21/08/2026
ခုတလော Messenger ကနေ Scam photo ပို့တာတွေ တွေ့တွေ့လာရပါတယ်။ ပုံပို့တာတွေကို Account ပိုင်ရှင်က လုံးဝ မသိသလို Acc ပါသွားတာမျိုးလည်း မဟုတ်နေပြန်ပါဘူး။
ဘာလို့လဲဆိုတော့ ဒါက Messenger Account Hijacking နဲ့ Crypto/Gambling Scam (Social Engineering) တွဲထားတဲ့ Automated Spam Campaign မို့လို့ပါပဲ။
ပို့တဲ့ Account ပိုင်ရှင်တွေ ကိုယ်တိုင် မသိရတာက သူတို့ရဲ့ Facebook / Messenger Account (သို့မဟုတ် Session Cookie) Compromise ဖြစ်ပြီး Automated Botnet / Script ကနေ contact list ထဲက Acc အားလုံးကို Account ပိုင်ရှင်ရဲ့ ဆန္ဒမပါဘဲ အလိုအလျောက် ပို့နေတာကြောင့်ပါ။
ဒါလေးကို ရှင်းပြရရင် Session Hijacking or Cookie Stealing အကြောင်းက စရမယ်။
Victim တွေဟာ Phishing Link တစ်ခုခုကို နှိပ်မိတာ သို့မဟုတ် Malicious Extension or Infostealer Malware (e.g., RedLine, Lumma Stealer) ကူးစက်ခံရပြီး Facebook Active Session Cookie ပါသွားတာမျိုးပါ။ ဒါကြောင့် Attractor က Password ပြောင်းစရာမလိုဘဲ Messenger API/Automated Script ကနေ Mass Messaging ပို့နေလို့ရတာ ဖြစ်ပါတယ်။
ပုံတွေကို သေချာကြည့်ရင် content က MrBeast ရဲ့ X (Twitter) Account က post တင်ထားသယောင် ပိပိရိရိလုပ်ထားတဲ့ screenshot အတု ကို အသုံးချပြီး Crypto Casino (topazwin . com) မှာ Promo Code "FIRE" ရိုက်ရင် $2,500-$2,700 ရမယ်ဆိုပြီး လုပ်ထားပါတယ်။ ကိုယ့် Messenger Friend list ထဲကလူက ပို့တာဆိုတော့ ပို့တဲ့ Acc အခြေအနေပေါ် မူတည်ပြီးတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။
Screenshot က ညွှန်ထားတဲ့ ဇာတ်ကြောင်းက ဒီလို။
Target က ဝဘ်ဆိုက်ထဲသွားပြီး Promo Code ရိုက်ထည့်ရင် Balance $2,500 ပေါ်လာပါမယ်။ ဒါပေမဲ့ အဲ $2,500 ကို USDT/Crypto Wallet ထဲ Withdraw လုပ်ဖို့ ကြိုးစားတဲ့အခါ "Account Verification Deposit" အဖြစ် $200 အရင်ထည့်ခိုင်းထားပါတယ်။ Advance-Fee Scam ပါ။
နမူနာ withdrawal မှာ သူပေးတဲ့ ၂၅၀၀ နဲ့ ကိုယ်ထည့်လိုက်တဲ့ ၂၀၀ ပေါင်းပြီး $2700 ကို ထုတ်ပြထားတာတွေ့ရပါမယ်။ Fake သက်သက်ပါ။
$200 မထည့်သေးဘဲ သူ့ထဲက လောင်းကစားဂိမ်းတွေဆော့ကြည့်လို့ရပါသေးတယ်။ သေချာတာကတော့ မရှုံးဘူး။ နိုင်တာများပြီး ငွေတွေပိုလာမယ်။ အဲမှာ ငွေအများကြီးထုတ်ဖို့ $200 ထည့်မိလို့ကတော့ လမ်းဆုံးပြီ။
ကျွန်တော့်ဆီ အရင်ဆုံးလာပို့တဲ့သူက သင်တန်းသားထဲကတစ်ယောက်။ သူ ကျားဖြန့်လုပ်နေတယ်ထင်လို့ အလိုက်သင့် ဖောရှော လုပ်ပြီး အစ်ကြည့်တာ မဟုတ်နေဘူး။ ပို့မိတာ သူ မသိတဲ့သဘော။ တကယ်မသိကြတာ။
၂ပတ်လောက်ကြာခဲ့ပြီ။ အဲဖြစ်ရပ်က။
ခု ဒီရက်ထဲမှာ Friend အတော်များများ ထပ်ဖြစ်လာကြတော့ တင်မှပဲ ဆိုပြီး ရေးလိုက်ရခြင်းပါ။
အဲလိုဖြစ်နေသူတွေ ရှိရင် ဒီလိုဖြေရှင်းကြပါ။
Facebook Settings > Security and Login > Where You're Logged In ထဲသွားပြီး မသိတဲ့ Device တွေ၊ Session တွေ အကုန်လုံးကို Log Out လုပ်လိုက်ပါ။
Password ချက်ချင်းပြောင်းပြီး 2FA (Two-Factor Authentication - Authenticator App) ဖွင့်ပါ။
(2FA Code ကို ဖုန်း ပျောက် ပျက်သွားရင်တောင် မပျက်တဲ့နေရာမှာ backup code သိမ်းပါ)
ကွန်ပျူတာနဲ့ သုံးသူတွေကတော့ Browser Extensions တွေထဲက မသင်္ကာတဲ့ Extension တွေကို ဖြုတ်ခိုင်းပြီး Anti-malware သို့မဟုတ် Infostealer Scanner ဖြင့် Full Scan ဖတ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
Message ရောက်လာသူတွေကလည်း အဲပုံတွေထဲက site တွေဆီ လုံးဝ မသွားပါနဲ့။
သွားရင်လည်း ဘာအကောင့်မှ ဝင်မထားတဲ့ browser မှာ စမ်းကြည့်လို့ရပါတယ်။ ငွေတော့လုံးဝ မထည့်ပါနဲ့။
အရေးကြီးဆုံးကတော့ တွေ့ကရာ link တွေလျှောက်မနှိပ်မိဖို့ပါပဲ။
ဘေးကင်းကြပါစေ
လုအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ