25/10/2019
Crd sir htoo aung
ထုတင်တယ်ဆိုတာ....?
**************************
-
ကိုထူးအောင်
ကျွန်တော် နားမလည်တာ မေးပါရစေ
ထု တင်တယ်ဆိုတာ မိမိ ကိုယ်ကို ဝ အောင်
လုပ်တာပါလား..?
ဝပြီးသား လူအဖို့ ဗလတောင့်အောင် လေ့ကျင့်ခန်း
လုပ်ဖို့ ပိုပြီးအခွင့်အလမ်း သာနေသလိုမျိုးလား..?
-
ခင်ဗျား တစ်ခါ ပြောဖူးသလို ကျွန်တော်တို့
လူပိန်တွေအနေနဲ့လေ့ကျင့်ခန်းလုပ်လည်းပဲ
ဲပြားချပ်ချပ် မာဆယ်ပဲရမှာလို့ဆိုတဲ့အတွက်
ဘာ လေ့ကျင့်ခန်းမှ မလုပ်ဘဲ အရင် ဝအောင်
လုပ်သင့်ပါသလား ...?
------------------------------------------------------
ကျနော်ထံသို့မေးလာသော ညီငယ်အတွက် ဖြေပေးရင်း
ကျန်တဲ့ သူတွေပါ သိဖို့လိုအပ်တဲ့အတွက် ပိုစ့်တင်ပြီး
အများနားလည်အောင် ရေးလိုက်ရပါတယ်...
ကာယဗလ ဝါသနာပါသူ အများစုလူငယ်များတို့ရေ
သေချာဖတ်မှတ်ကြပါကုန်လော....
-
ထုတင်တယ်ဆိုတာ ၀ အောင်လုပ်တာ မဟုတ်ပါဘူး
၀ အောင်လုပ်တယ်ဆိုတာလည်း ထုတင်တာမဟုတ်
်ပါဘူး
-
ထုတင်တယ်ဆိုတာက ကာယဗလသမားတွေရဲ့
အခေါ်ဝေါ် အသုံးပဲဖြစ်ပါတယ်
ထုတင်တယ်ဆိုတာက ကြွက်သားတွေကြီးအောင်
ကစားတာပဲဖြစ်ပါတယ်...
-
တနည်းပြောရရင် မိမိခန္ဒာကိုယ်မှာ ရှိတဲ့ ကြွက်သား
မျှင်တွေ ထုထည်ကြီးလာအောင် အလေးတွေနဲ့ဖိအား
ပေးပြီး ကစားခြင်းပဲဖြစ်ပါတယ်
ကြွက်သားမျှင်တွေဆိုတာကတော့တိုးပွားအောင်
ကစားလို့မရပါဘူး...
ကြွက်သားမျှင်တွေက မွေးရာပါတည်ဆောက်မှုအရ
လူတစ်ဦးနဲ့တစ်ဦး ပါ၀င်မှု့နှုံး မတူကျပါဘုး
-
ကြွက်သားမျှင်ရေ များတယ်-နည်းတယ် ဆိုတာရယ် body type ရယ်အရိုးတည်ဆောက်ပုံတွေရယ်က
ိုမျိုးရိုးဗီဇGene-က လူတစ်ဦးချင်းဆီမှာပေးတဲ့
အခွင့်အရေးမတူကျလို့ ခြားနားသွားခြင်းပဲ ဖြစ်ပါတယ်
ဒါကြောင့် မျိုးရိုးဗီဇကြောင့် ပုခြင်း ရှည်ခြင်း ပိန်ခြင်း
ထွားခြင်းတွေဖြစ်ကာတယောက်နဲ့တယောက် ကွာခြားသွားကျပါတယ်...
-
လူတယောက်မွေးဖွားပြီဆိုထဲက 3-မျိုး 3စား ကွဲ
သွားပါတယ်
-
(1)-Ectomorph-အသေးစား
-
(2)-mesomorph-အလတ်စား
-
(3)-endomorph-အကြီးစား
-
ဒီ(3)မျိုးက မွေးဖွားလာထဲက ပါပြီးသားဖြစ်ပါတယ်
အရွယ်မရောက်ခင်မှာတော့ ာကြိုးစားပြီး ပြင်ဆင်လို့
ရပေမဲ့ Gene ကိုဆန့်ကျင့်ပြီး ပြောင်းယူလို့မရပါဘူး..
အရွယ်ရောက်သွားရင်တော့ ပိုးဆိုးပါတယ် အရိုးအဆစ်
တွေရဲ့ တည်ဆောက်ပုံကို လုံး၀ ပြောင်း လဲ ယူလို့
မရတော့ပါဘူး
-
ဒါပေမဲ့ ကြွက်သားတွေကိုတော့ ကြီးထွားလာအောင်
စနစ်တကျ ကစားပြီးပြုပြင်လို့ရနိုင်တဲ့ အခွင့်အရေးက
တော့ လူတိုင်းမှာ ရှိနေပါတယ်..
အမျိုးသားရော-အမျိုးသမီးရောအတူတူပဲ ဖြစ်ပါတယ်
်အဓိကပြသနာကတော့ လူတိုင်း အရပ်ရှည်ချင်ကျတာ
ပဲဖြစ်ပါတယ်..
်အရပ်ရှည်ချင်သလိုကြွက်သားတွေ လည်းကြီးထွား
ချင်ကြပါတယ်..
-
အွန်းလိုင်းကလည်းကြေငြာ ကောင်းကောင်းနဲ့
အသက်(30)ကျော်ထိရှည်တယ် ဘာတယ်ညာတယ် နဲ့
ရောင်းချနေကျတာ တကယ်မှတ်ပြီး၀ယ်သောက်နေသူ
တွေ ဒုနဲ့ဒေးပါ ဒါပေမဲ့ ဒီဆေးတွေကို ဆေးပညာရှင်
တွေက မထောက်ခံကြပါဘူး...
-
အဲ့လိုသာ ဆေးသောက်တိုင်းရှည်နေကျမယ်ဆိုရင်
လူတိုင်းကို မော့ကြည့်နေရမှာပေါ့.....
ကြွက်သားတွေလည်း ထိုနည်းတူပါပဲ ဆေးသောက်တိုင်း မကြီးပါဘူးဆေးထိုးတိုင်းမကြီးပါဘူး အလေးတွေနဲ့
ပင်ပင်ပန်းပန်းကစားမှကြီးတာပါ ကစားတယ်ဆိုတိုင်း
လည်းကြီးတာတော့မဟုတ်ပါဘူး
-
နည်းစနစ်တကျကစားပြီး စည်းကမ်းတွေ လိုက်နာပါမှ
ကြီးထွားလာတာပါ..အလေးတွေနဲ့ကစား အစားတွေ
များများစားတိုင်းလည်း အတိုင်းအဆမရှိကြီးမယ်လို့
တော့ မမှတ်ယူထားကြပါနဲ့
ဒီကြီးထွားခြင်းတွေမှာလည်းးအကန့်အသတ်တွေ
ရှိပါတယ်...
အရပ် 5-ပေလောက်ပဲရှိသူက အားနိုးလောက်-ဖီးဟိတ်ယ လောက်တော့ ဘယ်လို ကစားကစား လုံး၀ မဖြစ်နိုင်ပါဘူး
-
သူ့အိုးနဲ့သူဆန် တန်ရုံချက်လို့ပဲရမှာပါ စိတ်က လောဘ
ကြီးတိုင်းခန္ဒာကိုယ်က မလိုက်နိုင်ပါဘူး
သူ့အိုးနဲ့သူ့ဆန်လို့ ပုံနှိုင်းလိုက်တာက မိမိအရပ်နဲ့မိမိအရိုးတည်ဆောက်ပုံအရသာ လှပ ကြည့်ကောင်းတဲ့ကြွက်သား
တွေကို ပုံဖေါ်လို့ရမှာ ဆိုတာကိုပါပဲမှတ်ယူကြစေလို
ပါတယ်...
-
ကဲ...ထုတင်တာနဲ့ ၀တယ် ဆိုတာ ပြန်ဆကစပ်ကြည့်
အောင် ၀ ဖို့ဆိုရင်တော့အလေးကစားစရာမလိုပါဘူး
အစားတွေ လှိမ့်ပိမ့်စားပြီး နင်းကန် အိပ်ရင်၀ လာမှာ
အသေအချာပါပဲ....
-
ထုတင်တယ်ဆိုတာက ၀တာနဲ့ တခြားစီ ကြွက်သားတေ
ွကြီးအောင် အလေးတွေနဲ့ စနစ်တကျကစားပေးနေရ
တာဖြစ်ပါတယ်...
ဒါပေမဲ့ ထုတင်တဲ့ သူတိုင်းဟာ အစားများများစားပြီး
နည်းစနစ်အတိုင်း ကစားတဲ့တွက် ဗိုက်ပူ 6-pack
မရှိတော့ ကာယဗလသဘောတရားကို နားမလည်မသိ တဲ့သူတချို့က ၀ လာတယ်လို့ အထင်မှားကျပါတယ်
-
ပိန်တဲ့သူ အချို့ဟာ အပေါ်က ညီငယ်မေးသလိုပါပဲ
တော်တော်နဲကြွက်သားတွေတက်မလာကျတာက
လိုအပ်ချက်ရှိနေလို့ပဲဖြစ်ပါတယ်....
အဲ့ဒီ လိုအပ်ချက်က ဘာတွေပါလည်း...?
-
(1)-အ၀င်ကယ်လိုရီထက် အထွက် ကယ်လိုရီက
ပိုများနေခြင်း
-
(2)-များများကစားရင မြန်မြန် ပိုကြီးတယ်ဆိုတဲ့ အယူအဆ မှားနေခြင်း
-
(3) နည်းစနစ်တကျ ကြွက်သားတွေကို အလှည်ကျ
့မကစားတတ်ခြင်း
-
အထက်ပါ(3)ချက်ထဲ က တခုခုနဲ့ ငြှိနေရင် ကြီးထွား
လာဖို့ မဖြစ်နိုင်ပါဘူး
-
ကယ်လိုရီဆိုတာဘာလည်း...?
-
ကာဗလဆောင်ပါးတွေရေးတဲ့သူတိုင်း အမြဲရှင်းပြပေး
နေရတာကဒီကယ်လိုရီပါပဲ...
ဲကယ်လိုရီဆိုတာ သီးသန့်ရှိနေတဲ့အရာမဟုတ်ပါဘူး
ရေကလွဲလို့ ကျနော်တို့ စားသောက်လိုက်တဲ့ အရာတိုင်း
မှာ ကယ်လိုရီပါနေပါတယ်..ဥပမာ အရှင်ဆုံးပြောရရင် ကားတစ်စီးမောင်းဖို့ ဆီ လိုအပ်သလို လူတစ်ယောက်
်အသက်ရှင် ရပ်တည်ဖို့အတွက် အစားအသောက်ထဲ
က ကယ်လိုရီတွေ လိုအပ်ပါတယ် ကယ်လိုရီဆိုတ ကားထဲထည့်တဲ့ဆီလိုပါပဲ...
ရန်ကုန်နဲ့ မန်းလေးသွားမဲ့ကားတစ်စီး ဆီ 5 ဂါလံကုန်
တယ်ဆိုပါစို့...
5ဂါလံထည့်ပြီးမောင်းမှသာ မန်းလေးကိုရောက်ပါမယ်
4-ဂါလံပဲ ထည့်မောင်းရင် လမ်းတ၀က်မှာပဲ ရပ်နေမှာပါ လိုရာကိုမရောက်ပါဘူး
-
5-ဂါလံပဲ ပုံမှန် ထည့်အောင်ရင် မန်းလေးတော့ရောက်
်ပါမယ် ဒါပေမဲ့ သူ့မှာ ဆီပို ဆီလျှံမရှိပါဘူး
ဒါကြောင့် ဒီကားထဲကို6-ဂါလံလောက် နေ့စဉ်ထည့်ပြီး
မောင်းမယ်ဆိုရင် ဆီက တနေ့တစ်ဂါလံပိုလာတဲ့အတွက်
ကြာလာရင် ကားတောင် မသယ်နိုင်လောက် ပိုလာမှာ
ဖြစ်ပါတယ်..
လူတွေမှာ လည်း ထိုအတူပါပဲ မိမိစားသောက်တဲ့
အစားအသောက်တွေပိုစားပေးပါမှပိုလျှံကယ်လိုရီကြောင့် လူကို ဝစေတာတွေ ကြွက်သားတွေကြီးလာတာတွေ
ဖြစ်စေနိုင်တာပါ
-
တနေ့ ကြက်ဥလေး 3-4လုံး ငှက်ပျောသီး3-4လုံး
ပိုစားနိုင်ရုံနဲ့တော့မိမိကြွက်သားတွေ ကြီးလာမယ်
မထင်ကြပါနဲ့....
ကုန်သည်စကားနဲ့ပြောရရင် အမြတ်များများလိုချင်ရင်
အရင်းအနှီးများများ ရင်းနှီးရပါလိမ့်မယ်..
1000-ရင်းလို့ 200မြတ်ရင်ကို တော်တော်လေးကို
ဟုတ်နေပါပြီ...
1000-ရင်းလို့ 1000မြတ်မယ်လို့ မထင်ထားပါနဲ့
အလေးတွေနဲ့ကစားရုံတခုထဲနဲ့တော့ ကြွက်သားတွေ
ကြီးထွားမလာနိုင်ဘူးဆိုတာကိုလည်း သဘောပေါက်
ထားဖို့လည်းလိုပါသေးတယ်ဆိုတာ ကစားသူတိုင်း
နားလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်
-
အခုခေတ်ကစားသမားတွေက ကြွက်သားတွေလည်း
ကြီးထွားချင်တယ်6-pack ကလည်းပေါ်နေချင်တယ်
်ဒီလိုမျိုးက ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာသဘောပေါက်
ကြပါ...
-
စားတာ
နားတာ
ကစားတာ
အားလုံး စည်းကမ်းလည်းရှိ နည်းလမ်းလည်းသိမှ
လိုချင်တဲ့ ပန်းတိုင်ရောက်ပါမယ် အားလုံးကစားလို့
အဆင်ပြေကြပါစေ
-
-
စေတနာများစွာဖြင့် HtooAung-17-12-2015-5း00pm
12/10/2019
10/10/2019
15/09/2019
03/08/2019
20/06/2019
06/05/2019
29/04/2019
24/04/2019
23/04/2019
25/03/2019