AJJ Marketing

AJJ Marketing

Share

Fashion accessories and sporting goods and accessories wholesale and online shopping

Photos from AJJ Marketing's post 18/02/2026

Happy Chinese New Year to you all 🌷

Photos from AJJ Marketing's post 15/08/2025

2025 အလှူ

Photos from AJJ Marketing's post 09/02/2023

အရုပ်လေးများ ကြီး၊လတ်၊သေး ဆိုက်စုံရရှိနိုင်ပါပီ…

Photos from AJJ Marketing's post 23/11/2022
Photos from AJJ Marketing's post 23/11/2022

ရင်ထိုးလေးတွေပါ3.5cm*3.5cmsizeရှိပါတယ် တစ်ခု၁၀၀၀၀ကျပ်ပါရှင်

23/11/2022

ရင်ထိုးလေးပါ ရွှေရောင်ငွေရောင်ရှိပါတယ်3cm*3cmပါ အားပေးကြပါအုန်းရှင့်တစ်ခုစျေးတစ်သောင်းပါ

Photos from AJJ Marketing's post 23/11/2022

ရင်ထိုးလေးတွေပါ 4cm အရှည်ရွှေရောင်နဲ့ပုလဲကျောက်လေးပါအားပေးနိုင်ပါတယ်ရှင့်

Photos 17/02/2017

Orchard Aesthetique @ Mandalay

မျက်နှာ အသားအရေကို ပုံမှန်ထိန်းသိမ်းလိုသူများအတွက် treatment လုပ်ပြီးတာနဲ့ ချက်ချင်းကြည်လင်ဝင်းပသွားမယ့် Basic Glow Facial Treatment နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...............

One time ➡️➡️➡️➡️ 20000 kyats ပါ

အသားအရေအတွက် လိုအပ်သော ရေဓာတ်နဲ့ အဟာရဓာတ်တွေကို ဖြည့်တင်းပေးတဲ့ treatment ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး...........မိမိရဲ့ အသားအရေ အမျိုးအစားပေါ်မူတည်ပြီး ၁ ပတ် ၁ကြိမ် သို့မဟုတ် ၂ ပတ် ၁ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်

လိပ်စာ🏠🏠🏠 Orchard Aesthetique Mandalay အမှတ် (၁၆) ၊ ၃၂ လမ်း × ၆၅ လမ်းထောင့် မန္တလေးမြို့။

ဖုန်းနံပတ်☎️☎️☎️ 09778811420 09778811421

Champion 17/02/2017

Champion shops :-

Everything Sports .... Under one roof !

Champion Sports and Garments shops :

ဆိုင်မကြီး ။

မြို့မကျောင်းလမ်း အမျိုးသားကဇတ်ရုံရှေ့မျက်နှာစာ၊
( ၂ထပ်အဆောက်အဦး) ။ ဥိးဝိစာရအိမ်ယာအနီး၊
ရန်ကုန်မြို့။
ဖုံး ၀၁ ၂၄၀၁၄၂ ၀၉၇၃၅၅၅၅၁၁ 01-240142 or 09-73555511

ဆိုင်ခွဲ (၁)

အခန်း ၁၀၅/၁၁၀/၁၃၇ (ပထမထပ်) Junction Square ›
ပြည်လမ်းနှင့် ကျွန်းတောလမ်းကြား, ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့၊
ဖုံး ၀၉-၇၃၉၉၁၁၇၃ ၀၉-၇၃၁၁၉၉၇၃

ဆိုင်ခွဲ (၂)

တတိယထပ်။ မိုင်ရတနာလေးထပ်ဈေး,တောင်ပေါ်တန်း,ဖက်တန်းရပ် ,
မော်လမြိုင်မြို့။ ph; 09781774363

Champion Sports and Garments shops .. page ကို လိုက်ခ်လုပ်ထားပြိးတခြားပို့စ်မှာတင်ထားတဲ့ ပစ္စည်း ပုံတွေနဲ့ တခြား
သတင်း အတင်း များအပါအ၀င်ဗဟုသုတရဖွယ်အကြောင်း အရာ တွကိုလည်းဖတ်ရှု့အားပေးကြအုံးလို့ ခင်မင်ရင်းနှီးစွာဖိတ်ခေါ်
ပါတယ်။ ဆိုင်ကို မနက် ၉ နာရီ မှ ည ၉ နာရီအထိ (စနေ တနင်္ဂနွေ
အပါအ၀င်) အစိုးရရုံးပိတ်ရက်များမှအပ ဖွင့်လှစ်ေ၇ာင်းချပေးနေ
ပါတယ်။ အားပေးသူမိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအထူး
တင်ရှိပါတယ်။

Untitled album 30/11/2016

ဘယ်ရက်ကက်ကောင်းသလဲ၊ ဘယ်ရက်ကက်ဝယ်ရမလဲလို့ မေးလာကြတဲ့ သူငယ်ချင်းတွေအတွက် ........ ရက်ကက်ရွေးချယ်တာနဲ့ပါတ်သက်ပြီး ဆောင်းပါးလေးတပုဒ်လွန်ခဲ့တဲ့၂ပါတ်လောက်ကတစ်ခါတင်ပေးထားပါတယ်။

ရက်ကက်တွေအားလုံးကတော့သူ့ဟာနဲ့သူကောင်းပါတယ်။ ဈေးကွက်အနေ အထား၊ ကစားသမားရဲ့လိုအပ်ချက်တွေအမျိုးမျိုးနဲ့ကိုက်ညီအောင်အမျီုးမျိုး အစားစားခွဲခြားထုတ်လုပ်ပေးထားပါတယ်. အဓိကအနေနဲ့တော့ .....

shaft ကို flex /medium / stiff ၃မျိုးရှိပါတယ်၊ flexဆိုတာတော့ ညွှတ်အား အများဆုံးပါ။ ရိုက်လိုက်တဲ့အခါ ကြက်တောင်နဲ့ ကြိုးရဲ့မျကိနှာပြင်ထိတဲ့အခိုက် အတန့်ပိုကြာလို့ လက်ကရိုက်လိုက်တဲ့အားအပြည့်အ၀နီးပါး ကြက်တောင်ဆီ ကိုရောက်နိုင်ပါတယ်။ အားစိုက်သလောက်ကြက်တောင်ပြေးတယ် ဆိုတဲ့သ ဘောပါ။ သို့သော်လည်း ကြက်တောင်ကိုထိန်းနိုင်အားတော့ လျော့ပါတယ်။ စကစားတဲ့သူတွေအတွက်သင့်လျော်ပါတယ်။ ဒီသဘော အတိုင်းဘဲ medium shaft ဆို နဲနဲပိုပြီးတောင့်တင်းသွားတဲ့အတွက် flex ထက် ရက်ကက်ညွှတ်အား နဲသွားပါတယ်။ ရိုက်အားအပြည့် ကြက်တောင်ဆီကိုမရောက်ပါဘူး၊ သို့သော် ကြက်တောင်ကိုထိန်သိမ်းရတာတော့ပိုလွယ်လာပါတယ်။ ကစားသက်နဲနဲ ရပြီး သားသူတွေအတွက်သင့်လျော်ပါတယ် stiff ကတော့ညွှတ်အားသိပ်မရှိလို့ရိုက် ရတာမာမာတောင့်တောင့် ခံစားရပါမယ် အားနဲ့ရိုက်တတ်တဲ့သူတွေ မြန်မြန် ရိုက် ကစားတတ်သူတွေအတွက်ပါ. experience ကစားသမားတွေအတွက်ပါ professional တွေကတော့ stiff ဒါမှမဟုတ် ပိုမာတဲ့ extra stiff shaft တွေနဲ့ ကစားပါတယ်. ပရိုတွေကတော့ ရိုက်အားပြင်းအောင် လက်ကောက်ဝတ် ၊ လက်ဖျံ၊ လက်မောင်း ကြွက်သားတွေအားကောင်းအောင် လေ့ကျင့်ထားကြ
လို့ stiff shaft တွေနဲ့ အင်အားပိုသုံးပြိး ရိုက်ချက်ပြင်းအောင်ကစားနိုင်ကြပါ တယ်။ သူတို့အတွက် အားကိုပိုသုံးရပေမဲ့ ထိန်းသိမ်းနိုင်စွမ်းကောင်းတဲ့အတွက် အကျိုး၂မျိုးစလံုး ရရှိစေမှာဖြစ်ပါတယ်။

တချို့ကစားသမားကရက်ကက်ပေါ့တာကြိုက်တယ်၊ တချို့ကလေးတာကြိုက် တတ်တယ် . ပေါ့ဖို့ လေးဖို့ကတော့ လုပ်ထားတဲ့ ပစ္စည်းပေါ်မှာမူတည်ပါတယ် အလျူမီနီယံလား ကာဘွန်လား တိုက်တေးနီး ယံလား။ တစ်ချို့လဲ တိုးတက် လာတဲ့နည်းပညာတွေသုံးပြီး အချိုးအစား အမျိုး မျိုး နဲ့ရောစပ်ထုတ်လုပ်ပေး ထားလို့ ကစားသူစိတ်ကြိုက်ရွေးချယ်ခွင့်တွေ များနေပါတယ်။ ရက်ကက်က လေးရင်ရိုက်အားကောင်းတယ်၊ ထိန်းအား လျော့တယ်။ ပေါ့ရင်ရိုက်အားမ ကောင်းဘူး ထိန်းအားကောင်းတယ်။ ရက်ကက်ရဲ့ယေဘုယျသဘောတရားပါ၊ သို့သော် ကိုယ်လိုတဲ့ ရိုက်အား ထိန်းအားရအောင် ညှိယူလိုရနိုင်ဖို့သုံးတဲ့ ကြိုး အမျိုးမျိုးလည်းရှိပါတယ်။ ကြိုးတင်းအားများရင်ကြက်တောင်ကိုကန်အားမြင့် တယ်။ ကြိုးမျက်နှာပြင် နဲ့ကြက်တောင်ထိတဲ့အခိုက်အတန့်တိုတောင်းလို့ ရိုက် အားလျော့တယ်။
သို့သော်ကြက်တောင်ကိုထိန်းအားကောင်းတယ်။ ကြိုးမှာလဲ တိုက်တေးနီးယံ အရည်နဲ့သုတ်လိမ်းထား (coating ) ကြိုးတွေက ပြိုင်ပွဲတွေမှာကြားရတတ်တဲ့ ရက်ကက်နဲ့ကြက်တောင်နဲ့ထိတဲ့အသံရွှင်ရွှင်လေးနဲ့ကျယ်ကျယ် ကြားရတတ်
ပါတယ်။ ကြိုးမှာလဲ အမာ အပျော့ အမျိုးမျိုးအစားစား တီထွင် ထုတ်လုပ်ပေး ထားပြီးးတော့ ကိုယ်လက်တွေ့တဲ့ရက်ကက်နဲ့လိုက်ဖက်မဲ့ကြိုးကိုရွေးချယ်ထိုး
နိုင်ပါတယ်။ ရက်ကက်နဲ့ ကြိုးလိုက်ဖက်အောင်တွဲနိုင်ခြင်းကလည်းကစားသမား
ကိုသူ့စိတ်ကြိုက်ကြက်တောင်ကိုတစ်ဖက်ကွင်းထဲသက် ရောက်နေနိုင်ပါလိမ့် မယ်။

တစ်ချို့ရက်ကက်တွေက ထိပ်လေးတာ၊ ထိပ်ပေါ့ တာတွေလည်းရွေးနိုင်ပါ
သေးတယ်။ ထိပ်လေးရင် ကြက်တောင်ကိုရိုက်ချက်ပြင်းစေတယ်။ သို့သော် လေးနေလို့လျှင်လျှင်မြန်မြန်တော့လှုပ်ရှားတာခက်တတ်ပါတယ်။ နှစ်ယောက် တွဲကစားတဲ့သူတွေမှာ နောက်ဖက်ကနေကစား တဲ့သူတွေအတွက် သင့်လျှော် ပါတယ်။ ရှေ့တန်းကကစားတဲ့သူတွေအတွက်ကတော့ ပြင်းထန်တဲ့ရိုက်ခုတ် အား သိပ်မလိုဘဲ လျှင်မြန်မှူ့နဲ့ ကြက်တောင်ကိုထိန်းပြီးကစားကွက်ဖေါ်ရိုက် ကစားရတဲ့အတွက် ထိပ်ပေါ့တဲ့ရက်ကက်မျိုးကပိုသင့်တော်ပါလိမ့်မယ်။

တစ်ယောက်ချင်း Single ကစားသမားအတွက်တော့ လေးတဲ့ရက်ကက်နဲ့ သိပ်မသင့်တော်ပါဘူးတဲ့။ တစ်ကွင်းလုံးလှည့်ပါတ်ပြေးလွှားကစားရမှာဖြစ်လို့ ပေါ့တဲ့ရက်ကက်ကပြိုင်ပွဲရေရှည်မှာ ကစားသမားကိုသက်သာစေပါလိမ့်မယ်။ များသောအားဖြင့် Single / double ကစားပွဲတွေအတွက် ရက်ကက်ပြောင်း ကိုင်ကစားကြပါတယ်။

နောက်တချက်အရေးကြီးတာက ရက်ကက်ကြိုးထိုးတဲ့ အခါ ရက် ကက်တမျိုး စီအတွက် သတ်မှတ်ပေးထားတဲ့ကြိုးတင်းအားအတိုင်း အတတ်နိုင်ဆုံးတိကျ
အောင်ထိုးဖို့အရေးကြီးပါတယ်။ တင်းအားများလွန်းရင် ရက်ကက်မခံနိုင်ဘဲ ကြိုးတတ်ပါတယ်။ ကြိုးလဲခနခနပြတ်တတ်ပါတယ်။ ရိုက်ရတာလည်း လက်မ တွေ့ဖြစ်တတ်ပါတယ်။ အသံကျယ်ကျယ်မာမာကြိုက်တဲ့သူတွေကတော့ ကြိုး ကိုခွင့်ပြုထားတဲ့တင်းအားအမြင့်ဆုံးရအောင်ထိုးတတ်ကြပါတယ်။

ရက်ကက် ကိုလုပ်ထားတဲ့ပစ္စည်း၊ သုံးထားတဲ့နည်းစနစ် ( Technology) , Model တွေကိုလိုက်လို့ဈေးတွေလည်းအမျိုးမျိုးကွဲသွားပါတယ်။ အပျော် ကစား သမားတွေအတွက်ထုတ်လုပ်ထားတဲ့ရက်ကက်တွေကလည်း ခုနောက်ပိုင်း ထုတ်လုပ်ထားတာအရမ်းမညံ့ပါဘူး။ သင်တင့်တဲ့အရည်အသွေးရှိပါတယ်။ Medium range ဈေးအသင့် အတင့်တန်းမှာလည်းခုနောက်ပိုင်းရွေးစရာတွေ အတော်များပါတယ်။ ကစားသမားရဲ့လိုအပ်ချက်အတိုင်းအနီးစပ်ဆုံးရွေးချယ် လာနိုင်ပါပြီ။
ပရိုကစားသမားတွေအတွက်ကတော့ ကစားသမားတယောက်ချင်းစီနဲ့ ကိုက် ညီပြီးသူ့စိတ်ကြိုက်ဖြစ်အောင်၊ ထုတ်လုပ်သူတွေက အတိအကျ ထုတ်လုပ်
ပေးထားပါတယ်။ ဥပမာ Lee Chong Wai Collection တို့၊ Lin Dan Collection တို့လိုမျိုးတွေပါ။ ဈေးလဲကြီးပါတယ်။ အရမ်းလဲကောင်းကြပါ တယ်။ ကစားသက်ရှိပြီး အကောင်းကြိုက်တတ်သူများအတွက်ကတော့ အကြိုက်တွေ့ စေမှာမလွှဲပါဘူး။

ကြိုး တွေအမျိုးမျိုးရဲ့အကြောငိးကိုလဲဆောင်းပါးလေးတပုဒ်တင်ထားတာ ရှိ ပါတယ်။

ဘယ်လိုရက်ကက်မျိုးဝယ်ရင်ကောင်းမလဲလို့မေးကြတဲ့သူငယ်ချင်းတွေထပ်ပေါ်လာတဲ့အတွက်သိသလောက်ရှာဖွေတင်ပြပေးလိုက်ပါတယ်။ ဒီလောက် ဆိုရင် ဘယ်လိုရက်ကက်မျိုးရွေးရင်ကောင်းမလဲလို့စဉ်းစားနိုင်လောက်ပြီလို့ယူဆပါ တယ်။ အဓိကကတော့ ဘယ်ရက်ကက်ကောင်းသလဲဆိုတာထက် ကိုယ့်ရဲ့
ကစားတဲ့ဟန်၊ ပုံစံနဲ့ကိုက်ညီမှု့ရှိတဲ့ရက်ကက်ကိုရွေးချယ်သင့်ပါတယ်။

Yonex ရဲ့ နည်းပညာတွေကအချိန်နဲ့အမျှပြောင်းလဲတိုးတက်လာနေပါတယ်။
Isometric / Nanoray / Nanospeed / Muscle Power / Carbonex /
ARCSABER / Voltric ( Tri-Voltage system) / Duora ဆိုပြီးနည်းပညာ
မျိုးစုံနဲ့ထုတ်လုပ်နေတာဖြစ်ပြီး အနာဂတ်ကာလမှာလည်း ဒီထက်တိုးတက်
ပြောင်းလဲနေအုံးမှာသေချာပါတယ်။

ကျွန်တော်ငယ်ငယ်က သစ်သားနဲ့လုပ်ထားတဲ့ ယွန်းနက်ရက်ကက်လေး တစ် ချောင်းသူငယ်ချင်းတစ်ယောက်ပြန်ရောင်းလို့ ကိုင်ဖူးတော့အရမ်းကို ၀မ်း မြောက်
ဝမ်းသာဖြစ်ခဲ့ဖူးတာ၊ မြောက်ကြွခဲ့ဖူးတာသတိရမိပါတယ်။ ခုခေတ်လို ရွေးချယ်စရာ
မများတဲ့အကြောင်းပါ။ ထပ်သိချင်တာရှိရင်လဲ cb မှာဆက်သွယ် ပါခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ရက်ကက်အကြောင်းကျွမ်း တဲ့သူငယ်ချင်း တွေလည်း လိုအပ်တာ အဆင်မပြေတာလေးတွေတွေ့ရင် ကွန်မင့်မှာဖြည့်စွပ် ပေးပါအုံးလို့၊

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Tuesday 11:00 - 17:00
Wednesday 11:00 - 17:00
Thursday 11:00 - 17:00
Friday 11:00 - 17:00
Saturday 11:00 - 17:00
Sunday 11:00 - 17:00