Ko Tin Mg Sport

Ko Tin Mg Sport

Share

Personal blog

01/02/2023

Breaking News!!!

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဆာဘစ်ဇာ အတွက် ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှု ရရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို တပြိုင်နက်ထဲ ရခဲ့ပြီး ချယ်လ်ဆီးကို ငြင်းကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

25/01/2023

ကျွန်တော်နဲ့ ဖဲရိုက်မလား။
နိုင်ရင် အဆတစ်ထောင်ပေးမယ်။
တစ်ရာထိုးရင် တစ်သိန်းရမယ်။
တစ်သိန်းထိုးရင် သိန်းတစ်ထောင်ရမယ်။

ဒါပေမဲ့ မိတ်ဆွေတို့ကို ကျွန်တော်ပေးချင်တဲ့ ဖဲချပ်ပေးမယ်။
ကျွန်တော်လည်း ကျွန်တော်ယူချင်တဲ့ ဖဲချပ်ယူမယ်လေ။
ကစားမလား။

ဒါဆိုရင်တော့ ဘယ်ဆော့တော့မလဲ။
လူကိုများ အချဉ်မှတ်နေလား ဆိုပြီး ပြန်မေးကြမှာပေါ့။

မိတ်ဆွေတို့က မျက်နှာလိုက်တာပေါ့။
ကိုယ့်မြန်မာလူမျိုး အချင်းချင်းကျ အားမပေးဘဲ
ထိုင်းနိုင်ငံအခြေစိုက် ဂိမ်းပေါင်း ၅၀၀ ကျော်ပါဝင်တဲ့
ငါးပစ်ဂိမ်း၊ slot ဂိမ်းတွေကျ ဆော့တယ်။
ဘာလဲ ဖုန်းနဲ့ဆော့လို့ရတဲ့ ဂိမ်းလို မလုပ်ပေးနိုင်လို့လား။
သဘောတရားက အတူတူပဲကိုး။

သူတို့လည်း မိတ်ဆွေတို့ကို အဆတစ်ရာ၊ တစ်ထောင်
စသဖြင့် မက်လောက်စရာ အဆတွေ ပေးမယ်။
ဒါပေမဲ့ မိတ်ဆွေတို့ရမဲ့ ဖဲချပ်တွေ၊ ငါးတွေ၊
slot နံပါတ်တွေ အကုန်လုံးက သူတို့ လက်ထဲမှာပဲ။
မိတ်ဆွေတို့ထိုးတဲ့ လောင်းကြေးပေါ်မူတည်ပြီး
အနိုင်အရှုံးကို ကြိုဆုံးဖြတ်ပြီးသား။
လောင်းကြေးနည်းရင် တစ်ခါတစ်လေ ပေးနိုင်မယ်။
လောင်းကြေးများတဲ့အလှည့်ကျရင်တော့
အချီကြီး ပြန်ဝိုက်မယ်။
ဒီလိုနဲ့ ကားပေါင်၊ အိမ်ပေါင်ပြီး သူဌေးဘဝကနေ
လတွင်းချင်း မွဲပြာကျသွားတဲ့ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။

slot ဂိမ်း ကြော်ငြာပေးတဲ့သူတွေကိုလည်း အံ့သြမိတယ်။
ကိုယ်ရတာက သုံး လေး ငါးသိန်းနဲ့
ကိုယ်ကြော်ငြာလိုက်တာကို ကြည့်မိပြီး
စမ်းကစားကြည့်ရာက ဘဝပျက်သွားတဲ့သူတွေအပေါ်
အားမနာမိဘူးလား မသိဘူး။
မလုပ်ကြပါနဲ့.. အားလုံးက လူသားတွေပါ။

23/01/2023

မနေ့က ပွဲပြီးသွားချိန်မှာတော့ ဂါဘီအလတ်ကောင်ဟာ ကွင်းလယ်ဒိုင်ကို တချိန်လုံး စောဒတက်ညည်းတွားနေတတ်တဲ့ ဖာနန်ဒစ်ကို ရည်ရွယ်ပြီး 'ဘလာ ဘလာ ဘလာ ဘလာ.....' ဆိုတဲ့စာသားကို တွစ်တာမှာ ရေးသားခဲ့ပါတယ်😆

23/01/2023

Roy Keane on United's bench!

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
7853