HM Oo Sports Chanal

HM Oo Sports Chanal

Share

Welcome to my page

14/12/2023

နာပိုလီအသင်းနှင့် တိုက်စစ်မှူးအိုဆီမန် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ
=====================================
နာပိုလီတိုက်စစ်မှူးအိုဆီမန်ဟာ အီတလီကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေရာ သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ အဆိုပါနိုက်ဂျီးရီးယားတိုက်စစ်မှူးအိုဆီမန်ဟာ ယခုရာသီစီးရီးအေ(၁၁)ပွဲမှာ နာပိုလီအတွက် (၆)ဂိုးသွင်းယူထားပြီး သူ့ရဲ့ခြေစွမ်းပြကစားနိုင်မှုအတွက် အသင်းက စာချုပ်ဖျက်သိမ်းကြေးပေါင်(၁၁၂)သန်းတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲဝင်ရောက်ဖို့ရှိနေပြီး အထူးသဖြင့်ချဲလ်ဆီးဟာ အိုဆီမန်ကို ခေါ်ယူဖို့ မျကိကျနေပါတယ်။ အိုဆီမန်ဟာ ၂၀၂၀မှာ လိုင်လီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၆၉.၅)သန်းနဲ့နာပိုလီကိုရောက်ရှိခဲ့ပြီးနောက် အီတလီကလပ်အသင်းအတွက် (၁၁၆)ပွဲမှာ (၆၆)ဂိုးသွင်းယူခဲ့ပါတယ်။ အိုဆီမန်ဟာ ၂၀၂၃ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

14/12/2023

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်‌တွေမှာ အိမ်ကွင်း အဝေးကွင်း မရွေး ၁ ပွဲကို ၃ ဂိုး နူန်းသွင်းယူခဲ့တဲ့ မန်စီးတီး

10/12/2023

BREAKING: Erling Haaland is not in Man City's matchday squad to face Luton. 🚨

Photos from HM Oo Sports Chanal's post 10/12/2023

Team news! Here's how Luton and Man City line up (with no Erling Haaland)

10/12/2023

ဘရာဇီးလ်ကလပ် ဆန်းတို့စ်ဟာ စီးရီးဘီကို တန်းဆင်းခဲ့ရပြီးနောက် အဆိုပါလိဂ်မှာ ကျောနံပါတ် ၁၀ ကို အသုံးပြုမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာဖြစ်ပြီး ပီလီကို လေးစားမှုအားဖြင့် သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို စီးရီးဘီမှာ အသုံးမပြုဖို့ ရည်ရွယ်ခဲ့တာပါ။

ပီလီက သူတို့ရဲ့ ဂန္ထဝင်ကစားသမားကြီးဖြစ်ပြီး သူသာ သက်ရှိထင်ရှားရှိနေသေးရင်း ဆန်းတို့စ် တန်းဆင်းရတဲ့အတွက် သေချာပေါက်ကို ဝမ်းနည်းကြေကွဲနေမှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်းတို့စ်က သူတို့ရဲ့ ဂန္ထဝင်ကစားသမားကြီး ကျောနံပါတ်ကို တန်းပြန်တက်မှသာ ဝတ်ဆင်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

10/12/2023

Welcome to my page❤

Want your business to be the top-listed Gym/sports Facility in Wundwin?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Wundwin