05/08/2026
စိတ်နှင့်ခန္ဓာ ကျန်းမာဖို့ရာ Aries Gym သို့လှမ်းခဲ့ပါ 🫶🫶 🫶🫶 🫶🫶 🫶🫶 🫶🫶
တစ်နေရာတည်းမှာ Yoga, Zumba, Workout အကုန်ရတယ့် Aries Gym & Yoga ကို အသေးစိတ် ဆက်သွယ်စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ (သို့မဟုတ်) ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့် ❤️
17/07/2026
ဒီလ ဂျူလိုင်လလေးဟာ သင့်ရယ့်မွေးနေ့လလေးဖြစ်နေပြီလား၊ ဒါဆိုရင် အခုပဲ Aries Gym & Yoga မှာ 10% discount မွေးနေ့လက်ဆောင်လေး လာယူလိုက်ပါ 🎁 💝
Aries Gym & Yoga မှာ ဆော့ကစားသူတွေကို ကျေးဇူးတင်သည့်အနေဖြင့် မိမိတို့၏ မွေးလတွင် ၁၀ရာခိုင်နှုန်း လျော့ပေးသွားမှာ ဖြစ်ကြောင်း သတင်းစကား ပါးလိုက်ပါတယ်ရှင့် 🫶🫶🫶
14/07/2026
One Week Challenge လေးတော့ ပြီးခဲ့ပြီ၊ ရက်အပြည့်လိုက်လုပ်ဖြစ်ခဲ့ရဲ့လား…Challenge အသစ်လေးတွေထပ်လာပြီး လက်ဆောင်လေးတစ်ခုတင်ပေးဖို့ရှိမယ်နော် 🫶
မနက်နိုးတာနဲ့ ဖုန်းစသုံးနေတုန်းပဲလား…နည်းနည်းလေးကနေစပြီး နေ့စဉ်ပုံမှန်လေး အတူလုပ်ကြည့်ကြမလား….
မင်မင်ချောချောလေး နဲ့ အတူတူ မနက်ဖြန်ကစပြီး “one week challenge” အနေနဲ့ ပုံထဲက နံပါတ်စဉ်လေးအတိုင်း တစ်ပတ်တူတူ လုပ်ကြမယ်ကွာ ❣️
One Week Challenge နဲ့တင် အားမရပဲ တစ်နေရာတည်းမှာ Yoga, Zumba, Workout အကုန် ချမယ့်သူလေးတွေအတွက်ကတော့ Aries Gym & Yoga ရှိတာမို့ အသေးစိတ် ကို ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ (သို့မဟုတ်) ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းလိုက်တော့နော် ❤️
07/07/2026
မနက်နိုးတာနဲ့ ဖုန်းစသုံးနေတုန်းပဲလား…နည်းနည်းလေးကနေစပြီး နေ့စဉ်ပုံမှန်လေး အတူလုပ်ကြည့်ကြမလား….
မင်မင်ချောချောလေး နဲ့ အတူတူ မနက်ဖြန်ကစပြီး “one week challenge” အနေနဲ့ ပုံထဲက နံပါတ်စဉ်လေးအတိုင်း တစ်ပတ်တူတူ လုပ်ကြမယ်ကွာ ❣️
One Week Challenge နဲ့တင် အားမရပဲ တစ်နေရာတည်းမှာ Yoga, Zumba, Workout အကုန် ချမယ့်သူလေးတွေအတွက်ကတော့ Aries Gym & Yoga ရှိတာမို့ အသေးစိတ် ကို ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ (သို့မဟုတ်) ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းလိုက်တော့နော် ❤️
06/07/2026
Page လေးကို actively ပြန် run ပြီး ဗဟုသုတရစရာတွေကော entertainment လေးတွေကော တင်ပေးသွားတော့မည် ဖြစ်ကြောင်း 🤭
Zodiac sign တွေရဲ့ မတူညီတဲ့ "တလွဲဗီဇ" တွေက တစ်ခါတလေ တကယ့်ကို ဟာသပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် "ငါ ဘာလို့ ဒါကြီး လုပ်လိုက်မိပါလိမ့်" ဆိုပြီး ပြန်ရယ်ရတဲ့အထိ ဖြစ်တတ်တဲ့ 12 ရာသီဖွားတွေရဲ့ အလွဲလေးတွေကို စုစည်းပေးလိုက်ပါတယ်။ 😉
♈ Aries (မိဿရာသီဖွား) - "ရှေ့ကကောင် ဘာလဲ!"
Aries တွေရဲ့ တလွဲကတော့ "တွေးမနေနဲ့၊ အရင်လုပ်လိုက်" ဆိုတဲ့ စိတ်ဆန္ဒစောမှုပါ။
တစ်ခုခုဆို အရင်ဆုံး ဒေါသတကြီးနဲ့ စစ်ခင်းဖို့ အဆင်သင့်ပဲ။ ဥပမာ- ရန်ဖြစ်ဖို့ အင်္ကျီလက်ပင့်ပြီးမှ ကိုယ်က လူမှားသွားမှန်း သိတာမျိုး။ ဒါမှမဟုတ် ဆိုင်တစ်ဆိုင်မှာ တန်းစီနေရင်း ရှေ့ကလူက ကြာနေလို့ စိတ်ထဲမှာ "ချပစ်မယ်" လို့ ကြုံးဝါးနေပြီးမှ အဲဒါ လူမဟုတ်ဘဲ မတ်တပ်ရပ်ကြော်ငြာဘုတ်ကြီး ဖြစ်နေတာမျိုးပါ။
♉ Ta**us (ပြိဿရာသီဖွား) - "ငါ မမှားဘူး၊ လမ်းက မှားတာ"
ခေါင်းမာတာ ဖေဖေကြီး၊ မေမေကြီးတွေပါ။ မိမိကိုယ်မိမိ ယုံကြည်မှုက ဟိမဝန္တာတောင်ထက် မြင့်တယ်။
Map (မြေပုံ) ကြည့်ပြီး သွားတာ လမ်းမှားနေတာကို သိသိကြီးနဲ့ "မြေပုံက မှားတာ၊ ငါသွားတဲ့လမ်းက အမှန်" ဆိုပြီး ဇွတ်တိုးတာ။ လမ်းဆုံးမှာ လမ်းပိတ်လို့ ပြန်လှည့်ရရင်တောင်မှ "လမ်းက ဘာလို့ ဒီမှာ လာပိတ်နေတာလဲ" ဆိုပြီး လမ်းကိုပဲ အပြစ်တင်မယ့်သူတွေပါ။
♊ Gemini (မေထုန်ရာသီဖွား) - "ငါ ဘာပြောမလို့လဲ မေ့သွားပြီ"
ဦးနှောက်ထဲမှာ Tab တွေ အစောင် ၁၀၀ လောက် တစ်ပြိုင်နက် ဖွင့်ထားတဲ့သူတွေပါ။
ဖုန်းပြောနေရင်းနဲ့ "ဟဲ့... ငါ့ဖုန်း ဘယ်ပျောက်သွားလဲ မသိဘူး၊ ရှာပေးစမ်းပါဦး" လို့ ဖုန်းထဲကလူကို လှမ်းအော်တာမျိုး။ ဒါမှမဟုတ် သူငယ်ချင်းကို အရေးကြီးကိစ္စ ပြောမယ်ဆိုပြီး စိတ်လှုပ်ရှားတကြီး ခေါ်လာပြီးမှ "နေဦး... ငါ ဘာပြောမလို့လဲ မေ့သွားပြီ၊ ထားလိုက်တော့" ဆိုပြီး တခြားအကြောင်း လျှောက်ပြောတော့တာပါပဲ။
♋ Cancer (ကရကဋ်ရာသီဖွား) - "ဇာတ်လမ်းဆင်ပြီး ငိုခြင်း"
စိတ်ကူးယဉ် အလွန်ယဉ်ပြီး ခံစားလွယ်လွန်းတဲ့နေရာမှာ ပထမဆုရပါတယ်။
ကောင်လေး (သို့) ကောင်မလေးက ဖုန်းမကိုင်တာ ၅ မိနစ်ပဲ ရှိသေးတယ်၊ သူတို့ စိတ်ကူးထဲမှာတော့ "သူ ငါ့ကို ထားသွားပြီ၊ ငါတစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့ ခွေးလေးတစ်ကောင်နဲ့ပဲ အိုမင်းသွားတော့မယ်" ဆိုပြီး ဝမ်းနည်းပက်လက် ငိုချင်းချနေပြီ။ ပြီးမှ "ဆောရီး... ငါ ရေချိုးနေလို့" ဆိုတဲ့ စာတိုလေးဝင်လာတော့မှ မျက်ရည်သုတ်ပြီး ဘာမှမဖြစ်သလို နေတတ်ကြပါတယ်။
♌ Leo (သိဟ်ရာသီဖွား) - "Main Character Scene"
ဘယ်နေရာရောက်ရောက် မီးမောင်းထိုးခံရတာကို ကြိုက်တဲ့ ဇာတ်လိုက်ကြီးတွေပါ။
လမ်းမှာ ခလုတ်တိုက်ပြီး မှောက်ခုံလဲသွားရင်တောင် "ငါ နာသွားလား" လို့ အရင်မကြည့်ဘူး၊ "ငါလဲတာကို ဘယ်နှစ်ယောက် မြင်သွားလဲ" ဆိုပြီး ဘေးဘီကို အရင်ဝေ့ကြည့်တာ။ ပြီးရင် ဘာမှမဖြစ်သလိုမျိုး ကတ္တီပါဖိနပ်စီးထားတဲ့ မင်းသား/မင်းသမီးလို ခါးကိုမတ်ပြီး ဆက်လျှောက်သွားတတ်ပါတယ်။
♍ Virgo (ကန်ရာသီဖွား) - "Perfect ဖြစ်ရမယ် (တလွဲ)"
အသေးစိတ်ကအစ အကုန်စုံလင်ပြီး စနစ်ကျချင်တဲ့သူတွေပါ။
အခန်းကို သန့်ရှင်းရေးလုပ်တာ Perfect ဖြစ်ချင်လွန်းလို့ စာအုပ်တွေကို အရောင်အလိုက်၊ အရွယ်အစားအလိုက် စီတာ ၃ နာရီလောက် ကြာသွားတယ်။ ဗီရိုထဲက အဝတ်တွေကို မီးပူတိုက်တာလည်း စနစ်တကျပဲ။ ပြီးတော့မှ အရေးကြီးတဲ့ ပိုက်ဆံအိတ်နဲ့ သော့ကို ဘယ်နားထားမိမှန်းမသိလို့ အခန်းတစ်ခုလုံး ပြန်မွှေပြီး လိုက်ရှာရတတ်ပါတယ်။
♎ Libra (တူရာသီဖွား) - "ရွေးချယ်ရခက်ခြင်း အနုပညာ"
ချိန်ခွင်လျှာဆိုတဲ့အတိုင်း ဘယ်အရာမဆို မျှတချင်လို့ ဆုံးဖြတ်ချက် မချနိုင်တာ အဆိုးဆုံးပဲ။
Menu ကတ်ကြည့်ပြီး "ကြက်ကြော်စားမလား၊ ဝက်သားတုတ်ထိုးစားမလား" ရွေးတာ တစ်နာရီကြာတယ်။ သူငယ်ချင်းတွေက ဗိုက်ဆာလို့ အော်မှ "အေးအေး... ဒါဆို မင်းတို့မှာတာပဲ စားမယ်" လို့ ပြောတတ်တာ။ တကယ်လို့ တစ်ယောက်တည်းဆိုရင်တော့ ဘာစားရမလဲ စဉ်းစားရင်းနဲ့ ဆိုင်ပိတ်ချိန် ရောက်သွားတတ်ပါတယ်။
♏ Scorpio (ဗြိစ္ဆာသီဖွား) - "FBI စုံထောက်ကြီးများ"
လျှို့ဝှက်ဆန်းကြယ်တာ သဘောကျပြီး လူတိုင်းကို သံသယမျက်လုံးနဲ့ ကြည့်တတ်ပါတယ်။
သူငယ်ချင်းတစ်ယောက်က "နင် ဒီနေ့ လှနေတယ်" လို့ လာချီးကျူးရင် သာမန်လူက "ကျေးဇူးပဲ" လို့ ပြောမှာပေါ့။ ဒါပေမဲ့ Scorpio ကတော့ စိတ်ထဲကနေ "သူ ငါ့ကို ဘာလို့ လာချီးကျူးတာလဲ၊ ငါ့ဆီက ဘာလိုချင်လို့လဲ၊ ဒါမှမဟုတ် ငါ့နောက်ကွယ်မှာ ငါ့အတင်းပြောထားလို့ မျက်နှာချိုလာချော့တာလား" ဆိုပြီး တစ်နေကုန် စုံထောက်ဇာတ်လမ်း ရိုက်နေတတ်တာပါ။
🏹 Sagittarius (ဓနုရာသီဖွား) - "အမှန်တရားရဲ့ သားကောင်"
လွတ်လပ်မှုကို မြတ်နိုးပြီး ပါးစပ်ထဲရှိတာ တဲ့တိုးပြောတတ်တဲ့ "ရိုးအူ" လွန်းသူတွေပါ။
သူငယ်ချင်းက အင်္ကျီအသစ်လေးဝတ်ပြီး "ငါနဲ့ လိုက်ရဲ့လား" လို့ လာမေးရင် အားနာရမှန်းမသိဘဲ "ဟယ်... နင်နဲ့ လုံးဝမလိုက်ဘူး၊ နင့်ကို အဘွားကြီးနဲ့ တူစေတယ်" လို့ ဖြန်းခနဲ ပြောချပစ်လိုက်တာ။ အားလုံး ငြိမ်ကျသွားတော့မှ "အင်... ငါ ပြောတာ မှားသွားလို့လား" ဆိုပြီး မျက်လုံးအပြူးသားနဲ့ ပြန်ကြည့်နေတတ်ပါတယ်။
♑ Capricorn (မကာရရာသီဖွား) - "အလုပ်ကလွဲရင် ဘာမှမသိ"
အမြဲတမ်း တည်ကြည်အလေးအနက်ထားပြီး အလုပ်အလွန်လုပ်တဲ့ CEO ကြီးတွေပါ။
ပါတီတစ်ခုမှာ လူတွေအကုန်လုံး သီချင်းဆို၊ ကေနကြပြီး ပျော်နေကြတဲ့အချိန်မှာ Capricorn ကတော့ ထောင့်တစ်နေရာမှာ ထိုင်ပြီး "ဒီဆိုင်ရဲ့ လစဉ်ကုန်ကျစရိတ်နဲ့ ဝင်ငွေ ဘယ်လောက်ရှိမလဲ၊ ဝန်ထမ်းခန့်ထားမှု စနစ်ကော အဆင်ပြေရဲ့လား" ဆိုတာကို အတည်ကြီး တွက်ချက်ပြီး စိတ်ညစ်နေတတ်တာမျိုးပါ။
♒ Aquarius (ကုံရာသီဖွား) - "ဂြိုဟ်သား"
သူတို့ရဲ့ အတွေးအခေါ်က ကမ္ဘာမြေပေါ်မှာ မရှိပါဘူး။ အရမ်းဆန်းသစ်လွန်းတယ်။
လူတွေအကုန်လုံးက မိုးရွာလို့ ထီးဆောင်းပြီး ပြေးနေကြချိန်မှာ Aquarius ကတော့ မိုးရေထဲမှာ ရပ်ပြီး "မိုးရေစက်တွေရဲ့ ကျဆင်းနှုန်းက တစ်စက္ကန့်ကို ဘယ်နှစ်မီတာ ရှိမလဲ" ဆိုတာကို ငေးမောတွေးတောနေတတ်တာ။ သူတို့ တလွဲလုပ်တာကို ဘယ်သူမှ နားမလည်နိုင်သလို၊ သူတို့ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။
♓ Pisces (မိန်ရာသီဖွား) - "စိတ်ကူးယဉ်ကမ္ဘာထဲက မနိုးသေးသူ"
အိပ်မက်ကမ္ဘာထဲမှာပဲ နေထိုင်ပြီး အမြဲတမ်း ငေးငိုင်နေတတ်တဲ့ ဝေဒနာရှင်လေးတွေပါ။
လမ်းလျှောက်နေရင်း စိတ်ကူးယဉ်လွန်းလို့ ဓာတ်တိုင်ကို ဝင်တိုက်မိတယ်။ ဓာတ်တိုင်ကို ဝင်တိုက်မိပြီးတော့ ဓာတ်တိုင်ကို "ဆောရီး... ဆောရီး... ငါ မမြင်လိုက်လို့" ဆိုပြီး အားနာတကြီး တောင်းပန်နေတတ်တာမျိုး။ ပြီးမှ လူမဟုတ်မှန်းသိလို့ ရှက်ရှက်နဲ့ ခပ်သုတ်သုတ် ပြေးတော့တာပါပဲ။
ကိုယ့်ရာသီဖွားရဲ့ အလွဲလေးကော တိုက်ဆိုင်မှု ရှိရဲ့လားခင်ဗျာ။
05/07/2026
ချစ်ခင်ရတဲ့ (Gym & Yoga Girl လေး) တို့ရေ Aries Gym & Yoga ရဲ့လစဉ်ကြေးလေးကို August လမှစ၍ လစဉ်ကြေး Monthly Fees - 50000 kyats နှင့် တစ်ရက်ချင်းကစားလိုသူများအတွက် Daily Fees - 5000 ကျပ် ဖြစ်သွားပြီဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါတယ် အချစ်ကလေးတို့ရေ 🫶
တစ်နေရာတည်းမှာ Yoga, Zumba, Workout အကုန်ရတယ့် Aries Gym & Yoga ကို အသေးစိတ် ဆက်သွယ်စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ (သို့မဟုတ်) ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့် ❤️
04/02/2026
2026 နှစ်သစ်ကြီးမှာ Body Goals Mission လေးတွေ Achieve ဖြစ်ဖို့ Aries Gym & Yoga ရှိတယ်နော် 👋
February လအတွက် အတန်းချိန်လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင့် 🤩
တစ်နေရာတည်းမှာ Yoga, Zumba, Workout အကုန်ရတယ့် Aries Gym & Yoga ကို အသေးစိတ် ဆက်သွယ်စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ (သို့မဟုတ်) ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့် ❤️
07/12/2025
ဝမ်းနည်းကြေကွဲခြင်း
Aries Gym and Yoga မှ Trainer Teacher Thae @ Thae Thae Aung ၏ ကျေးဇူးရှင် ဖခင်ကြီး ဦးကျော်သိန်း၊ အသက် (၇၃) နှစ် သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ ရက်၊ တနင်္ဂနွေနေ့၊ နေ့လည်မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
ပြုခဲ့သော ကုသိုလ်ကောင်းမှူများ၏အကျိုးကြောင့်
ဦးကျော်သိန်း
ကောင်းရာသုဂတိလားပါစေကြောင်း Aries Gym and Yoga မိသားစုများမှ ဆန္ဒပြုဆုတောင်းလိုက်ပါသည်။
18/11/2025
November လရဲ့ Class Timetable Update လေးပါ အချစ်တို့ရေ 📣
အသေးစိတ် သိချင်ရင်တော့ ❣️
ဖုန်းနံပါတ် ၀၉ ၇၈၂ ၈၆၈ ၈၅၆ သို့မဟုတ် ၀၉ ၅၀၇ ၅၀၉၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်
03/09/2025
Inner Peace to Dinner Please 🤭