23/08/2023
💔
ဘောလုံးအားကစားချစ်သူများ အပျင်းပြေ
ပျော်ရွှင်ရန် Like & Follow လုပ်ထားပေးကြပါ
23/08/2023
💔
19/07/2023
တစ်နေ့ ပင်လယ်ရေတွေခမ်းမဲ့နေ့ မန်ယူ ရူံးမယ့်နေ့
ကမ္ဘာ့တစ်ခုလုံးကြားအောင် ခပ်ကျယ်ကျယ်လေး
အော်လိုက် သခင်ကြီးမန်ယူ ပြန်လာပြီလို့.... 👑
Full-Time
မန်ယူ 1-0 လိုင်ယွန်
မန်ယူ အသင်းဟာ ခြေစွမ်းပွဲဆိုတဲ့ အသိဟာ စိတ်ထဲစွဲနေတယ်ထင်ဟန်ပါ ပြိုင်ဘက် အဘက်ဘက်က အသာစီးကစားပေမယ့် တစ်ဖက်အသင်း အရှက်ရမယ့် အရေးကို အလေးထားရှောင်ရှား ခဲ့တယ်
မန်ယူ ဟာ ပထမပိုင်း ဆိုရင် လုံးဝ ဂိုးမသွင်းခြင်းမပြုပဲ ဒုတိယ ပိုင်း အရောက် မှသာ မိမိအသင်းသားတွေ စိတ်ဓာတ်တက်ကြွနိုးကြားနေစေဖို့ မတတ်သာတဲ့ အဆုံး အနိုင်ရလဒ်အတွက်သာ သွင်းဂိုးရယူတယ်
လေးစားစရာမန်ယူစိတ် ❤🙏
14/01/2023
အထာမနပ် တဲ့ ဆရာပတ် ကတော့ တန်ဟတ် ရဲ့
လန်ထွက်တဲ့ နည်းဗျူဟာအောက် ဒူးထောက်ခဲ့ရကာ
ရူးမလောက်ကြောက်သွားမှာတော့ အသေချာပါ
Full-Time
မန်ယူ 2-1 မန်စီးတီး
ဒါဘီဆိုတဲ့ အတိုင်း ပြိုင်ဆိုင်မူ့ပြင်းထန်ခဲ့ ပွဲဟာအကြိတ်နယ် ရှိပြီး နှစ်ဖက် ကစားသမားတွေဟာလဲ အပြိုင်စောဒက တက်ခဲ့ရင်း နိုင်ပွဲရဖို့အားကုန်ထုတ်ကြိုးပန်းခဲ့ကြတယ်
ပထမပိုင်းမှာတော့ မန်ယူ ဟာထိန်းကစားနေခဲ့ပြီး မန်စီးတီး အသင်းဘက်ကို ဂိုးမပေးရရေးသာ အာရုံစိုက်ခဲ့တယ်
ဒုတိယ ပိုင်းမှာတော့ ပွဲဟာအရှိန်ရလာခဲ့ရင်း မန်စီးတီး ရဲ့ ဂရီးလစ်က ဦးဆောင်ဂိုးစရခဲ့တယ် မန်စီးတီးဟာ အနိုင်ဂိုးကို ထိန်းကစားဖို့ကြိုးစားခဲ့တယ်
သို့ပေမယ့် သူတို့ယှဥ်ပြိုင်နေရတာဟာ ပရီးမီးယားလိဂ် ဘုရင်ဖြစ်သလို သခင်ကြီးဘွဲ့ခံ သုံးမိနစ် မန်ယူ ဆိုတာကို မေ့လျော့နေခဲ့ဟန်ပါ
မန်ယူတို့တင်ကစားလာခဲ့ရင်း အထာနပ်တဲ့ ဖာနန်ဒက် ရဲ့ လှပတဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ် မန်စီးတီး ရဲ့ ပြောငိးရွှေ့ကြေးများစွားပေးခေါ်ခဲ့ရတဲ့ နောက်တန်းတွေဟာ လူငယ်ကစားသမားလေး အမူယာမပိုတဲ့ ဂါနာချို ဝင်လာပြီးနောက် သူ့ရဲ့အတိုးလူပ်တွေအောက် ကြောင်ပျောက်ကာထိန်းမနိုင်ဖြစ် ရက်ဖို့ ရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးပေးမူ့ကို ငေးကြည့်ပေးခဲ့ရတော့တယ်
ရက်ဖို့ဟာလဲ လျှက်စီး ရက်ဖို့ ဆိုတဲ့နာမည်နဲ့လိုက်အောင်ပင် လျှင်မြန်လွန်းတဲ့ ပြေးအား အဆုံးသတ်နဲ့ သွင်းဂိုးအဖြစ် ပြောင်းလဲပေးခဲ့တယ်
နောက်ဆုံးမတော့ သုံးမိနစ်အသာ အချိန်လေးအတွင်းမှာပဲ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရရင်း မန်စီးတီး တို့
ပရီးမီးယားလိဂ် သခင် အောက် ဒူးထောက်ပေးခဲ့လိုက်ရပါတော့တယ်
မန်ချက်စတာဟာ အနီရောင် ဖြစ်တယ်
ဒါကို အရောင်ပြောင်းလဲ ပစ်လို့ မရနိုင်ပေ.....
14/01/2023
သခင်ကြီး က အမှန်ကန်တီးတော့မှာမို့
ရွာစားရေ နှစ်ပါးသွားလေးကချင်ပြီ
09/01/2023
ဖာရန် တော့ရက် "..
သူက ပြောတယ် ဘာစီလိုနာက မင်းကို ခေါ်ခဲ့တာ အလကားငွေဖြုန်းတီးခဲ့မိတာပဲတဲ့ ကျွန်တော်ဘာမှပြန်မပြောခဲ့ဘူး
မန်စီးတီး ကမင်းကိုဘာလို့ ရောင်းထုတ်ပစ်ခဲ့လဲဆို
မင်းက အသုံးမကျစောင်ညံ့ဖြစ်နေလို့ပဲတဲ့ ကျွန်တော် ငြိမ်နေလိုက်တယ်
ဒါပေမယ့် သူ့ရဲ့နောက်ဆုံးစကား ကတော့ ကျွန်တော့်ရဲ့သည်းခံနိုင်စွမ်းတွေလုံးဝ မရှိတော့ ဒေါသတွေမထိန်းနိုင်ဖြစ်ခဲ့တာပဲ ဒါဝင်နူးနက်က မင်းထက် ပိုကောင်းတယ်တဲ့ အဲ့ဒီမှာ ကျွန်တော် လွတ်သွားတာပဲ "
06/01/2023
မန်ယူ လည်ပုံကတော့ ပန်ကာထိပ်ကဝက်အူ ပဲ ပြိုင်ဘက်တိုက်စစ်ကို အားစိုက်စရာမလိုပဲ 🛑
အမှန်တကယ်လဲ မခေါ်ပဲ တအားတွေ ကြိုက်ပြ
စော် ဆီက အဖြေတောင်းသလို မရရင်ပဲ မစားနိုင်မအိပ်နိုင် ဆိုသလိုတွေ အထာလေးတွေ လုပ်ပြ
ဒါကို အထာမနှပ် ပြာယာခပ်ကာ နွားသိုးကြိုးပြတ် သရေတမျှားမျှား ဇွတ်ကြားဖြတ်ခေါ်လိုက်နဲ့ ပြိုင်ဘက်တွေ ခမျှာ သောကဗွေ မောဟ တွေ နဲ့သာ
04/01/2023
အခမ်းနားဆုံး ကစားသမား ရော်နယ်ဒို 👑
ရော်နယ်ဒို ဟာ ဥရောပ ဘောလုံးလောကရဲ့ကစားသမားသစ် မိတ်ဆက်ပွဲမှာ ပရိတ်သတ်တက်ရောက်အားပေးမူ့အများဆုံးကစားသမားဖြစ်သလို ယခု အာရှ ဘောလုံးလောကရဲ့ ကစားသမားသစ်မိတ်ဆက်ပွဲမှာ ပရိတ်သတ်တက်ရောက် အားပေးမူ့အများဆုံးကစာသမားလဲ ဖြစ်ခဲ့
ရော်နယ်ဒို ဟာ အယ်နာဆက် အသင်းမှာ လာရောက်ကစားခဲ့တာကြောင့် ယခင် လူသိပ်မသိ စိတ်ဝင်စားမူ့သိပ်မရှိလှတဲ့ အသင်းဟာ ယခုခါမှာ ကမ္ဘာ့ စိတ်ဝင်စားဆုံး အသင်းအဖြစ်ရောက်ရှိလာခဲ့ပြီး တစ် ကမ္ဘာလုံး
အားကစားပရိတ်သတ်တွေ ရဲ့စောင့်ကြည့်ခြင်းကိုခံနေခဲ့ပြီဖြစ်ကာ ရော်နယ်ဒို ပွဲထွက် ပါဝင်ကစားမယ့် ပွဲကိုလဲ စိတ်ဝင်စားနေကြပြီ
ယခင် ဥရောပ ချန်ပီယံလိဂ် လောက်သာ စိတ်ဝင်စားမူ့များခဲ့ပြီး ယခုအခါမှာတော့ အာရှချန်ပီယံလိဂ် ကိုလဲ စိတ်ဝင်စားမူ့ ပိုမိုမြင့်တက်လာခဲ့
ဒါတွေဟာ ရော်နယ်ဒို ကြောင့် ဖြစ်လာတာ ဖြစ်တယ်
25/12/2022
ရော်နယ်ဒို သာ အသင်းမချစ်ရင် နှိမ့်ကြနေချိန် ချ ီး တောင် လှည့် ပေါက် ခဲ့မှာ မဟုတ် ၊ အဲ့အချိန်က
ကမ်းလင့်နေတဲ့ အသင်းကြီးတွေ ဒု နဲ့ ဒေး ၊ ဒူး နှံ့ ပြီး သာသာယာယာ ဖန်ပေးတာလေး ဂိုးအဖြစ်ပြောင်းရင်း သူ့ရဲ့ သွင်းဂိုးတွေ ကို ဒီထက် သုံးဆ မက ပိုမြင့်လို့ရနေမယ့် အသင်း ခေါင်း ခေါက် ရွေးလို့ ရနေချိန်
ဆုဖလားအောင်မြင်မူ့တွေ တစ်ကိုယ်တော် ဆုတွေ အတွက် အနီးကပ်ဆုံး လက်တစ်ကမ်းကို လှမ်းလို့ရနေနိုင်မှာ လဲ ဖြစ်တယ်
သို့ပေမယ့် ရင်ထဲ ကချစ်ခြင်း ကို ဘယ်သူမှ စစ် ခင်း ယူလို့မရဆိုသလို အသင်းဟန်ချက်ပျက် မြေနှိမ့်ရာ လှံစိုက် ချင်နေကြသူ များ လှတဲ့ကြားက နှိမ့်ကြ နေ မန်ယူ ကို အလံထူကာ နှလုံးသားရဲ့ စေညွှန်းရာ အတိုင်း
ရွေးချယ်ခဲ့ တယ်
ခုတော့လဲ ချစ်ခြင်းတွေဟာ လေထဲအငွေ့ပျံ့ ကွယ်ပျောက်သွားကြသလို ချစ်လှပါချေ ရဲ့ဆိုတာတွေဟာ မမြင်တွေ့ချင်တော့ အောင်ပဲ ထွက်သွား စေချင်ကြ လှည့်မကြည့် ချင်ကြ တော့ ...
ဇရာ အိုချိန် ကံမကောင်း ခဲ့လှသလို စိတ် ဓာတ်ရာတွေ တနင့်တပိုး လက်ဆောင် ပေးရခဲ့လိုက်တယ်
ခြေစွမ်း ပါ ပျောက် ခဲ့ရသလို ရ ရှိ ခဲ့တဲ့ စိတ် ဓာတ် ရာကို ကုစားဖို့ အချိန် တစ်ခု ထိ ယူရ နိုင် ချေ ရှိ
နောက် ဆုံး တော့ လဲ
ငါ့ဘက်က မှားတာပါ တစ်လော ကလုံး အမှန်ပဲလေ 💔
14/12/2022
ဂုတ် တစ်ဦး ဖြစ်တဲ့ မက်ဆီ က အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလား ဖိုင်နယ် ကို ရောက်ရှိသွားလို့ ပျော်ရပေမယ့် နောက်ထပ် ဂုတ် တစ်ဦးဖြစ်တဲ့ ရော်နယ်ဒို ကတော့
ပေါ်တူဂီ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ဖို့ အသင့်ရှိခဲ့ပေမယ့် နည်းပြရဲ့ အံ့အားသင့်ဖွယ် ပစ်ပယ်ကာ အရံခုံထိုင်ခိုင်း မူ့နဲ့အတူ ပေါ်တူဂီ အသင်းဟာလဲ ရောက်ရှိသင့်ပါလျှက် နဲ့ ထွက်ခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်ရုံသာ
တကယ်လို့ ရော်နယ်ဒို သာ ပွဲထွက်ကစားခွင့်ရခဲ့မယ်ဆိုရင် တော့ ပွဲချိန်အတွင်း မရူံးနိုင်ဘူးဆိုတဲ့ အတွေးတွေကတော့ ပရိတ်သတ်တွေရင်ထဲ ခံပြင်း နေကြမှာပါ 💔
မက်ဆီ ကတော့ သူဖြစ်ချင်တာကို ဖြစ်ခွင့်ရဖို့ ဖိုင်နယ် မှာ လုပ်ခွင့်ရသွားခဲ့ပါပြီ 👏
02/12/2022
စပိန် က ဟိုဘက် မေရာက်ပဲ
ဒီဘက်ရောက် လာတယ် 😒
24/11/2022
ပေါ်တူဂီ Vs ဂါနာ ပွဲအတွက်
ပူစီကြောင်လေး ရဲ့ ခန့်မှန်းမူ့
22/11/2022
အာဂျင်တီးနား ပြီးတော့ ဒိန်းမတ် 😞
အပေါင်ဆိုင်က အန်တီကြီးကတော့ ပြုံးနေပီ