06/02/2026
Happy Birthday Aung Khant Zaw
ယနေ့ကျရောက်တဲ့ မြန်မာ့ဖူဆယ်လက်ရွေးစင်(ယူ-၁၉)အသင်းနှင့် Team Lion FC အသင်းတို့ရဲ့ ကစားသမားအောင်ခန့်ဇော်ရဲ့ မွေးနေ့ရက်မြတ်မှသည် လာမည့်အနာဂတ်တွင် မြန်မာ့ဖူဆယ်ဘောလုံးအသင်းများနှင့်အတူ အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ....
30/01/2026
Happy Birthday Aung Chan Myae
ယနေ့ကျရောက်တဲ့ မြန်မာ့ဖူဆယ်လက်ရွေးစင်(ယူ-၁၉)အသင်းနှင့် Team Lion FC အသင်းတို့ရဲ့ ကစားသမားအောင်ချမ်းမြေ့ရဲ့ မွေးနေ့ရက်မြတ်မှသည် လာမည့်အနာဂတ်တွင် မြန်မာ့ဖူဆယ်ဘောလုံးအသင်းများနှင့်အတူ အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ....
29/01/2026
Happy Birthday ဟေမာထေး !!!
ဒီနေ့ရက်က မြန်မာ့ဖူဆယ်
လက်ရွေးစင်(ယူ၁၉)အသင်းနှင့်
Team Lion FC အသင်းတို့ရဲ့
ကစားသမားတစ်ဦးဖြစ်တဲ့ ဟေမာထေးရဲ့
မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
လာမည့်အနာဂတ်မှာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနဲ့ အောင်မြင်မှုများ ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ . . .
23/12/2025
𝙎𝒑𝙚𝒄𝙞𝒂𝙡 𝘼𝒏𝙣𝒐𝙪𝒏𝙘𝒆𝙢𝒆𝙣𝒕
AFF U19 Boys Futsal Championship 2025 ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းတွင် Team Manager အဖြစ် Winner Soccer FC အသင်းမှ CEO ဦးဇော်ဝင်းသူ၊ နည်းပြချုပ် ဦးကျော်စိုးမိုး၊ ဂိုးနည်းပြဦးထွန်းလင်းဦး တို့မှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ဖြစ်ပြီး ကစားသမားများအဖြစ် ဂွါဒီ၊ အောင်ခန့်ဇော်၊ ဟေမာထေး၊ ခင်ဇော်ဟိန်း၊ အောင်ချမ်းမြေ့တို့ အပြီးသတ်လက်ရွေးစင်လူစာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ရပါသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U19 Futsal Championship 2025 ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းက အုပ်စု (ခ) တွင် ပြိုင်ဘက် အင်ဒိုနီးရှား၊ မလေးရှားတို့နှင့် အတူ ပါဝင်ပြီး ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီအချိန်တွင် မလေးရှားလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မနက်ဖြန် မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီအချိန်တွင် မြန်မာယူ-၁၉ ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှားယူ-၁၉ ဖူဆယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
07/12/2025
𝙎𝒑𝙚𝒄𝙞𝒂𝙡 𝘼𝒏𝙣𝒐𝙪𝒏𝙘𝒆𝙢𝒆𝙣𝒕
Transfer News
ကျော်ရဲသွေး YCDC Dream Team FC (ပြောင်းရွှေ့ကြေး ၇၅ သိန်း)
ထွဋ်ထွဋ်လွင် YCDC Dream Team FC (ပြောင်းရွှေ့ကြေး ၅၀ သိန်း)
Winner Generations FC အသင်းရဲ့ ဂိုးသမားကျော်ရဲသွေးနှင့် ထွဋ်ထွဋ်လွင်တို့ နှစ်ဦးဟာ YCDC Dream Team Futsal Club အသင်းသို့ တရားဝင်ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
Winner Generations FC အသင်းရဲ့ Carabao Futsal Champion Cup 2025 ချန်ပီယံဖလားရရှိအောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့တဲ့ ကျော်ရဲသွေးနဲ့ ထွဋ်ထွဋ်လွင်တို့ နှစ်ဦးလုံး လာမယ့်ရာသစ် အသင်းသစ်မှာ အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ...
Winner Generations FC အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ အတွက်လည်း အသင်းမှ အမြဲတမ်းအမှတ်ရ ကျေးဇူးတင်လျှက်ရှိနေမှာပါ .....
25/10/2025
𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆
U Maw Aung Maw Thein
ယနေ့ကျရောက်တဲ့
Winner Generations FC အသင်းရဲ့
Team Manager ဦးအောင်မော်သိန်းရဲ့
မွေးနေ့ရက်လေးမှသည် အသက်ထက်ဆုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
အောင်မြင်တဲ့နေ့ရက်များစွာကို
ပိုင်ဆိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
23/10/2025
𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆
🅟🅗🅞🅔 🅛🅐 🅟🅨🅐🅔
ဒီနေ့ကတော့
Winner Generations FC အသင်းရဲ့
ဂိုးသမားဖိုးလပြည့်ရဲ့
မွေးနေ့လေးပဲဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့
မွေးနေ့ရက်မှသည်
အသက်ထက်ဆုံး
ကျန်းမာပျော်ရွှင်ပြီး
အောင်မြင်တဲ့
ဘ၀ခရီးလမ်းကို
ဖြတ်သန်းနိုင်ပါစေ
ဖိုးလပြည့်ရေ •••