Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက်

  • Home
  • Myanmar
  • Yangon
  • Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက်

Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက်, No. 4 , Daw Na Street, Yangon.

သေမင်းနဲ့လက်တစ်ကမ်းအလိုထိ ဖြစ်သွားတာဆိုရင် ဘယ်သူမှယုံမှာမဟုတ်ဘူးဆိုတာသိတယ် 14ရက်နေ့ အေးဆေးကိတ်သွားပို့ပြီးဆိုင်ပြန်လာ အလ...
18/09/2026

သေမင်းနဲ့လက်တစ်ကမ်းအလိုထိ ဖြစ်သွားတာဆိုရင် ဘယ်သူမှယုံမှာမဟုတ်ဘူးဆိုတာသိတယ်

14ရက်နေ့ အေးဆေးကိတ်သွားပို့ပြီးဆိုင်ပြန်လာ အလုပ်တွေလုပ်နေခဲ့တာ နေ့လည်လောက်ကျတော့ အန်ရော ဝမ်းလဲသွားတော့ အထက်လန်အောက်လျောဖြစ်ပြီဆိုပြီး ဆေးပဲသောက်မယ်ဆိုပြီးဆိုင်ကနေစောစောပြန်ခဲ့တာ ဆိုင်ကလေးတွေညဘက်ကို မကြီးသက်သာရဲ့လားမေးတုန်းကတောင် နင်တို့အစ်မကကျန်းမာရေးဒေါင်ဒေါင်မြည်ပဲ မနက်ဖြန်အတွက်ကိတ်တွေပဲပြင်ထားပေးဖို့ပဲပြောခဲ့တယ်

15 ရက်နေ့ ပါပါးမွေးနေ့မှာ အိမ်ကမေမေကဒံပေါက်ချက်ကျွေးတယ် ပါပါးအတွက်မွေးနေ့ကိတ်ဘာညာ မလုပ်ရသေးဘူး အဲ့နေ့မနက် 8နာရီခွဲကို ပြနေခဲ့ဆေးခန်းကို ဝမ်းလျောပြီးအန်တာအကြိမ်ရေများနေပြီဆိုပြီး ပြခဲ့လို့ ဆရာဝန်က ဆေးချိတ်ပေးခဲ့တယ် ဆေးပေးတယ်

15ရက်နေ့ နေ့လည်ဆေးခန်းကအပြန်မှာပဲ ဆိုင်မှာခဏနားပြီး အိမ်ပေါ်တက်တာ ၃လွှာလောက်လေးကို ၂လွှာလောက်မှတင်ပြိုလဲနေပြီ ခဲအိုကမနည်းထိန်းထားလို့နောက်လန်မကျခဲ့တာ အိမ်ကကြားပြီး၃ယောက်လောက်အပေါ်ထိဆွဲတင်ခဲ့တယ်

15ရက်နေ့ နေ့လည် 1:00 PM ကနေ 3:00 PM အတွင်း
ရေသောက်ရင်ရေအန် ဆေးသောက်ရင်ဆေးအန် ကြက်ပေါင်းရည်ဆိုမမကပူမှာဆိုလို့မှုတ်မှုတ်ပြီးတိုက်ပေမယ့် ပါးစပ်ထဲကိုနည်းနည်းပဲရောက်တဲ့ထိ မလှုပ်နိုင်တော့ဘူး အန်တဲ့အရေအတွက်ဆို မရေတွက်နိုင်တော့ဘူး ခြေသလုံးကလဲကြွက်တွေတက်တာဆိုတာ
ခြေထောက်တွေဆိုအကြောတွေဆိုင်းတော့မယ် ကွေးနေပြီ လက်တွေလဲညိုပြီး အေးစက်နေပြီ
အောက်ကဆေးဆိုင်ကနေ pressure တိုင်းဖို့အပေါ်ရောက်လာတော့ 90/60

3:00 PM to 4:30PM

ဆရာဝန်ကိုစောင့်နေရင်းနဲ့ မွေးနေ့ကိတ်တွေကို မမကငိုပြီးလိုက် cancel ငွေပြန်လွှဲစရာရှိတာပြန်လွှဲပေးခဲ့တယ်
(ဒီနေ့လည်ဖြစ်ပြီးမနက်ဖြန်မှာထားတဲ့ကိတ်တွေပါcancel ရတာကိုလက်ခံပေးတဲ့ တကယ်ကိုကျေးဇူးတင်ရတဲ့ Customer က 99% ရှိပါတယ် 1% ကတော့ အပြောခံရတာပေါ့လေ ) မမကတော့ငိုပြီးအစ်မညီမအသက်လောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုပြီး ပြောနေသံလဲကြားရပါတယ်

မမကCancel ဖုန်းတွေဆက်နေရင်းနဲ့ကို လူကမလှုပနိုင်ပဲ မဲပြာနေပြီ မေမေ့ကိုခဲအိုက အခြေအနေမကောင်းတော့ဘူးဆိုပြီးပြောတော့ မေမေကငိုပြီး ပြာယာခတ် သူ့အစ်မတွေဆီဆက်ပြီးငို ခဲအိုကတော့အောက်ကိုဆင်းပြီးအိမ်နားကနာမည်ရှိတဲ့ဆေးရုံကိုတင်ဖို့ဖုန်းဆက်ခဲ့ပေမယ့် အရေးပေါ်အခြေအနေဆိုရင် ရန်ကုန်ဆေးရုံကြီးကိုပဲလွှဲမှာလို့ အားလုံးကဝိုင်းပြောကြတော့ ကားမောင်းပို့ပေးဖို့အကိုလိုခင်ရတဲ့ကိုသူ့ကိုအကူအညီလှမ်းတောင်း ကိုသူကလဲချက်ချင်းရောက်လာပါတယ်

ကို့ကိုဆွဲမလိုက်တဲ့အချိန်မှာ မှန်ထဲတစ်ချက်မြင်မိတာ ကြောက်ဖို့တောင်ကောင်းတယ် ဒါငါမှဟုတ်ရဲ့လားပေါ့ မျက်တွင်းကအဆုံးထိကျပြီး မျက်ခုံးပဲပေါ်တော့တယ် ပါးတွေချိုင့်ပြီး လက်တွေ ခြေထောက်တွေကအကြောကပ်နေပြီလေ အောက်ထိကိုဘယ်လိုဆွဲချသွားကြလဲမသိဘူးတော့ဘူး ဘာတွေမမြင်ရဘဲဝေဝါးပြီး
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်သွားပါရော
ဝှီးချဲပေါ်လဲဘယ်လိုရောက်သွားလဲမသိဘူး
ကုတင်ပေါ်ရောက်ပြီး pressure တောင်စမ်းမရ မျက်ဖြူပါလန်နေပြီ နောက်နာရီဝက် ၁နာရီလောက်
နောက်ကျခဲ့ရင် ကိုဆိုတာမရှိတော့ဘူး ခဲအိုနဲ့ပါပါးကတော့ဆေးရုံတက်ဖို့ စာရွက်စာတမ်းတွေပြင်ဆင်ရတာပေါ့

အရေးပေါ်ဌာနကဆရာဝန်တွေကိုလဲကျေးဇူးတင်ရပါတယ် ဆေးထိုးဖို့ပြင်နေချိန်မှာ လက်ကိုမလှုပ်နဲ့နော်လို့ပြောသံတစ်ချက်ကြားရပေမယ့် ကို့မှာလှုပ်ဖို့ အားတစ်စက်မှမရှိဘူး ဆရာဝန်ရောက်လာပြီးလူနာအသိရှိလားလို့ ရသလောက်အားတင်းပြီးမျက်လုံးဖွင့်ပြခဲ့တယ် အသက်မေးလို့ နှစ့်ဆယ့်ကိုးဆိုပြီးပြောခဲ့မိတာ မှတ်မိတယ် ချက်ချင်းကိုဆေးတွေချိတ်ကြတာ ၂လုံးလောက်ချိတ်ပြီးချိန်မှာ pressure ပြန်တက်လာတယ် ၄လုံးလောက်ချိတ်ပြီးချိတ်ပြီးချိန်မှာတော့ စိတ်ချရတဲ့အခြေအနေရောက်ပါပြီတဲ့ အရေးပေါ်ဌာနက ၈လုံးချိတ်ပေးလိုက်ပြီး ဆေးရုံတက်ကိုတက်ရမှာမို့ အစ်မတစ်ဝမ်းကွဲတို့လင်မယားကလဲချက်ချင်းရောက်လာပြီး လိုအပ်တာဝယ်ပေးပြင်ဆင်ပေး အိမ်ကိုစောင်ခေါင်းအုံးဘာညာသွားယူပေးပြီး ဆေးရုံတက်ခဲ့ရတာပါ

လူနာစောင့်တဲ့သူများလို့မရတာကြောင့် ပါပါးပဲနေခဲ့ရပြီး ခဲအိုနဲ့မမကပြန်ခဲ့ရတယ် မေမေကတော့သူလိုက်မစောင့်ရလို့ အိမ်မှာစိတ်ပူငိုပြီးကျန်ခဲ့တာပေါ့

#15ရက်နေ့ ပါပါးမွေးနေ့မှာ ပါပါးရဲ့ဘုရားသခင်က ပါပါးမွေးနေ့အတွက်လက်ဆောင်ကို သူ့သမီးအငယ်လေးရဲ့အသက်ကိုပြန်ပေးခဲ့တယ်

15ရက်နေ့ တစ်ညလုံးပါပါးကမအိပ်ဘဲ
ဆေးကုန်တာနဲ့ချိတ်ပေး ကိုအိမ်သာသွားချင်ရင်လိုက်ပို့ပေး အန်ပြီးရင် အမှိုက်တွေသိမ်း tissue နဲ့သုတ်ပေး
လှဲလိုက်ရင်စောင်ခြုံပေးနဲ့ Ovaltine သောက်ချင်တယ်ဆိုရေနွေးသွားယူလာပြီးဖျော်ပေးနဲ့ အစစအရာရာမျက်စိဒေါက်ထောက်ကြည့်ပေးခဲ့တာ

16ရက်နေ့ မနက်ကျတော့ မမကစာပို့တယ် သားကြီးကသက်ပြင်းတွေပဲချနေပြီးတီတီ့ဆီသားသွားတွေ့လို့မရဘူးလားတဲ့မေးတယ်တဲ့ သားငယ်လေးက တီတီဘယ်တော့ပြန်လာမှာလဲမေးတယ်ဆိုတဲ့ မမကလဲ ငါ့မှာဒီညီမတစ်ယောက်လေးရှိတာငါနင့်ကိုချစ်တာပေါ့တဲ့ ကျန်းမာအောင်နေပါတဲ့ မိသားစုအားလုံးရဲ့ ကို့ကိုဘယ်လောက်ထိစိတ်ပူနေကြောင်း အရူးမီးဝိုင်းလိုဖြစ်နေကြကြောင်း စကားတွေကြားပြီး မျက်ရည်တောက်တောက်ကျတဲ့ထိ ငိုပြီး သောက်တိုင်းအန်ထွက်တဲ့ဓာတ်ဆားရည်ကို ၄လီတာသောက်ခဲ့တယ်

17ရက်နေ့မနက် ခေါင်းဖြီးပေးဆိုပြီးခေါင်းဖြီး ကျစ်ဆံမြီးကျစ်ခိုင်းပြီး နှုတ်ခမ်းကွဲနေလို့ နှုတ်ခမ်းနီပါဆိုးပြီး ဆရာဝန်လာတဲ့ထိ သန်မာအောင်နေပြီးငုတ်တုတ်ထထိုင်နေခဲ့တာ ဆရာဝန် round လှည့်တော့ အခြေအနေကောင်းပြီး ပြန်လို့ရပြီဆိုတာနဲ့ ပါပါးညဘက်စောင့်ပြီးမနက်ပြန်အိပ်ချိန်ကို အိမ်ကညီမလေးကမနက်တစ်ပိုင်းစောင့်ပေးတော့ သူကချက်ချင်းပျော်ပြီးပစ္စည်းတွေသိမ်း ခြုံထားတဲ့စောင်ပါသိမ်းတဲ့ထိသူပျော်နေတာ မမကိုဖုန်းဆက်တော့ မမကဝမ်းသာပြီးချက်ချင်းရောက်လာတာ ခဲအိုကဆေးရုံဆင်းဖို့စာရွက်စာတမ်းလုပ်ပေါ့ မိနစ် ၄၀လောက် စောင့်ပြီး စာရွက်ရလာတော့ ပျော်ပျော်ကြီး ပြန်ခဲ့ကြတယ် ဆေးရုံကိုလာကြိုပေးတဲ့အစ်မဝမ်းကွဲလင်မယားကိုလဲကျေးဇူးအများကြီးတင်ပါတယ် ဆေးရုံကဆင်းတာနဲ့ချက်ချင်းလာကြည့်တဲ့မအိကိုလဲကျေးဇူးတင်ပါတယ်

အိမ်ပြန်ရောက်တော့လဲ သားကြီးလေးကပြုံးပြီး သားငယ်လေးက သူ့မျက်စိအောက်ကအပျောက်မခံတော့ဘူး တီတီ့ကိုအရမ်းချစ်တာပဲဆိုပြီး ဘယ်သွားသွားတစ်ကောက်ကောက်လိုက်တော့တာပဲ

ဆေးရုံတက်နေစဉ်အတွင်း မေမေ့ကိုလူအား ငွေအား စိတ်ခွန်အားတွေပေးခဲ့တဲ့ သမီးရဲ့အဒေါ်တွေနဲ့ဦးလေးတွေကိုကျေးဇူးတင်ပါတယ်

လူနာသတင်းလှမ်းမေးဖို့ ဖုန်းဆက်တဲ့မိတ်ဆွေအားလုံးနဲ့ဆုတောင်းပေးခဲ့တဲ့မိတ်ဆွေတွေအားလုံးရဲ့ကျေးဇူးကြောင့် အခုလိုအမြန်ဆုံးဆေးရုံကဆင်းလာနိုင်ခဲ့တာပါ

ဆေးရုံတက်စဉ်ကာလမှာ ဂရုတစိုက်နဲ့ဆောင်ရွက်ပေးခဲ့ကြတဲ့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်များနဲ့သူနာပြုများ security များပါမကျန် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

အပြည့်အဝအနားယူလိုက်ပါဦးမယ်ရှင် 🙏🏻

အငယ်မလေး ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေပါပြီရှင့် အပြည့်အဝကောင်းမွန်အောင်အနားယူပြီးမှ ဆိုင်ပြန်ဖွင့်ပါမယ်ရှင့် စိတ်ပူပေ...
17/09/2026

အငယ်မလေး ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေပါပြီရှင့်
အပြည့်အဝကောင်းမွန်အောင်အနားယူပြီးမှ ဆိုင်ပြန်ဖွင့်ပါမယ်ရှင့်
စိတ်ပူပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်🙏🏻🙏🏻

Admin GuGu ရုတ်တရက် တစ်ညလုံး အန်၊ ဝမ်းသွားနေတာကြောင့် ဒီမနက်မှာ ဆေးသွင်း ကုသခဲ့ရပါတယ်။ အော်ဒါလေးတွေကို တာဝန်ကျေချင်လို့ ...
15/09/2026

Admin GuGu ရုတ်တရက် တစ်ညလုံး အန်၊ ဝမ်းသွားနေတာကြောင့် ဒီမနက်မှာ ဆေးသွင်း ကုသခဲ့ရပါတယ်။ အော်ဒါလေးတွေကို တာဝန်ကျေချင်လို့ မနက်ပိုင်း အော်ဒါအကုန် ပြင်ဆင်ခဲ့ပေမဲ့ အခုထိ မသက်သာဘဲ နှုတ်ခမ်းတွေပြာ၊ မျက်ကွင်းတွေညိုပြီး အခြေအနေ ပိုဆိုးလာတာကြောင့် ဆေးရုံ အရေးပေါ် သွားနေပါပြီရှင်။
အော်ဒါများ ပြင်ဆင်ပြီးမှ Cancel လုပ်လိုက်ရသည့်အတွက် အားလုံးကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ ရုတ်တရက် အဆင်မပြေဖြစ်သွားတာကို နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်🙏🙏

10/09/2026

မွေးနေ့ကိတ်အော်ဒါလေးတွေကို
၂ရက်ကြိုမှာတာနဲ့
စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်ရှင် 🥰

အမှတ်၄ ဒေါနလမ်း စမ်းချောင်း
09777332840

09/09/2026

မနေ့က ၁၁နာရီနောက်ဆုံးထားပို့ရမယ့်ကိတ်ကို
10:15 မှဖုန်းနံပါတ်မပါတာသိ

လှမ်းမေးတာ 10:30 ထိမရတော့
အလုပ်ထဲမှာဖုန်းမသုံးဖြစ်တာဖြစ်မယ်လို့တွေး

ချက်ချင်း grab ထောက်ပြီးသွား
ဝရုန်းသုန်းကားနဲ့ တိုင်ပတ်ပြီးအိမ်လိပ်စာရှာရတာ🤪

ကိတ်ကြီးမပြီး ဟိုဘက်ထိပ် ဒီဘက်ထိပ်ထိလိုက်ရှာ
အိမ်တွေ့ပြီး ၂လွှာလဲရောက်ရော 11:02မိနစ်
ဟောဟဲဟောဟဲနဲ့ ဦးလေးပျော်သွားတာမြင်မှ
စိတ်ချမ်းသာရတော့တယ် 🫶🏻

မွေးနေ့ကိတ်အော်ဒါလေးတွေကို
၂ရက်ကြိုမှာတာနဲ့
စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်ရှင် 🥰

အမှတ်၄ ဒေါနလမ်း စမ်းချောင်း
09777332840 🇲🇲

09/09/2026

BTL Medical Myanmar ရဲ့

Rainbow Crepe Cake 8” 39လုံးအော်ဒါလေး 🫶🏻

သူများတွေအတွက် ကိတ်ပတ်ကူပေးမယ့်သူရှိပေမယ့်
ကို့အတွက် လတ်တလောမှာ တစ်ယောက်တည်းပတ်ရတာပါ ဆိုင်ကကလေးတွေကိုကသင်ပေးနေတုန်းမို့လေ 🥰

တခြားသူအတွက်ပုံမှန်ပေါ့ပေါ့ပါးပါးအော်ဒါဖြစ်နိုင်ပေမယ့် တစ်ယောက်တည်းcream ပတ်ထားတဲ့ကိတ်
အားလုံးပြီးသွားတဲ့အခါ ရတဲ့ပျော်ရွှင်မှုက
ဘာနဲ့မှမတူဘူး ငါလုပ်နိုင်ခဲ့ပြီပေါ့
အခုတော့ ဆေးလိမ်း ဆေးသောက်ပြီး အိပ်ပါတော့မယ် 🤪

အစစအရာရာ အစ်မကိတ်ပတ်ဖို့အဆင်သင့်ပြင်ပေးထားတဲ့ငါ့မောင်လေးတွေကိုရော

ထမင်းကအစ သူ့သမီးအလုပ်လုပ်နေရင်ကြိုက်တာ
ချက်ကျွေးတဲ့မေမေနဲ့

ပါးစပ်ထဲခွံရတဲ့ထိကျွေးပြီး ပန်းကန်ပါဆေးပေးတဲ့ထိအလိုလိုက်တဲ့ ပါပါးကိုကျေးဇူးတင်ရင်း 🫶🏻🫶🏻🫶🏻

🇲🇲

Wow Sports Complex (Time City) ရဲ့ လစဉ်ကိတ်အော်ဒါ အမှာလေး 🥰Dec 2025 to Aug 2026 ထိပုံလေးတွေပါ 🫶🏻 စမှာတာက Jan 2025 လောက်ထ...
03/09/2026

Wow Sports Complex (Time City) ရဲ့
လစဉ်ကိတ်အော်ဒါ အမှာလေး 🥰

Dec 2025 to Aug 2026 ထိပုံလေးတွေပါ 🫶🏻
စမှာတာက Jan 2025 လောက်ထဲကပေမယ့်
ရှေ့ပိုင်းပုံလေးတွေကရှာမတွေ့သေးလို့ပါ 🥰❤️

မွေးနေ့ကိတ်အော်ဒါလေးတွေကို
၂ရက်ကြိုမှာတာနဲ့
စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်ရှင် 🥰

အမှတ်၄ ဒေါနလမ်း စမ်းချောင်း
09777332840

01/09/2026

Durian Crepe 10” ဆိုဒ်

မွေးနေ့ကိတ်အော်ဒါလေးတွေကို
၂ရက်ကြိုမှာတာနဲ့
စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်ရှင် 🥰

အမှတ်၄ ဒေါနလမ်း စမ်းချောင်း
09777332840

30/08/2026

ပိုက်ဆံပန်းစည်းနဲ့ကိတ်အော်ဒါလေး 🫶🏻

မွေးနေ့ကိတ်အော်ဒါလေးတွေကို
၂ရက်ကြိုမှာတာနဲ့
စိတ်တိုင်းကျဆောင်ရွက်ပေးပါတယ်ရှင် 🥰

အမှတ်၄ ဒေါနလမ်း စမ်းချောင်း
09777332840

Address

No. 4 , Daw Na Street
Yangon
11111

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30

Telephone

+959777332840

Website

Alerts

Be the first to know and let us send you an email when Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Euterpe Bakery by Gu Gu ယူတာပီကိတ်မုန့်တိုက်:

Shortcuts

Share