Ashtanga Yoga Shala YGN

Ashtanga Yoga Shala YGN

Share

“Guiding you to move, breathe & reconnect with your inner peace 🌿
Ashtanga Yoga | Grounding flows | Mindful living | Self-discovery through yoga”

06/06/2026

Ashtanga Primary ကို ပုံမှန်လေး practice လုပ်နေရင်းနဲ့ ✨

Catch လုပ်ရတာ အရင်ကထက် အများကြီး ပို effortless ဖြစ်လာတယ်။

Practice ပြီးသွားတဲ့အခါမှာလည်း
နာကျင်မှုတွေ ကျန်မနေတော့ဘူး။

Thank you, my body, for coming this far. 🤍

စကားမစပ်
Mysore Style practice ဆိုတော့

☀️ Urdhva Dhanurasana ၅ ကြိမ်
☀️ Drop Back ၄ ကြိမ်
☀️ နောက်ဆုံး Catch ၁ ကြိမ် ☺️

ဒီလိုလေး ပုံမှန်လေ့ကျင့်နေရင်း နဲ့
တိုးတက်မှုတွေ ခံစားနေရတာဆိုတော့
Clients တွေလည်း Mysore style ပဲလေ့ကျင့်ပေးတော့မလားလို့

Who is ready? 😄

Photos from Ashtanga Yoga Shala YGN's post 05/06/2026

Her First 👏👏

မိမိရဲ့ Strength ကို တိုးတက်စေချင်တယ်၊ Balance နဲ့ Stability ကိုလည်း ပိုကောင်းလာချင်တယ်…
ဒါပေမယ့် လူအများကြီးနဲ့ လေ့ကျင့်ရတာ မကြိုက်ဘူးဆိုရင် 👇

AYSY ရဲ့ Strength & Stability Class ကို လာရောက်လေ့ကျင့်နိုင်ပါတယ် 💪✨

⏰ 4:00 - 5:00 PM
📆 Tuesday & Friday

Strength နဲ့ Control ကို တစ်ဆင့်ချင်း တိုးတက်လာစေဖို့ အတူလေ့ကျင့်ကြမယ်နော် 🤍

See you on the mat 💚🌿



Photos from Ashtanga Yoga Shala YGN's post 05/06/2026

Slow & Steady 😇

တကယ်ကို ဖြည်းဖြည်းမှန်မှန်လေး လေ့ကျင့်လာကြတဲ့ Evening Regular Online Class က ယောဂီလေးတွေပါ။ ✨

Thank you for being consistent. Thank you for practicing with us. Your dedication inspires! 🙏💛

Evening Regular Online Class
🗓 Every Tuesday, Thursday & Friday
⏰ 7:15 PM – 8:15 PM

Keep moving, keep growing….one mindful breath at a time 🌿

Photos from Ashtanga Yoga Shala YGN's post 03/06/2026

ယောဂသင်လာတဲ့ တောက်လျောက်မှာ
အခုမှ ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာပြီလို့
ပထမဆုံးအကြိမ် ခံစားရတာပါပဲ။

ယောဂဆရာမ ဖြစ်လာပြီးနောက်ပိုင်း
ယောဂကို အလေ့အကျင့်လုပ်ပေးစေချင်ဆုံးက
ကိုယ့်အနီးအနားက သူငယ်ချင်းတွေ၊
ကိုယ့်မိသားစုဝင်တွေကိုပါ။

သူငယ်ချင်းတွေကတော့
ကျမမျက်နှာမြင်တိုင်း
“ယောဂကျင့်မယ်” လို့ ပြောကြပါတယ်။
နှစ်တိုင်းလည်းပြောတယ်။
တွေ့တိုင်းလည်းပြောတယ်။
ဒါပေမယ့် လူကတော့ မပေါ်လာဘူး 😁

အခုတော့
သူငယ်ချင်းတစ်ယောက်က
အောင်မြင်စွာနဲ့ ယောဂ စပြီး လေ့ကျင့်နေပါပြီ။

နယ်ပြန်တုန်း
အိမ်မှာ တစ်ပတ်လောက် အတင်းခေါ်သင်ပေးခဲ့တာကနေအစပြုခဲ့တာပါ။

အခုတော့ Online ကနေ ဆက်လေ့ကျင့်နေတာ
၂ လမြောက်ထဲ ရောက်လာပါပြီ။

ယောဂကို တဖြည်းဖြည်း ကြိုက်လာပြီထင်ပါတယ် 😁🥰

ယောဂဆရာမ တစ်ယောက်အနေနဲ့
လူအများကြီး မဟုတ်ရင်တောင်
လူတစ်ယောက်ရဲ့ ဘဝထဲမှာ
ကျန်းမာရေးကောင်းတဲ့ အလေ့အကျင့်တစ်ခု
စတင်ပေးနိုင်တာကလည်း
အရမ်းကောင်းတဲ့ feeling လေးပါပဲ ❤️

Thanks for practicing with me 🤗🙏



Photos from Ashtanga Yoga Shala YGN's post 01/06/2026

Today Full House 🥰✨
Slow Evening Class @ 6:00 - 7:00 PM
From Monday to Friday

📍Ashtanga Yoga Shala YGN
အမှတ် ၁၀၃၃၊ သုင်္မဂ်လာလမ်းမပေါ်၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာ (အင်းဝမှတ်တိုင် - သီတာရွှေဆိုင်အနီး)

☎️ 09421106914
09420303497

01/06/2026

Let your body guide you 😇

စိတ်ကူးတည့်ရာ flow ထားတာလေး 🥰✨
New Transition လေးပါ

Try ကြည့်ကြပါရှင့်




Photos from Ashtanga Yoga Shala YGN's post 30/05/2026

ရိုးရိုးလေးပဲ
ဒါမယ့်
လှဒယ်… 😍



29/05/2026

မနက် အိပ်ရာနိုးလာပြီးကတည်းက
ကိစ္စ အဝဝ ကို အရမ်းမြန်မြန် သွက်သွက် စရတဲ့ နေ့တွေ ကြုံဖူးကြတယ် ဟုတ် ☁️

အဲလိုနေ့တွေ များလာရင်
ဆက်တိုက်ဖြစ်လာရင်
လူက ပင်ပန်းတာထက်ပိုပြီး
တဖြည်းဖြည်းနဲ့ နှုံးချိလာတတ်တယ်

တစ်ချို့ရက်တွေဆို
နိုးတာနဲ့ စိတ်ကမကြည်
မနက်ကတည်းက mood မကောင်းဘူးဆိုတော့
တစ်နေ့လုံး energy ပါ လိုက်ကျသွားရော 🫩

အဲလိုတွေ ကြုံနေရတယ်ဆိုရင်
ကိုယ့်ရဲ့ routine လေးကို ခဏလေး pause လုပ်ပြီး
ဒီလိုလေးတွေ ပြောင်းလဲပြီး လုပ်ကြည့်ပါ 🌿

☀️ နိုးနိုးချင်း ဖုန်းသုံးတဲ့ အကျင့်လေးကိုရှောင်ကြည့်ပါ
☀️ ရေတစ်ခွက် အရင်သောက်ပါ
☀️ gentle stretching လေး လုပ်ပေးပါ
☀️ အခန်းလေးကို သန့်သန့်ရှင်းရှင်း ထားပါ
☀️ မနက်ကို rush မဖြစ်စေပဲ စကြည့်ပါ

Healthy morning routine ဆိုတာ
Perfect morning တစ်ခု ဖန်တီးတာ မဟုတ်ပါဘူး

ကိုယ့်စိတ်နဲ့ ကိုယ့် ရဲ့body လေးကို
“ဒီနေ့လည်း အဆင်ပြေတယ်” ဆိုတဲ့ feeling လေး
ပေးနိုင်ရင်ကိုရပါပြီ ✨🤍

28/05/2026

Jump လုပ်တာများ
ညက်ညောနေကြရော 🥰🤗

Photos from Ashtanga Yoga Shala YGN's post 27/05/2026

သစ်ပင် အကြီးကြီးတွေကို အရမ်းသဘောကျသူပါ 💚🌿🍃

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No 1033, South Okkalapa (6) Thumingalar Road, , Https://maps. App. Goo. Gl/6BLHEmgEfxiaQiFJ7?g_st=ic
Yangon
11091