05/10/2025
ဘောလုံးအားကစားကို
ချစ်မြတ်နိုးကြတဲ့ညီကိုများအားလုံး မင်္ဂလာပါခဗျာ 🥰
ကျနော်တို့ Falcons Fc ရဲ့ Sunday League ခရီးလေးကတော့ ညီကိုတွေရဲ့ကြိုးစားမှုနဲ့အတူ ၁၁ပွဲကန် ၄ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၆ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့ အဆင့်(၇) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ် 〽️
ဒါ Falcons FCရဲ့ ရလဒ်ကောင်းတွေမဟုတ်ပေမယ့်
ပြိုင်ပွဲတလျှောက် အမှားတွေကို သင်ခန်းစာယူပြီး
ညီကိုတွေနဲ့အတူ ကျနော်တို့ Falconsတွေ အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်... 💯💪🏻
ပွဲစီစဉ်ပေးခဲ့ကြတဲ့ Sunday League ကော်မတီ၀င်များနဲ့ တာ၀န်ယူကိုင်တွယ်ပေးခဲ့ကြတဲ့ ဒိုင်လူကြီးများကိုလည်း
ကျေးဇူးတင်ပါတယ် , ယှဉ်ပြိင်ကစားခဲ့ကြတဲ့ တဖက်သင်းညီကိုတွေလည်း ပွဲအတွင်းထိခိုက်မှုများရှိရင် အသင်းသားများကိုယ်စား အနူးညွတ်တောင်းပန်ပါတယ်ခဗျာ...🙏🏻
ပြိုင်ပွဲတလျှောက် အခက်ခဲတွေကြားမှ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကစားပေးခဲ့ကြတဲ့ ကျနော်တို့ Falcons ညီကိုများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခဗျာ... 🥰🤝🏻