Thuwanna Park

Hello dear friends, Welcome to THUWANNA PARK page. Plz like,share who love EXERCISE and YOGA. The groups will be divided as per age. Stay healthy stay safe.

Dear friends, at Thuwanna park we will try to help people who want to reduce their weight and want to achieve fitness for daily life. Here we will share some free training during morning and evening exercise routines. The volunteers can like and share our page. We will be doing Yoga classes too. So best of luck to all of you. We will be available through online training classes too. Long live Myanmar

Operating as usual

07/04/2022
Photos from Myanmar Fitness Trainer's post 19/03/2022
12/03/2022

အုန်းရေ မှာ ဘာတွေ ပါလဲ????

ရာသီဥတု က တဖြည်းဖြည်း ပူတဲ့ဘက်ကိုရောက်လာတာ နှင့် အမျှ အခုလို အချိန်ဆို တောရော မြို့ပါ မကျန် အုန်းရည်ရောင်းတဲ့ သူတွေ များလာသလို သောက်တဲ့ သူတွေ လည်း တဖြည်းဖြည်း များလာပါတယ်။ ဒါပေမယ့် အုန်းရည် သောက်ရင် ကောင်းလား မကောင်းလားဆိုတဲ့ မေးခွန်းတွေ ကတော့ လူအများကြားမှာ အမြဲ ရှိနေပါတယ်။ တကယ်ကော အုန်းရည် က ဘယ်လို အာနိသင်တွေ ပေးသလဲ????

ပထမဆုံး အုန်းရည်တစ်ခွက် (240 ml) မှာ ပါတဲ့ အာပာရ တန်ဖိုးကို သိထားဖို့လိုပါတယ်။ အုန်းရည် တစ်ခွက်မှာ ဆိုရင်

1. ကယ်လိုရီ - 45
2. အဆီဓါတ် - 0.5 gram
3. ကိုလက္စထေရာ - 0 gram
4. ဆိုဒီယမ် (ဆားဓါတ်) - 252 mg
5. ပိုတက်ဆီယမ် - 600 mg
6. ကာဗိုပာ်ိုက်ဒရိတ် - 9 gram
7. အမျှင်ဓါတ် - 2.6 gram
8. အသားဓါတ် - 1.7 gram
9. ကယ်လဆီယမ် (ထုံးဓါတ်)
10. သံဓါတ်
11. စီလီနီယမ်
12. ဗီတာမင် B6
13. ဗီတာမင် C
14. မဂ္ဂနိစ်
15. မဂ္ဂနီဆီယမ် ဓါတ် တို့ပါဝင်ပါတယ်။

အုန်းရည် က ကယ်လိုရီနည်းပြီး ကိုလက်စထရော မပါဝင် တဲ့ သဘာဝ အားဖြည့်ရည်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် သူ မှာပါတဲ့ ပိုတက်ဆီယမ် ပမာဏ က ပိုတက်ဆီယမ် ကြွယ်ဝ လှပါပြီ ဆိုတဲ့ ငှက်ပျောသီး ထက်တောင် ပိုများပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် တခွက် (240 ml) ထက်တော့ မပိုသင့်ပါ။ နောက်တခု အရေးကြီးတာ ကတော့ ကျောက်ကပ် မကောင်းတဲ့ သူတွေ ပိုတက်ဆီယမ် တက်နေချိန်မှာ မသောက်သင့်ပါဘူး။ ပုံမှန် ချိန်ဆိုရင်တောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် သောက်လို့ရတယ် ဆိုရင်လည်း ပမာဏ အတိုင်းအတာ ကို သေချာ ဆွေးနွေးသင့်ပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲ။

1. ချွေးအရမ်းထွက်သွားရင် ချွေးနဲ့ အတူ သတ္တု ဓါတ်တွေ ပါဆုံးရှုံးသွားတတ်ပါတယ်။ အဓိက ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ ဆုံးရှုံးသွားရင် စိတ်တွေရှုပ်ထွေးပြီး နုံးလာတတ်ပါတယ်။ အဲ့လို အချိန်ဆိုရင်တော့ အုန်းရေ သောက်ပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခွက်ထက်တော့ မပိုပါစေနှင့်။

2. ထုံးစံ အတိုင်း အုန်းရည်မှာလည်း ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်များစွာ ပါဝင်တဲ့ အတွက် အိုမင်းရင့်ရော်မှု့ ကို တဖက်တလမ်ဒဂကနေ ငာကွယ်ပေးပြန်ပါတယ်။

3. ခန္ဓာ ကိုယ်အတွင်းရှိ ဓါတ်တိုးပစ္စည်းများ ကို လျှော့ချပေးတဲ့ အတွက် ဓါတ်တိုးပစ္စည်း တွေ များလာရင် ဖြစ်နိုင်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်း ကိုလက်စထရောတက်ခြင်း (Triglycerides) စတာတွေ ကို လည်းကာကွယ်ပေးနိုင်ပါတယ်။

4. ထို့အတူ ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ခန္ဓာကိုယ်ရှိ ဆဲလ်များ ဓါတ်တိုးပစ္စည်းများကြောင့် ပျက်ဆီး အသွင်း ပြောင်းပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အလွန် အန္တရာယ်များတဲ့ ကင်ဆာ ရောဂါ ဖြစ်ပွားမှု့ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။

5. ဆီးချို ဝေဒနာရှင်တွေ အတွက်လည်း မဂ္ဂနီဆီယမ် ပါဝင်တဲ့ အတွက်ကြောင့် အင်ဆူလင် ရဲ့ လုပ်နိုင်စွမ်းအား ကို မြှင့်တင်ပေးနိုင်တဲ့အတွက် ဆီးချိုပမာဏ ကို ထိန်းညှိပေးနိုင်ပါတယ်။ Fasting Blood Glucose level ကိုလျှော့ချပေးတဲ့ အပြင် HbA1c ကိုပါ လျှော့ချပေးနိုင်ပါတယ်။

6. အမျှင်ဓါတ် ကြွယ်ဝ တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေနိုင်ပါတယ်။

7. Triglycerides ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးတာဂတွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။

8. အုန်းရည် တစ်ခွက် (240 ml) မှာ ပိုတက်ဆီယမ် 600 mg ပါတဲ့အတွက် သွေးတိုး ရောဂါ ဝေဒနာရှင်တွေ အတွက် သင့်လျော်ပါတယ်။ သွေးပေါင်ကျစေပါတယ်။

9. ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်တဲ့ အတွက်ကြောင့် တာဝေး အပြေးသမားများ၊ အချိန် အကြာကြီး လေ့ကျင့်ခန်း လုပ်တတ်တဲ့ သူတွေ အတွက် သင့်တော်ပါတယ်။

10. ရေဓါတ် ကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ အပြင် သတ္တု ဓါတ်များကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။

အုန်းရည်သောက်ရင် ကောင်းတယ်ဆိုပေမယ့် တခွက် (240 ml) ထက်တော့ မပိုသင့်ပါဘူး။ ဒီ့အပြင် အုန်းရည် ဆိုပြီး အုန်းနို့ တော့ မသောက်သင့်ပါဘူး။ ကိုလက်စထရော နှင့် triglycerides များစွာပါဝင်တဲ့ အတွက် ကျန်းမာရေး အတွက် မကောင်းပါဘူး။

Crd

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Videos (show all)

Location

Website

Address

Thuwanna Park
Yangon
Other Sports & Fitness Instruction in Yangon (show all)
Lion Gym Mingalardon Lion Gym Mingalardon
Yangon, 11021

Gym Time Fitness Center, Studio & Swimming Pool Gym Time Fitness Center, Studio & Swimming Pool
Thingangyun Branch/No. (11), Malikha (1) Street, Bawa Myint Ward
Yangon, 11081

📱 09964006977 (7:30 am to 5:00 pm), ✉️ Messenger (9:00 am to 10:00 pm)

BFC BFC
Yangon, 11051

Burma Fight Club 🇲🇲

Elite Sports Myanmar Elite Sports Myanmar
No. 22, 137th Street, Burma (Myanmar)
Yangon

Fit With Sithu Fit With Sithu
Yangon
Yangon

Fitness By Nyein Fitness By Nyein
Yangon

https://www.tiktok.com/@ayenyeinhtike

Seven Family Sport & Fitness Online Shop Seven Family Sport & Fitness Online Shop
Pyi Taw Nyunt Street
Yangon, 111

ဆိုင်လိပ်စာ-အမှတ်(543)၊‌ေကျာင်းလမ်း၊၄တောင်ရပ်ကွက်၊သာကေတမြို့၊၃ဂိတ်ဟောင်းမှတ်တိုင်အနီး၊ရန်ကုန်​

GAINZ GAINZ
Yangon

Muscle Building System With Low Budget

DREAM Builder DREAM Builder
Yangon

Sports and Recreation

BFP BFP
Parami Road , South Okkalapa Township
Yangon, 11091

BFP is committed to promote health & awareness among all Myanmar people including through fitness even across the country. We provide the sharing of wellness and fitness knowledge via on our page.

Bar-Variant/ Barbarians Bar-Variant/ Barbarians
Yangon

You are your own gym!

Just Be Fit Just Be Fit
No 9, Gabaraye Pagoda Street
Yangon

By Team powerhouse, Personal Blog, Fitness tips, getempowered