27/07/2021
နာမည်ကျော်လူငယ်ခြေတက်နောက်ခံလူ ကိုအန်ဒီကိုခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်း
ချယ်လ်ဆီးအသင်းသည် ဆီဗီလာနောက်ခံလူ ကိုအန်ဒီကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်များရရှိနေပြီဖြစ်ပြီး နှစ်ဖက်အသင်းဆွေးနွေးမှုမှာလည်း တိုးတက်လျက်ရှိပါတယ်။ ထိုလူငယ်ကစားသမားလေးကို ၂၀၂၆ ခုနစ်အထိစာချုပ် ချုပိဆိုဖွယ်ရှိပြီး အပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏နောက်ခံလူ ဇူးမားကိုထည့်သွင်းကမ်းလှမ်းခဲ့ပါတယ်။ လာမယ့်နာရီပိုင်းအတွင်း အပြောင်းအရွှေ့ပြီးမြောက်ဖို့မျှော်လင့်နေပါတယ်။
27/07/2021
OFFICIAL: စပါးအသင်းရဲ့ဝါရင့်နောက်ခံလူ အန်ဒါဝီရယ်သည် ကာတာကလပ် အယ်လ်ဒူဟေးလ် အက်စ်စီအသင်းသို့ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
26/07/2021
မန်ချက်စတာယူနိုက်တက်အသင်းထံရောက်ရှိဖို့ (၉၉%) အထိသေချာနေပြီဖြစ်တဲ့ ဗာရိန်း
ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရိန်းအပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းရဲ့ဆွေးနွေးမှုဟာ သဘောတူညီမှုရရှိလုနီးနေပြီပဲဖြစ်ပါတယ်။ အပြောင်းအရွှေ့အသေးစိတ်ဆွေးနွေးမှုနှင့် စာချုပ်စာတမ်းကိစ္စများမှာလည်း လာမယ့်နာရီပိုင်းအတွင်းမှာအပြီးသတ်ဖွယ်ရှိပါတယ်။ ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ချင်းသဘောတူညီမှူရရှိပြီးတာကြောင့် ဗာရိန်းတစ်ယောက် ယူနိုက်တက်ကစားသမားဖြစ်လာပါတော့မယ်။
24/07/2021
စစ်အာဏာရှင်စနစ်ကို လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သော မြန်မာလက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် သည် ယနေ့တွင် J3 league club ဖြစ်တဲ့ Y.S.C.C Yokohama အသင်း ဖြင့် စတင်ထရိန်နင် ဆင်းနေပြီဖြစ်သည်။ Y.S.S.C အသင်းသားများကလည်း ကိုပြည့်လျှံအောင် ကို လက်ခုပ်တီးဂုဏ်ပြု ခဲ့ကြသည်။ လက်ရှိတွင် ကိုပြည့်လျှံအောင် သည် အသင်းနင့် တရားဝင် စာချုပ် ချုပ်ဆို ချင်နေသော်လည်း အသင်း၏ပြောဆိုခွင့်ရှိသူ Yoshino Jiro ဆိုသူက ကစားသမား၏ လက်စွမ်းပေါ်မူတည်၍ အသင်းဖြင့် စာချုပ်ချုပ်မချုပ် ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။ ကျနော်တို့အနေဖြင့်လည်း ကိုပြည့်လျှံအောင် ရှေ့လျောက် ဂျပန် club အသင်း ဖြင့် pro contract ချုပ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
[NHK]
23/07/2021
ပီအက်စ်ဂျီအသင်းသည် ၎င်းတို့ရဲ့နည်းပြ ပိုချက်တီနိုကို ၂၀၂၃ ခုနစ်အထိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
23/07/2021
Photo News : မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားအသစ် ဆန်ချိုဟာ နာမည်ကြီးနေတဲ့ ကျောနံပါတ် (၇) အစား ကျောနံပါတ် (၂၅) ကိုဝတ်ဆင်ကစားသွားမှာပဲဖြစ်ပါတယ်။
22/07/2021
OFFICIAL: အာဆင်နယ်အသင်းသည် ၎င်းတို့ရဲ့အားထားရတဲ့ လူငယ်ကစားသမားလေး စမစ် ရိုဝီ ကို ၂၀၂၆ ခုနစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး အသင်းရဲ့အစဉ်အလာကြီးမားတဲ့ ကျောနံပါတ် (၁၀)ကိုပါ ဝတ်ဆင်ကစားစေမှာပဲဖြစ်ပါတယ်။
22/07/2021
ယူနိုက်တက်က ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကစားသမား (၉) ဦးအထိရှင်းထုတ်မယ့် ပီအက်စ်ဂျီအသင်း
ပီအက်စ်ဂျီအသင်းသည် ယူနိုက်တက်နဲ့စာချုပ်သက်တမ်းဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေတဲ့ ကမ္ဘာ့ဖလားချန်ပီယံ ကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ပိုလျှံနေတဲ့ကစားသမား ၉ ယောက်လောက်ကိုရောင်းထုတ်ဖို့ပြင်ဆင်နေပါတယ်။ ထိုကစားသမားတွေထဲမှာ ယခင်က ယူနိုက်တက်ကစားသမားဟောင်း အန်ဒါ ဟာရဲရားလည်းပါဝင်ပါတယ်။
တခြားကစားသမားတွေကတော့ အသင်းမှာခြေစွမ်းမပြနိုင်တဲ့သူတွေဖြစ်တဲ့ ရာဖင်ဟာ၊ ဒန်နီလို၊ ဒရက်ဇ်လာ၊ ဂူရီ၊ ခါရာ၊ ရီကို၊ ကာဇာဝါနှင့် နာမည်ကြီးတိုက်စစ်မှုး အိုင်ကာဒီတို့ပဲဖြစ်ပါတယ်။
ယူနိုက်တက်ဖက်ကလည်းသူတို့ရဲ့ ကစားသမားကို လွယ်လွယ်နဲ့လက်မလွှတ်ချင်သလို ပီအက်စ်ဂျီအသင်းကလည်း ထိုကစားသမားကိုခေါ်ယူနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေတာဖြစ်လို့ ပေါ့ဂ်ဘာတစ်ယောက် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
22/07/2021
Photo News
၂၀၂၁-၂၀၂၂ ရာသီတွက်ဝတ်ဆင်မယ့် စပါးအသင်းရဲ့အဝေးကွင်း ဂျာစီကို ကြော်ငြာလိုက်ပြီပဲဖြစ်ပါတယ်။
22/07/2021
လာမယ့်ရာသီတွင် မက်တော်မီနေးကို နေရာအသစ်မှာစမ်းသုံးချင်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးရှားလ်
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားလ်သည် ၎င်းရဲ့အကယ်ဒမီထွက် ကွင်းလယ်ကစားသမားလေးကို လာမယ့်ရာသီမှာ တိုက်စစ်သို့ပိုမိုလိုက်ပါကစားစေမှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်ခံစစ်နေရာတွင်ကစားရသော်လည်း သွင်းဂိုး (၇)ဂိုးအထိရရှိထားတာကြောင့် ဆိုးရှားလ်ဟာ တော်မီနေးအတွက် တိုက်စစ်ပိုမိုလိုက်ပါကစားစေဖို့ စီစဉ်နေပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ (၇)ဂိုးသွင်းပြီး (၂)ကြိမ်ဂိုးဖန်တီးမှူပြုလုပ်ထားတာကြောင့် လာမယ့်ရာသီမှာတိုက်စစ်အထိလိုက်ပါကစားဖို့ အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။
22/07/2021
နည်းပြဟောင်းနဲ့ပြန်လည်ပေါင်းထုပ်တော့မယ့် ဒတ်ချ်အသင်း
နယ်သာလန်အသင်းသည် တစ်ချိန်က ဘာစီလိုနာ၊ အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ် နှင့် မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဖြစ်တဲ့ လူးဝစ် ဗန်ဟားနဲ့ (၁)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဗန်ဟားဟာ နယ်သာလန်အသင်းကို (၂၀၁၂-၂၀၁၄) ခုနစ်ကကိုင်တွယ်ဖူးပြီး ကမ္ဘာ့ဖလားမှာ တတိယရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
21/07/2021
Done Deal ✅ 💯
စပါးအသင်းသည် ဂိုးသမား ဟူဂို လိုရစ်နှင့် ဂျိုးဟတ်တို့ကို တွန်းအားပေးရန်အတွက် အီတလီကလပ် အက်တလန်တမှ အသက် (၂၆)နှစ်အရွယ် ဂိုးသမား ဂေါ်လီနီကိုအငှါးနှင့်ခေါ်ယူနိုင်ခဲ့ပါတယ်။
၂၀၂၂ အထိအငှါးစာချုပ် ချုပ်ဆိုထားပြီး လက်စွမ်းကိုသဘောကျလျှင် ၂၀၂၃ အထိထပ်တိုးခေါ်ယူခွင့်သာမက အငှါးစာချုပ်ကုန်လျှင် ပေါင် (၁၅) နှင့် အပြီးသတ်ခေါ်ယူနိုင်ပါတယ်။