Green Field Futsal

Green Field Futsal

Share

Sports & Recreation

09/03/2025

Congratulations! 🥳

7 Year Anniversary
.... ..... ..... ..... .....

Cygnus 7 Year Anniversary Cup လေးကတော့ အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားခဲ့ပြီ။ 6 th တုန်းကထက် စာရင် 7 th မှာတော့ ပိုမို အဆင်ပြေ ချော့မွေ့သည်ဟု ပြောလို့ရ၏။ ယခုလို ပျော်ရွှင်စရာ ပွဲလေး ဖြစ်မြောက်အောင် အဘက်ဘက်က ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးကြပါသော သူများကို ကျေးဇူးတင်ပါ၏။

အထူးအားဖြင့် ဒိုင်းဆု နှင့် တဦးချင်း ထူးချွန်ဆု ကူညီပေးပါသော ကိုညီနှင့် မချယ် (NNH Construction)၊ အသင်းလိုက် ဆွဲပြားဆု ကူညီပေးပါသော ကိုဝေယံနှင့် မပန်းဟန်ခ (PHK online shop)၊ အမှတ်တရလက်ဆောင်နှင့် အကျွေးအမွေး ကူညီပေးပါသော ကိုရဲ၊ ဆုချီးမြှင့်ရေး ကူညီပေးပါသော ညီလေး ကာကူ ဦးဆောင်သည့် Team B၊ မေတ္တာသက်သက်ဖြင့် ဒိုင်အဖြစ် ကူညီပေးပါသော ကိုဖြိုးထူးကျော်၊ ကိုခွန်ကျော်လှ တို့ကို ကျေးဇူးအထူး တင်ရှိပါတယ်ဗျ။

7 Year Anniversary အတွက် အသင်းသား အားလုံး အတွက် လိုချင်သော Jersey ရအောင် မှာပေးပါသော Tai-Ger Sportswear ၊ အမြဲတမ်း စိတ်ရှည်စွာနဲ့ အချိန်မှီ ရအောင် ဒီကြားထဲ မကြာခဏ ဂျီကျသမျှကို စိတ်ရှည်သည်းခံပြီး အကောင်းဆုံး၊ အလန်းဆုံး ဒီဇိုင်းများနဲ့ စေတနာအပြည့် ဆေးရိုက်ပေးပါသော Ko Thant Swe အဆင့်မြင့်တံဆိပ်ရိုက်လုပ်ငန်း နှင့် အားကစားပစ္စည်းရောင်းဝယ်ရေး ၊ ဒိုင်းဆုနှင့် ဆွဲပြားများကို အချိန်မှီ ပြီးစီးအောင် အကောင်းဆုံး လုပ်ပေးပါသော ဖြိုးဟိန်း (ဆု၊ ဗီနိုင်း တံဆိပ်ရိုက်နှင့် အားကစား ပစ္စည်းဆိုင်)၊ အသင်း၏ 7 Year Jersey အတွက် ဆေးရိုက် ကူညီပေးပါသော Green Field Futsal Stadium ပိုင်ရှင် ကိုကိုနှင့် မကျော့ ၊ အသင်းက အကိုကြီးတွေ ဆိုးသမျှကို နားလည် သည်းခံ ပေးပါသော Marker ညီလေး နှစ်ယောက်ကိုလည်း ကျေးဇူး တင်ပါတယ်။

ထပ်ဆောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် ကစားကြပါသော Cygnus အသင်းသားများ၊ အားပေးကြပါသော Cygnet လေးတို့ကိုလည်း ကျေးဇူးအများကြီး တင်ပါကြောင်း တခုတ်တရ ပြောလိုပါ၏။

ကျနော်တို့ အသင်းရဲ့ 7 နှစ်ပြည့် မွေးနေ့လေးက ဒီကာလကြီးမှာ အားလုံးအတွက် ခဏတာပဲ ဖြစ်ဖြစ် စိတ်အမောအပန်းတွေ ဖြေဖျောက်ခွင့်ရသွားခဲ့ရင် ဝမ်းသာပီတိ ဖြစ်ရပါ၏။





(Award Ceremony Video & Photo coming soon. So please stay tuned)

Photos from Green Field Futsal's post 26/07/2024

ကျွန်တော်တို့ တောင်ကြီး Green Field Futsal ကွင်းမှာ ဖူဆယ်ဘောလုံးအပြင် ဘော်လီဘော ( Volleyball )လဲ ဆော့လို့ရပြီနော်
ကွင်း Booking ယူချင်ရင်တော့ ဒီဖုန်းနံပတ်တွေကို ဆက်သွယ်လို့ရပါတယ်ခင်ဗျာ
09429422440
09686710554

24/02/2024

09-686 710 554

GFF ဖုန်းလိုင်းသစ်ကို လည်း ဆက်သွယ်နိုင်ပါတယ်ဗျ

Photos from Green Field Futsal's post 08/02/2024

Happy Anniversary CYGNUS FC
၆ နှစ်တိုင်တိုင် စည်းစည်းလုံးလုံး ညီညွတ်လက်တွဲနိုင်ခဲ့တဲ့အတွက် Congratulations ပါခင်ဗျာ 👏👏👏 ဆက်လက်ပြီးတော့လည်း ပျော်ရွှင်စွာနဲ့ လူငယ်ဘဝအမှတ်တရများကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

Green Field Futsal ကို အိမ်ကွင်းလို အမြဲအားပေးပြီး အတူရှိနေတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် 🎉

ဂရင်းဖီးလ် ဖူဆယ် · 3.6★(8) · Soccer field 13/08/2023

ဝါသနာပါလို့ပဲ ဖြစ်ဖြစ်

ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ်

စိတ်အပန်းပြေချင်လို့ပဲ ဖြစ်ဖြစ်

ဘော်ဒါတွေ ပျော်ပျော်ပါးပါးကစားဖို့

တောင်ကြီးမြို့မှာ ဖူဆယ်ကွင်းကောင်းကောင်း ရှာနေတယ်ဆိုရင်တော့

Green Field Futsal - 09429422440 ကို ဖုန်းဆက်ပြီး booking ယူထားလိုက်တော့နော်

ဖရဲလယ်ငယ်လမ်းခွဲ၊ တောင်ကြီးမြို့ရှောင်လမ်းဘေး၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့။

Google Map Location 👇👇👇

ဂရင်းဖီးလ် ဖူဆယ် · 3.6★(8) · Soccer field P2RM+MRF, Taunggyi, Myanmar (Burma)

18/12/2022

Congratulations Argentina 🇦🇷! 🏆
အကောင်းဆုံး World Cup Final ကို ကြည့်ပြီး အားပေးကြတဲ့ ဘောလုံးချစ်သူများ ပျော်ရွှင်ကြပါစေဗျာ GFF world cup frenzy မှာပါဝင်ဆင်နွဲပေးတဲ့အတွက်လဲ အားလုံးကို အထူးကျေးဇူးတင်ပါတယ် 🎉

05/12/2022

မနေ့ညက ကန်တဲ့ France vs Poland ပွဲမှာ ဒိုင်တွေမျက်နှာလိုက်လို့ ကိုသက်ပိုင်စိုးနဲ့ ကိုသားကြီးတို့အသင်း ၂ သင်းကို Free ၂ ချိန်ပေးလိုက်ရပါတယ် 😩

01/12/2022

ကိုShein Htet Aung တို့ကလည်း ဒီပွဲကို မှန်အောင်ခန့်မှန်း ခဲ့ပါတယ် Netherlands ပွဲတွေ ဒိုင်ရှုံးပါတယ်ဗျာ 😅

01/12/2022

ကိုပြည့်စုံတို့အသင်းကလည်း Senegal v Netherland ပွဲ Qatar v Ecuador ပွဲ နှစ်ပွဲစလုံး မှန်အောင်မှန်းပြီး Free နှစ်ချိန်ရယူသွားနိုင်ပါတယ် Congratulations! ပါ👏

01/12/2022

Cygnus FC က ဒီပွဲလည်း မှန်အောင်မှန်းသွားနိုင်ပါတယ် Free ချိန် လာကန်လို့ရပါပြီခင်ဗျာ

01/12/2022

France vs Denmark ပွဲအတွက် Free ချိန်ကို ရသွားတဲ့ ကိုဖြိုးစည်သူတို့ အဖွဲ့ကို လည်း လေးစားပါတယ် 👍

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Taunggyi