Street King

Street King

Share

Photos from Street King's post 30/05/2022

ယနေ့မှာတော့
အဇူရစ်တို့ရဲ့ဂျာစီအသစ်ထွက်ရှိလာခဲ့ပါတယ်
အရင် အင်္ကျီဒီဇိုင်းတွေနဲ့ မတူပဲကွဲပြားနေတာအမှန်ပဲ
ဘော်ဒါ‌တို့ရော သဘောကျရဲ့လား

အီတလီအသင်းကြိုက်တဲ့သူရော
ဘောလုံးဝါသနာရှင်တွေရော
ကိုယ်ရဲ့အမြင်လေးတွေကို Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်
Photo Crd

24/05/2022

Crd

08/05/2022

We can't wait for new jersey 😍😇

27/11/2021

World Cup ၀င်ခွင့်ရဖို့အတွက်
Play - off
ပွဲစဉ်တွေကတော့
စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်
နာမည်ကြီး အသင်းတွေဖြစ်တဲ့
ပေါ်တူကြီး အီတလီအသင်းတွေအပြင်
ပိုလန် ယူကရိန်း ဆွီဇင် ရုရှားတို့လဲ
နောက်ဆုံး ၃ နေရာအတွက် ပါ၀င်နေပါတယ်
နောက်ဆုံးဘယ်အသင်း‌တွေက
World Cup ကို တက်လှမ်းသွားမလဲဆိုတာ
ဘောလုံးဝါသနာ ပရိတ်သတ်တို့
ခန့်မှန်းပေးခဲ့ကြပါအုံး ?

03/02/2021

အဓမ္မ အာဏာထိန်းသိမ်းပါသော မြန်မာနိုင်ငံ၏ စစ်အာဏာရှင်အား လုံးဝကန့်ကွက်ပါသည်။

မြန်မာနိုင်ငံဟ ဒီမိုကရေစီ စနစ် နှင့် ဒီမိုကရေစီ လမ်းကြောင်းများအား ရိုက်ချိုးဖျက်စီးပါသော
မြန်မာနိုင်ငံ၏စစ်အာဏာရှင်အား လုံးဝအလိုမရှိပါ။

Civil Disobedience လုပ်ကြသော ပြည်သူ့၀န်ထမ်းများနှင့်အတူ ရပ်တည်သွားပါမည်။

စစ်အစိုးရအလိုမရှိ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးပါစေ။



13/08/2020

Football is Freedom

02/08/2020

သင့်ဘော်ဒါ‌တွေထဲမှာ
ကြမ်းကြမ်းတမ်းတမ်းနဲ့ လှလှပပ
ကစားတက်တဲ့သူကို
ခေါ်လိုက်ပါ 🤪🤫

10/10/2019

ဟဲလို အမေ
Photo Crd

19/09/2019

#ဖူဆယ်ကစားနည်းရဲ့သိသင့်သိထိုက်တာလေးများ
Xl NaingYeKyaw

ရေးသူ - Graham Turner
UEFA Futsal EURO ရဲ့ ဖူဆယ်ကြယ်ပွင့်အဖြစ် အသိမှတ်ပြု ခံရတဲ့ ပေါ်တူဂီတောင်ပံကစားသမား
Ricardinho (Ricardo Filipe De Silva Braga) ပြောတဲ့ ဖူဆယ်အောင်မြင်ရေးသော့ချက်များ။

၁။ ခေါင်းမြန်ရမယ်။ခြေထောက်မြန်ရမယ်။
(မြန်မြန်တွေး မြန်မြန်ကန်)
ဖူဆယ်ကစားသမားတစ်ယောက်အတွက် အလိုအပ်ဆုံး အရည်အချင်းက မြန်မြန်စဉ်းစားဖို့နဲ့ စဉ်းစားတဲ့အတိုင်း မြန်မြန်လုပ်ဆောင်ဖို့ပါ။ ဒီအရည်အချင်းက ကစားသမားတစ်ယောက်နဲ့တစ်ယောက်ကို ကွာခြားသွားစေတဲ့ အချက်ပါ။ တစ်ချို့ကစားသမားတွေဟာ နည်းစနစ်တွေအများကြီးသိတယ်။ ခံစစ်ကစားတတ်တယ်။ ဒါပေမယ့် သူတို့တွေ မြန်မြန်မတွေးတတ်တဲ့အတွက် မြန်မြန်မဆုံးဖြတ်နိုင်ဘူး။ အဲ့ဒီအတွက်ကြောင့် ပုံမှန်အားဖြင့် ပြို င်ဘက်အသင်းထက် ပိုကောင်းအောင် မကစားနိုင်တော့ဘူး။ ဒါဟာ အလိုအပ်ဆုံး အရည်အသွေးတစ်ခုပါ။

၂။ ခြေထောက်တွေသန်ရမယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု
အမြင့်ဆုံး ဖြစ်ရမယ်။
ဘောလုံးပေးတဲ့အခါမှာ အကွာအဝေး နည်းနည်းပဲရောက်တာတို့ လိုချင်တဲ့အကွာအဝေး မရောက်တာတို့ဟာ ကြံ့ခိုင်မှု စံနှုန်းမပြည့်မှီလို့ပါ။ ဖူဆယ်ဆိုတာ ပြေးနေရင်းနဲ့ ရုတ်တရက် ရပ်တန့်နိုင်ရမယ်။ ချက်ခြင်းဦးတည်ချက်ပြောင်းနိုင်ရမယ်။ ရပ်နေရာကနေ ချက်ချင်းပေါက်ကွဲထွက်သလို ပြန်ပြေးကစားနိုင်ရမယ်။ အဲ့ဒါကြောင့် သင့်ခြေထောက်တစ်စုံ သန်မာဖို့နဲ့ သင့်ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ သင့်ရဲ့ပြို င်ဘက်ထက် ရုပ်ပိုင်းဆိုင်ရာပိုမိုကြံ့ခိုင်ခြင်းဟာ သင့်အတွက် အားသာချက်တစ်ခုပါ။

၃။ လူပေးကစားတတ်ရမယ်။
ဖူဆယ်ကစားပွဲတစ်ပွဲမှာ လူပေးကစားရတဲ့အကြိမ် အရေအတွက်ဟာ အသင်းတစ်သင်းစီအတွက် အကြိမ်ရေ ၅၀၀ လောက်ရှိပါတယ်။ အကွာအဝေး နီးနီးကိုဖြစ်ဖြစ် ဝေးဝေးပဲဖြစ်ဖြစ် ဘောလုံးကို ကိုယ်လိုချင်တဲ့နေရာဆီရောက်အောင် ပေးတတ်ဖို့ လိုအပ်တယ်။အမြဲတမ်း ယုံကြည်မှု ရှိရှိနဲ့ အကောင်းဆုံး ဆောင်ရွက်ဖို့လိုတယ်။

၎။ တိုက်စစ်နှင့် ခံစစ်
လူတစ်ယောက်က Joel Queiros (ပေါ်တူဂီထိပ်တန်း ဖူဆယ်ကစားသမား) အကြောင်းပြောတာကို ပြောတာကို ကျွန်တော်မှတ်မိပါတယ်။ Joel က တိုက်စစ်ကစားတာ တကယ်ကိုကောင်းတဲ့သူအဖြစ် အသိအမှတ်ပြု ခံရတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲတွေမှာတော့ သူဟာ မထင်ရှားတဲ့ကစားသမားဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ သူက ခံစစ်မကစားတတ်လို့ပါ။ သင်ဟာ အာရုံစူးစိုက်မှု အမြင့်ဆုံးလိုအပ်တယ်။ နေရာယူမှန်ကန်မှု နဲ့ လက်ဦးမှု ရယူတဲ့ ရွေ့လျားမှု မျိုး လုပ်တတ်ဖို့ လိုပါတယ်။ ပြို င်ဘက်က ဘယ်ဦးတည်ချက်ကို ရွှေ့မှာလဲဆိုတာ ကြို သိဖို့ဆိုတာ ပြို င်ဘက်ကစားသမားတွေးသလိုမျိုး လိုက်တွေးကြည့်ဖို့ လိုပါတယ်။ တိုက်စစ်ဆင်ကစားတယ်ဆိုတာ အခြေအနေအရ ကြုံ သလိုကစားတာထက် အများကြီးပိုပါတယ်။ သွင်းဂိုးတွေဟာ ပွဲနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းသူရဲ့နောက်မှာ အသင်းလိုက်စုပေါင်းကြိုးစားအားထုတ်မှု တွေရှိတယ်။ တစ်ခါတစ်ရံ ဂိုးသွင်းလိုက်တဲ့ဆောင်ရွက်ချက်က သိပ်တန်ဖိုးကြီးတဲ့အလုပ်မဟုတ်ပါဘူး။

၅။ နည်းဗျူ ဟာများကို နားလည်သဘောပေါက်ခြင်း
ဖူဆယ်ကစားနည်းဟာ တစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး နည်းဗျူ ဟာမြောက်တဲ့ ကစားနည်းဖြစ်လာပါတယ်။အခုဆို ပြိုင်ပွဲတွေမှာ ၁၀ဂိုး - ၂ဂိုး ဆိုတဲ့ရလဒ်မျိုး မမြင်ရတော့ဘူးလေ။ အသင်းတွေဟာ နည်းဗျူ ဟာပိုင်းဆိုင်ရာ တိုးတက်လာကြပြီး အသင်းတစ်သင်းနဲ့တစ်သင်း ကွာခြားချက် ကြီးကြီးမားမား မရှိတော့ပါဘူး။ တစ်ဦးချင်းစွမ်းဆောင်ချက်တွေကသာ ကွာခြားချက်တွေကို ဖြစ်သွားစေတာပါ။ ဒါပေမယ့် ပြစ်ဒဏ်ဘောရတဲ့အချိန်မျိုး ဘေးထွက်ဘောကန်ရမယ့် အချိန်မျိုး ထောင့်ကန်ဘောကန်ရမယ့်အချိန်မျိုး စတဲ့ (dead-ball situations) တွေမှာတော့ ကစားကွက်နဲ့ မဟာဗျူ ဟာတွေက အသင်းနှစ်သင်းရဲ့ ရလဒ်တွေကို ကွာခြားသွားစေတာပါ။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ ဖူဆယ်မှာ အောင်မြင်ဖို့အတွက် နည်းဗျူ ဟာနဲ့ အဲ့ဒီနည်းဗျူ ဟာပေါ်မှာ သင်ကိုယ်တိုင် ပါဝင်လေ့ကျင့်မှု အပေါ် ရာခိုင်နှုန်းအားဖြင့် ၆၀% ပေးပါတယ်။

Ref: http://www.uefa.com/futsaleuro/news/newsid=1742742.html

အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ပါလျှင် ဘာသာပြန်ဆိုသူ-ကျွန်တော် ၏ အားနည်းချက်သာဖြစ်ပါကြောင်း။
ပေးပါတယ်
King

Want your business to be the top-listed Gym/sports Facility in Thingangyun?

Click here to claim your Sponsored Listing.

Location

Website

Address


Thingangyun