Gardens by the pool ရဲ့ ရုံးဖုန်းလေးကို 𝟬𝟵𝟵𝟱𝟮𝟮𝟵𝟵𝟱𝟴𝟮 သို့ ပြောင်းလဲထားပါသောကြောင့် သိချင်တာလေးများကို စုံစမ်းမေးမြန်းချင်ရင် ပြောင်းလဲဆက်သွယ်လို့ရပါတယ်ရှင်
Gardens by The Pool - FMI City, Hlaing Thayar
Community and Recreation Center with Swimming Pools, Playground, Food Court, Bar & Restaurant
02/12/2024
🌊 သတ္တိရှိရင် ဒီဇင်ဘာလမှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး ရေကူးသင်တန်းနဲ့ Member 10% Discount ကိုရယူလိုက်ပါ! 🏊
ပြောသာပြောရတာ ရန်ကုန်ဆောင်းက အေးလည်း မအေးပါဘူး 😬
💦 ဘာကြောင့် ရေကူးသင်တန်းကို Join သင့်တာလဲ?
✔️ ရေဘယ်လိုကူးရမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ အန္တရာယ်ကင်းစွာ လုံခြုံစိတ်ချမှုအပြည့်နဲ့သင်ယူနိုင်ခြင်း
✔️ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အသိအမှတ်ပြု ဆရာ၊ ဆရာမများ ကိုယ်တိုင်သင်ပေးခြင်း
✔️ ကလေး၊ လူကြီးမရွေး စိတ်ရှည်လက်ရှည်နှင့် သင်တန်းချိန် ၁၃ နာရီအပြည့်သင်ကြားပေးခြင်း
✔️ ရေကူးနေစဉ်ကာလအတွင်း ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
📅 သင်တန်းအသေးစိပ်အချက်အလက်များ
🔹 အသက်ကန့်သတ်ချက် - ၆ နှစ်နှင့်အထက်
🔹 အတန်းချိန် - 7:00-8:00 AM သို့မဟုတ် 4:00-5:00 PM
🔹 သင်တန်းကြေး - 150,000 ကျပ်
🔹 တည်နေရာ - FMI Swimming Pool
🎉 Special Offer: ဒီဇင်ဘာတစ်လလုံး 10% Discount လက်ဆောင်
📞 Call ** 09887779030
ဆောင်းဥတုရဲ့ ရေထဲမှာ ဆုံကြပါစို့! 🌟
လူဦးရေကန့်သတ်ထားတာမို့ မြန်မြန်ဆက်သွယ်ဖို့တော့လိုပါမယ်နော်
24/11/2024
ရုတ်တရက် ရေနစ်သွားရင် ဘာတွေလုပ်သင့်လဲ?
ဘယ်လောက်ကျွမ်းကျင်တဲ့ ရေကူးသမားပဲဖြစ်ပါစေ အကြောင်းအမျိုးမျိုးကြောင့် ရေထဲမှာ မတော်တဆမှုဖြစ်နိုင်ပါတယ်။
အရေးပေါ် အခိုက်အတန့်မျိုးမှာ ကိုယ့်အသက်ကို ကိုယ် ဘယ်လိုကယ်ရမလဲ?
1. စိတ်ကိုတည်ငြိမ်အောင်ထားပါ။
အရမ်းပြာယာခတ်သွားရင် အားအင်ဆုံးရှုံးပြီး အောက်စီဂျင်ပြတ်တောက်သွားနိုင်ပါတယ်။ အာရုံစူးစိုက်ပြီး စွမ်းအင်ကို ချွေတာပါ။
2. အသက်ရှူနှုန်းကို ထိန်းချုပ်ပါ။ တတ်နိုင်သမျှအသက်အောင့်ထားပြီး အောက်စီဂျင်ကို ချွေတာသုံးပါ။
3. ရေပေါ်မှာ ကိုယ်ဖော့နိုင်အောင်ကြိုးစားပါ။
ရေမျက်နှာပြင်ပေါ် ချက်ချင်းကြီး မရောက်သွားနိုင်သေးဘူးဆိုရင် ပြန်ပေါ်လာအောင် ကိုယ်ဖော့ထားပါ။ လက်မောင်းတွေ ခြေထောက်တွေဆန့်ထားတာက ရေပေါ်ကို မြန်မြန်ပေါ်လာနိုင်စေပါတယ်။
4. အကယ်၍ ရေကူးကန်ကြမ်းပြင်နဲ့ ကိုယ်နဲ့အရမ်းနီးကပ်နေတယ်ဆိုရင် ကြမ်းပြင်ကို ခြေနဲ့အားကုန်ဆောင့်ကန်ပြီး ရေမျက်နှာပြင်ပေါ်ကို ပြန်တက်ခဲ့ပါ။
5. ရေမျက်နှာပြင်ဆီကို အားကုန်ကူးခတ်ပါ။
ဦးတည်ချက်မရှိဘဲ ရုန်းကန်နေမယ့်အစား ရေမျက်နှာပြင်ကိုပဲ ရှိသမျှအားကုန်သုံးပြီး ကူးခတ်ပါ။ တတ်နိုင်သမျှ နှာခေါင်းနဲ့ ပါးစပ်ကပဲ လေကိုပဲ မှုတ်ထုတ်ဖို့ကြိုးစားပြီး ရေတွေကို ရှူမသွင်းမိစေဖို့ ရှောင်ရှားပါ။
6. အကူအညီတောင်းခံပါ။
ရေမျက်နှာပြင်ပေါ်တဲ့ ခဏ အကူအညီကို အကျယ်ကြီးအော်တောင်းပါ။ လက်တွေဝှေ့ယမ်းပါ။
7. တစ်ခုခုကိုလှမ်းဆွဲပါ။
လက်လှမ်းမီရာ ရေကန်ဘောင်ပဲဖြစ်ဖြစ် ကိုင်စရာတစ်ခုခုကိုတတ်နိုင်သမျှ လှမ်းဆွဲပါ။
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐅.𝐌.𝐈 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️𝐏𝐡𝐨𝐧𝐞-𝟎𝟗𝟖𝟖𝟕𝟕𝟕𝟗𝟎𝟑𝟎
သာယာတဲ့နေ့လေးတစ်နေ့မှာ သူငယ်ချင်းတစ်သိုက်ဟာ မြောက်မြားလှစွာသော အလုပ်တာ၀န်တွေကြားကနေ ခဏအနားယူအပန်းဖြေဖို့ရာ အကြိုက်ဆုံးရေကူးကန်မှာ ဆုံခဲ့ကြပါတယ်။ အထူးသဖြင့်ကတော့ မေ ပေါ့။ ရေထဲရောက်ရင် ယုံကြည်မှုပျောက်တဲ့ မေဟာ ဘယ်တုန်းကမှ ရေမကူးတတ်ခဲ့သလို ရေကူးကန်တွေသွားရင်လည်း အမြဲတမ်း ကန်ဘောင်နားမှာပဲ ရစ်သီရစ်သီလုပ်ခွင့်ရှိသူပါ။ များသောအားဖြင့် ရေကူးကန်ဘောင်ပေါ်မှာထိုင် ခြေထောက်ကိုနှစ်ထားပြီး ရေတွေကန်ထုတ်တာလောက်အပြင် ဘာမှမလုပ်တတ်ပါဘူး။
ဒီတစ်ခေါက်ကတော့ မတူတော့ပါဘူး။ ရေကူးတတ်တာမကြာသေးတဲ့ သူရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်တဲ့ စည်သူက သူ့ကိုပါ ရေကူးတတ်အောင် တိုက်တွန်းလာပါတော့တယ်။ ပြီးပြည့်စုံနေဖို့ မလိုဘူးလေ။ ရေရဲ့အရသာကို ခံစားရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်လိုက်ရတာက ရေကူးရခြင်းရဲ့ အနှစ်သာရပဲလို့ စည်သူက ပြောပါတယ်။
မေက စိတ်မပါတပါနဲ့ ရေတိမ်ပိုင်းထဲ ဆင်းခဲ့ပါတယ်။ စစချင်းတော့ ကန်ဘောင်ကိုပဲ မလွှတ်တမ်းဆုပ်ကိုင်ထားပြီး ရင်ခုန်သံတွေမြန်ဆန်နေပါတယ်။ စည်သူက မနီးမဝေးကနေ ရေဘယ်လိုကူးရတယ်ဆိုတာကို ပြောပြနေပြီး မကြောက်ဖို့ ခွန်အားတွေပေးနေခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်ဖော့ပြီး ခြေတွေခတ်ကြည့်နေပါတယ်။
အိမ်ပြန်ချိန်ရောက်တော့ ဟိုနားဒီနားလောက်ကိုတော့ မေ တစ်ယောက် ကိုယ်တိုင်ကူးနိုင်လာခဲ့ပါပြီ။ သူငယ်ချင်းတွေအားလုံးက ဝိုင်းချီးကျူးဂုဏ်ပြုကြလို့ မေတစ်ယောက်လည်း ပျော်ရွှင်လို့နေပါတယ်။ တစ်သက်လုံး ရေကူးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့ မေ ရယ်ပါ။
ရေကူးကန်သန့်ရှင်းရေးလေး ပြုလုပ်မည်ဖြစ်ပါသဖြင့် ယနေ့ တနင်္ဂနွေ Nov 17 ရက်နေ့လေးတစ်ရက်ကို ပိတ်ခွင့်ပြုပေးပါရန်နှင့် မနက်ဖြန် မနက် 8 နာရီတွင် ပုံမှန်အတိုင်း ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင် 🙏
1. ရေသာဆက်ကူးနေပါ။
2. ရေဆိုတာက သင့်မိတ်ဆွေပဲလေ။ သူတို့နဲ့ တိုက်ခိုက်နေရမှာမဟုတ်ဘူး။ စိတ်ဝိညာဉ်နဲ့ ရေနဲ့တစ်သားတည်းကျရင် သူက ရွေ့သွားအောင်ကူညီပေးလိမ့်မယ်။
3. မုန်တိုင်းတွေမကြောက်ပါဘူး။ ရေဘယ်လိုကူးရမလဲ သိထားပြီးသားပဲကို။
4. အဝေးဆုံးဘယ်လောက်ထိပဲ ရေကူးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်မထားရင် စိတ်ကူးထဲကထက်တောင် ဝေးဝေးကူးနိုင်မှာပဲ။
5. အတော်ဆုံးရေကူးသမားဆိုတာ လေ့ကျင့်နေတုန်းမှာရှိတာ ပြိုင်ပွဲမှာမဟုတ်ဘူး။
6. သံသယတွေသိပ်များနေရင် ရေကူးရင်းဖောက်ထုတ်လိုက်။
7. ရေကူးကန်ဆိုတာ မှန်တစ်ချပ်လိုပဲ သင်လုပ်သမျှကို ရောင်ပြန်ဟပ်နေမှာ။
8. ရေကူးရတာ အသားကျနေပြီ။ ရေကူးနေရင် စိတ်အပန်းပြေတယ် သက်တောင့်သက်သာရှိတယ် အိမ်ကိုပြန်ရောက်နေသလိုပဲ။
9. ကောင်းသည်။ ပိုကောင်းသည်။ အကောင်းဆုံး။ ဘယ်တော့မှ မရပ်တန့်လိုက်နဲ့။ ကောင်းသည်ကနေ ပိုကောင်းသည်။ ပိုကောင်းသည်ကနေ အကောင်းဆုံးဖြစ်တဲ့အထိပေါ့။
10. ရေထဲမှာ ကုန်ဆုံးလိုက်ရတဲ့နေ့အတွက်တော့ နောင်တမရှိပါဘူး။
ပံ့သကူဘာပစ်ရမလဲ သိပ်စဉ်းစားရခက်နေရင် ရေကူးကန်ထဲ ကိုယ့်ကိုယ်ကိုယ် ပစ်ကြည့်ပါလား 😜
10/11/2024
🌟ရေကူးကန်ထဲကတန်ဆောင်တိုင်ပွဲတော်🌟
တန်ဆောင်တိုင်မှာ FMI Swimming Pool ရဲ့ ရင်သပ်ရှုမော အမိုက်စား Promotion အကြောင်း သိပြီးပြီလား?
🏊 Member ၀င်ကြေးနဲ့ ရေကူးသင်တန်းကြေးကို 20% တောင် Discount လျှော့ချပေးထားတာတဲ့!
ဒါတင်ပဲလားဆိုတော့ Ticket လေးခု၀ယ်တိုင်း 1 စောင် Free ဆိုတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ အချိန်ကောင်းပါပဲ!
အဖိုးတန်အားလပ်ရက်မှာ ကျွမ်းကျင်မှုတစ်ခုတိုးအောင် ရေကူးသင်တန်းပဲတက်တက်၊ တစ်နေကုန်လုံးပဲ အပန်းဖြေဖြေပေါ့
သေချာတာကတော့ Promotion သတ်မှတ်ရက် 1️⃣5️⃣🔹1️⃣6️⃣🔹1️⃣7️⃣ သုံးရက်တိတိမှာ မမေ့နိုင်ဖွယ်ရာ အခိုက်အတန့်လေးတွေ လာဖန်တီးကြဖို့လက်တို့ပါရစေ
ဒါ့ကြောင့် မြန်မြန်သာ လာရောက်ဆက်သွယ်လိုက်ပါတော့နော် ♥️
လူကြီးမင်းတို့အတွက် သေချာလေး စဉ်းစားထားတဲ့ တန်ဆောင်တိုင်မေတ္တာလက်ဆောင်လေးဟာ အားလုံးရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐅.𝐌.𝐈 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️𝐏𝐡𝐨𝐧𝐞-𝟎𝟗𝟖𝟖𝟕𝟕𝟕𝟗𝟎𝟑𝟎
29/10/2024
Halloween ပွဲတော်နေ့မှာ ရေလာကူးကြဖို့ အဆင်သင့်ဖြစ်နေကြပြီလား?
ရေကူးကန်မှာ Happy Halloween ရင်တော့ ရေထဲငုပ်နေချိန်မှာ ခြေထောက်လာဆွဲတော့မှာနော် 😜
Costume တွေ၀တ်လာပြီးလည်း ရေကူးကန် Background နဲ့ ဘယ်သူနဲ့ မှမတူတဲ့ Halloween Theme Photo တွေတောင် ဖန်တီးလို့ရပါတယ်ရှင်
ပျော်ရွှင်ဖွယ်ရာတွေ ပိုင်ဆိုင်ခွင့်ရမှာတော့ သေချာတာပေါ့
Booooo! HAPPY HALLOWEEN 👻🎃
26/10/2024
ဘာကြောင့် ရေကူးသင့်တာလဲ?
၁။ ကျန်းမာရေး
ကိုယ်လက်လှုပ်ရှား အားကစားဖြစ်တာကြောင့် ကြွက်သားများကို လေ့ကျင့်ပေးပြီး ခန္ဓာကိုယ်ကိုသွယ်လျအဆီကျ ကျန်းမာစေပါတယ်။ ရေကူးပြီးတာနဲ့ အိပ်ကောင်း စား၀င် ၀မ်းဟာ တတ်တာကိုသာ ကြည့်ပါတော့။
၂။ စိတ်ဖိအားဒဏ်တွေလျှော့ချပေးခြင်း
ရေထုက အေးမြမှုကို ပေးစွမ်းပြီး အကြောအချဉ်များကိုလျှော့ချ ရွှင်လန်းတက်ကြွစေတာကြောင့် စိတ်ပင်ပန်းမှုတွေ အနည်းနဲ့အများ ပျောက်သွားနိုင်ပါတယ်။
၃။ ဆက်ဆံရေးတွေ ပိုကောင်းလာခြင်း
မိသားစုနဲ့ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းနဲ့ဖြစ်စေ ပျော်ရွှင်တဲ့အခိုက်အတန့်လေးကို အတူတူမျှဝေကြတာကြောင့် ဆက်ဆံရေးတွေပိုမိုတိုးတက်ကောင်းမွန်နိုင်လာပါတယ်။ Crush နဲ့ဆိုရင် မူယာမာယာများ ရေနစ်ချင်ယောင်ဆောင်ပြီး အသက်ကယ်ခိုင်းလို့တောင်ရနိုင်ပါတယ် 😜။
၄။ ကျွမ်းကျင်မှုတစ်ခုတိုးလာခြင်း
ခုမှရေစကူးတဲ့သူပဲဖြစ်ဖြစ် ကျွမ်းကျင်ရေကူးသမားပဲဖြစ်ဖြစ် ရေနဲ့ထိတွေ့နေရင် ပိုပိုပြီး ကျွမ်းကျင်လိမ္မာလာမှာ အသေအချာပါပဲ။
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐅.𝐌.𝐈 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️𝐏𝐡𝐨𝐧𝐞-𝟎𝟗𝟖𝟖𝟕𝟕𝟕𝟗𝟎𝟑𝟎
25/10/2024
Swimming Pool ရောက်ရင် ကစားနိုင်သော Activity များ
Water Volleyball
ဘောလုံးလေးတစ်လုံးရှိရုံနဲ့တင် ပျော်ပျော်ရွှင်ရွှင်ကစားလို့ရပါတယ်
Running
ရေထဲမှာ ဘယ်သူအရင်ရောက်ရောက် အပြေးပြိုင် သို့မဟုတ် ရေကူးပြိုင်လို့ ရပါတယ်
စိန်ပြေးလိုက်တမ်း
ကုန်းပေါ်မှာလိုပဲ ရေထဲမှာ စိန်ပြေးတမ်းကစားရတာက ပိုမောပြီး ပိုရင်ခုန်စရာကောင်းပါတယ်
Water Diving
အဝေးဆုံးဘယ်သူရောက်လဲဆိုတာ ဒိုင်ဗင်ထိုးပြိုင်လို့ရပါတယ်
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - 𝐅.𝐌.𝐈 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️𝐏𝐡𝐨𝐧𝐞-𝟎𝟗𝟖𝟖𝟕𝟕𝟕𝟗𝟎𝟑𝟎
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
FMI City, Hlaing Thayar
Yangon
11051