05/05/2024
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အိမ်ရှေ့မြေကွက်လပ်တခုမှာ ကလေးတယောက်က သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေပါတယ်
အဲ့ဒိကစားနေတဲ့ ဗွီဒီယိုဖိုင်က လူမှုကွန်ယက်ပေါ်မှာ အတော်လေးကို ပျံ့နှံ့သွားတယ်။
အိန္ဒိယနိုင် အရှေ့မြောက်ပိုင်း မီဂါလာယာပြည်နယ်မှာ နေထိုင်တဲ့ ၆ နှစ်အရွယ် ကလေးငယ် ဆမ်ဘောလန်ဆိုတဲ့ ကလေးက သူငယ်ချင်းတွေရဲ့ ကန်ချက်တွေကို လက်စွမ်းပြပြီးကာကွယ်နေတဲ့ ဗီဒီယို ဖြစ်ပါတယ်။
အဲဒိ ဗွီဒီယိုကို အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က သူ့ရဲ့အင်စတာဂရမ်မှာ ဝေမျှခဲ့ပါတယ်။ ဒီနောက်မှာတော့ Minerva Punjab ဘောလုံးအကယ်ဒမီက ဆမ်ဘော်လန်ကို ပညာသင်ဆုပေးခဲ့ပြီး သူတို့အကယ်ဒမီမှာ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
လေးစားပါတယ် မာတီနက်ဇ်ရေ❤️
04/05/2024
၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့တုန်းက ဖန်ကာတီဒါဘိုဆိုတဲ့ ကစားသမားဟာ ချန်ပီယံရှစ် play off ဖိုင်နယ်ပွဲစဥ်မှာ ပရီးမီးယားလိဂ်ကို တက်ရောက်နိုင်မယ့် ပေါင်သန်း ၁၀၀ တန် ပင်နယ်တီကိုလွဲချော်ခဲ့ပါတယ်။ သူ့ရဲ့ပင်နယ်တီလွဲချော်မှုကြောင့် ကိုဗင်ထရီအသင်းဟာ ဖိုင်နယ်မှာ လူတန်တောင်းအသင်းကို အရေးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်ထံတန်းတက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာတော့ ကိုဗင်ထရီအသင်းဟာ အသင်းမှာလေးနှစ်ကြာကစားခဲ့တဲ့ ဒါဘိုကိုစာချုပ်ဖျက်သိမ်းပြီး အသင်းကနေထွက်ခွာစေခဲ့ပါတယ်။
ကိုဗင်ထရီစီးတီးအသင်းနဲ့ လမ်းခွဲခဲ့ရပြီးတဲ့နောက်မှာတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှာ ဒါဘိုဟာ ချန်ပီယံရှစ်ပြိုင်ပွဲထက် အဆင့် ၂ဆင့်နိမ့်တဲ့ League-2 ကလပ် ဖောရက်စ်ဂရင်းရိုဗာအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အရောက်မှာတော့ ဖောရက်စ်ဂရင်းရိုဗာအသင်းဟာ League-2 ကနေတန်းဆင်းဖို့သေချာသွားခဲ့ပြီးတဲ့နောက်မှာ ဒါဘိုကိုစာချုပ်ဖျက်သိမ်းပြီး အသင်းကနေထွက်ခွာစေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒါဘိုတစ်ယောက် အသင်းလက်မဲ့ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ပင်နယ်တီတစ်လုံးလွဲချော်မှုဟာ ဒါဘိုရဲ့ကစားသမားဘဝကို လုံးဝဗြောင်းဆန်သွားစေခဲ့ပြီး ကံဆိုးမိုးမှောင်ကျစေခဲ့တယ်လို့ပဲ ဆိုရတော့မှာပါ။
24/12/2023
ခရစ္စမတ်ကာလ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ (၂)နှစ်ဆက်ရပ်တည်နိုင်ခဲ့တဲ့ နည်းပြ အာတေတာရဲ့ အာဆင်နယ်အသင်း
အာတေတာရဲ့ အာဆင်နယ်အသင်း (၂၀၂၃-၂၄)ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနိုင်မှာလား❓
Credit Photo
14/12/2023
နာပိုလီအသင်းနှင့် တိုက်စစ်မှူးအိုဆီမန် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ
=====================================
နာပိုလီတိုက်စစ်မှူးအိုဆီမန်ဟာ အီတလီကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေရာ သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ အဆိုပါနိုက်ဂျီးရီးယားတိုက်စစ်မှူးအိုဆီမန်ဟာ ယခုရာသီစီးရီးအေ(၁၁)ပွဲမှာ နာပိုလီအတွက် (၆)ဂိုးသွင်းယူထားပြီး သူ့ရဲ့ခြေစွမ်းပြကစားနိုင်မှုအတွက် အသင်းက စာချုပ်ဖျက်သိမ်းကြေးပေါင်(၁၁၂)သန်းတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲဝင်ရောက်ဖို့ရှိနေပြီး အထူးသဖြင့်ချဲလ်ဆီးဟာ အိုဆီမန်ကို ခေါ်ယူဖို့ မျကိကျနေပါတယ်။ အိုဆီမန်ဟာ ၂၀၂၀မှာ လိုင်လီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၆၉.၅)သန်းနဲ့နာပိုလီကိုရောက်ရှိခဲ့ပြီးနောက် အီတလီကလပ်အသင်းအတွက် (၁၁၆)ပွဲမှာ (၆၆)ဂိုးသွင်းယူခဲ့ပါတယ်။ အိုဆီမန်ဟာ ၂၀၂၃ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။
14/12/2023
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ အိမ်ကွင်း အဝေးကွင်း မရွေး ၁ ပွဲကို ၃ ဂိုး နူန်းသွင်းယူခဲ့တဲ့ မန်စီးတီး