Thanlyin Thiha Depa Swimming Club

Thanlyin Thiha Depa Swimming Club

Share

.

23/05/2024

ရေကူးအားကစားသမားသမားတွေရှားပါးလာခြင်း ကစားသမားကောင်းတွေပျောက်ကွယ်ရခြင်းအကြာင်းအရာများစွာထဲမှမီးမောင်းထိုးပြနေတဲ့အဖြစ်အပျက်လေးတခုပါ😢
https://www.facebook.com/share/v/tevc1622SAUGxrLr/?mibextid=oFDknk

21/09/2023

အားကစားနဲ့ပညာ​ ရေး ဟာ ဒွန်တွဲ နေ တာ မို့ကိုယ့်သားသမီးပညာရေးအတွက်စိတ်ချယုံကြည်စွာလက်တွဲနိုင်လို့မျှဝေပေးပါတယ်

🇺🇸Don't be afraid to study graduate level in U.S🇺🇸

👉မြန်မာပြည်က ကျောင်းသားတွေ ကြည့်လိုက်ရင် တချို့ဆို အရမ်းနှမျှောဘို့ ကောင်းတယ် ဘွဲ့တခုရခဲ့ပီးကြပြီ အမေရိက သွားတယ် ဟိုး College ကနေ Bachelor Level ပြန်စတက်နေကြတယ်။ မြန်မာပြည်မှာ တက်ခဲ့ကြတဲ့ ၄ နှစ် ၅ နှစ် ဆိုတဲ့ အချိန်တွေ သိပ်နှမျှောဘို့ ကောင်းတယ်။

🤷ကျောင်းတက်မဲ့သူကိုယ်တိုင်ကပဲ မသိတာလား ?၊ သို့မဟုတ် ဝန်ဆောင်မှု့ ပေးတဲ့ အဖွဲ့အစည်းကပဲ ပိုက်ဆံရပီးရော လုပ်ပေးလေ သလား မသိဘူး။ မြန်မာပြည်မှာ ကျောင်းပီးခဲ့တဲ့ ကျောင်းသားက U.S မှာ ကျောင်းတက်တဲ့ ကိုယ်ပီးခဲ့တဲ့ ကျောင်းက ဘွဲ့နဲ့ ပဲ ဆက်လက်ပြီး Graduate level (Master/Phd) ဆက်တက်လို့ ရပါတယ်။

👉ဘွဲ့မရခဲ့တဲ့ ညီငယ် ညီမငယ်တွေကိုတော့ မပြောလိုပါဘူး၊ သူတို့ကတော့ အခြေနေကြောင့် ပြီးမြောက်တဲ့ အထိ မတက်ခဲ့ရတာတို့ လုံးဝ မတက်ခဲ့ရတာတို့ ရှိလေတော့။

👉အချို့ဆိုရင် မြန်မာပြည်မှာ International University ကနေ ၄ နှစ်တက် ဘွဲ့ရခဲ့ပြီးတာတောင် US မှာ College က နေ ပြန်တက်နေကြတာ သိပ်နှမျောဘို့ ကောင်းပါတယ်။

📑ကိုယ်ရခဲ့ပြီးသား ဘွဲ့တွေကို Evaluate လုပ်ပြီး U.S ရဲ့ ပညာရေး နဲ့ Equivalence ချိန်ကြည့်လို့ရပါတယ်။ အကယ်၍ ကိုယ်ရခဲ့တဲ့ ဘွဲ့က U.S ရဲ့ ပညာရေး System ထဲက Undergrad (Bachelor) နဲ့ ညီမျှတယ်ဆိုရင် Graduate Level ကို တက်ခွင့်ရှိပါတယ်။

😂DAGOON အနေနဲ့ကတော့ ဘွဲ့ရပြီးသား ကျောင်းသွားတွေကို College သွားချင်လို လာအပ်ရင် ဒုတ်ကောက်နဲ့ ကိုလိုက်ရိုက်မှာပါ (နောက်တာပါ 😂😂😂)၊ DAGOON အနေနဲ့ ကတော့ Undergrad (Bachelor) ပြီးပြီး သား ကျောင်းသားတွေကို အကောင်းဆုံး အကြံညာဏ်ပေးပြီး Graduate Level ကို တက်ဘို့ ဝန်ဆောင်မှု့ပေးပါတယ်။ စာတွေခက်မှာ ကြောက်နေစရာမလိုပါဘူး တကယ်တက်ကြည့်တဲ့ အချိန်မှာ လုပ်နိုင်လာတာ တွေ့ရမှာပါ အဓိက က Confidence ရှိပါ။ ပြီး ရင် တော့ ဆုံးဖြတ်ချက် ချပြီး ရဲရဲဝင့်ဝင့် လုပ်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။

📣USA ပညာရေးနှင့် ပတ်သက်ပြီး သိလိုတဲ့ အချက်များ မေးမြန်းချင်ပါက Comments box မှာ ရေး၍ ‌မေးမြန်းနိုင်ပါတယ်။
📣DAGOON Education ဟာ အမေရိကန် နိုင်ငံမှာ တရားဝင်ဖွင့်လှစ်ထားသော ပညာရေး ဝန်ဆောင်မှု့ အဖွဲ့ အစည်း တခုဖြစ်ပါတယ်။

Photos from Thanlyin Thiha Depa Swimming Club's post 19/09/2023

ကျေးဇူးအထူးတင်ရှိခြင်း

သန်လျင်သီဟဒီပရေကူးအသင်းသည်၂၀၁၈မှသည်ဒီနေ့အချိန်ထိအနိမ့်အမြင့်အတက်အကျဖြင့်ရေကူးအားကစားကိုချစ်မြတ်နိုးသည့်စိတ်​ဖြင့်ရပ်တည်လာခဲ့ရာအသင်း၏အခက်ခဲဆုံးအခြေအနေများ ကြောင့်ရေကူးအားကစားကိုအချိန်မတိုင်ခင်စွန့်လွတ်မည်.ရေကူးသမားများအားစိတ်ခွန်အားဖြစ်စေသည့်အားပေးစကားအမြဲပြောကြားသင်ပြပေးတက်ပြီးပြိုင်ပွဲများပြုလုပ်ပေးပါသော Aqua King Myanmar Swimming Club - ရေဘုရင်ရေကူးအသင်း မှနည်းပြချုပ်ဆရာမောင်မောင်စိန်အားဌင်းအသင်းမှကစားသမားများအားကျောသားရင်သားမခွဲခြားဘဲတပည့်များအပေါ်ဖိဖိစီးစီးလေ့ကျင့်ပေးပါသော Sea Otters Swimming Class မှဆရာမျိုးကြီးအားဌင်းအသင်း၏လိုအပ်ချက်များအားအမြဲဖြည့်စည်းကူညီပေးနေပါသော WiKi Hub Computer &CCTVမှဦးငြိမ်းချမ်းထွန်းနှင့်မိသားစုအားဌင်းအဖက်ဖက်မှလိုအပ်သမျှဖြည့်စီးပေးပါသောရေကူးသမားမိဘများအား ဌင်းအသင်းမှကျေးဇူးတင်အပ်ပါတယ်

10/09/2023

FLUZAသက်တန်းအလိုက်ရေကူးပြိုင်ပွဲအတွက်အသင်းမှရေကူးသမား၂ဦးဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီးအသင်း၆သင်းမှရေကူးမောင်မယ်၁၅၁ဦးဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပါသည်

30/08/2023

#ပညာသင်ကြားခြင်းအစကစားခြင်းက
-----------------------------------------------------
🔹 ကျောင်းသင်ရိုးညွှန်းတမ်းနှင့် စာသင်အချိန်ဇယားများ ရေးဆွဲသည့်အခါ ဖွံဖြိုးရေးသင်ရိုးကို မပါမဖြစ်ထည့်သွင်းခဲ့ကြသည်။နိုင်ငံတကာတွင်လည်း ထိုနည်းတူဖြစ်သည်။

🔹 ဖွံဖြိုးရေးသင်ရိုးတွင် ကြံ့ခိုင်ရေး(ကာယ) အချိန်နှင့် လူမှုဝန်ထမ်း(Fatigue)လုပ်ရသောအချိန်များစသဖြင့် ပါဝင်ပါသည်။

🔹 သို့သော် မိဘနှင့်ဆရာ နှစ်ဘက်စလုံးမှ ကာယပညာအချိန်ကို အားပေးသူလွန်စွာနည်းပါးခဲ့သည်။အချိန်ကြာလာသည်နှင့် ကာယပညာအချိန်(PE) သည် ကျောင်းသားနှင့်မသက်ဆိုင်သလိုပင် ပျောက်ပြယ်မှေးမှိန်သွားခဲ့ရပါသည်။
______________________________________
IQ၊ EQ၊ PQ ဟူသော Q သုံးမျိုး
****************************
♨️ စာချည်းပဲအမြဲလုပ်သောကျောင်းသားသည် IQ ဟုခေါ်သည့် Intelligent Quotient ကောင်းပါသည်။ စာတော်ပါသည်။ သို့သော် စာတစ်ခုသာအလေးထား၍ စိတ်ဓါတ်ပိုင်းနှင့်ဆက်ဆံရေးအပိုင်းဖြစ်သည့် EQ ဟုခေါ်သော Emotional Quotient ပိုင်းတွင်အားနည်းသွားတတ်ကြပါသည်။

♨️ တတိယမြောက် Q မှာ PQ ဟုခေါ်သည့် Physical Quotient ဖြစ်သည်။ PQ ကောင်းခြင်းသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုကောင်းခြင်းပင်ဖြစ်သည်။ မည်မျှပင် စာတော်နေပြီး IQ၊ EQ ကောင်းမွန်နေစေကာမူ PQ မကောင်းလျှင်လည်းထင်သလောက်ခရီးရောက်တော့မည် မဟုတ်ပါ။

ကာယအချိန်ဆိုသည်မှာ
***********************
♨️ ကာယပညာအချိန်​၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအား EQ နှင့် PQ ကောင်းမွန်ရန် သင်ကြားလေ့ကျင့်ပေးခြင်းပင်ဖြစ်သည်။ ကာယပညာအချိန်တွင် အားကစားပြုလုပ်ခြင်း၊ ပျော်ရွှင်စရာပွဲတစ်ခုခုအား စုပေါင်းကစားခြင်းအားဖြင့် -

✳️ ပူးပေါင်းဆောင်ရွက်လိုစိတ်ကောင်းသည်။
✳️ ပေါင်းသင်းဆက်ဆံရေးကောင်းလာသည်။
✳️ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာစေသည်။
✳️ ကိုယ်ချင်းစာတရားများလာစေသည်။
✳️ ရှိရင်းစွဲ ဉာဏ်ရည်ထက် ပိုမိုထက်မြက်လာ
စေသည်။
________________________________________
◾ ကာယပညာအချိန်မှတစ်ဆင့် အားကစားသမားကောင်းတစ်ယောက်ပေါ်ထွက်လာနိုင်သည်။ အားကစားမတော်သည့်တိုင်အောင် ဉာဏ်ပညာရှိသော၊ ကိုယ်ချင်းစာတရားကောင်းသော၊ ပူးပေါင်းဆောင်ရွက်တတ်သော ပညာတတ်တစ်ယောက်ဖြစ်လာနိုင်သည်။

◾ ကာယပညာပညာအချိန်၌ စာဝင်သင်ခဲ့သည့်အခါ IQ ကောင်းသော ပညာတတ်များဖြစ်လာပါသည်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုအားနည်းသွားကြသည်။အဖွဲ့အစည်းနှင့်ဆောင်ရွက်တတ်မှုလျော့ပါးသွားကြသည်။ ကျန်းမာရေးချူချာသော ပညာတတ်များဖြစ်လာကြသည်။ အားကစားထူးချွန်သူနည်းပါးခဲ့ရသည်။ လွန်ခဲ့သောနှစ် ၃၀ ခန့်က ကာယပညာအချိန်တွင် စာဝင်သင်ခဲ့သည့် ရလဒ်ဖြစ်သည်။
_______________________________________
➡️➡️ သို့ဖြစ်၍ ပညာရေးနှင့် အားကစား ပူးပေါင်းဆောင်ရွက်လာမှုအား အရှိန်အဟုန်မြင့်လာစေချင်မိသည်။ ဒီနေ့ခေတ် ကျောင်းသားတွေရဲ့ကာယပညာအချိန်မှာတော့ အချိန်ဇယားထဲမှာသာရှိနေသောဘာသာရပ်ဖြစ်နေပါပြီ

( စာရေးဆရာဒေါက်တာမောင်သင်း​၏ ဆောင်းပါးအား ကိုးကား၍ရေးသားဖော်ပြအပ်ပါသည်။)

Freelance Runner
5.4.2022.

30/08/2023
30/08/2023

ရေကူးခြင်းကိုအပျော်သဘောပဲဖြစ်စေ ကျန်းမာရေးအရပဲဖြစ်စေ အားကစားတရပ်အနေပဲဖြစ်စေဝါသနာပါသူများအတွက်သန်လျင်မှာရှိတဲ့မည်သည့်ရေကူးသင်တန်းတွေကိုမဆိုရေကူးအားကစားတိုးတက်ဖို့အတွက်မျှဝေသွားပါမယ်

ရေကူးတဲ့အခါ စတိုင်ကျနေဖို့ ပြင်ဆင်လိုက်ပါ။

စက်တင်ဘာလ (၉) ရက်၊ စနေနေ့မှာ SCSC ရဲ့ ရေကူးသင်တန်း စတင်တော့မှာနော်။ အခြေခံကနေ နည်းစနစ်မှန်မှန် သင်ယူဖို့ စဉ်းစားနေပြီဆိုရင် ဒီ Beginner Swimming Class ကသင့်အတွက်ပါပဲ။ ဒီသင်တန်းကို အမျိုးသား လက်ရွေးစင်ဆရာမ Tr. Ei Ei Thet ကိုယ်တိုင် သင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရေကူးအားကစားက အခြားအားကစားတွေလို ချွေးထွက်များတာမျိုး မခံစားရပေမဲ့ ကယ်လိုရီ များများလောင်ကျွမ်းတဲ့ လှုပ်ရှားတစ်ခုထဲမှာပါပါတယ်။ ဒါကြောင့် ဝိတ်လည်းကျ၊ ရေလည်းကူးတတ်သွားမယ့်အပြင် ပုံမှန်ရေကူးသင်တန်းထက် သက်သာတဲ့ Discount နဲ့ Monsoon Swimming Class ကို မဖြစ်မနေတက်ကြဖို့ အသိပေးလိုက်ပါတယ်။

Hotline: 09 777 377 555
Website: starcitysportsclub.com/facilities/swimming-pools/
Instagram: www.instagram.com/starcitysportsclub/

Want your business to be the top-listed Gym/sports Facility in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address


Thanlyin

Opening Hours

Tuesday 08:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00