30/04/2020
UEFA ရဲ့ အစီအစဉ်သစ်အရ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပွဲတွေကို ဆက်တိုက်ကြည့်ရဖို့ ရှိနေ။..📌
ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ ကျန်းမာရေး ကပ်ဘေးကြီး ကြောင့် ရပ်နား ထားရတဲ့ သူတို့ရဲ့ အဓိက ပြိုင်ပွဲကြီး တွေ ကို ဖျက်သိမ်း ခြင်း မပြုဘဲ ပြီးဆုံး သည် အထိ ဆက်လက် ယှဉ်ပြိုင် သွားဖို့ ဆန္ဒ ရှိနေ ပါတယ် ။ ဒါကြောင့် အမှတ်ပေး ပြိုင်ပွဲတွေ ပြီးဆုံး သွားတဲ့ လ မှာ ပွဲစဉ် တွေ ဆက်တိုက် စီစဉ် ခြင်း ပုံစံ နဲ့ တစ်လ အတွင်း အပြီးသတ် နိုင်အောင် အစီ အစီအစဉ် ရေးဆွဲ နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။
UEFA က ကျင်းပ နေတဲ့ ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ် တို့ ဟာ ၁၆ သင်း ရှုံးထွက် အဆင့် တွေ မှာ ရပ်နား ထား လိုက် ရပြီး အချို့ အသင်းတွေ ကတော့ ကွာတား ဖိုင်နယ် ကို ရောက်ရှိ နေကြပြီ ဖြစ် ပါတယ် ။ ဒီပြိုင်ပွဲတွေ အပါ အဝင် ဥရောပ ဒေသ က ဘောလုံး ပြိုင်ပွဲ အားလုံး ရပ်နား ထားကြပြီး ပြန်စနိုင်မယ့် အချိန်ကို ဆွေးနွေး တိုင်ပင် နေကြဆဲ ဖြစ်ပါတယ် ။
စပိန် ၊ အီတလီ ၊ ဂျာမဏီ နဲ့ အင်္ဂလန် က အမြင့်ဆုံး လိဂ် ပြိုင်ပွဲတွေ ကတော့ ဇွန်လဆန်း လောက် မှာ ကွင်းပိတ် ပုံစံ နဲ့ ပြန်လည် စတင် ဖို့ မျှော်မှန်း ထားတယ် လို့ သိရ ပါတယ် ။ ပျမ်းမျှ လိဂ် တစ်ခု ကို ပွဲစဉ် ၉ ပွဲ ၁၀ ပွဲ လောက် သာ ကျန်ရှိ တော့တာ ကြောင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ရာသီ ပြီးဆုံးအောင် ကစားသွား ဖို့ စိတ်ကူး ထားကြတယ် လို့လည်း သိရ ပါတယ် ။
ဒါကြောင့် UEFA ဟာ သူတို့ရဲ့ ပြိုင်ပွဲ ၂ ခု ကို အမှတ်ပေး ပြိုင်ပွဲတွေ ပြီးဆုံး သွားတဲ့ ဇူလိုင် လ အကုန် လောက်က စတင်ပြီး သြဂုတ် လ တစ်လ တည်းမှာ အပြီး ယှဉ်ပြိုင် ကစား သွားဖို့ စိတ်ကူး လာခဲ့ တယ်လို့ ယမန်နေ့ ညနေ ပိုင်း မှာ ထွက်ပေါ် လာခဲ့တဲ့ သတင်းအရ ကြားသိရ ပါတယ် ။
UEFA ဟာ သြဂုတ်လ 7 ရက်နေ့ က နေစတင်ပြီး ၃ ရက် ကို ပွဲစဉ် ၁ ပွဲ နှုန်း နဲ့ ယှဉ်ပြိုင် စေကာ သြဂုတ် ၃၁ ရက်နေ့ မှာ ဗိုလ်လုပွဲ ကို ကျင်းပဖို့ တိုင်ပင် ဆွေးနွေး ခဲ့ကြတယ် လို့ သိရ ပါတယ် ။ ချန်ပီယံ လိဂ် ဟာ ၁၆ သင်းဆင့် ပွဲစဉ် တစ်ပွဲ ကျန်ရှိ နေသေးတာ ကြောင့် လိုင်ယွန် နဲ့ ယူဗင်တပ် ၊ ဘာစီလိုနာ နဲ့ နာပိုလီ ၊ ဘိုင်ယန်မြုးနစ် နဲ့ ချဲလ်ဆီး ၊ ရီးရဲ မက်ဒရစ် နဲ့ မန်စီးတီး ပွဲစဉ်တွေ ကို သြဂုတ် 7-8 မှာ စတင် ကစားဖို့ ကနဦး လျာထားကြတယ်လို့ သိရ ပါတယ် ။
အစောပိုင်း တုန်းက ချန်ပီယံလိဂ် နဲ့ ယူရိုပါ လိဂ် ပွဲစဉ်တွေ ကို မြန်မြန် ပြီးဆုံး စေဖို့ တစ်ကျော့ကန် စနစ် ကို အသုံးပြုဖွယ် ရှိတယ် လို့ သတင်းထွက် လာခဲ့ ပေမယ့် ယခု နောက်ဆုံး မှာတော့ ၃ ရက် ကို တစ်ပွဲ ပုံစံ နဲ့ ကစား ကြမှာ ဖြစ်ပြီး အိမ်ကွင်း အဝေးကွင်း စနစ် ကို ဆက်လက် ကျင့်သုံးမယ် လို့ သိရှိရ ပါတယ် ။
ဆီမီး ဖိုင်နယ် ပွဲစဉ်တွေ ကို သြဂုတ် ၁၈-၁၉ နဲ့ ၂၁-၂၂ ရက်နေ့ တွေ မှာ ကစားဖို့ လျာထား သတ်မှတ် ထားကြပြီး ဖိုင်နယ် ပွဲကတော့ မူလ သတ်မှတ် ထားတဲ့ အစ္စတန်ဘူမြိုကမှာ သြဂုတ် ၂၉ မှာ ယှဉ်ပြိုင် ကစား ကြမယ် လို့ သိရ ပါတယ် ။
ဒီလို ပြိုင်ပွဲတွေ ကို နောက်ဆုတ် ခဲ့ရတဲ့ အတွက် ၂၀၂၀ – ၂၁ ဘောလုံး ရာသီ ကို အောက်တိုဘာ လောက်မှ ပြန်လည် စတင်ဖွယ် ရှိပြီး ချန်ပီယံလိဂ် အုပ်စု အတွက် ခြေစစ်ပွဲတွေ ကိုတော့ စက်တင်ဘာ ထဲ မှာ ပြန်လည် စတင် နိုင်ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။
ဒါပေမယ့်လည်း ဒါတွေ ဟာ ကနဦး ဆွေးနွေး တိုင်ပင် ထားခြင်းတွေ သာ ဖြစ်ပြီး လက်ရှိ ဖြစ်ပေါ် နေတဲ့ ကျန်းမာရေး ကပ်ဘေးဆိုးကြီး ရဲ့ ပြင်းထန်မှု အနေ အထား အပေါ် အဓိက မူတည်နေတယ် လို့ သိရ ပါတယ် ။ အကယ်၍ ဘောလုံး ပွဲတွေ ပြန်လည် စတင်ဖြစ်ပါကလည်း နှစ်ကုန်ပိုင်းလောက်ထိ ပရိသတ် မပါဘဲ ကစား ကြဦးမှာ လို့ သိရပါတယ် ။
SPORTS MYANMAR
Credit
30/04/2020
Dean Henderson၏သတင်းများကျယ်လောင်စွာထွက်ပေါ်နေသော်လည်း ယူနိုက်တက်တွင်သာနှစ်ပေါင်းများစွာနေထိုင်လိုသည်ဟုDavid de Geaပြောဆို
"ကျနော် အသက်တွေကြီးလာပါပြီ။ မန်ချက်စတာယူနိုက်တက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတာဟာ အံ့သြဖို့ကောင်းပါတယ်။ (၁၀)နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကိုခင်ဗျားတွေးကြည့်ပါ၊ အိပ်မက်တစ်ခုလိုပါပဲ။ အသင်းနဲ့အတူပွဲတွေအများကြီးကစားခဲ့ရတဲ့ခံစားချက်က တကယ်ကောင်းပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒီထက်ပိုပြီးနှစ်တွေအကြာကြီးရှိနေနိုင်ဖို့မျှော်လင့်မိပါတယ်"
"အစောပိုင်းမှာရုန်းကန်ခဲ့ရပေမယ့် Brunoရောက်လာပြီးနောက်ပိုင်းမှာ ကျနော်တို့တစ်သင်းလုံးအများကြီးတိုးတက်လာခဲ့တယ်လို့ထင်တယ်။ သိပ်ကောင်းတဲ့အခိုက်အတန့်တစ်ခုမှာ ကျနော်တို့ရှိခဲ့တယ်။ အသင်းရဲ့ခြေစွမ်းပိုင်းကလည်းအရမ်းကောင်းနေပြီးထိပ်ဆုံးမှာရှိနေခဲ့တယ်လို့ကျနော်ထင်တယ်။ ဂိုးတွေအများကြီးမပေးခဲ့ရဘူး။ ဟုတ်ပါတယ်၊ Brunoယူဆောင်လာခဲ့တဲ့အရည်အချင်းတွေကြောင့်လည်းပါတာပေါ့။ ပါးနပ်တဲ့ကစားသမားတစ်ယောက်၊ ထိပ်တန်းကွင်းလယ်ကစားသမားတစ်ယောက်ပါ။ အသင်းကBrunoရောက်ရှိလာခြင်းနဲ့အတူတိုးတက်ခဲ့ပေမယ့် အဲဒီလိုအရှိန်ကောင်းနေတဲ့အချိန်မှာ အရာအားလုံးရပ်တန့်သွားခဲ့တာကတော့တကယ်နှမျောဖို့ကောင်းပါတယ်။ ဒါပေမယ့် အရာအားလုံးတစ်ဖန်ပြန်စနိုင်တဲ့အချိန်မှာ ဒဏ်ရာရကစားသမားတွေကြံ့ခိုင်မှုပြည့်ဝလာဖို့မျှော်လင့်ထားပါတယ်။ ဒါကြောင့် ဒါဟာလူတိုင်းအတွက်ကောင်းမွန်တဲ့စိန်ခေါ်မှုတစ်ရပ်ပါပဲ"
လာမည့်နွေတွင် David de Gea၏ယူနိုက်တက်တွင်နေထိုင်လာခဲ့သည့်သက်တမ်းမှာ ဆယ်စုနှစ်တစ်ခုပြည့်မည်ဖြစ်သည်။
[UTD Podcast]
Crd
30/04/2020
ချန်ပီယံလိဂ် ဝင်ခွင့်ကိုဘယ်လိုဆုံးဖြတ်နိင်ချေရှိလဲ?
( အာဆင်နယ် မန်ယူနိက်တက်တို့ ဝင်ခွင့်ရနိင်ပြီး
Chelsea ဝင်ခွင့်မရနိင်ဘူးဆိုတာ တကယ်လား? )
=====
လက်ရှိ အားလုံးပြောဆိုနေကြတဲ့
ချန်ပီယံလိဂ်ဝင်ခွင့်ဘယ်လိုဆုံးဖြတ်မလဲဆိုတာနဲ့ပတ်သက်ရင်
ပြောစရာများပါတယ်။
ပထမဆုံး လာမေးကြတာတွေထဲက
UEFA coefficient ကိုအသုံးပြုပြီး ရွေးချယ်မှာဖြစ်ကာ
Liverpool, ManCity, Manutd , Arsenal တို့က
ကစားခွင့်ရမှာဖြစ်ပြီး တခြား Chelsea Spur တို့က
ကစားခွင့်မရှိဘူးဆိုတာပါ။
ဒါက တကယ်တမ်း UEFA coefficient အဆင့်ရပ်တည်မှုနဲ့
ခွဲဝေရင်တော့ ဒီလိုဆုံးဖြတ်ကျလာမှာမှန်ပါတယ်။
ဒီအဆင်ရပ်တည်မှုဆိုတာက ဥရောပပြိုင်ပွဲနောက်ဆုံး ၅ နစ် ရလဒ်ကို အသုံးပြုထားတာပါ၊
ဘယ်ပြိုင်ပွဲဘယ်အဆင့်မှာနိင်ရင် ဘယ်လောက်ဆိုတာမျိူးပါ။
ဒါပေမဲ့ ဒီလို league တိုင်းကိုရွေးချယ်ရင်
လာလီဂါက အဆင့် ၆ တီကိုက ဆိုစီဒက်နေရာကိုဝင်ခွင့်ရသွားမယ်
ဒီရာသီစွတိကောင်းနေတဲ့Inter နဲ့ Atalanta တို့က
မကန်ရတော့ပဲ Roma နဲ့ Napoli ကစားရမယ်။
ဒီတော့ ဒီလိုဆုံးဖြတ်တာဟာ မဖြစ်နိင်သလောက် * နီးပါး * ကိုရှိတယ်လို့ပြောလို့ရပါတယ်။
UEFA က ဒီနေ့အစည်းအဝေးပြုလုပ်ခဲ့ပြီး
ဒီနောက်ဆူံးအစည်းအဝေးမှာ
ဘောလုံးရာသီဖြတ်သိမ်းမှု Null and Void ပြုလုပ်မှုကို
အကြံမပြုကြောင်း ခိုင်မာစွာဆိူထားပါတယ်။
နောက်နစ်ဝင်ခွင့်ဟာ ဒီရာသီကစားတာနဲ့ပဲသက်ဆိုင်အောင်ပါ။
တကယ်လို့ အစိုးက ခွင့်မပြုရင် ကစားလို့မရတာ
ခိုင်မာနေရင် အောကိပါအတိုင်းလုပ်ဆောင်ရမယ်လို့ဆိုထားပါတယ်။
လုပ်ဆောင်ရာတွင် တိကျပီး ပွင့်လင်းမြင်သာရမယ် လို့ဆိူပါတယ်။
(ရွေးချင်တာ ကောက်ရွေးတာမျိူးလူပ်မရ)
1) ပြိုင်ပွဲငယ် ပုံစံ စီစဥ်ပြီး သတ်မှတ်ပါ။
ဒါကတော့ အဆင့်သတ်မှတ်မှုရဖို့ ရှုံးထွက်ပုံစံပြိုင်ပွဲစီစဥ်ခိုင်းတာမျိုးပါ။ ဒါကလဲ အချိန်ရမှုတွေ တရားမျှတမှုတွေနဲ့ပတ်သက်ပြီးညှိုနှိူင်းစရာများပါမယ်၊
ဥပမာ အနေအထားက ဒီလိုပြိုင်ပွဲတိုတောင် ကစားလို့အဆင်မပြေတာမျိုးတွေဖြစ်လာနိင်ပါတယ်။
ဒါက ကစားနိင်ခဲ့ရင်ဆိုတဲ့
အကြံပြုချက်တခုသာဖြစ်ပြီး လက်တွေ့အကျဆုံးဆုံးဖြတ်မှုဖြစ်လာနိင်တာက No.2 ပါ။
2) Sporting Merit အရဆောင်ရွက်ပါ။
ဒါက လက်ရှိ ဇယား သို့မဟုတ် တပွဲရမှတ် ဘယ်လောက်လဲဆိုတာမျိုးကိုဆိုလိုပုံရပါတယ်။
ဒီလို ဆောင်ရွက်မှုက league တစ်ခုနဲ့ တစ်ခု တူမှာမဟုတ်ပဲ
ကိုယ့်နိင်ငံအလိုက်အဆင်ပြေသလိုဆောင်ရွက်ရမှာဖြစ်ပြီး
တပွဲရမှတ်ပုံစံနဲ့ အဆင့်သတ်မှတ်နိင်ချေများတယ်လို့ ဆိုနေကြပါတယ်။
ဒီလို Points per game တပွဲရမှတ် သတ်မှတ်မှုအရ
အဆင့်တွေက အောက်ပါအတိုင်းပါ။
Liverpool
ManCity
Leicester
Chelsea
Manutd
Sheffield
Wolves
Arsenal
Spur
တို့ပဲဖြစ်ပါတယ်။
ManCity ရဲ့ အယူခံမအောင်မြင်ပါက
နံပါတ် ၅ က MANUTD က တဆင့်တက်သွားမှာဖြစ်ပါတယ်။
မကစားနိင်ခဲ့ရင် ဒီလိုပုံစံက လက်ရှိ * 23 april * နေ့ ထွက်တဲ့
Statement အရ Uefa က လိုလားနေတဲ့ပုံစံလဲဖြစ်ပါတယ်။
uefa statement - https://www.uefa.com/insideuefa/news/newsid=2641715.html
( Zawgyi)
ချန်ပီယံလိဂ် ဝင်ခွင့်ကိုဘယ်လိုဆုံးဖြတ်နိင်ချေရှိလဲ?
( အာဆင်နယ် မန်ယူနိက်တက်တို့ ဝင်ခွင့်ရနိင်ပြီး
Chelsea ဝင်ခွင့်မရနိင်ဘူးဆိုတာ တကယ်လား? )
=====
လက်ရှိ အားလုံးပြောဆိုနေကြတဲ့
ချန်ပီယံလိဂ်ဝင်ခွင့်ဘယ်လိုဆုံးဖြတ်မလဲဆိုတာနဲ့ပတ်သက်ရင်
ပြောစရာများပါတယ်။
ပထမဆုံး လာမေးကြတာတွေထဲက
UEFA coefficient ကိုအသုံးပြုပြီး ရွေးချယ်မှာဖြစ်ကာ
Liverpool, ManCity, Manutd , Arsenal တို့က
ကစားခွင့်ရမှာဖြစ်ပြီး တခြား Chelsea Spur တို့က
ကစားခွင့်မရှိဘူးဆိုတာပါ။
ဒါက တကယ်တမ်း UEFA coefficient အဆင့်ရပ်တည်မှုနဲ့
ခွဲဝေရင်တော့ ဒီလိုဆုံးဖြတ်ကျလာမှာမှန်ပါတယ်။
ဒီအဆင်ရပ်တည်မှုဆိုတာက ဥရောပပြိုင်ပွဲနောက်ဆုံး ၅ နစ် ရလဒ်ကို အသုံးပြုထားတာပါ၊
ဘယ်ပြိုင်ပွဲဘယ်အဆင့်မှာနိင်ရင် ဘယ်လောက်ဆိုတာမျိူးပါ။
ဒါပေမဲ့ ဒီလို league တိုင်းကိုရွေးချယ်ရင်
လာလီဂါက အဆင့် ၆ တီကိုက ဆိုစီဒက်နေရာကိုဝင်ခွင့်ရသွားမယ်
ဒီရာသီစွတိကောင်းနေတဲ့Inter နဲ့ Atalanta တို့က
မကန်ရတော့ပဲ Roma နဲ့ Napoli ကစားရမယ်။
ဒီတော့ ဒီလိုဆုံးဖြတ်တာဟာ မဖြစ်နိင်သလောက် * နီးပါး * ကိုရှိတယ်လို့ပြောလို့ရပါတယ်။
UEFA က ဒီနေ့အစည်းအဝေးပြုလုပ်ခဲ့ပြီး
ဒီနောက်ဆူံးအစည်းအဝေးမှာ
ဘောလုံးရာသီဖြတ်သိမ်းမှု Null and Void ပြုလုပ်မှုကို
အကြံမပြုကြောင်း ခိုင်မာစွာဆိူထားပါတယ်။
နောက်နစ်ဝင်ခွင့်ဟာ ဒီရာသီကစားတာနဲ့ပဲသက်ဆိုင်အောင်ပါ။
တကယ်လို့ အစိုးက ခွင့်မပြုရင် ကစားလို့မရတာ
ခိုင်မာနေရင် အောကိပါအတိုင်းလုပ်ဆောင်ရမယ်လို့ဆိုထားပါတယ်။
1) ပြိုင်ပွဲငယ် ပုံစံ စီစဉ်ပြီး သတ်မှတ်ပါ။
ဒါကတော့ အဆင့်သတ်မှတ်မှုရဖို့ ရှုံးထွက်ပုံစံပြိုင်ပွဲစီစဉ်ခိုင်းတာမျိုးပါ။ ဒါကလဲ အချိန်ရမှုတွေ တရားမျှတမှုတွေနဲ့ပတ်သက်ပြီးညှိုနှိူင်းစရာများပါမယ်၊
ဥပမာ အနေအထားက ဒီလိုပြိုင်ပွဲတိုတောင် ကစားလို့အဆင်မပြေတာမျိုးတွေဖြစ်လာနိင်ပါတယ်။
ဒါက ကစားနိင်ခဲ့ရင်ဆိုတဲ့
အကြံပြုချက်တခုသာဖြစ်ပြီး လက်တွေ့အကျဆုံးဆုံးဖြတ်မှုဖြစ်လာနိင်တာက No.2 ပါ။
2) Sporting Merit အရဆောင်ရွက်ပါ။
ဒါက လက်ရှိ ဇယား သို့မဟုတ် တပွဲရမှတ် ဘယ်လောက်လဲဆိုတာမျိုးကိုဆိုလိုပုံရပါတယ်။
ဒီလို ဆောင်ရွက်မှုက league တစ်ခုနဲ့ တစ်ခု တူမှာမဟုတ်ပဲ
ကိုယ့်နိင်ငံအလိုက်အဆင်ပြေသလိုဆောင်ရွက်ရမှာဖြစ်ပြီး
တပွဲရမှတ်ပုံစံနဲ့ အဆင့်သတ်မှတ်နိင်ချေများတယ်လို့ ဆိုနေကြပါတယ်။
ဒီလို Points per game တပွဲရမှတ် သတ်မှတ်မှုအရ
အဆင့်တွေက အောက်ပါအတိုင်းပါ။
Liverpool
ManCity
Leicester
Chelsea
Manutd
Sheffield
Wolves
Arsenal
Spur
တို့ပဲဖြစ်ပါတယ်။
ManCity ရဲ့ အယူခံမအောင်မြင်ပါက
နံပါတ် ၅ က MANUTD က တဆင့်တက်သွားမှာဖြစ်ပါတယ်။
မကစားနိင်ခဲ့ရင် ဒီလိုပုံစံက လက်ရှိ * 23 april * နေ့ ထွက်တဲ့
Statement အရ Uefa က လိုလားနေတဲ့ပုံစံလဲဖြစ်ပါတယ်။
29/04/2020
7️⃣ years ago, On this day!
လွန်ခဲ့တဲ့(၇)နှစ်ကဒီလိုနေ့မျိုးမှာ အာဆင်နယ်အသင်းဟာ ရာသီမကုန်သေးဘူးဆိုပေမယ့်ချန်ပီယံအဖြစ်ဗိုလ်ဝင်ခံနိုင်ခဲ့ပြီဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခုပ်တီးပြီးလှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ ပြိုင်ဘက်ချန်ပီယံအသင်းအပေါ်ထားရှိတဲ့ အာဆင်နယ်အသင်းရဲ့အတုယူလေးစားဖွယ်ရာအပြုအမူတစ်ရပ်ပဲဖြစ်ပါတယ်။
အဆိုပါပွဲဟာ တိုက်စစ်မှုးရော်ဘင်ဗန်ပါစီအတွက်တော့ အသင်းဟောင်းအာဆင်နယ်ကိုကျောခိုင်းခဲ့ပြီးနောက်ပိုင်းပထမဦးဆုံးအကြိမ်အဖြစ် အမ်းမရိတ်စ်ကွင်းကိုတစ်ကျော့ပြန်အခြေချခဲ့တဲ့အမှတ်တရပွဲလည်းဖြစ်ပါတယ်။