22/07/2026
🇲🇲⚽ ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ပဏာမ ကစားသမားစာရင်း ထုတ်ပြန်ရာ ရှမ်းပြည်နယ်မှ(၅)ဦးရွေးချယ်ခံရ ⚽️⚽️⚽️👏🏻👏🏻👏🏻💪🏻💪🏻
=========
📋 ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပနေသည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်း ပဏာမ ကစားသမားစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါသည်။
🌏 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လူငယ်များ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရန် ၂၀၂၃ ခုနှစ်မှ စတင်ကာ အဆိုပါ ပြိုင်ပွဲအား နှစ်စဉ်သွားရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်ပြိုင်ပွဲသည် စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။
🏟️ မြန်မာ ယူ-၁၂ ကစားသမား ရွေးချယ်ပွဲများကို ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီ နှင့် မန္တလေး မြန်မာဘောလုံးအကယ်ဒမီ တွင် ဇူလိုင်လ ၁၁၊ ၁၂ ရက်နေ့များ ၌ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ပဏာမ ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
📅 ပဏာမ မြန်မာ ယူ-၁၂ အသင်း အနေဖြင့် ဇူလိုင် ၂၅ ရက် တွင် လေ့ကျင့်ခန်း အစီအစဉ်များ စတင်မည်ဖြစ်သည်။
🏆 U12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို လာမည့် ဩဂုတ်လအတွင်း ကျင်းပသွားမည် ဖြစ်ပါသည်။
21/07/2026
U-19 အမျိုးသမီးအသင်း စခန်းဝင်လေ့ကျင်မှုအားရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌလာရောက်ကြည့်ရှုအားပေး
=====================================
၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အသင်း စခန်းဝင်လေ့ကျင့်နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကစားသမားများရဲ့စားသောက်နေထိုင်မှုနှင့် ကျန်းမာရေးအခြေအနေများအား မေးမြန်းခဲ့ရာ ကစားသမားများမှ လိုအပ်ချက်များအားအသီးသီး ပြန်လည်တင်ပြခဲ့ကြပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးလင်းတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အားကစားသမားများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအား ပံ့ပိုးငွေကျပ် (၁၄)သိန်း တိတိအားပေးအပ်သွားခဲ့
ပပါသည်⚽️⚽️⚽️👏🏻👏🏻👏🏻💪🏻💪🏻💪🏻
14/07/2026
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် စခန်းသွင်းလေ့ကျင့်နေသော ရှမ်းပြည်နယ်အသက်(၁၉)နှစ်အောက်အမျိုးသမီးအသင်းသည် ကြံ့ခိုင်မှုသက်လုံကောင်းစေရန် အပတ်စဉ် GYM လေ့ကျင့်လျှက်ရှိရာ ယနေ့မှာလည်း လေ့ကျင့်ခဲ့ပါသည်။ 💪🏻💪🏻💪🏻🏋️
13/07/2026
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် (၆)လပိုင်းမှစပြီးစခန်းသွင်းလေ့ကျင့်နေသော ရှမ်းပြည်နယ်အသက်(၁၉)နှစ်အောက်အမျိုးသမီးအသင်းသည် ကြံ့ခိုင်မှုသက်လုံကောင်းစေရန် အပတ်စဉ်တာဝေးအပြေးလေ့ကျင့်လျှက်ရှိရာ ယနေ့မှာလည်း လေ့ကျင့်ခဲ့ပြီး ကစားသမားများအား ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းမှ နံနက်စာဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်⚽️⚽️⚽️👏🏻👏🏻👏🏻🏃🏻♀️🏃🏻♀️🏃🏻♀️💪🏻💪🏻💪🏻
02/07/2026
Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ Cherry Army အသင်းအား ရှမ်းပြည်နယ်ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီအဖွဲ့ဝင် ဦးစိုးအောင်ဟိန်း(ဖြူစိမ်းအားကစားပစ္စည်းဆိုင်)မှကျင်းပပြုလုပ်ပေးသော ဂုဏ်ပြုညစာစားပွဲ ⚽️👏🏻💪🏻
ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းမှလည်း (၁၀)သိန်းကျပ်ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။👏🏻👏🏻👏🏻
29/06/2026
ပြည်နယ်နှင့်တိုင်း အမျိုးသမီးအသက်(၁၉)နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ ရှမ်းပြည်နယ်အသက်(၁၉)နှစ်အောက်အမျိုးသမီးအသင်းသည် သက်လုံကောင်းစေရန်ကြံ့ခိုင်မှုလေ့ကျင့်ခန်းအဖြစ် ယနေ့တာဝေးအပြေးလေ့ကျင့်ခဲ့ကျပါသည်🏃♀️🏃♀️🏃♀️🏃♀️🏃♀️⚽️⚽️⚽️👏🏻👏🏻👏🏻💪🏻💪🏻💪🏻
အသင်းအတွက် ထရိန်နင်ဂျာစီအား ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်၏ Official Sports Wear Sponsor ဖြစ်တဲ့ မှ ပံ့ပိုးပေးထားပါသည်👏🏻👏🏻👏🏻
28/06/2026
ပြိုင်ပွဲဝင်(၆၁)သင်းမှာ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရတဲ့ Cherry Army အသင်း 🥈🥈🥈
28/06/2026
မကြာမှီယှဉ်ပြိုင်ကစားတော့မည့် ဗိုလ်လုပွဲအတွက် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေသောရှမ်းပြည်နယ်မှ Cherry Army အသင်း👏🏻👏🏻👏🏻
https://www.youtube.com/live/JxwDtTGnlJg?is=VRR5_vrSqn2cTbqI
28/06/2026
ရှမ်းပြည်နယ်က CHERRY ARMY အသင်းကိုအားပေးကျပါအုန်းဗျ👏🏻👏🏻👏🏻
Fire Dragon Futsal Amateur 2026 ပြိုင်ပွဲမှာ ရှုံးပွဲမရှိ Final အဆင့်ကိုတက်ရောက်ခဲ့သော အသင်း(၂)သင်းရဲ့ အားပြိုင်မှု...FINAL MATCH
CHERRY ARMY FC VS KSL FC
DATE --- 28.6.2026 (SUNDAY)
TIME --- 1:00 PM
PLACE--- MFF FUTSAL INDOOR STADIUM
Live——Hey Play YouTube Channel