23/12/2020
အခုဆိုရင် ဒီဇင်ဘာ Christmas နှင့် New Year သို့ နီးကပ်လာပါပြီ။ ဒီဇင်ဘာလရဲ့ အလွန်အေးမြသော ဆောင်းရာသီမှာ မနက်စောစော ကွင်းပတ် ကစားရတာ golfer တွေအတွက် အလွန်ကောင်းသော သက်လုံကို ရရှိစေပြီး golf ရဲ့ အရသာကို အပြည့်အဝ ရရှိစေနိုင်မှာဖြစ်ပါတယ်။ အခုလို အေးမြတဲ့ ဆောင်းရာသီရဲ့ ရာသီဥတုကို အနွေးဓါတ်လေးပေးကာ အံတုရင်း ရိုက်ရတဲ့ အရသာဟာ ဘယ်အရာနှင့်မျှ မလဲနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ Than Lwin Sports မှ လူကြီးမင်းတို့ ဆောင်းရာသီကာလမှာ ဝတ်ဆင်ကာ golf ကစားနိုင်မယ့် Puma, Adidas, Oakley တို့မှ ထုတ်လုပ်သော pullover jackets များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရောင်းချပေးသော ပစ္စည်းများမှာ Pre Order မဟုတ်ပဲ instock ထားရှိသော ပစ္စည်းများဖြစ်တာကြောင့် လူကြီးမင်းတို့ ချက်ခြင်းဝယ် ချက်ခြင်းရစေမှာဖြစ်ပါတယ်။ ဒါဆို ကိုယ်လိုချင်တဲ့ ပစ္စည်းကို တသသ မျှော်နေရတဲ့ ဒုက္ခ ကင်းဝေးပြီပေါ့ခင်ဗျာ။
ဟုတ်ကဲ့ ပုံတိုင်းရဲ့ အောက်မှာ ဈေးနှုန်းလေးတွေ ရေးပေးထားပါတယ်ခင်ဗျာ။ ဝယ်ယူလိုတယ် ဆိုပါက ကျွန်တော့်ကို messenger ကနေ ဆက်သွယ်လို့ ရပါတယ်။
10/11/2020
In Stock ဖြစ်ပါတယ် Pre Order မဟုတ်ပါ
Manchester United ရဲ့ Travel T-Shirt (Authentic အစစ်အမှန်) များကို ရာင်းချ ပေးမှာ ဖြစ်ပါတယ်။ Manchester United ကို အမှန်တကယ် ချစ်မြတ်နိုးသော မိတ်ဆွေများ အမှတ်တရ တန်ဖိုးထား ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁ သိန်း ၂ သောင်း ကျပ်ပါ။
၂ ထည်ပဲ ကျန်ပါတော့တယ်။ small တစ်ထည် medium တစ်ထည်ပါ။
09/11/2020
ယနေ့မှ စ၍ 13.11.2020 အထိ 11.11 အထိမ်းအမှတ်အဖြစ် Golf ဖိနပ်များကို အထူးလျော့ဈေးဖြင့် ရောင်းချပေးလျက် ရှိပါသည်။
05/11/2020
Oakley မှ ထုတ်လုပ်သော (Oakley အစစ် Authentic) ဦးထုပ်များကို ကျွန်တော်တို့ရဲ့ Than Lwin Sports တွင် ဝယ်ယူနိုင်ပါပြီ။
ပုံ တစ်ပုံခြင်း စီ အောက်တွင် ဈေးနှုန်းများ ရေးသားထားပါသည်။ မှာယူလိုပါက Than Lwin Sports 09 666 111 007, 09 666 900 800 သို့လည်းကောင်း Messenger မှသော်လည်းကောင်း မှာယူနိုင်ပါသည်။
01/11/2020
Under Armour မှ နောက်ဆုံးထွက်ရှိထားသော Fashion အနေနဲ့လည်း ဆောင်းလို့ရတဲ့ Golf ဦးထုတ်လေးတွေ ရောင်းပါမယ်ခင်ဗျာ။
ပုံတစ်ပုံခြင်းစီရဲ့ အောက်မှာ ဈေးနှုန်းလေးတွေ ရေးပေးထားပါတယ်။ မှာယူချင်တယ် ဆိုပါက messenger မှသော် လည်းကောင်း 09 666 111 007, 09 666 900 800 (Than Lwin Sports) သို့ ဆက်သွယ် မှာယူနိုင်ပါတယ်ခင်ဗျာ။
12/09/2020
Pre Order မဟုတ်ပါ။ လက်ရှိ Instock ရှိနေသော ဖိနပ်များ ဖြစ်ပါတယ်။ ပုံတိုင်းမှာလည်း ဈေးနှုန်းရေးထားသလို ဆိုင်မှာလည်း ကိုယ်တိုင်လာရောက် ကြည့်ရှုဝယ်ယူနိုင်ပါတယ်။
ကျွန်တော်တို့ Than Lwin Sports မှ ရောင်းချလျက်ရှိသော အားကစား brand များဖြစ်သည့် adidas, nike, under armour စတဲ့ အမှတ်တံဆိပ် အစစ်အမှန် (Authentic) လွယ်အိတ် နှင့် ဖိနပ်များ (ကလေးစီး၊ လူကြီးစီး၊ အမျိုးသား၊ အမျိုးသမီး) ကို တာမွေမြို့နယ် အမှတ် ၉၄ ဦးချစ်မောင်လမ်းမ ပေါ်ရှိ Sports Lover (phone 09 791 474222) ဆိုင်မှာ instock ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်
10/09/2020
ကျွန်တော်တို့ Than Lwin Sports မှ ရောင်းချလျက်ရှိသော အားကစား brand များဖြစ်သည့် adidas, nike, under armour စတဲ့ အမှတ်တံဆိပ် အစစ်အမှန် (Authentic) လွယ်အိတ် နှင့် ဖိနပ်များကို တာမွေမြို့နယ် အမှတ် ၉၄ ဦးချစ်မောင်လမ်းမ ပေါ်ရှိ Sports Lover (phone 09 791 474222) ဆိုင်မှာ instock ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်
27/08/2020
Manchester United ရဲ့ Travel T-Shirt (Authentic အစစ်အမှန်) များကို PRE-ORDER ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ မူလ Adidas မှာကိုက Pre-order ဖြစ်ပြီး မှာယူမယ်ဆိုပါက စက်တင်ဘာလ မကုန်ခင်အချိန်တွင် ရန်ကုန်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ Manchester United ကို အမှန်တကယ် ချစ်မြတ်နိုးသော မိတ်ဆွေများ အမှတ်တရ တန်ဖိုးထား ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁ သိန်းကျပ်ပါ။ မှာယူမယ်ဆိုပါက စရံတစ်ဝက် ပေးချရမှာ ဖြစ်ပါတယ်။
15/08/2020
🏌️♂️ Golf ကွင်းမှာ စတိုင်ကျကျ ကစားချင်သူများအတွက် Under Armour မှ နောက်ဆုံးမော်ဒယ် ဦးထုပ် အသစ်များ၊ ပြီးတော့ Tiger Woods နှင့် Nike တို့ပူးပေါင်းထုပ်လုပ်သော latest model ဦးထုပ်များ In Stock ရောက်ပါပြီ။ 🏌️♂️
🧢 ဒီဇိုင်းတွေက အပြင်မှာ တအားလှပါတယ်။ အရည်အသွေးကတော့ 👍 Under Armour, Nike (အစစ် Authentic) ဖြစ်တဲ့အတွက် အလွန်ကောင်းမွန် ပြီးသားပါ။
ပုံတွေ အားလုံးရဲ့ အောက်မှာ ဈေးနှုန်းကို ထည့်ပေးထားပါတယ်။ 👌
☎️ မှာယူချင်တယ်ဆိုရင်တော့ Than Lwin Sports 09 666 111007 ၊ 09 666 900 800 သို့ ဖုန်းဆက်ပြီး မှာလို့ရပါတယ်။ AYA Pay, KBZ, Pay, CB Pay နှင့် ငွေပေးချေနိုင်ပါတယ်။
28/07/2020
လက်ရှိ Tiger Woods ရိုက်နေတဲ့ Bridgestone က ထုတ်တဲ့ Tour B XS အမျိုးအစား ဂေါက်သီးတွေကို instock ရောင်းဖို့ ရှိပါတယ်။ တိုက်ဂါးဝုဒ် အောင်ပွဲခံနေတဲ့ ပုံနဲ့ ထုတ်တဲ့ Tiger အမှတ်တံဆိပ်ပါ ဂေါက်သီးက Limited Edition ဖြစ်ပါတယ်။ ၂၀၂၀ မော်ဒယ် အသစ်ပါ။ သူက ၁ ဒါဇင် ဘူး ၁ ဘူးကို ၇၅၀၀၀ ကျပ် ကျပါမယ်။ ကျွန်တော့်ဆီမှာ လောလောဆယ် ၄ ဘူးပဲ ကျန်ပါတော့တယ်။
နောက်ထပ် Tour B XS အမျိုးအစားက ၂၀၁၉ မော်ဒယ်ဖြစ်ပါတယ်။ သူကတော့ Tiger နံမည် ဂေါက်သီးမှာ ပါလာမှာတော့ မဟုတ်ပေမယ့် Tour B XS အမျိုးအစားကတော့ အတူတူပါပဲ။ ဘူးပေါ်မှာတော့ မနှစ်က Tiger Masters နဲ့ ZoZo မှာ အနိုင်ရပြီး Sam Snead နဲ့ အောင်ပွဲရ အကြိမ်တူ ၈၂ ကြိမ်မြောက်ဖြစ်သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ထားတဲ့ ဂေါက်သီးဖြစ်ပါတယ်။ သူက ၁ ဒါဇင်ကို ၆၅၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဂေါက်သီးအလွန်ပြေးတဲ့ Bryson Dechambeau က ဒီဂေါက်သီးကို ရိုက်နေတာ ဖြစ်ပါတယ်။
Titileist က ထုတ်တဲ့ Pro V1 နဲ့ အရည်အသွေးတူဖြစ်ပါတယ်။ Golf Youtuber ဖြစ်တဲ့ Rick Shiels ရဲ့ အကြိုက်ဆုံးဂေါက်သီးလည်း ဖြစ်ပါတယ်
ဂေါက်သီးတွေ အားလုံးက instock ဖြစ်ပါတယ်။ ဝယ်ယူလိုပါက 09 666 111 007 (Than Lwin Sports) (or) ကျွန်တော့် account messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။