MKC YOGA

Call Directions Contact the business

MKC YOGA • Prenatal & Postnatal Yoga Instructor
• Mindfulness & Awareness Meditation Instructor
• Yoga Therapy Instructor

108 Days Meditation Journey A Journey of Inner Transformation ၂၀၂၃ ခုနှစ်ကတည်းက တရားအားထုတ်ခြင်းကို MKC မှာ ရက်ခြားလေ့ကျ...
03/11/2026

108 Days Meditation Journey
A Journey of Inner Transformation

၂၀၂၃ ခုနှစ်ကတည်းက တရားအားထုတ်ခြင်းကို MKC မှာ ရက်ခြားလေ့ကျင့်လာခဲ့သူပဌာန်းဆက်ယောဂီလေး 🧘‍♀️

အရင်က အလုပ်ကြိုးစားပြီး ထက်မြက်သလို မိမိအမြင်ကို ခိုင်ခိုင်မာမာ ပြောဆိုတုံ့ပြန်တတ်သူ စိတ်ဆိုး ဒေါသထွက်လွယ်တဲ့ ပဌာန်းဆက်ယောဂီလေး

၂၀၂၆ မှာ ၁၀၈ ရက်တာ စိတ်လေ့ကျင့်မှုခရီးစဉ်အတွင်းမှာတော့ နေ့စဉ်ဘဝကို အသိ၊ သတိနဲ့ နေထိုင်တတ်လာပြီး စိတ်ထားလေး ပိုမိုနူးညံ့သိမ်မွေ့လာသော ယောဂီလေး

တစ်နေ့တာကို ဒါန၊ သီလ၊ ဘာဝနာတို့နဲ့ ဖြတ်သန်းတတ်လာသလို မိမိရဲ့ အတွေး၊ အပြော၊ အလုပ်တိုင်းမှာလည်း သတိနဲ့ ဆင်ခြင်နေထိုင်တတ်လာသောယောဂီလေး

အခုဆိုရင် တစ်နေ့ကို အနည်းဆုံး တရားထိုင်ချိန် နှစ်ကြိမ် ပုံမှန်လေ့ကျင့်နိုင်လာပြီး မိမိဘဝကို ပိုမိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်သောယောဂီလေး

၁၀၈ ရက်တာ ခရီးစဉ် ပြီးဆုံးသွားပေမယ့် စိတ်လေ့ကျင့်မှုခရီးစဉ်ကတော့ မပြီးဆုံးသေးပါဘူး

ရှေ့ဆက်ပြီး 369 Days Meditation Journey ကို ဆက်လက်လျှောက်လှမ်းတော့မယ့် ပဋ္ဌာန်းဆက် ယောဂီလေးရဲ့ ကြိုးစားအားထုတ်မှုအပေါ် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်

စိတ်ရဲ့ အေးချမ်းခြင်း၊ သတိရဲ့ပြည့်စုံခြင်း၊ ပညာရဲ့ တိုးတက်ခြင်းတို့နဲ့ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေ

သာဓု… သာဓု… သာဓု… 🙏🙏🙏



Sādhu Sādhu Sādhu From 108 Days to 369 Days 🍀The Journey of Mental Practice Continues🧘‍♀️
03/11/2026

Sādhu Sādhu Sādhu

From 108 Days to 369 Days 🍀

The Journey of Mental Practice Continues🧘‍♀️







NOVEMBER MINDFUL YOGA CLASS 80% Mental Practice 20% Physical PracticeKnow Your Mind Feel Your Body Live Mindfullyမိမိစိတ...
27/10/2026

NOVEMBER MINDFUL YOGA CLASS

80% Mental Practice
20% Physical Practice

Know Your Mind
Feel Your Body
Live Mindfully

မိမိစိတ်နှင့် ခန္ဓာကိုယ်ကို ပိုမိုသိရှိနားလည်ပြီး နေ့စဉ်ဘဝမှာ သတိတရားဖြင့် နေထိုင်တတ်စေရန် November Mindful Yoga Class မှာ ပဌာန်းဆက် ယောဂီများ ဆုံကြမယ်ရှင့်

သင်တန်းတွင် ပါဝင်မည့် လေ့ကျင့်မှုများ

🧠 Mental Practice 80%

အတွေး၊ ခံစားချက်၊ ထိတွေ့မှုနှင့် ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော အာရုံခံစားမှုများကို အသိ သတိ ရှိစွာဖြင့် ရှုမှတ်ခြင်း

🧘 Physical Practice 20%

လျောင်း၊ ထိုင်၊ ရပ်၊ သွား ကိုယ်ဟန်လေးမျိုးကို အခြေ ပြု ၍ လေ့ကျင့်ရင်း အသက်ရှူမှု ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် မြေပြင်ထိတွေ့မှုတို့ကို သတိပြုခြင်း

🌸 Skin-to-Skin Oil Abhyanga

မိမိခန္ဓာကိုယ်ပေါ် ဆီကို ကိုယ်တိုင်လိမ်းပေးရင်း လက်နှင့်အရေပြား ထိတွေ့မှု၊ နွေးထွေးမှုနှင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုများကို သတိပြုလေ့ကျင့်ခြင်း

မိမိ ခန္ဓာကိုယ်ကို ဂရုစိုက်တတ်ပြီး မိမိကိုယ်ကို မိမိသတိ အသိ ရှိစွာ နားထောင်တတ်စေရန် လက်တွေ့လေ့ကျင့်သွားပါ့မယ်

🌼 Our Goal

စိတ်ကို သိရှိခြင်း၊ ခန္ဓာကိုယ်ကို သတိပြုခြင်းနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းတို့ကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်စေရန် ဖြစ်ပါတယ်

📅 Start Date: 2 November 2026 (Monday)

📅 End Date: 26 November 2026 (Thursday)

🗓️ Class Days: Monday • Tuesday • Wednesday • Thursday

⏰ Time: 8:00 PM – 9:15 PM

💻 Online Zoom Class

MKC YOGA

Be Aware
Be Present
Live Mindfully

🙏 စိတ်နှင့်ခန္ဓာကိုယ်ကို သတိတရားဖြင့် လေ့ကျင့်ရင်း မိမိကိုယ်ကို ပိုမိုနားလည်စေမည့် ခရီးစဉ်လေးမှာ ပဌာန်းဆက်ယောဂီများ တွေ့ကြပါ့မယ်ရှင့် 🧘‍♀️🙏

သင်တန်း အကြောင်းအရာများကို page messager မှာ မေးမြန်းစုံစမ်း အပ်နှံ နိုင်ပါတယ် mkc ရဲ့ အကြောင်းအကျိုးညီသော ပဌာန်းဆက်ယောဂီအပေါင်းတို့ရှင့်





မန္တလေး က ကိုယ်ဝန်ဆောင်မေမေများ ရှင် ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့် ချင်ရင် Tr Phue Crystal Phueဆီမှာ လေ့ကျင့်လို့ရပါပြီရှင်...
21/10/2026

မန္တလေး က ကိုယ်ဝန်ဆောင်မေမေများ ရှင် ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့် ချင်ရင် Tr Phue
Crystal Phueဆီမှာ လေ့ကျင့်လို့ရပါပြီရှင်

NAMASTE 🙏

09/10/2026

မင်္ဂလာပါရှင့်

မီးမီးအမည် က apple ပါရှင့်

မီးမီး မေမေ က ကိုယ်ဝန်ဆောင် ယောဂ လေကျင့်တိုင်း အမြဲ ပြုံးပြုံးပြီး လေ့ကျင့်နေတော့ မီးမီး က အမြဲ ပြုံးပြုံးလေး နေဖြစ်တယ်ရှင့်

တီတီတို့ရော ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်ရင် မီးမီးမေမေလို အမြဲပြုံးပြီးလေ့ကျင့်ပေးနော် 😍

တီတီ အားလုံးကို ချစ်ပါတယ်ရှင့်
မီးမီးလေး apple 🥰

ပုံတင်ခွင့်ပြုတဲ့မီးမီး မေမေ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်🥰🧘‍♀️🍀

Sādhu Sādhu Sādhu
04/10/2026

Sādhu Sādhu Sādhu

Day 108/108 🤍🌿

လူက မအားရင် အချိန်က ရွေ့ပေးမယ်ဆိုတဲ့စိတ်နဲ့
မပျက်မကွက် အားစိုက်ပြီး လျှောက်လာခဲ့တာ…
ဒီနေ့မှာတော့ ၁၀၈ ရက်ပြည့်မြောက်ခဲ့ပါပြီ။ 🤍🌿

အစမှာတော့ အရင်က Instructor တစ်ယောက်ဖြစ်ခဲ့တဲ့ သိစိတ်လေးနဲ့
“စိတ်သန်မာအောင် ထိုင်ရမယ်” ဆိုတဲ့အတွေးလေးနဲ့ စတင်ခဲ့တာပါ။

ထိုင်ရင်း… ထိုင်ရင်းနဲ့
ကိုယ့်စိတ်ကို ကိုယ်ပိုသိလာခဲ့တယ်။
သံသရာအရှည်ကြီးကို ဆက်လျှောက်ရမယ့်အတွေးက
တဖြည်းဖြည်း ကြောက်လာစေခဲ့တယ်။

အဲ့ဒီကြောက်စိတ်ကနေ
ကိုယ့်အတွင်းစိတ်၊ ကိုယ့်အကျင့်၊ ကိုယ့်အပြုအမူတွေကို
တစ်ခုချင်းစီ ပြုပြင်ဖို့ ကြိုးစားလာခဲ့တယ်။ 🤍

၁၀၈ ရက်ဆိုတာ ပြီးဆုံးခြင်းမဟုတ်ပဲ…
ဘ၀အတွက်ပိုသတိရှိရှိနဲ့ ဆက်လျှောက်မယ့် လမ်းတစ်ခုရဲ့ အစလေးဖြစ်ခဲ့တယ်။ 🌿

ကိုယ့်ဘဝမှာ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်
တစ်နေ့ချင်းစီ ကြိုးစားပြုပြင်ရင်း…
သံသရာတိုဖို့လည်း ကြိုးစားဆက်လက်အားထုတ်သွားမယ်။ 🤍🙏🏻🌿

🧘‍♀️🎉🎉🎉🤍🌿

🌈 OCTOBER ZOOM ONLINE — MINDFUL YOGA CLASS🧘‍♀️ Calm Your Mind. Balance Your Body. Live Mindfully.နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှ...
24/09/2026

🌈 OCTOBER ZOOM ONLINE — MINDFUL YOGA CLASS

🧘‍♀️ Calm Your Mind. Balance Your Body. Live Mindfully.

နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေ၊ အလုပ်ပင်ပန်းမှုတွေကြားမှာ
ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်နားဆင်ဖို့ အချိန်ပေးကြရအောင်🌿

Mindful Yoga Class မှာ
💜 80% Mental Practice
— စိတ်တည်ငြိမ်မှု၊ Mindfulness နဲ့ Inner Peace ကို တည်ဆောက်ပေးခြင်း

💚 20% Physical Practice
— ခန္ဓာကိုယ်အားကောင်းမှု၊ Flexibility နဲ့ Body Awareness တိုးတက်စေခြင်း

တို့ကို ပေါင်းစပ်လေ့ကျင့်ပေးမှာဖြစ်ပါတယ်

✨ October မှာ ဘာတွေရမလဲ?

🌿 Mindfulness & Meditation
🌿 Breath Awareness
🌿 Gentle Yoga Practice
🌿 Body & Mind Connection
🌿 Stress Release & Relaxation
🌿 Inner Balance & Self-Awareness

📅 Start Date — 28 September 2026
📅 End Date — 22 October 2026
🗓️ Monday – Tuesday – Wednesday – Thursday
⏰ 8:00 PM – 9:15 PM
💻 Live Zoom Online Class

အိမ်မှာနေရင်း လေ့ကျင့်နိုင်တဲ့အတွက်
ကိုယ့်အချိန်၊ ကိုယ့်နေရာကနေ ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်နိုင်မယ့် အခွင့်အရေးလေး ဖြစ်ပါတယ်🪷

A peaceful mind creates a balanced life

📩 Class အကြောင်းအသေးစိတ်နဲ့ Registration အတွက် Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

ယောဂလေ့ကျင့်တဲ့ တစ်နာရီအတွင်းမှာ သွေးပေါင်ချိန်က တကယ်ပဲ ပြောင်းလဲသွားတာလား?ယောဂဆိုတာ ခန္ဓာကိုယ်လှုပ်ရှားရုံတင်မဟုတ်ဘဲ ကိ...
30/03/2026

ယောဂလေ့ကျင့်တဲ့ တစ်နာရီအတွင်းမှာ သွေးပေါင်ချိန်က တကယ်ပဲ ပြောင်းလဲသွားတာလား?

ယောဂဆိုတာ ခန္ဓာကိုယ်လှုပ်ရှားရုံတင်မဟုတ်ဘဲ ကိုယ်ရောစိတ်ပါ တကယ် Relax ဖြစ်သွားအောင် လုပ်ပေးတာပါ။ အချိန် တစ်နာရီလောက်လေးအတွင်းမှာတင် ဘယ်လိုတွေ ထူးခြားသွားလဲဆိုတာ MKC Yoga မှာ လေ့ကျင့်နေတဲ့ Yogi ရဲ့ ကိုယ်တွေ့ကို အောက်ကပုံလေးတွေနဲ့ ပြောပြပေးလိုက်ပါတယ်။

ပထမပုံမှာ ယောဂမလေ့ကျင့်ခင်
သွေးပေါင်ချိန် တိုင်းကြည့်လိုက်တော့ သွေးပေါင်ချိန်က 111/85 mmHg ရှိနေပါတယ်။

တစ်နာရီကြာ ယောဂလေ့ကျင့်ပြီးနောက်
လေ့ကျင့်ပြီးတာနဲ့ သွေးပေါင်ချိန်က 103/78 mmHg အထိ သိသိသာသာ ကျသွားတာ တွေ့ရမှာပါ။ နှလုံးခုန်နှုန်း (Pulse) ကလည်း ပိုပြီး ငြိမ်သွားပါတယ်။

တကယ်တော့ ယောဂလေ့ကျင့်ခြင်းက သွေးပေါင်ကျစေတာ တစ်ခုတည်း မဟုတ်ပါဘူး။ Yoga Therapy ရဲ့ ထူးခြားချက်က ခန္ဓာကိုယ်ကို ပုံမှန်အခြေအနေ (Balance) ဖြစ်အောင် ပြန်ညှိပေးတာပါ

• သွေးတိုးနေတဲ့သူဆိုရင် စိတ်ရောကိုယ်ပါ ငြိမ်သက်သွားပြီး Stress တွေ လျော့သွားတဲ့အတွက် သွေးပေါင်ချိန်က ကျလာပါတယ်။

• သွေးကျနေတဲ့သူဆိုရင် အသက်ရှူစနစ်နဲ့ သွေးလည်ပတ်မှုတွေ ပိုကောင်းလာတာကြောင့် ပုံမှန်ရှိသင့်တဲ့ သွေးပေါင်ချိန်အထိ ပြန်တက်လာပြီး နေလို့ကောင်းသွားစေပါတယ်။

ယောဂလေ့ကျင့်တဲ့ တစ်နာရီအတွင်းမှာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပြီး သွေးကြောတွေကို ပွင့်စေတာကြောင့် သွေးပေါင်ချိန်ကို သူ့အလိုလို အကောင်းဆုံးအခြေအနေဖြစ်အောင် ထိန်းညှိပေးနိုင်တာပဲ ဖြစ်ပါတယ်။




Address

Bangkok

Telephone

+9595363595

Website

Alerts

Be the first to know and let us send you an email when MKC YOGA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MKC YOGA:

Shortcuts

  • Want your business to be the top-listed gym/sports facility?

Share