Lay San Yoga

Lay San Yoga

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lay San Yoga, Yoga studio, No. 404. 3/B , Marlar Myaing Str , 16/3 Qrt, Thingangyun.

21/06/2023

Happy International Yoga Day🎉🎊

08/06/2023

ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းစေပြီး အဆိပ်အတောက်တွေကိုကင်းစေလို့ ကြည်လင်တဲ့အသားအရေကို ရရှိနိုင်တာ ယောဂဆော့ခြင်းကြောင့်ပါ😇

ဒါကြောင့် ဝက်ခြံပေါက်တတ်သူတွေအတွက် ဝက်ခြံပေါက်ခြင်းကို သက်သာစေမယ့် ယောဂလေ့ကျင့်ခန်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်🤗…

1️⃣ပထမဆုံးအနေနဲ့ Legs Up On The Wall Pose ဆိုတာက
နံရံကို မျက်နှာမူထိုင်၊
ကြမ်းပြင်ပေါ်မှာ ဖြေးဖြေးချင်းကျောကိုလှဲချ၊
ခြေထောက်နှစ်ချောင်းကို နံရံမှာ ကပ်ပြီးမြှောက်ထား၊
လက်နှစ်ဖက်ကို ဘေးကို တန်းပြီးဆန့်ထုတ်လို့ မျက်လုံးမှိတ် အသက်မှန်မှန်ရှူပေးတဲ့ ပုံစံဖြစ်ပါတယ်။ ဒီပုံစံကိုလုပ်ဆောင်တာက သွေးလည်ပတ်စီးဆင်းမှုကိုကောင်းစေလို့ မျက်နှာဆီကို အောက်ဆီဂျင်ဓာတ်ပိုမိုရောက်ရှိစေနိုင်ပါတယ်။

2️⃣Head-to-Knee Pose ဆိုတာကတော့
ကြမ်းပြင်မှာ ခြေထောက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး ခါးကိုမတ်မတ်ထိုင်၊
ဘယ်ခြေကို ဒူးကွေးပြီး ညာပေါင်ကို ခြေဖဝါးနဲ့ထိ၊
ပြီးရင် ခြေဖျားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းကို ဒူးနဲ့ထိအောင် ကိုယ်ကို ကိုင်းပါ။
ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒီပုံစံက မျက်နှာကြွက်သားတွေဆီကို သွေးနဲ့အောက်ဆီဂျင်ရောက်နိုင်ဖို့ အကောင်ဆုံး ထောက်ပံ့ပေးနိုင်လို့ ဝက်ခြံပြဿနာများလျော့နည်းစေဖို့ အထောက်အကူဖြစ်စေမှာပါ။

3️⃣Cobra Pose လို့ခေါ်တဲ့ပုံစံတစ်မျိုးကတော့ ကြမ်းပြင်ပေါ်မှာမှောက်လျက်အနေအထားနဲ့ ခြေထောက်တွေကို ဆန့်ထုတ်ထားတဲ့ပုံစံပါ။ ပြီးတဲ့နောက်မှာ လက်မောင်းကိုအားပြုပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုဆန့်ထုတ်ပါ။ ခန္ဓာကိုယ်ကို ဆန့်ထုတ်ချိန်မှာ အသက်ကိုရှူသွင်းပြီး ကြမ်းပြင်နဲ့ပြန်ထိချိန်မှာရှူထုတ်ရပါမယ်။ ဒီပုံစံက ကိုယ်တွင်းက အဆိပ်အတောက်ကိုဖယ်ရှားပေးနိုင်သလို ဟော်မုန်းတွေကိုထိန်းညှိပေးတဲ့အပြင် ဝက်ခြံပေါက်တာနဲ့ တခြားသော အရေပြားပြဿနာတွေကိုလည်းထိရောက်စေပါတယ်နော်။

ဒီလို နည်းလမ်းလေးတွေနဲ့ ယောဂကို လေ့ကျင့်ခန်းတစ်ခုအနေနဲ့ နေ့စဉ်ပုံမှန်ပြုလုပ်ပြီး ကြည်လင်လန်းဆန်းသော အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်ပြီပေါ့ရှင်။😇

Lay San Yoga ရဲ့ လစဥ် Schedule ကတော့
Class (1)
Mon, Tue, Wed 7:00 - 8:00 AM
Class (2) (Beginner)
Mon, Tue, Wed 9:15 -10:15 AM
Class (3)
Sat & Sun 8:00 - 9:00 AM
Class (4) (Beginner)
Sat & Sun 9:30 - 10:30 AM
Class (5)
Fri,Sat, Sun 5:00 - 6:00 PM
အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။
အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်

Google Map

https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8312492,96.1819071,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

☎Ph - 095038147

01/06/2023

"Love yourself & share loves with others"💞

ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့စိတ်လေးရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့်အတွက်ဆိုတဲ့ me time မှာ ကိုယ်သဘောကျတဲ့အရာလေးတွေ၊ အကျိုးရှိတာလေးတွေကို ဖန်တီးရင်း ပျော်ရွှင်မှုကိုလည်းရရှိနိုင်မှာလေ။
အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်မှာ အချိန်ပေးသင့်တဲ့အရာတွေထဲကတစ်ခုကတော့ ယောဂ လို့ ဆိုပါရစေ ။😍

✨ယောဂ ဟာ စိတ်အခြေအနေကိုပြောင်းလဲပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုလို့လည်း ဆိုနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်လေးမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့ နဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကိုယ်ခန္ဓာတွင်းက ဟော်မုန်း၊ ဇီဝ ဖြစ်စဉ်တွေကို မှန်ကန်စွာထိန်းညှိပေးနိုင်ဖို့ supporting ဖြစ်စေမှာပါ။
✨ဒါကြောင့် နေ့စဉ်ကွန်ပျူတာရှေ့မှာပဲထိုင်ပြီးအလုပ်ရှုပ်နေသူတွေ၊ screen time များသူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေအနေနဲ့ ယောဂလေ့ကျင့်ခန်းကိုလုပ်ဆောင်မယ်ဆိုရင် အညောင်းအညာပြေစေလို့ စိတ်ကြည်လင်လန်းဆန်းမှုကိုပါ ခံစားရစေမှာ သေချာပါတယ်နော်။
✨ယောဂကျင့်နေစဉ်အချိန်အတွင်းမှာလည်း စိတ်အေးချမ်းမှုကို သိသိသာသာခံစားရတာကြောင့် မိမိကိုယ်ကို အာရုံစူးစိုက်မှုအပြည့်အဝပေးနိုင်ပြီး ကိုယ့်ကိုယ်ကို ချစ်ခင်စိတ်တွေလည်း ပေါ်ပေါက်တိုးပွားလာနိုင်မှာပါ။
ဒီလိုအကောင်းမြင်စိတ်တွေကြောင့် ချစ်ခြင်းမေတ္တာတွေကိုလည်း မိမိ ဘေးနားက အပေါင်းအသင်း မိတ်ဆွေ ဝန်းကျင် အပေါ်ကို မျှဝေနိုင်လာရင်း
ပိုမိုကောင်းမွန်တဲ့ မိမိကိုယ်ကို တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်နော်။ ဒါကြောင့်
အလှအပနဲ့ကျန်းမာရေးအပြင် စိတ်ပေါ့ပါးလန်းဆန်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ဆိုရင် Lay San Yoga ကို ဆက်သွယ်လိုက်ပါနော်။📞
ရုံးချိန်လွတ်တန်းခွဲများလည်းရှိတာကြောင့် ရုံးဝန်ထမ်းများအတွက်လည်း အဆင်ပြေပြီပေါ့ရှင်။😉

Lay San Yoga ရဲ့ လစဥ် Schedule ကတော့
Class (1)
Mon, Tue, Wed 7:00 - 8:00 AM
Class (2) (Beginner)
Mon, Tue, Wed 9:15 -10:15 AM
Class (3)
Sat & Sun 8:00 - 9:00 AM
Class (4) (Beginner)
Sat & Sun 9:30 - 10:30 AM
Class (5)
Fri,Sat, Sun 5:00 - 6:00 PM
အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။
အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်

Google Map

https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8312492,96.1819071,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

☎Ph - 095038147

23/05/2023

Mommy Life ဖြစ်နေပြီမို့ အလှအပကျန်းမာရေးကို ဂရုစိုက်ဖို့မလိုတော့ဘူးတဲ့လား?💁‍♀️

အဲ့ဒီ အတွေးဟာ မမှန်ကန်ပါဘူးနော် 🙅‍♀️

မေမေတွေအနေနဲ့လည်း လှပကျန်းမာဖို့ အခွင့်အရေးအပြည့်အဝရှိတာမို့ အလှအပနဲ့ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေ၊ ယောဂ ကျင့်စဉ်တွေကို လိုက်နာလုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်…✔
မေမေ မဖြစ်ခင် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာတောင် ဗိုက်ထဲကဘေဘီလေး ကောင်းမွန်စွာဖွံ့ဖြိုးဖို့နဲ့ မေမေတို့ ကျန်းမာရေးအတွက် ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ…💁‍♀️
ဘေဘီလေးတွေမွေးဖွားပြီးတဲ့နောက်မှာဆိုရင်လည်း မေမေတို့အနေနဲ့ ကလေးတို့ရဲ့ ကိစ္စအဝဝ နဲ့အတူ အိမ်အလုပ်တာဝန်များကို နေ့စဉ်လုပ်ဆောင်နေရတာကြောင့် မိမိတို့ရဲ့ အလှအပကျန်းမာရေးအတွက် အချိန်ပေးဖို့ မေ့လျော့နေကြတာမျိုးရှိတတ်ပါတယ်။ ဒီလိုမေ့လျော့နေတာမျိုးအဖြစ်မခံဘဲ မိမိတို့ လှပကျန်းမာပြီး Positive Thinking တွေ ပိုမိုတိုးပွားလာဖို့ ယောဂ လေ့ကျင့်ခန်းကို အိမ်မှာပဲဖြစ်စေ၊ သင်တန်းမှာပဲဖြစ်စေ ပုံမှန် လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်နော်…🤗

ကျန်းမာသွက်လက်တဲ့ ခေတ် မေမေတို့ဖြစ်ဖို့အတွက် Lay San Yoga မှာ Beginners အတန်းမှစလို့ Yoga Class တွေနေ့စဉ်ရှိနေတာမို့ လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်…🙆‍♀️

Lay San Yoga ရဲ့ လစဥ် Schedule ကတော့
Class (1)
Mon, Tue, Wed 7:00 - 8:00 AM
Class (2) (Beginner)
Mon, Tue, Wed 9:15 -10:15 AM
Class (3)
Sat & Sun 8:00 - 9:00 AM
Class (4) (Beginner)
Sat & Sun 9:30 - 10:30 AM
Class (5)
Fri,Sat, Sun 5:00 - 6:00 PM
အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။
အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်

Google Map

https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8312492,96.1819071,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

☎Ph - 095038147

21/04/2023

“ယောဂဆော့တော့မယ်ဆိုရင်”✨

နှစ်ပေါင်းများစွာကတည်းက အိန္ဒိယနိုင်ငံကနေစတင်ပေါ်ပေါက်ခဲ့တဲ့ ယောဂ ဆိုတာ ယနေ့ထိတိုင် ခေတ်စားနေဆဲ ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး စိတ်ကိုတည်ငြိမ်အေးချမ်းစေတာကြောင့် Physical နဲ့ Mental ကို Balance ညီစေတဲ့ ယောဂ ကို Online ကပဲ ဖြစ်ဖြစ်၊ အပြင်သင်တန်းမှာပဲဖြစ်ဖြစ် စတင်လေ့ကျင့်တော့မယ်ဆိုရင်တော့ ဒီအချက်လေးတွေ အရင်ဆုံးလိုအပ်မှာပဲဖြစ်ပါတယ်ရှင့်😇

✨ယောဂဖျာ

ဒါကတော့မပါမဖြစ်လို့ဆိုရမှာပါ။ ယောဂလေ့ကျင့်ပြီဆိုတာနဲ့ ဖျာပေါ်မှာသာ လေ့ကျင့်မှအဆင်ပြေပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး လေ့ကျင့်လို့
သင်တန်းမှာ ယောဂဖျာ ရှိတယ်ဆိုရင်တောင် ကိုယ့်အိမ်မှာ ယောဂပြန်လေ့ကျင့်တဲ့အခါမျိုးမှာ ယောဂဖျာ လိုအပ်လာတော့မှာပါ။ Online Class တက်သူတွေအတွက်ဆိုရင်တော့ ရှိကိုရှိရမယ့် အရာက ယောဂဖျာပါပဲ။

✨ယောဂလေ့ကျင့်မယ့် ဝတ်စုံ

ကိုယ်နေဟန်ထားကို ထိန်းညှိရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် သက်သောင့်သက်သာဖြစ်ပြီး ကိုယ်ခန္ဓာအချိုးအစားကို မြင်သာစေမယ့် အဝတ်အစားမျိုးကို ဝတ်သင့်ပါတယ်။ အဲ့ဒါမှသာ ယောဂ Trainer က ယောဂကျင့်စဉ်အနေအထားမှန် မမှန်ကို မြင်သာမှာဖြစ်ပါတယ်။ သက်သောင့်သက်သာဖြစ်ပေမယ့် ပွပြီး ခန္ဓာကိုယ် မပေါ်လွင်စေတဲ့ အဝတ်အစားမျိုးဆိုလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ယောဂလုပ်မယ့် ဝတ်စုံဆိုပြီးလည်း သီးသန့်ရွေးချယ်တတ်ဖို့လိုပါမယ်ရှင်။

✨ယောဂ Trainer

ဒါက အရေးအကြီးဆုံးအချက်ပါနော်။ ကိုယ့်ကို ကောင်းကောင်း instruction ပေးနိုင်မယ့် Trainer မျိုးဖြစ်မှသာ ကိုယ့်ရဲ့ ယောဂကျင့်စဉ်တွေက တိုးတက်မှုရှိပြီး ထိရောက်မှုရှိနိုင်မှာပါ။

✨ယောဂသင်တန်း

သင်တန်း နေရာဟာ သက်သောင့်သက်သာနဲ့အထိုက်အလျောက်ကျယ်ဝန်းတဲ့ နေရာအနေအထားဖြစ်ဖို့လိုပါတယ်။ ဒါမှသာ စိတ်ကိုစုစည်းပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ယောဂ လေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်မှာဖြစ်လို့ပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ယောဂကျင့်ခြင်းဟာ ချွေးထွက်များတဲ့အားကစားဖြစ်တာမို့ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တာကြောင့် ရေကိုများများသောက်ပေးဖို့ နဲ့ ရေဓာတ်မခမ်းခြောက်ဖို့အထူးသတိထားသင့်ပါတယ်နော်။😉

ကဲ..ဒါဆိုရင် အခုမှယောဂစဆော့မယ့် Beginner လေးတွေအတွက် လေ့ကျင့်မှုကိုအာရုံစူးစိုက်မှု အပြည့်အဝရရှိစေမယ့် နေရာ၊ ယောဂကျင့်စဉ်တွေကို step by step သင်ကြားလမ်းညွှန်ပေးနိုင်မယ့် နည်းပြ ကောင်းကောင်းရှိတဲ့ Lay San Yoga မှာ Beginner Class လေးတွေကို လစဉ်ဖွင့်လှစ်ပေးနေတာမို့ လာရောက် Join နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။😇🤗

Lay San Yoga ရဲ့ လစဥ် Schedule ကတော့

Class (1)
Mon, Tue, Wed 7:00 - 8:00 AM

Class (2) (Beginner)
Mon, Tue, Wed 9:15 -10:15 AM

Class (3)
Sat & Sun 8:00 - 9:00 AM

Class (4) (Beginner)
Sat & Sun 9:30 - 10:30 AM

Class (5)
Fri,Sat, Sun 5:00 - 6:00 PM

အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။
အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်

Google Map
https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8312492,96.1819071,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

☎Ph - 095038147

08/04/2023

နှစ်သစ်မှာ နုပျိုမှုအသစ်တွေရရှိဖို့ ယောဂ လေ့ကျင့်ကြပါစို့ 🙆‍♀️

အခုဆိုရင် မကြာခင်မှာ ရုံးပိတ်ရက်ရှည် ပိတ်တော့မယ်။ ပိတ်ရက်ရှည်မှာ အိမ်မှာနေပြီး ပျင်းနေမယ့်အစား ကိုယ့်အတွက် အကျိုးရှိစေမယ့် တစ်ခုခု ကို Try ကြည့်ကြမယ်ဆိုရင် မကောင်းဘူးလားရှင်?😇

ဒါဆိုရင်တော့ ကျွန်မက ယောဂ လေ့ကျင့်ခန်းကို Try ကြည့်ပါလို့ အကြံပေးချင်ပါတယ်နော်။🤗

ကျွန်မရဲ့ မမတွေ၊ ညီမလေးတွေထဲမှာဆိုရင် နေ့စဉ်လုပ်ငန်းခွင်မှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ထဲအာရုံနှစ်ထားရသူတွေရှိသလို သားသား၊ မီးမီး ထိန်းကျောင်းရတဲ့ ကိစ္စတွေနဲ့ နေ့စဉ် ဗျာများနေရတဲ့ မေမေတွေလည်းရှိတာကိုး။ ဒီတော့ အဲ့ဒီလို မမတွေ၊ ညီမလေးတွေအတွက် အခုလိုပိတ်ရက်ရှည်ရတဲ့အချိန်မှာ ယောဂလေ့ကျင့်ခန်းအပေါ်အာရုံစိုက်ဖို့ အကောင်းဆုံးပေါ့ရှင်။😉

🍀ယောဂကျင့်ခြင်းဖြင့် အလုပ်တွေမှာပင်ပန်းခဲ့တဲ့ စိတ်လေးတွေကဟာလည်း ပြေပျောက်လို့ အကောင်းမြင်စိတ်လေးတွေ တိုးလာသလို စိတ်ကူးစိတ်သန်းအသစ်တွေကိုလည်း တွေးခေါ်နိုင်လာမှာဖြစ်ပါတယ်။
🍀စိတ်ဖိစီးမှုအမျိုးမျိုးနဲ့မေမေတို့အနေနဲ့လည်း ယောဂဆော့ပြီးတဲ့အခါ ကြည်လင်လတ်ဆတ်လာတဲ့စိတ် နဲ့ အကျောပြေလန်းဆန်းမှုတွေကြောင့် သားသားမီးမီးတို့အပေါ်မှာ ပိုမိုကောင်းမွန်တဲ့ထိန်းကျောင်းမှုတွေကို လုပ်ဆောင်လာနိုင်မှာပါ။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဖြာဖြာအတွက် ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဖြစ်စေဖို့ ယောဂ ကျင့်စဉ် က အထောက်အပံ့ဖြစ်စေမှာအသေအချာလို့ဆိုပါရစေနော်💜

ဒီလို စိတ်ရော၊ ရုပ်ပါ လန်းဆန်း ချင်သူတွေအတွက် ပိတ်ရက်တွေမှာ Online Class ကနေ ယောဂကျင့်ချင်တယ်ဆိုရင်တော့ Lay San Yoga မှ ကြိုဆိုလျက်ပါရှင့်...😇

အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။
အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်

Google Map
https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8312492,96.1819071,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

Ph - 095038147

03/04/2023

အချိန် ၁နာရီပေးပြီး စိတ်ရောကိုယ်ပါ တည်ငြိမ်ကျန်းမာဖို့ 𝐘𝐨𝐠𝐚 လေ့ကျင့်ကြပါရှင်

ကျန်းမာရေးအတွက်ကြောင့်ဖြစ်စေ ၊ ပေါ့ပါးလှပဖို့အတွက် ဖြစ်စေ 𝐘𝐨𝐠𝐚 ကျင့်ခြင်းက လိုအပ်တဲ့ 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 တစ်ခုအပါအဝင်ဖြစ်ပါတယ်....

𝐘𝐨𝐠𝐚 ကျင့်ခြင်းဖြင့်
✅ မိမိကိုယ်ကို 𝐒𝐞𝐥𝐟 - 𝐜𝐚𝐫𝐞 ဖြစ်စေဖို့ မြင့်တင်ပေးပါတယ်-----

✅အဆစ်ရောင်ရောဂါ ခံစားရမှုကိုနည်းပါးစေပါတယ်----

✅သွေးလည်ပတ်မှုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို အကောင်းဆုံးအထောက်အကူပြုစေပါတယ်---

✅စိတ်တည်ငြိမ်ပေါ့ပါးလန်းဆန်းစေပြီး ကောင်းမွန်သောအိပ်စက်ခြင်းကိုရရှိစေပါတယ်----

✅ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြင့်တင်ပေးပါတယ်---

ဒါကြောင့် တစ်နေ့အချိန် 𝟏 နာရီပေးရုံဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ခြင်းကို ရရှိစေသော 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 တစ်ခုဖြစ်တဲ့ 𝐘𝐨𝐠𝐚 ကျင့်ခြင်းကို ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်----
ပျော်ရွှင်ကျန်းမာလှပသော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ---

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻
☎ 095038147

🏚️ No.404 (3/B),Malarmyaing Str, 16/ 3Q ,Thingangyun

08/03/2023

Happy International Women's Day🎉🎊

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးများအားလုံးကို ဂုဏ်ပြုကြောင်းပြောကြားရင်း
အမျိုးသမီးတို့အနေနဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ မိမိတို့ရဲ့ကိုယ်ပိုင်အချိန်ကိုအမြဲတမ်း ကောင်းမွန်စွာအသုံးချနိုင်ပြီး ပိုမိုပျော်ရွှင်လှပသော အမျိုးသမီးလေးများဖြစ်ကြပါစေလို့ LaySan Yoga မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙆❤


'sDay

Photos from Lay San Yoga's post 15/02/2023

နေ့စဥ်ဘဝမှာ အဖက်ဖက်ကနေ စိတ်ဖိစီးမှုတွေဆိုတာ ရှိနေတတ်ပါတယ်...🤷‍♀️
စိတ်ဖိစီးမှုရဲ့နောက်ကွယ်မှာဖြစ်လာနိုင်တာတွေကတော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေပါပဲ...
ဒါကြောင့် ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှုတွေကို Yoga ဆော့ခြင်းကနေ ဖြေလျှော့လေ့ရှိကြတာပေါ့😇

💁တခြားသောအားကစားတွေနဲ့မတူညီတဲ့ ယောဂဆော့ခြင်းရဲ့ကောင်းကျိုးတွေကတော့

🍀ခန္ဓာကိုယ်ကို သွယ်လျကျစ်လျစ်စေရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ပေါ့ပါးလန်းဆန်းစေတာပါပဲ။
🍀စိတ်ပိုင်းဆိုင်ရာအတွက် Positive Vibe တွေကိုပေးနိုင်ပြီး စိတ်ကြည်လင်လန်းဆန်းစေတာမို့ အိပ်ကောင်းခြင်းနဲ့အိပ်ပျော်နိုင်တယ်။
🍀ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပေးတဲ့နေရာမှာလည်းအကူအညီဖြစ်စေသလို ချွေးထွက်ခြင်းကြောင့် အသားအရည်ကိုလည်းကြည်လင်စေတဲ့ကောင်ကျိုးတွေကို ခံစားရနိုင်ပါတယ်။
🍀ဒါ့အပြင် ​ယောဂ ဆော့ခြင်းက အကြောတွေကိုလည်း ပျော့ပျောင်းစေလို့ တစ်နေ့တာလုံးညောင်းညာပင်ပန်းခဲ့သမျှဟာ ယောဂဆော့ခြင်းကြောင့် လန်းဆန်းပြီးယုံကြည်မှုတွေကို ပိုမိုတိုးပွားစေနိုင်ပါတယ်။

ဒီလို ကောင်းကျိုးတွေများစွာရနိုင်တဲ့ ယောဂ ကို Try ချင်တဲ့အမျိုးသမီးလေးတွေအတွက် Lay San Yoga မှ နွေးထွေးစွာကြိုဆိုနေပါတယ်ရှင်😇

Lay San Yoga ရဲ့ လစဥ် Schedule လေးကိုလည်း ပြောပြချင်ပါတယ်နော်🤗

📣Class (1)
🗓Mon, Tue, Wed 🕖 7:00 - 8:00 AM 🕗

📣Class (2) (Beginner)
🗓Mon, Tue, Wed 🕘 9:15 -10:15 AM 🕙

📣Class (3 )
🗓Tue,Wed🕠 5:30-6:30pm

📣Class (4 )
🗓Sat & Sun 🕗 8:00 - 9:00 AM 🕘

📣Class (5 ) (Beginner)
🗓Sat & Sun 🕤 9:30 - 10:30 AM 🕥

📣Class (6)
🗓Fri,Sat, Sun 🕖 5:00 - 6:00 PM 🕕

💃Instructor : Tr Lay San💃

💸Fees💸
--------
💸8 Time - 50000 MMK
💸12 Time - 60000 MMK

💸သင်တန်းကြေးများကိုလည်းမိမိအဆင်ပြေရာ Banking များနဲ့ပေးသွင်းနိုင်ပါတယ်။ (KBZ, AYA, MAB, KPay, Wave Pay acceptable)💸

👉သင်တန်းစတင်တက်ရောက်သည့်နေ့မှ ၄ပတ်အတွင်း တစ်လ ဟု သတ်မှတ်ပါသည်👈

👩‍👩‍👧‍👧Online Private သင်ချင်သူများ
Group လိုက်သင်ချင်သူများ အနေနဲ့လည်း အဆင်ပြေမယ့်အချိန်ကို ညှိနှိုင်းသင်ယူနိုင်ပါတယ်ရှင်👩‍👩‍👧‍👧

🏠အမှတ် (၄၀၄-၃ဘီ)၊ မာလာမြိုင်လမ်း၊ (၁၆/၃)ရပ်ကွက်၊သင်္ဃန်းကျွန်း။🏠
📣အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့လမ်းမှဝင်ရန်📣

📌Google Map📌

https://www.google.com/maps/place/Lay+San+Yoga,+No(404-3B),+Marlar+Myaing+Street,+Thingangyun+Pyi+Thar+Yar,+Yangon+12345/@16.8303459,96.1817987,16z/data=!4m6!3m5!1s0x30c19385c97f916d:0x2f3bc1147ad55798!8m2!3d16.8303459!4d96.1817987!16s%2Fg%2F11tg7wvt12?hl=en-MM&gl=mm

☎Ph - 095038147

Want your business to be the top-listed Gym/sports Facility in Thingangyun?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 404. 3/B , Marlar Myaing Str , 16/3 Qrt
Thingangyun