Phoenix Inline Skate Academy

Phoenix Inline Skate Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phoenix Inline Skate Academy, Roller Skating Rink, Yangon.

24/08/2023

သိပြီးကြပြီလား ????



19/08/2023

Phoenix Inline Skate Academy ကနေပြီး သင်ကြားပေးနေတဲ့ သင်တန်းလေးတွေဖြစ်ပါတယ်။

🤩ပြောင်းလဲထားတဲ့ သင်တန်းနေရာ အသစ်လေးမှာ Basic Inline Skate Course ကို 1st Intake အနေနဲ့ သင်တန်းသားလက်ခံပေးမှာဖြစ်ပါတယ်။

😍ဒီသင်တန်းလေးကတော့ စကိတ်ကို အခြေခံလုံးဝ မရှိသေးတဲ့ ကလေးတွေအတွက်ကိုရည်ရွယ်ပြီးဖွင့်ပေးထားတာဖြစ်ပါတယ်။

😘ဒီ သင်တန်းလေးကနေပြီး ကလေးများရဲ့ ကိုယ်နေဟန်ချက် ထိန်းညှိမှု ကို တိုးတက်စေပြီး အာရုံစူးစိုက်မှုလည်းအားကောင်းစေမှာဖြစ်ပါတယ်။

သင်တန်းအချိန် > ( 9:30 am to 11:00 am ) & ( 1:30 pm to 3:00 pm )

သင်တန်းရက် > Sat & Sun

သင်တန်းကာလ> 9.9.23 to 1.10.23

သင်တန်းကြေး > 150,000

သင်တန်းလိပ်စာ> Phoenix Skate Park (အောင်သပြေရိပ်သာ၊ အောင်သိဒ္ဓိလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။)

မှတ်ချက်။ ။ ပျက်ရက်များအား အစားထိုးမပေးပါ။

အသေးစိတ် စုံစမ်းသိရှိလိုပါက 09782826936 သို့မဟုတ် Page Messanger မှ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

26/07/2023

သင်တန်း တည်​နေရာ မ​ပြောင်း​ရွှေ့ခင် ​မြောက်ဒဂုံနှင့် အနီးတစ်ဝိုက် က သားသားမီးမီးတို့အတွက်
Aug တစ်လကို ​နောက်ဆုံးထားပြီးဖွင့်လှစ်​ပေးမှာဖြစ်လို့ ​နောက်ကျ မှုမရှိ​အောင်
3.8.23 မတိုင်ခင် အပ်နှံထားဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

သင်တန်းစမည့်ရက် 5.8.23

အ​​သေးစိတ် သိရှိလိုပါက Page messanger သို့မဟုတ် 09895555936 ကိုဆက်သွယ်​မေးမြန်းနိုင်ပါတယ်။

26/07/2023

September လ တွင် ​ပြောင်း ​ရွှေ့မည့် သင်တန်း​နေရာ ပါ။
Please like & share for update info.

ဖိနပ်စကိတ် ဝါသနာရှင်များအတွက် သတင်း​ကောင်း 📣📣📣

21/07/2023

ရန်ကုန်မြို့ ရဲ့ ပထမဦးဆုံး​သော Inline စကိတ်ကွင်းက ဘယ်မြို့နယ်မှာဖြစ်လာမလဲ?

20/07/2023

စကိတ်သင်တန်းပြီးရင် ​လေ့ကျင့်ဖို့​နေရာအခက်အခဲ​ကြောင့် စိတ်ညစ်​နေပါသလား?

13/06/2023

"Inline Skate ဝယ်တော့မယ်ဆိုရင် ဘာတွေ ရှောင်ပြီး ဘာတွေ လိုက်နာရမလဲ"

⛸️ Inline Skate စတင် ဝယ်ယူတော့မယ့်အခါ

▪️Hard Shell Boot ကို ရွေးဝယ်ပါ။
🖇️Soft Shell Boot ဝယ်မယ်ဆိုရင်တော့ Quality ကောင်းတဲ့ Branded Boot တွေကိုပဲ ရွေးချယ်ရပါမယ်။

▪️ကိုယ်နဲ့ Fit ဖြစ်တဲ့ Size ကိုပဲ ဝယ်ပါ။
🖇️Size ကြီးတာ တွေက တကယ် ဆော့ကစားတဲအခါမှာ ‌‌ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

▪️အကောင်းဆုံးကတော့ သိတတ်နားလည်သူ‌တွေကို မေးဝယ်လိုက်တာက အရည်အသွေးညံ့ပြီး စီးရ အဆင်မပြေတဲ့ Skate ဝယ်ယူမိနိုင်တဲ့ အန္တရာယ်ကနေ ကျော်လွှားနိုင်ပါတယ်။

မှန်ကန်တဲ့ Skate တစ်ခုဝယ်ပြီး သင်ယူမှုကို စတင်ဖို့အတွက် ကျွန်တော်တို့ Phoenix Messenger မှာလည်း လာရောက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




.ltd

11/06/2023

စကိတ်အားကစား မှာ ထူးချွန်ဖို့ဟာ ကိုယ်ခန္ဓာဟန်ချက်ညီညီ ထိန်း​နိုင်ရုံနဲ့ မရပါဘူး။
ကိုယ်ခန္ဓာ ကြံ့ခိုင်မှု၊ ဖျတ်လတ်မှု၊ ရဲရင့်မှု၊ တက်ကြွမှု၊ သက်လုံ​ကောင်းမှု စဖြင့် အမျိုးမျိုး​သော
စွမ်းရည်​တွေ လိုအပ်ပါတယ်။ စကိတ်စီးခြင်းသာမက ဒီလို စွမ်းရည်​တွေ အတွက်ပါ ​လေ့ကျင့်​
သင်ကြား​ပေး​နေတဲ့ အားကစားသင်တန်း တစ်ခုကို ရှာ​ဖွေ ​နေတယ်ဆိုရင်​တော့ ▪︎▪︎▪︎▪︎▪︎☆☆☆☆

06/06/2023

" စစသင်ချင်း စျေးပေါတဲ့စကိတ်နဲ့ စသင်မယ် ဆိုတဲ့ အယူအဆတွေ ပစ်ထုတ်လိုက်ပါ 🚮 "

တစ်ခုခု စသင်တော့မယ်ဆိုရင် အရင်ဆုံး ဈေးသက်သာတာ သုံးပြီး ကျွမ်းကျင်လာမှ ပိုကောင်းတာ သုံးမယ်လို့ တွေးတတ်ကြပါတယ်။

တစ်ခြားအရာတွေမှာ အဆင်ပြေကောင်း ပြေနိုင်ပေမဲ့ စကိတ်စီးသင်တဲ့ နေရာမှာတော့ လုံးဝ အဆင်မပြေလှပါဘူး။

🔻အရည်အသွေးညံ့တဲ့ စကိတ်နဲ့ သင်မိမယ်ဆိုရင် ခြေကျင်းဝတ်ကို ခိုင်မာစွာ ထောက်ကန်ပေးထားမှု မရှိတာကြောင့် ခြေကျင်းဝတ်လိမ်တာ၊
ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရတာ၊ လက်ကျိုးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။သင်ကြားရာမှာလည်း ရှေ့မရောက်ဘဲ အခက်တွေ့စေနိုင်ပါတယ်။

▪️အရည်‌အသွေးနိမ့်သော Soft Shell Boot များဟာ ဈေးသက်သာတာပဲ ရှိပြီး လက်တွေ့ စကိတ်စီးသင်တဲ့နေရာမှာ လုံးဝ အဆင်‌မပြေပါခင်ဗျာ။ တတ်​မြောက်မှုမှာလည်း ပိုကြာမြင့်နိုင်ပါတယ်။

⛸️ အရည်အသွေးမြင့် စကိတ်နဲ့မှသာ အန္တရာယ်ကင်းကင်းနဲ့ သင်ကြားရေးကို စိတ်ပါဝင်စားမှုအလိုက် အကောင်းဆုံး သင်ယူတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စကိတ်ဝယ်ယူတော့မဲ့အခါ အရည်အသွေးပြည့်မှီတဲ့ စကိတ်ကို ဝယ်ယူဖို့နဲ့ မဝယ်ယူမှီ သိတတ်နားလည်သူများကို သေချာ စုံစမ်းမေးမြန်းကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။




.ltd

02/06/2023

မနက်ဖြန်ဆို သင်တန်း ပြန်စပြီ​နော် အားလုံး Ready ပဲလား ?

01/06/2023

" Inline Skating ကို ဘယ်လို သင်ကြားပေးမှာလဲ ⁉️ "

✅စကိတ်အားကစားအဖွဲ့ချုပ် သင်ရိုးများအတိုင်း သင်ကြားပေးခြင်း

▪️မြန်မာနိုင်ငံ စကိတ်အားကစားအဖွဲ့ချုပ် က ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးတာကြောင့် Inline Skating ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အလွယ်တကူ တတ်မြောက်စေပါတယ်။

✅အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းများ အသုံးပြုနိုင်ရန် ညွှန်ပြပေးခြင်း

▪️မြန်မာနိုင်ငံ စကိတ်အားကစားအဖွဲ့ချုပ် က အသိမှတ်ပြု လက်ခံထားတဲ့ အရည်အသွေးပြည့်မှီတဲ့ စကိတ်များသာ ရောင်းချပေးတဲ့ ဆိုင်များကို ဆက်သွယ် ဝယ်ယူနိုင်ရန်အတွက် ချိတ်ဆက်ပေးပါတယ်။

✅အခမဲ့ ဆွေးနွေးပေးခြင်း

▪️စကိတ်စီးဖို့ ဘယ်က စလေ့လာရမလဲ မသိဘူးဆိုသူတွေအတွက် စကိတ်စီး သင်ကြားဖို့ လိုအပ်ချက်များကို အခမဲ့ ဆွေးနွေးပေးပါတယ်။

✅အမိုးအကာအောက်မှာ သင်ကြားပေးခြင်း

▪️အမိုးအကာအောက်မှာ မိုးလုံလေလုံ ကစားနိုင်တာဖြစ်လို့ မိုးတွင်းမှာလည်း သင်ကြားမှုကို လုံးဝ နှောင့်နှေးမှု မရှိစေပါဘူး။

✅၁၀နှစ် အတွေ့အကြုံရှိ နည်းပြဆရာများမှ သင်ကြားပေးခြင်း

▪️Phoenix Inline Skating Academy မှ အတွေ့အကြုံ ၁၀နှစ်အထက် ရှိတဲ့ နည်းပြဆရာများနှင့် စကိတ်စီးခြင်း အားကစားကို နည်းစနစ်မှန်မှန်နဲ့ အကောင်းဆုံး လေ့လာသင်ယူနိုင်ပါတယ်ခင်ဗျာ။

Basic Course အတွက် စိတ်ဝင်စားမှုနဲ့ သင်ယူတတ်မြောက်မှုအပေါ် မူတည်ပြီး ၁လကနေ ၃လအထိ ကြာနိုင်ပါတယ်။

🔸 သင်တန်းချိန် : စနေ၊ တနင်္ဂနွေ (4-6)pm
🔸 သင်တန်းကြေး : 120,000Ks per month

🏫 နေရာ : Basketball Stadium Paralympics, Pyi Htaung Su Main Rd, Yangon
Basketball Stadium Paralympics
https://maps.app.goo.gl/XpLySExfeqPQDqxh6

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Saturday 02:00 - 18:00
Sunday 14:00 - 18:00