ဥရုဂွေးနဲ့ပွဲမှာ နိုင်ပွဲဆက်ရဖွယ်ရှိတဲ့ ပေါ်တူဂီ
...........
နိုဝင်ဘာ ၂၈
သုံးဂိုးနှစ်ဂိုးနဲ့ ဂါနာကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီဟာ ဥရုဂွေးနဲ့ ပွဲမှာလည်း နိုင်ပွဲ ဆက်ရနိုင်တယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
မြန်မာစံတော်ချိန် ည၁နာရီခွဲ ယှဉ်ပြိုင်မယ့် ဒီနှစ်သင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား နောက်ဆုံး ၁၆သင်း အဆင့်မှာ ဆုံခဲ့ဖူးပြီး ဥရုဂွေးက ၂-၁ဂိုးနဲ့ ပေါ်တူဂီကို အနိုင်ရခဲ့တာကြောင့် ရော်နယ်ဒိုအတွက် လက်စားပြန်ချေဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ပေါ်တူဂီဟာ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီရဲ့ သွင်းဂိုးတွေ ကြောင့်ရှုံးနိမ်ခဲ့ရတာ ဖြစ်လို့ ယနေ့ညမှာ ကာဗာနီပါလာရင်သူ့ကို ကန်ဆယ်လို၊ ဒိုက်ဇ်၊ ဒန်နီလိုတို့ ဦးဆောင်မယ့် ပေါ်တူဂီ နောက်တန်းက ထိန်းချုပ်နိုင်ဖို့ အရေးကြီးနေပါတယ်။
တောင်ကိုရီးယားနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ ဆွာရက်ဇ်ပွဲထွက်ခဲ့ပြီးမှ ကာဗာနီဝင်ကစားခဲ့တာကြောင့် ဥရုဂွေး နည်းပြ ဒီယေးဂို အလွန်ဆိုအနေနဲ့ ဘယ်သူ့ကို ပွဲထွက်ခိုင်းမလဲ ဆိုတာ မသဲကွဲပါဘူး။
ပေါ်တူဂီဟာ အန္တရာယ်ရှိတဲ့ အသင်း ဖြစ်ပေမယ့် မိမိတို့ အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ အလွန်ဆိုက ပြောဆိုထားတာကြောင့် ခံစစ်လုံအောင်လုပ်ပြီးမှ ပေါ်တူဂီကို ထိုးဖောက် ကစားဖွယ်ရှိပါတယ်။
ဒီပွဲမှာ ပေါ်တူဂီက ၂-၁ဂိုးတဲ့ အနိုင်ရနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး စူပါကွန်ပြူတာကလည်း ပေါ်တူဂီ အနိုင်ရနိုင်ခြေ ၅၀ဒသမ၅ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဥရုဂွေးရဲ့ ယခု ကမ္ဘာ့ဖလားမှာ ပထမဆုံး နိုင်ပွဲရနိုင်ခြေဟာ ၂၃ဒသမ၄ရာခိုင်နှုန်းရှိတယ်လို့ ကွန်ပြူတာက ဖော်ပြထားပြီး သရေကျနိုင်ခြေ ၂၆ဒသမ ၁ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမယ့် ရော်နယ်ဒို ၊ဖာနန်ဒက်ဇ်နဲ့ ဖီးလစ်တို့ ဦးဆောင်မယ့် တိုက်စစ်ကို ဥရုဂွေးနောက်တန်း မထိန်းချုပ်နိုင်ခဲ့
ရင် ပေါ်တူဂီ နှစ်ဂိုးထက် ပိုသွင်းနိုင်ပါတယ်။
ပေါ်တူဂီမှာ ဘောလုံး ဖြန့်ဝေမှုအားကောင်းတဲ့ ဖာနန်ဒက်ဇ်ဟာ အဓိက စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပြီး ပေါ်တူဂီ ခံစစ်အနေနဲ့ ဥရုဂွေးကွင်းလယ်လူ ဗယ်ဗာဒီနဲ့ ဆွက်ရက်ဇ် ဒါမှမဟုတ် ကာဗာနီတို့ကို ထိန်ချုပ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
Cute baby
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cute baby, Sports, Yangon.
28/11/2022
Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon