမှာလိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိနေပါသေးတယ်။
ဆေးမင်ထိုးမယ်လို့ စပြီး ပြင်ဆင်ကြပြီဆိုတဲ့အခါ… ဦးစီး ပြုလုပ်သူ မင်ကြောင်ဆရာက သတ်မှတ်ထား တဲ့ နေရာတစ်ဝိုက်ကို အရင်ဆုံး ပရိတ်ရေ ဖြန်း၊ ဆန်မန်း ပေါက်ပေါက် ကြဲပြီး မန္တာန်တွေ ရွတ်ဆိုရ ပါတယ်။ ပတ်ပတ်လည်မှ ရာဇမတ် ကာပြီး ပရိတ်သဲဖြူတွေ ခင်း လို့ ထောင့် လေးထောင့်မှာ ငှက်ပျောပင်တွေ စိုက်၊ ဂြိုဟ်ရှစ်လုံး နေ့နံသင့်ပန်းတွေ၊ အညွန့်အခက်တွေကို … အမိုး ပတ်ပတ်လည် မှာ ဆွဲချိတ်ထားရပါတယ်။
အမိုး အတွက်ကတော့…နေ့နံသင့် အပျိုတစ်ယောက် တည်းက ရက်လုပ်ထားတဲ့ … ဖျင်ထည် အဖြူ မှာ ပထမံ စမရုပ်တွေ၊ အင်းတွေကို ဟဿင်္ ပြဒါး နဲ့ ရေးခြယ်ပြီး မိုး ပါတယ်။
ဘေးပတ်ပတ်လည်မှာ နေ့နံသင့် အပျိုလေးတွေ … ရက်လုပ်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေ တွဲပြီး ကာရံ ရပါတယ်။
မြေပေါ်မှာတော့ … အလယ်ကြော ခွာထားပြီးတဲ့ … ငှက်ပျောရွက်တွေကို … ဆီမန်း လိမ်းပြီး ခင်းထားရ ပါတယ်။ ဒါကို … "မှောင်ခန်း" လို့ခေါ်ပါတယ်။
ဆေးမင်ထိုးမယ့် ကာလသားက မှောင်ခန်းထဲ မဝင်ခင် ရေမိုးသန့်စင်ပြီး ခေါင်းဖြီးလို့ ပုဆိုးအသစ် စည်းထားရ ပါတယ်။ အချိန်ကျလို့ မှောင်ခန်းထဲ ဝင်မယ့်အခါ… မှောင်ခန်းမှာ…ဝဲပေါက် ၊ယာပေါက်…ရှိသည့်အလျှောက် ဝဲပေါက်က ဝင်သူကို…"ဝဲမှောင်"၊ ယာပေါက်မှ ဝင်သူကို "ယာမှောင်" လို့ ခေါ်ပါတယ်။
"ယာမှောင်"…ဆိုတာကတော့ ဆေးတွေ အင်းတွေ… မပါ ဘဲ…အလှအပ အတွက်သာထိုးခြင်းဖြစ်ပါတယ်။ ဒီလိုထိုးမယ်ဆိုရင် ဦးစီးမင်ကြောင်ဆရာက…သုံးကွက်၊ ငါးကွက်၊ ကိုးကွက် အစရှိသဖြင့် ထိုးပေးပြီးရင် ကျန်တဲ့ အကွက်တွေအတွက် လက်ထောက်တပည့် နှစ်ယောက် က တစ်ပြိုင်တည်း ဖြည့်ထိုးပေးပါတယ်။ ဒီနှစ်ယောက် ညောင်းလာရင် ကျန်တဲ့ နှစ်ယောက်က အစားဝင်ပြီး အလွယ်တကူ ထိုးပေးနိုင်လို့… ယာမှောင်သမား တစ်ယောက်ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်သာ ကြာပါတယ်။
"ဝဲမှောင်" မှာတော့ ဒီလိုလုပ်လို့ မရတော့ပါဘူး။ သူ့ ကို တော့ ဦးစီးဆရာနဲ့ နေ့သင့်နံသင့် ရွေးထားတဲ့… မင်ကြောင်ဆရာ နှစ်ယောက် စုစုပေါင်း သုံးယောက် က သာ ထိုးပေးနိုင်ပါတယ်။တစ်ကြိမ်ထိုးရာမှာလည်း ဆရာ တစ်ယောက်သာ ထိုးပေးရပါတယ်။သတ်မှတ်ထားတဲ့… မင်သေ့ကွက်(မင်ကြောင်ကွက်)တွေကို အစီအစဉ် အတိုင်း သာ လှည့်ပတ်ထိုးပေးရပါတယ်။
တစ်ဘက်တည်းမှာ အပြည့်ထိုးပြီးမှ အခြားနောက် တစ်ဘက်ကို ကူးထိုးလို့ မရပါ။ ဆေးထိုးစဉ်မှာ မန္တာန် ကျူးရပါသေးတယ်။ မင်သေ့ကွက်တိုင်းကို ဆေးအင်း အစီအရင်တွေအတိုင်း နက္ခတ်သင့်သည့်အတိုင်း ထိုးပေး ရပါတယ်။ဆိုလိုတာက…မင်ကြောင် ထိုးတဲ့အခါ ဘယ်မင်သေ့ကွက်ကို ဘယ်နက္ခတ် သင့်တဲ့အချိန်မှာ ထိုးရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်။
ဝဲမှောင်မှာထိုးမယ့် ကာလသားကလည်း မင်သေ့ မထိုး ခင် ဆေးစင်ကို ထိခြင်းငါးပါးနဲ့ ရှိခိုးရပြီး နောက်မှာ ငါးပါး သီလခံယူရပါတယ်။ပြီးရင် စည်းထားတဲ့ ပုဆိုးကို ချွတ်ပြီး ကိုယ်လုံးတီးနဲ့ မင်သေ့ဆရာတွေကို ရှိခိုး ရ ပါတယ်။ပြီးရင်တော့ အနာကြီး၊အိုင်းအနာ ၊ပွေး စတဲ့ ရောဂါတွေ မရှိကြောင်း၊ယောက်ျားစင်စစ် ဖြစ်ကြောင်း စသဖြင့် ခန္တာကိုယ်ကို သုံးပတ်လှည့်ပြီး စစ်ဆေးခံ၊ မေးမြန်း ခံရပါတယ်။
ပြီးရင်တော့ မန္တာန်စုပ်လို့ နံ့သာ ဖြန်းပြီးတဲ့နောက်မှာ ဆေးမင်ထိုးဖို့ လဲလျောင်းပြီး အချုပ် ခံရပါတယ်။ ဆေးမင်ထိုးမယ့်သူကို ချုပ်မယ့်သူ လေးယောက် ရှိ ပါတယ်။ဒီလေးယောက်ကလည်း ဆေးမင်ထိုးမယ့် သူနဲ့ နေ့နံသင့်သူများသာ ဖြစ်ရပြီး ပုဆိုးအသစ် စည်းထားတဲ့ သူတွေသာ ဖြစ်ရပါတယ်။
ဦးစီးမင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေ မှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ ကုမ္ဘာဏ်ရုပ်၊ ဇော်ရုပ်၊ ဂဝံရုပ်၊ ဝက်ကုန်းရုပ်၊ ကြောင်ရုပ် စတာတွေကိုထိုးပြီးမှ ကျန်တဲ့ အဖြည့်ရုပ်တွေကို လက်ထောက် မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။ ဒီလိုနဲ့ ခါးကိုပတ်ပြီး မင်သေ့ထိုး၊ ခါးကနေ ပေါင်ကိုဆက်၊ ပေါင်ကမှ ဒူးကို ဆက်ပြီး ထိုးနှံ ရပါတယ်။ ဆေးနီ၊ ဆေးနက် နှစ်မျိုးရှိသည့်အတိုင်း… နှစ်မျိုးလုံး ထိုးမယ် ဆိုရင်တော့ ဆေးနီကို အရင် ထိုးရ ပြီး နောက်မှ ဆေးနက်ကို ကိုင်ရပါတယ်။ ဆေးနီ ထိုး ထားတဲ့ စုက် နဲ့ ဆေးနက် ကို မထိုးနှံရပါဘူး။
ဆေးမင်ထိုးပေးပြီးတဲ့အခါမှာ …
၁-ဝါးကပ် နဲ့ ထမ်းယူရသူ၊
၂-သူငယ်ချင်း နှစ်ယောက်(သို့)တစ်ယောက်နဲ့ တွဲ ထုတ်ရသူ၊
၃-ကိုယ်ကိုယ်တိုင် အကူအညီ မပါဘဲ ထွက်နိုင် ထနိုင်သူ … ဆိုပြီး ၃ မျိုးခွဲပါတယ်။
မင်ကြောင်ထိုးပြီးလို့ တင်းတိမ်အပြင်ကို ရောက်တာ နဲ့ လက်ပန်းပေါင်း အနည်းဆုံး ၃ ချက်စေ့အောင် ခတ်ကြ ရတဲ့ အလေ့တစ်ခု ရှိပါတယ်။
- ဝါးကပ်နဲ့ ထမ်းယူရတဲ့ သူဟာ ဝါးကပ်ပေါ်ကနေ ထူပေးထားတဲ့သူကို မှီလို့ ခတ်ခဲ့ရင်…ဒါကို …
" အဝါခတ် " လို့ခေါ်ပါတယ်။
- တွဲပေးတဲ့သူနဲ့ ထွက်လာပြီး… တွဲပေးသူကို မှီလို့ ခတ်ခဲ့ရင်…ဒါကိုတော့…"အမြှောင်ခတ်"…လို့ခေါ်ပြီး
-တစ်ယောက်တည်းထွက်လာနိုင်ပြီးလက်ပန်းပေါင်း မမောမချင်း ခတ်နိုင်သူကိုတော့… "ထီးထီးခတ်"… လို့ ခေါ်ပါတယ်။
ဒါတွေဟာ ယာမှောင်သမားတွေအတွက် အရေး မကြီး လှသော်လည်း… ဝဲမှောင်သမားတွေအတွက်တော့ အလွန်အရေး ပါ ပါတယ်။
ဝဲမှောင်မှ ထွက်လာတဲ့သူတွေအတွက်…အမြှောင်ထ၊ အထီးထ…ထနိုင် ထွက်နိုင်မှသာ…ကြတ္တိကာ နက္ခတ် ထွက်တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲမှာ ဆေးထပ်ခြင်း၊ ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။ (စပ်မိလို့ ပြောရရင်ဖြင့်… ကျီးမနိုးပွဲ …ဆိုတာဟာလည်း ယနေ့ခေတ်လို ကြက်ခိုး၊ ဘူးသီး ခိုး၊ပစ္စည်း ခိုးပြီးပျော်ပွဲ ကျင်းပတဲ့ ပွဲတော်မဟုတ်ကြောင်းကိုလည်း ဆောင်းပါး တစ်ပုဒ် အနေဖြင့် တင်ပြ ပါဦးမည်။ )
မင်သေ့ထိုးလို့ အိမ်ပြန်လာတဲ့ ကာလသားဟာ လမ်း တစ်လျှောက်မှာ တွေ့သမျှ သူတို့က နှုတ်ဆက်သမျှ… ပြန်နှုတ်ဆက် ရပါတယ်။
ဒီနေရာမှာလည်း ယောက်ျား အချင်းချင်းတွေ့လို့ … နှုတ်ဆက်မယ် ဆိုရင်တော့…လက်ပန်းပေါင်းကို … ဖြောင်းဖြောင်းမြည်အောင်ခတ်လို့…
“ဒါမှ ယောက်ျားဟေ့”…လို့အော်ပြီး နှုတ်ဆက်ကြ ပါတယ်။
မင်ကြောင်ထိုးခဲ့သူကလည်း လက်ပန်းပေါင်းသံ ပြန် ပေးလို့ …“ယောက်ျား” လို့ ပြန်အော်ရပါတယ်။ခေါ်သံနဲ့ လိုက်သံ…ညီအောင် ပြန်ပေးဖို့ဆိုတာ သွေး ချင်းချင်း ရဲအောင် မင်ကြောင်ထိုးထားရတဲ့သူအဖို့တော့ မလွယ် လှပါဘူး။
မိန်းကလေးတွေကတော့ အိမ်ထဲကနေ လှမ်းခေါ်ပြီး ဆေးမင် မထိုးထားတဲ့ ကျော၊ ရင်၊လက်မောင်းသား၊ ခြေသလုံး စတာတွေမှာ နံ့သာရည်နဲ့လူးပေးကြပြီး… နံ့သာခွက်ထဲက ပန်းကို ပေးရပါတယ်။
ဒီအခါ မင်ကြောင်ထိုးတဲ့ ကာလသားဟာ…မိန်းကလေး ပေးတဲ့ ပန်းကို သျှောင်မှာထိုးပြီး…ရောင် မှာ ပန်ထား လက်စ ပန်း ကို မိန်းကလေးထံ ဖြုတ်ပေး ရပါတယ်။
အိမ်ကိုရောက်တော့မှ မိခင် တိုက်တဲ့ ပရိတ်ရေကို သောက်၊ ပရိတ်ချည်တွေနဲ့ သျှောင်မှာ ဖွဲ့ရစ်ပြီးကာမှ အသင့်ပြင်ထားတဲ့ အိပ်ရာပေါ် လဲလျောင်းပြီးမှသာ… မင်ကြောင်ထိုးခြင်းကိစ္စ အဆုံးသတ်ပြီးစီးပါတော့တယ်။
#ကိုးကား_ရန်ကုန်ဘဆွေ_ရဲ့_မြန်မာပြည်သား
.
#နော်ဂဲလယ်ထူး (စာပေရဟိတ)
29/12/2020
@ #ပြောင်းလည်းလာသောသိုင်းပညာရေစီးကြောင်းနှင့်အင်းဗန်အနွယ် #@
ကျနော်တို့ ခေတ်က တောင်ကြီးမြို့၏ ပါတ်ဝန်းကျင်၌ သိုင်းဆိုသည့် အခေါ်အဝေါ်အစား ဗန်တို ဗန်ရှည်ဟု အသိများခဲ့ပါသည်။
ကျနော်(၅)တန်းကျောင်းသားအရွယ်က အင်းသိုင်း (ခေါ်) အင်းဗန်ကို စတင် မြင်တွေ့ခင့်ရခဲ့၏။
အမှန်တော့ မိမိတို့၏ အင်းလေးဒေသ ဘာသာစကားက သိုင်းကို ဗန်ဟု ခေါ်၏ ။သိုင်းဆရာကို ဗန်ဆရာဟု ခေါ်၏။
ဗန်တိုကို ဗန်ဟူသောစကားဖြုတ်ပြီး အတိုပညာ ... ဗန်ရှည်ကိုပင် ဗန်ကို ဖြုတ်၍ အရှည်ပညာ..ဟု ခေါ်ကြပါသည်။
ဖရီးဖိုက်ဆွဲတယ် sparring ဆွဲတယ်ဟု ပြောမည့်အစား အတိုဆွဲသည်ဟုလည်း ပြောဆိုကြပါသည်။
ထိုစဉ်က ကျနော်တို့အိမ်၏ မြောက်ဘက်(ဘယ်ဘက် )ကပ်လျက်ခြံသည် ဆရာကြီးဦးသန်းမောင်ရီ၏ ဖခင်..ဆရာကြီး ဦးရီ{အင်းလေး/သာလေးရွာ}၏ အိမ် ခြံဖြစ်ပါသည်။
ထိုကာလ၏ တစ်ခုသောမ နံနက်စောစော ဝေလီ ဝေလင်းအချိန်လောက်တွင် ဝါးဆစ်ပိတ် ၂ ချောင်း ရိုက်ခတ်သံကို ကြားရသဖြင့် အမေ့ကို ဘာသံပါလိမ့်ဟု မေးကြည့်ရာ..
မြောက်ဘက်ခြံက အဘိုးဦးရီ သိုင်းသင်ပေးနေတဲ့ အသံပေါ့ သွားကြည့်ပါလားသားရဲ့..ဟု အမေက အားပေးညွှန်ပြခဲ့၏။
ဆရာကြီးက ခလေးမိုလို့ ကြည့်ခွင်းပြုခဲ့သည်လား မသိ.. ထိုနေ့က ယိုင်ဖြာများဖြင့် ကာရံထားသော ကစားကွင်းအလယ်၌ လူကြီး၂ ယောက် တုတ်ချင်း ရိုက်ကာ သိုင်းလေ့ကျင့်နေသည်ကို မြင်ခွင့် ရခဲ့ပါသည်။
ထိုနေ့မနက်သည် ရွှေဝင်းမည်သော
ဆယ်နှစ်သား သိုင်းသမားချာတိတ်လေးတစ်ယောက် သိုင်းပညာကို စတင်၍ မျက်စေ့ ဒေါက်ထောက်ကြည့်ရှုခွင့် ရခဲ့ပါတော့သည်။
လိုချင် တတ်ချင် သိချင်သော မျက်စေ့အစုံသည် သူခိုးမျက်စေ့ ဟုပင်ဆိုရလေ မည်လားမသိ။ အဘိုးဆရာကြီးက ငယ်လွန်းသေးလို့ မျက်စိယဉ်အောင်သာ မှန်မှန်လာကြည့်ပါဟူသော ရာနှုန်း မပြည့်သေးသည့် ခွင့်ပြုချက်ကပင် မိမိကို သိုင်းရူးဖြစ်စေခဲ့တော့သည်။
မြင်မြင်သမျသော သိုင်းပညာအယူအဆတို့ကို နားအကြားရော မျင်စေ့အမြင်ဖြင့်ပါ ဥာဏ်မီသလို မှတ်သားခဲ့ပါတော့သည်။
နောက်ပိုင်း၌ ဆရာကြီး၏သားဖြစ်သူ ဆရာကြီးဦးသန်းမောင်ရီက သင်တန်းကို ဦးစီးသောအခါမှ ကျနော်သည်လည်း သိုင်းပညာကို လက်တွေ့သင်ကြားခွင့်ရရှိပါတော့သည်။
မိမိသိသလောက် အဘိုးဆရာကြီးမှ ပထမဦးဆုံး ပွဲခွဲပေးခဲ့သော ဆရာကြီးများမှာ.
ဆရာကြီးဦးခွန်လှမြင့်
ဆရာကြီးဦးစံသိန်း
ဆရာကြီးဦးဦးသန်းမောင်နိုင်
ဆရာကြီးဦးသန်းမောရီ
ဆရာကြီးဦးရွှေမန်း
ဆရာကြီးဦးကျော်စိုး
ဆရာကြီးဦးအောင်မြင့်
ဆရာကြီးဦးတင်မြင့်နိုင်တို့ဖြစ်ပါသည်။
ထိုဆရာကြီးများအနက်
အချို့က သိုင်းသင်တန်းများ ပြန်လည်ပို့ချကြသလို အချို့မှာကား တပည့် မမွေး ပညာ မပေးကြပါ။
အဘိုးဆရာကြီးဦးရီ၏ ထိုတပည့်ကြီးများအနက် လက်ရှိအသက် (၇၃) နှစ်အရွယ် မိမိ၏ လက်ဦးဆရာကြီးဦးသန်းမောင်ရီသည် ယနေ့အထိ မိမိတို့နှင့် သိုင်းပညာဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင်နေသေးသေး၏။ အချို့ဆရာကြီးများကား ဆုံးပါးခဲ့ကြလေပြီ .. အချို့မှာ ရဟန်းဘဝသို့ ကူးပြောင်းသွားခဲ့၏။
ထိုဆရာကြီးများအနက် သိုင်းပညာနှင့်ပါတ်သက်၍ အအောင်မြင်ဆုံးသော.(ဝါ)
ထိုစဉ်က ခေတ်ရှေ့ပြေးသော သိုင်းပညာလမ်းကြောင်းသစ်တစ်ခုကို ဖောက်နိုင်ခဲ့သည့် ဆရာကြီးတစ်ပါးကို ပြပါဆိုလျင် (ဆရာကြီးဦးသန်းမောင်နိုင်)ကို ပြဆိုရမည်ဖြစ်ပါသည်။
ထိုဆရာကြီးသည် မိမိ၏ ဆရာကြီးဦးသန်းမောင်ရီနှင့် ကျောင်းနေဖော် ငယ်သူငယ်ချင်းများလည်းဖြစ်ကြရာ..
သူ၏ သင်တန်းအပါတ်စဉ် တစ်ခုပြီးတိုင်း သင်တန်းဆင်းပွဲတစ်ကြိမ်လုပ်လေ့ရှိပါသည်။
မိမိ၏ဆရာကြီးဦးသန်းမောင်ရီနှင့်တပည့်ရင်းအချို့ကိုလည်း သင်တန်းဆင်းပွဲလုပ်တိုင်း ဖိတ်ခေါ် ကျွေးမွေးလေ့ရှိပါသည်။
သိုင်းပညာဟေ့ ဆိုလျင် အာသာငန်းငန်း ငတ်မွတ်ဆာလောင်လှသော မိမိအဘို့ ဆရာကြီးဦးသန်းမောင်နိုင်၏ သိုင်းပညာအပေါ်ထားရှိ
သော စေတနာနှင့်စနစ်ဇယားကောင်းများကို ထိုသင်တန်းဆင်းပွဲများမှ ဦးစွာ လေ့လာခွင့် ရခဲ့ပါတော့သည်။
ထိုခေတ်အခါက လက်သိုင်းပညာ၌ ဗန်ဆရာအများစုသည် မ,စဉ် မ,ကွက်များ ...အင်းသားအခေါ်ဖြင့် တွင်းမ များကို အသားပေးသင်ကြ၏။
(၄) တွင်း (၅) တွင်း (၆)တွင်း (၈) တွင်း (၁၂) တွင်းဟူ၍ ကစားကွက်များကို အသားပေးသင်ကြပြီး ပွဲသိမ်း ပွဲဆင်းပေးကြသည်က များပါသည်။
အချိန်ကာလမှာ ၁၉၇၅ ခုနှစ် ဝန်းကျင်နှစ်များဆီက ဖြစ်ပြီး ထိုခေတ်က video လည်း မပေါ်သေးသလို ခေတ်ပြိုင် ကိုယ်လုံပညာ၍ ကရာတေးနှင့် boxing သာလျင် (မိမိတို့ပြည်နယ်၌) ခပ်ကျဲကျဲ တွေ့ရတတ်၏။
ထိုစဉ်က ဆရာကြီးဦးသန်းမောင်နိုင်၏ သိုင်းသင်တန်းအမည်မှာ "ပင်မပွဲကျောင်း"ဟု လူသိများခဲ့ကာ.. ယခုအခါ "ကမ္ဘောဇကျန်စစ်မင်းပင်မ"ဟူသောအမည်ဖြင့် ဆက်လက် ရပ်တည်လှုပ်ရားလျက်ရှိပါသည်။
ဆရာကြီးကွယ်လွန်သွားသော်လည်း ဆရာကြီး(ဦးသန်းမောင်နိုင်)၏ ပညာဝိဥာဉ်ကား ရှင်သန်နေဆဲဖြစ်၏။
ဆရာကြီးသည် မ,စဉ်မျ တွင်းမ များကို သင်ကြပေးခြင်းထက်
🍒 တွင်းမ များတွင်ပါဝင်သော ခြေလက်လှုပ်ရှားမှုများကို ကောက်နှုတ် လေ့ကျင့်စေခြင်း..
🍒သဲအိတ်များကို ကန်ကျောက်လေ့ကျင့်ခြင်း...
🍒ခြေကန်ချက်တွဲလုံးများကို စုံလင်နေအောင် ကန်ကျောက်စေခြင်း...
🍒လက်များကို အငြိမ်အသေ မထားဘဲ ပွေလက် လက်ပူးလှည့် တို့ဖြင့် လှုပ်ရှားနေစေခြင်း...
🍒သင်ကြားပြီးသော သင်္ခန်းစာများကို လက်တွေ့အသုံးချတတ်စေရန် သင်တန်းသားတိုင်းကို လူသစ် လူဟောင်းရော၍ အတိုဆွဲစေခြင်း(Sparring)..
စသည့် ထိုခေတ်က ဗန်ဆရာတိုင်း လုပ်လေ့ မရှိသော သူ့ဟန်သူ့စတိုင်ဖြင့် သင်ကြားနည်းစနစ်များကို အတိုက်သိုင်းဘက်သို့ အသားပေး ကျင့်သုံးခဲ့ပါသည်။
🍒တစ်ဖက်သား၏ တိုက်စစ်ကို တားဆီးခြင်းမျိုးထက် ခြေကွက်များကို အရှင်ရွှေ့နည်းဖြင့် ရှောင်ကာ ယိမ်းကာ ဝပ်ကာ ကစားတတ်အောင် လေ့ကျင့်ပေးသူဖြစ်၏။
ထိုဆရာကြီးသင်ရိုး၏ ထူးခြားချက်တစ်ခုမှာ သင်္ခန်းစာများကို သင်ယူရန် ကာလ ၂ ပိုင်းခွဲထားခြင်းဖြစ်ပါသည်။
ဥပမာ..
⛳ပထမပိုင်းသင်ကြားရက်သတ္တ ၄ ပါတ်သည် အသားတင် သင်ကြားရက်များဖြစ်ပြီး
⛳ဒုတိယပိုင်းသင်ကြားရက် သတ္တ ၄ ပါတ်သည် သင်ပြီးသမျကို အားမာန်ပါပါ အသုံးချတတ်စေမည့် အသားတင် လေ့ကျင့်ရက် အပိုင်းဖြစ်ပါသည်။
မိမိတို့ဒေသတွင်း သိုင်းဆရာများ၏ သင်ရိုးနှင့်ယှဉ်လျင်
လက်အတိုက်ခေါ် ဗန်တိုအတိုက် ခေါ် အတိုနှင့်ပါတ်သက်သော ခေါင်းစဉ်များအနက်
ခြေကန်ချက်မျိုးစုံကို လက်တွေ့အသုံးချနိုင်အောင် guide လုပ်ပေးနိုင်သော ဆရာကြီးတစ်ဆူပင်ဖြစ်၏။
ဆရာကြီး၏ ထင်ရှားသော အတို သိုင်းသင်တန်းများကြောင့် ထိုခေတ်အခါက မိမိတို့ဒေသ၌ မြန်မာသိုင်းသည်သာ popular martial arts ဖြစ်ခဲ့ရပါသည်။
ဆရာကြီးသည် တပည့်များအား ထိုခေတ်အချိန်က( မြန်မာပြည်သို့ တိုက်ကွမ်တို ကစားနည်း မရောက်သေးမှီ နှစ်ပေါင်း ၂၀ ခန်းကပင်)
ရှေ့ကန်ချက်များ ဘေးစောင်းကန်ချက်များနှင့်ဘေးစောင်းထပ်ခြေများ ..
နောက်ပြန်ကန်ခြေ ..
လေထဲခုန်ပျံကန်ခြေများ စသော ခြေကန်နည်းမျိုးစုံ.. ခြေကန်ချက်စွမ်းရည်မျိုးစုံတို့ကို သင်ကြားပေးနှင့်ပြီးဖြစ်ေလသည်။
အချုပ်အားဖြင့်ဆိုရသော်
မိမိတို့အင်းလေးဒေသရှိ အင်းဗန်အနွယ်တို့သည် အင်းသားရိုးရာသိုင်းပညာကို အခြေခံ၍ ပင်စည်ပင်မကြီးပေါ်မှ မတူညီသော အကိုင်းအခက်မျိုးစုံဖြာထွက်ကာ ခေတ်ရှေ့သို့ ရောက်နှင့်ဖူးပြီးဖြစ်ပါကြောင်း ..
ပြောင်းလည်းလာသော မြန်မာသိုင်းဆိုင်ရာခေတ်ရေစီးကြောင်းအဖြစ် မိမိကျင်လည်ရာ လောက၏ ရုထောင့်တစ်ခုမှ ဗဟုသုတအဖြစ် ဝေမျှအပ်ပါသည်။
(ဤဆောင်းပါးဖြင့် မိမိ၏ သင်ဆရာ မြင်ဆရာလည်းဖြစ်.. အဘိုးဆရာကြီးဦးရီ၏ ပထမမျိုးဆက်တစ်ဦးလည်းဖြစ်သော ( ဆရာကြီးဦးသန်းမောင်နိုင်)အား လက်ဆယ်ဖြာမိုး၍ ပူဇော်ကန်တော့အပ်ပါသည်။)
ရွှေဝင်း(အင်းဗန်)
ကမ္ဘောဇမိုးကြိုးပင်မ
မြန်မာ့သိုင်း
Credit: Shwe Win
တောင်ကြီးမြို့
21/11/2020
Reshare...this post.
ပွဲကျောင်းသား
(သင်တန်းသား )တွေရဲ့
သိုင်းဝတ်စုံ အနက်ရောင်
အကျီင်္ ကျောဖက်မှာ အဖြူရောင်ဆေးသားနဲ့
ရိုက်ပေးမယ့်
"ကမ္ဘောဇ ကျန်စစ်မင်း ပင်မ ပွဲကျောင်း " ရဲ့
"တစ်ပြု " အထိမ်းအမှတ် ဒီဇိုင်းလေးပါ
သည်ပုံ အတိုင်း ပေါ်နေပါ့မယ်
(မရိုက်သေးခင် လိုအပ်တာ အကြံပြုနိုင်ပါတယ် )
Designed by Sai Myo Win Tun
Computer designed : Sai Sam
16/11/2020
#ပွဲကျောင်း
#စကားရပ်ရဲ့သုတ
#မူရင်းတင်သူအားcreditပေးပါ၏