𝙵𝚛𝚎𝚎𝚍𝚘𝚖 𝙼𝚢𝚊𝚗𝚖𝚊𝚛

  • Home
  • Myanmar
  • Yangon
  • 𝙵𝚛𝚎𝚎𝚍𝚘𝚖 𝙼𝚢𝚊𝚗𝚖𝚊𝚛

𝙵𝚛𝚎𝚎𝚍𝚘𝚖 𝙼𝚢𝚊𝚗𝚖𝚊𝚛 Freedom Myanmar IT

28/09/2021

မြန်မာကျပ်ငွေတန်ဖိုးကျမှု ထိန်းမနိုင်တော့၊ ဒေါ်လာဈေးကွက်ပျက်ပြီး တစ်ဒေါ် လာ ၂၇၀၀ အထိ မြင့်တက်၊ ရွှေစျေး ၂၁ သိန်း ၄ သောင်းအထိစျေးပေါက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပြည်တွင်းငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေမှုကို မထိန်းနိုင်တော့ဘဲ ဒေါ်လာငွေလဲစျေးကွက်ပျက်စီးကာ စျေးနှုန်းများမှာလည်း ငွေလဲကောင်တာ တစ်ခုနှင့်တစ်ခု မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၄၀၀ မှ ၂၇၀၀ အကြား စျေးဖွင့်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ Chase Money Changer က ယနေ့မွန်းတည့် ၁၂ နာရီတွင် ဒေါ်လာစျေးကို အမေရိကန်တစ်ဒေါ်လာ ရောင်းစျေး ၂၇၀၀ ကျပ်ဖြင့် စျေးနှုန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။

"အခု ကျပ်ငွေက တအားကို ထိုးကျနေတာဗျ။ အဓိက ဒေါ်လာဝယ်တဲ့သူက များတယ်။ ဘယ်ငွေလဲကောင်တာဖြစ်ဖြစ် ဒေါ်လာ ဝယ်မရဘူး။ စျေးကွက်က ပရမ်းပတာကို ဖြစ်နေတာ။ ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတာကလည်း ကြေညာချက်ပဲ ထွက်နေတာ။ တကယ့်စျေးကွက်ထဲ ရောက်မလာတဲ့သဘောဖြစ်နေတယ်" ဟု မဂိုလမ်း(ရွှေဘုံသာလမ်း)မှ ငွေလဲဒိုင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ စက်တင်ဘာလ (၂၈) ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေး ၂၀၅၀၀၀၀ ကျပ်(နှစ်ဆယ်သိန်း ငါးသောင်း)ဖြင့် စျေးဖွင့်ထားပြီး စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂၁ သိန်း ၄ သောင်း ဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေကြောင်း သိရှိရသည်။

20/09/2021

တကယ်တော့ အားလုံးကလဲ ကိုယ်နိုင်တဲ့ဘက်ကနေ ကိုယ်ရုန်းနေကြတာပဲ.. ဘယ်သူကမှတော့ ငြိမ်ခံနေလိုက်မယ်လို့ ရည်ရွယ်ထားကြပုံမပေါ်ဘူး..

ဒါပေမယ့် အားလုံးကလဲ အထိုက်အလျောက် အပြစ်ရှိသွားကြရတာပဲ..

များများရုန်းနေတဲ့သူတွေက အဲ့ဒီလောက်များများမရုန်းနိုင်တဲ့သူတွေကို အပြစ်မြင်မယ်.. အပြစ်တင်မယ်.. ဒါ ဓမ္မတာပဲ..

ဒါကို "ဟ.. ငါလဲ ငါတတ်နိုင်သလောက်တော့ ဆန့်ကျင်နေတာပဲ" ဆိုပြီး ပြန်ပက်လို့မရဘူး..

ကိုယ့်ထက်ပိုပေးဆပ်နိုင်သူတွေရဲ့မျက်စိထဲမှာ ကိုယ်ဟာ အပြစ်ရှိသူပဲ.. ဘာအကြောင်းပြချက်မှ မပေးနေနဲ့.. ငုတ်တုတ်လက်ခံရုံပဲရှိတယ်..

ဖောင်းထုရင် ခံလိုက်..
လက်ညှိုးထိုးရင် ခံလိုက်..

လှူနေတာပဲဆိုတာနဲ့ မပြီးဘူး.. ဒါကိုလက်ခံလိုက်ကြရုံပဲ..

ခက်ခဲတဲ့အခြေအနေတွေကိုဖြတ်ကျော်နေရတဲ့သူတွေတိုင်းမှာ စိတ်အလိုမကျခြင်းတွေ ရှိတတ်တယ်.. သူတို့ကို စိတ်လွတ်လက်လွတ်ပေါက်ကွဲခွင့်ပြုဖို့လဲလိုအပ်တယ်..

အခြေအနေကိုက နေရင်းထိုင်ရင်း အပြစ်ရှိတဲ့ ခေတ်ကို ရောက်သွားတာ..

အချင်းချင်း အပြစ်တွေတင်.. စကားနာတွေထိုး.. ဆူပူငေါက်ငန်းခံရမယ့်အဖြစ်တွေကို ကိုယ့်ထမင်းကိုယ်ခက်ခက်ခဲခဲရှာစားနေရင်းနဲ့ကိုပဲ ရောက်သွားကြရတာ..

ဒီနေရာမှာ အချင်းချင်းအပြစ်တွေပြောနေရုံနဲ့မပြီးဘူးလို့ ဆိုကြသည့်တိုင် ပိုပေးဆပ်ထားသူတွေက ပိုမော်ကြွားခွင့်ရှိတာကိုတော့ လက်ခံကြရမှာပဲ..

သွေးမကွဲသင့်ဘူး.. မဆဲသင့်ဘူးလို့ သိပ်ထောက်ပြနေလို့မရဘူး..
သွေးကွဲတတ်တာကိုက လူ့သဘာ၀ပဲ..
ပင်ပန်းလာတဲ့အခါ စိတ်အချဉ်ပေါက်လာတတ်တာနဲ့ ကိုယ့်လောက်အားစိုက်ထုတ်မှုမရှိဘူးလို့ထင်ရတဲ့သူတွေကို အားမလိုအားမရဖြစ်လာတတ်တာ လူ့သဘာဝပဲ..

အသက်.. ခန္ဓာ.. မိသားစု.. အစားအစာ.. ဆေးဝါး.. ဒါတွေကို မစွန့်လွှတ်နိုင်သေးသရွေ့ လုပ်အားနဲ့ငွေကြေးပဲလှူနေနိုင်‌သေးသရွေ့.. ဒါဟာ တော်လှန်ရေးအညွန့်ခူးစားနေကြသေးတာပဲလို့ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မကွယ်မဝှက်တမ်းသဘောပေါက်၀န်ခံဖို့လိုပါတယ်..

Maslow Hierarchy of needs အရ ကြည့်မယ်ဆို အောက်ဆုံးမှာရှိတဲ့ Physiological needs တွေဖြစ်တဲ့ အစားအသောက်.. အမိုးအကာ.. လိင်ဖျော်ဖြေမှု.. အလုပ်အကိုင်တွေကို ကိုယ်စွန့်လွှတ်နိုင်ခဲ့ပြီလား.. မစွန့်လွှတ်နိုင်သေးရင် စွန့်လွှတ်ထားတဲ့သူတွေကို ကျေးဇူးတင်.. သူတို့က ဆူချင်တယ်ဆို ခံ..

နောက်တစ်လွှာက Safety.. ကိုယ့်အသက်အန္တရာယ်တွေ.. ခြိမ်းခြောက်မှုတွေ.. အချုပ်အနှောင်တွေ.. ဒါတွေကို ကိုယ် risk ယူခဲ့ပြီးပြီလား..

ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် risk ယူရဲတဲ့ level ချင်းမတူကြပေမယ်လို့ အနည်းနဲ့အများတော့ အားလုံးစွန့်စားခဲ့ကြတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုပါတယ်.. ဒါပေမယ့် ကိုယ့်ထက်ပိုတဲ့ ဘယ်စွန့်စားမှုမျိုးကိုမဆို ပိုဦးစားပေးပြီး ကိုယ့်ပေးဆပ်မှု ကိုယ် "မလုံလောက်သေးဘူး" လို့ပဲ အမှန်အတိုင်းရှုမြင်နှိမ့်ချရလိမ့်မယ်..

ကိုယ့်ထက်ပိုပေးဆပ်ထားသူမှန်သမျှရဲ့ သူတို့ဆူချင်ရင် ဆူတာကို ကျေကျေနပ်နပ်ခံယူရလိမ့်မယ်..

နောက်တစ်ဆင့် Love and belonging
ကိုယ်ချစ်တဲ့သူတွေ အန္တရာယ်ကျရောက်တာ.. ကိုယ့်အိုးအိမ်စည်းစိမ် ဘေးမကင်းရန်မကင်းဖြစ်တာကို ကိုယ် ခံယူရဲပြီလား..

မဟုတ်ရင် အိုးပစ်အိမ်ပစ်ပစ္စည်းဥစ္စာပစ်ပြီး လုပ်နေကြသူတွေရဲ့မျက်နှာကို နာရမှာပဲ.. သားဆုံး လင်ဆုံး မယားဆုံး ညီအကိုမောင်နှမဆုံးရှုံးထားသူတွေကို အားနာရမှာပဲ..

၀င်ငွေရဲ့အချိုးတစ်ချို့တစ်၀က်ကိုလှူတယ်ဆိုတာ Esteem needs ကိုဖဲ့ပေးလိုက်တာလောက်ပဲ..

အရင်က ဘားသွားတယ်.. အခု မသွားဘူး.. အရင်က သိန်းကျော်တန်ပိုက်ဆံအိတ်ကိုင်တယ်.. အခုမကိုင်ဘူး.. အရင်က တစ်ပတ်ကိုဆီငါးသောင်းဖိုးဖြည့်တယ်.. အခုမဖြည့်ဘူး.. အရင်က ခရီးတွေသွားတယ်.. အပန်းဖြေတယ်.. အခုမလုပ်ဘူး..

ဒါတွေက ရင်းနှီးတယ်လို့ဆိုနိုင်ပေမယ့် ပေးဆပ်တယ်လို့တော့ပြောလို့မရဘူး..

ဒီတော့ ကိုယ့်လောက်မှ esteem needs ကို မလျှော့ချပေးနိုင်သူတွေကို ကိုယ်ကလဲ လက်ညှိုးထိုးခွင့်ရှိသလို ကိုယ့်ထက်ပိုပေးဆပ်ထားတဲ့သူတွေကလဲ သူတို့သာအလိုရှိရင် ကိုယ့်ကိုလက်ညှိုးထိုးခွင့်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူး..

ဘာဖြစ်လို့လဲဆိုတော့ "ငါတတ်နိုင်လို့ ငါကြိုက်တာငါလုပ်တယ်.. ဘာဖြစ်လဲ" ဆိုတဲ့ ဒီမိုကရေစီအကာကြီးတစ်ခုလုံးကို လူတစ်စုက ဆွဲခွာသွားခဲ့ကြပြီး ကိုယ်ဘာလုပ်လုပ်အပြစ်ဖြစ်ကိုဖြစ်နေမယ့်အခြေအနေအောက်ကို သွတ်သွင်းခံလိုက်ကြရပြီမို့လို့ပဲ..

ဒါ့ကြောင့် ဒါကြီးမပြီးမချင်း ကိုယ်သာယာသမျှ အပြစ်ဖြစ်မယ်..

ကိုယ်ပျော်သမျှ အပြစ်ဖြစ်မယ်..

ဒီခေတ်ဆိုးကြီးမကုန်ဆုံးသရွေ့ ကိုယ်အသက်ရှူတိုင်း.. ကိုယ်နှလုံးခုန်တိုင်း နေရင်းထိုင်ရင်းကိုအပြစ်ဖြစ်နေကြရတော့မှာပဲ..

ဒါ့ကြောင့်လဲ ဒါကြီးကိုမြန်မြန်ပြီးအောင် အင်တိုက်အားတိုက် ဝိုင်းတွန်းကြဖို့လိုတာပဲ..

တကယ်တမ်း လူတွေက ကိုယ့်တကိုယ်စာအေးချမ်းရင်ပြီးရော လုံခြုံရင်ပြီးရောလို့တွေးခဲ့ကြပေမယ့် လိပ်ပြာရှက်တဲ့ဒဏ်ကိုမခံနိုင်ကြပါဘူး..

ဘယ်လောက်တစ်ကိုယ်စာပြီးပြည့်စုံတယ်ပြောပြော လူဟာ social animal ပဲ.. ဒါ့ကြောင့် boycott တွေ.. social punishment တွေ ပြင်းပြင်းထန်ထန်ဆက်လုပ်ဖို့လိုအပ်သလို ကိုယ်တိုင်က အာသာပြေရုံ ပေးဆပ်နေတယ်ဆိုရင်လဲ အဆူအဆဲခံနိုင်ဖို့ လိုတယ်..

ကိုယ့်ထက်လုပ်နိုင်စွမ်းရှိသူတွေ ဆူသမျှ ခံနိုင်ဖို့လိုတယ်..

လုပ်နိုင်ပါလျက်နဲ့ကိုယ့်လောက်မလုပ်သူတွေကို ဖင်ပိတ်ကန်ပေးဖို့လိုတယ်..

Blame game ကတော့ လာမှာပဲ.. လူဆိုတာ အပြစ်တင်တတ်သောသတ္တဝါပဲ..

တစ်ခုတော့ရှိတာပေါ့.. ကိုယ်လဲ လုံခြုံရာကနေ လိုင်းမိတဲ့အင်တာနက်နဲ့ ဘာဘယ်လ်တီးကို ဒလီဘာရီနဲ့မှာသောက်ရင်း Facebook ပေါ်လက်တင်ရင်း တွေ့သမျှလူလိုက်ဆဲနေတာမျိုးကကျတော့ နည်းနည်း irony ဖြစ်တာပေါ့..

မဟုတ်ရင်တော့ ကိုယ်မလုပ်နိုင်တာလုပ်နေတဲ့သူတွေ ဘလိန်းသမျှ ခံသင့်လို့ခံရလေတယ် ဆိုတဲ့စိတ်နဲ့ အပြုံးမပျက်ခံရင်း ကိုယ်လုပ်နိုင်တဲ့ဟာလေးတွေ ကိုယ်ရိုးရာမပျက် ဆက်လုပ်သွားနေကြဖို့ပဲရှိတယ်..

အချင်းချင်းအပြစ်မတင်ကြပါနဲ့ ဆိုတာက တကယ်တမ်း တရားမျှတမှုမရှိဘူးဆိုတာကို လက်ခံ..

ဒီလိုပဲ အချင်းချင်းတပ်လှန့်ရင်း အလိုလိုနေရင်းအပြစ်ဖြစ်ကြရတဲ့ခေတ်ဆိုးကြီးကို အာခံကြရမှာမလား..

အပြစ်တင်တတ်တဲ့အလေ့အထဟာ မကောင်းဘူးဆိုပေမယ့် အပြစ်တင်နေတဲ့သူတွေကို တန်ပြန်အပြစ်တင်တတ်တဲ့အလေ့အထဟာလဲ မကောင်းပါဘူး..

ခင်ဗျားဟာ ဘယ်လိုနေနေ အပြစ်ကိုရှိနေတာပါ..

ခင်ဗျားချစ်ရင်လဲမှားသလို မုန်းရင်လဲမှားတယ်..
အပြစ်တင်ရင်လဲမှားသလို အပြစ်တင်မခံချင်ရင်လဲမှားတယ်..

အားလုံးဟာခြေလှမ်းတိုင်းမှားနေကြရမယ့် အခြေအနေတစ်ခုအောက်ကို အလိုမတူပဲ အတင်းထိုးထည့်ခံလိုက်ရတဲ့ သတ္တဝါတွေချည့်ပဲ..

ဒါဟာခင်ဗျားကြောင့်မဟုတ်ပဲ ကိုယ့်မင်ကိုယ်လွန်းတဲ့ မအေလွန်းတစ်ကောင်ကြောင့်သာဖြစ်ပြီး အဆဲမခံချင်ရင် ရုန်းကိုရုန်းရမယ့် pressure က ခင်ဗျားခေါင်းပေါ် ရောက်လာခဲ့ခြင်းသာဖြစ်ပါတယ်..

18/09/2021

မရှုံးပဲ နိုင်အောင် တိုက်ရမယ့် အကြောင်းက ကိစ္စသေးသေးလေးကစ အကြီးကြီးတွေထိ ပါတယ် ၊

METRO က ဒီနိုင်ငံကနေ မကြာခင်ထွက်တော့မယ်။
Premium နဲ့ တန်းတူ အစားအသောက်တွေကို
နှစ်တိုအတွင်း Supply ပေးနိုင်တဲ့ FDI ထွက်တော့
Domino Effects က ဘာဖြစ်မလဲ!

လွန်ခဲ့တဲ့ ၂ ရက်ကပဲ Swensen’s ကစာထုတ်ပြီး
Myanmar Plaza ဆိုင်ခွဲကို စပိတ်ဖို့အသိပေးတယ်။
တဖြေးဖြေးနဲ့ Swensen’s ဆိုင်တွေ အကုန်လုံး
ပိတ်မယ့်အခြေအနေ ရှိတယ်။
အဲဒါပြီးရင် Pizza Company ဖြစ်နိုင်တယ်။
Swensen’s နဲ့ PC က ကုမ္ပဏီတခုတည်းလေ။

ဒါတွေထွက်သွားလို့ ငတ်မသေပါဘူး လို့
ပြောတဲ့သူတွေရှိနိုင်တယ်။
ဟုတ်တယ်၊ အကောင်းစားအစားအစာတွေ
မစားရလို့ ငတ်မသေပေမယ့် METRO လို
International Company တွေထွက်သွားတာ
တခြားဆိုင်တွေပိတ်သွားတာတွေကြောင့်
လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်သွားတယ်။

အလုပ်ကပြန်ရှာလို့ရပေမယ့် လူငယ်တွေမှာ
အနာဂတ်ပျောက်သွားတယ်။
အရင်က " ငါက METRO မှာ၊ ငါက PC မှာ၊
ငါကတော့ KFC မှာပဲ အလုပ်လုပ်ချင်တာ " စတဲ့
မျှော်လင့်ချက်တွေ၊ Pride တွေ လူငယ်တွေဆီမှာ
မရှိတော့ဘူး။
ရရာအလုပ်၊ သူများခိုင်းတာတွေပဲလုပ်နေရင်း
Brain Damage ဖြစ်သွားတယ်။
Brain Development မရှိတော့ဘူး။
Critical Thinking မရှိတော့ဘူး။

အဲ့ဒါတွေက ငတ်တာထက်ကြောက်ဖို့ကောင်းတယ်။
မြန်မာပိုင်ကုမ္ပဏီအများစုမှာ Training Dept
မရှိဘူး။
Learning & Development မရှိတဲ့အတွက်
Talent တွေလည်းထုတ်မသုံးနိုင်တော့ဘူး။
ဒါ အမှန်တရားပဲ။

နောက် ၁၀ နှစ်အတွင်းမှာ ဒီနိုင်ငံဟာရှေ့တိုးဖို့
မပြောနဲ့ လူတွေက တတိယနိုင်ငံသားအတွေးနဲ့
ခိုင်းတာလုပ်၊ ရတာစားဘဝပဲ ဖြစ်သွားလိမ့်မယ်။

Source : KyawKyawHtike

16/09/2021

ယနေ့ ပြန့်နှံ့လျှက်ရှိသော တစ်သောင်းတန် ငါးထောင်တန် ငွေစက္ကူများ တရားမဝင် သတ်မှတ်သည့် စာမှာ အတုဖြစ်ပါသည်.
သောက်ဂရုစိုက်စရာမလိုပါ. အစစ် ထုတ်ခဲ့ရင်တောင် ဉပဒေသည် စစ်ခွေးများလက်ထဲတွင်မရှိသောကြောင့် သောက်ဂရုစိုက်စရာ လုံးဝလုံးဝ မလိုပါကြောင်း..

14/09/2021

လူငယ်တွေကို အရင်ကတည်းက
ဖမ်းဆီးသတ်ဖြတ်နေတဲ့ စကစ ရဲ့လုပ်ရပ်ကို
NUG ဘက်က လူကြီးတွေက D Day ဆိုတဲ့
အသံထွက်လို့ ပိုပြီးတော့
အနေအစားကြပ် ဒုက္ခများနေသယောင်
ရေးနေကြတဲ့သဘောတရားတွေသည်
စကစ ဘက်ကနေစပြီး
ဝါဒဖြန့်လာတဲ့မှိုင်းတွေဖြစ်တယ်
ဒီလိုမှိုင်းကို ကိုယ့်အကောင့်ထဲက
ပညာတတ်လူတချို့တောင် မိနေတာ မြင်နေရတယ်

NUG သည် ဘယ် PDF တွေကိုမှ
ဘာမှ မကူညီဘူးဆိုတဲ့ သဘောသက်ရောက်တဲ့ ဝါးလုံးသိမ်းရမ်းစွပ်စွဲတဲ့အချက်တွေကိုလည်း
အာပေါင်အာရင်းသန်သန် ပြောနေကြတယ်

PDF ဆိုတဲ့အမည်ပါတဲ့အဖွဲ့တိုင်းကိုတော့
မကူညီနိုင် မထောက်ပံ့နိုင်သေးတာမှန်ပါတယ်
ဒါပေမယ့် ဒါသည်လည်း အပြစ်ပြော
$ ဖောင်းထိုင်ထုနေရမယ့်အရာမဟုတ်ဘူး

ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးမှာ
ဘယ်သူကမှ ဘယ်သူ့အတွက်မှ
အစစ အရာရာပြည့်စုံအောင် လုပ်ပေးရမယ်ဆိုတဲ့ မဖြစ်မနေတာဝန်မျိုး ရှိမနေဘူး
အားလုံးဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်
ကိုယ်နိုင်ရာတာဝန်ကို ယူပြီး
လုပ်နေကြရတာဖြစ်တယ်
မနိုင်ဝန်ဖြစ်နေလို့ မထမ်းနိုင်တာကိုလည်း အချက်အလက်တစ်ခုအဖြစ်ဆွဲထုတ်ပြပြီး
ဖောင်းထုနေကြတာသည်
နည်းလမ်းအမှန်မဟုတ်ဘူး

NUG အနေနဲ့က မနိုင်ဝန်ဖြစ်နေလို့
မထမ်းနိုင်တာတွေရှိသလို
သတိထားစောင့်ကြည့်ဖို့တွေလိုအပ်နေလို့
ထမ်းမပေးတဲ့အပိုင်းတွေဆိုတာလည်းရှိတယ်

ဘာကြောင့်လဲဆိုတော့ PDF လို့အမည်ခံပြီး
ဝင်လာနိုင်တဲ့ဒလံတွေရှိသလို
ခေတ်ကြီးပျက်သွားခဲ့ရင်
လက်နက်ကိုင်ဟန်ရေးပြဓားပြတိုက်စားဖို့
PDF အမည်ခံပြီး တော်လှန်ရေးထဲဝင်လာတဲ့တောကြောင်တွေဆိုတာလည်း
ရှိနိုင်တယ်ဆိုတာ အရေးကြီးတဲ့အချက်အဖြစ်
ထည့်စဥ်းစားထားရတယ်

လွတ်လပ်ရေးကာလတုန်းက
ပေါ်ခဲ့ဖူးတဲ့ ရောင်စုံသူပုန်တွေအမည်စုံအဖွဲ့စုံ
ဓားပြတိုက်စားခဲ့ကြတဲ့ခေတ်ကို
သင်ခန်းစာယူကြဖို့တော့လိုတယ်

အဲလိုအရာတွေကိုလည်းထည့်သွင်းချင့်ချိန်ပြီး အလုပ်လုပ်နေရသေးတယ်

ကျွန်တော်တို့ကို လက်နက်တပ်ဆင်ပေးပါလို့
အော်တိုင်း ရော့အင့်ဆိုပြီး ပေးလိုက်လို့မရဘူးလေ

တကယ်တော်လှန်နေတဲ့ PDF အဖွဲ့ဟုတ်မဟုတ် စုံစမ်းလေ့လာရဦးမယ်

ပြီးရင် ငွေရဖို့အတွက်လည်း ကြိုးစားရဦးမယ်

ရလာတဲ့ငွေတွေထဲကနေလည်း
PDF အဖွဲ့ဝင်တွေကို စားဝတ်နေရေးထောက်ပံ့ လက်နက်ဝယ်ယူရေး
နိုင်သလောက်လုပ်ပေးတာအပြင်
CDM တွေကိုလည်းထောက်ပံ့ရဦးမယ်
ကလေးတွေအွန်လိုင်းပညာသင်စနစ်လည်ပတ်ရေးတွေလည်းလုပ်ရဦးမယ်
နိုင်ငံတကာသံခင်းတမန်ခင်းလုပ်ကိုင်နေသူတွေ
စားဝတ်နေရေးအတွက်လည်းထောက်ပံ့ရဦးမယ်
စကစကို ICC ICJ မှာတရားစွဲနိုင်ဖို့
နိုင်ငံခြားရှေ့နေအဖွဲ့တွေလည်းငှားရမ်းရသေးတယ်
UN မှာ အသိအမှတ်ပြုခံရဖို့အတွက်လည်း
ရှေ့နေတွေငှားရမ်းတိုင်ပင်နေရတာတွေကလည်း
ရှိသေးတယ်
NUG ဟာ ဒီ အရာတွေအားလုံး
သေခြာလည်ပတ်ဖို့အတွက်တောင်
မနည်းရုန်းကန်နေရတာဖြစ်တယ်

တော်လှန်ရေးတာဝန်မှန်သမျှ
PDF ဆိုတဲ့အဖွဲ့ဝင်တိုင်းရဲ့ လိုအပ်ချက်မှန်သမျှ ပြည်သူတစ်ဦးခြင်းစီရဲ့ ဘဝမှန်သမျှအတွက်
တာဝန်ရှိကြေးဆိုရင် NUG တစ်ဖွဲ့တည်းမဟုတ်ဘူး

မြန်မာနိုင်ငံသားထဲက
တော်လှန်ရေးစိတ်ရှိသူတိုင်းမှာ
တာဝန်ရှိတာဖြစ်တယ်

တော်လှန်ရေးစိတ်ရှိသူတိုင်းသည်လည်း
နိုင်ရာတာဝန်တော့
ဝိုင်းကူထမ်းနေကြတာပဲဖြစ်တယ်

ငါကတော့ ငတ်နေပြီ ဟိုကောင်တွေက
ဘာမှမကူဘူးဆိုပြီး ဖောင်းထုနေကြတာသညထ
တော်လှန်ရေးသမားစိတ်ဓာတ်မဟုတ်ဘူး
ဖိနှိပ်ခံဘဝတူအခြင်းခြင်း တမူးပိုရှုချင်တာနဲ့ အတူတူပဲဖြစ်နေတယ်

PDF ထဲ ဝင်လာတဲ့လူငယ်တွေသည်
ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်
ဝင်လာကြသူတွေဖြစ်တယ်
မြို့ပေါ်မှာ နဖူးကချွေး ခြေမကျအောင်
သူများဆီကျွန်ခံပြီးရလာတဲ့လုပ်အားခထဲကနေ
ကူညီထောက်ပံ့နေတဲ့ လူငယ်တွေသည်လည်း
ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်
တာဝန်ယူလုပ်ဆောင်နေကြတာဖြစ်တယ်

အဲလိုပဲ NUG အဖွဲ့ဝင်တွေ တော်လှန်ရေးမှာ
ပါဝင်နေကြတာသည်လည်း
ဘယ်သူကမှ တာဝန်ပေးထားလို့မဟုတ်ဘူး
ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်
နိုင်ရာတာဝန်ထမ်းပြီး လုပ်ကိုင်နေကြတာဖြစ်တယ်

ပြည်သူက ဦးဆောင်နေရတာဖြစ်တယ်
ရှင်းရှင်းပြောရရင် NUG ဟာ ပြည်သူက လိုအပ်လို့ ထွက်ပေါ်လာရတာ
LDF တွေက ထင်ထားတာထက် များနေတယ်လို့
ဒေါက်ဇော် ထုတ်ပြောဖူးတာရှိတယ်
ပြည်သူတွေ က အာဏာရှင်တိုက်ထုတ်ဖို့အတွက် ဆိုတာနဲ့
ခက်ခဲနေတဲ့ကြားထဲက လှူကြသူတွေပါ။

ခေတ်အဆက်ဆက် သွေးကွဲခဲ့ကြဖို့
စစ်ဖိနပ်အောက်ရောက်ခဲ့ကြရတာကို
အခုထိ သင်ခန်းစာမယူနိုင်ကြသေးဘူး
Emotion သိပ်များတဲ့ တော်လှန်ရေးအုပ်စုဟာ
ပြိုကွဲဖို့ သိပ်လွယ်တယ်ဆိုတာ သိကြဖို့လိုတယ်

ဘယ်သူတွေ ဘယ်လိုထင်ထင်
သွေးမကွဲဖို့အတွက်တော့
ပြောသင့်တဲ့စကားကို
ပြောရဲကြဖို့ အရေးကြီးပါတယ်.

ကျွန်တော်တို့ဟာ နေရင်းထိုင်ရင်း 52% လောက် ဆင်းရဲသွားပါပြီ ...ဟုတ်ပါတယ်ဖတ်ရန် ကြာချိန် - ၁ မိနစ်အကြောင်းအမျိုးမျိုးကြောင့...
10/09/2021

ကျွန်တော်တို့ဟာ နေရင်းထိုင်ရင်း 52% လောက် ဆင်းရဲသွားပါပြီ ...

ဟုတ်ပါတယ်

ဖတ်ရန် ကြာချိန် - ၁ မိနစ်
အကြောင်းအမျိုးမျိုးကြောင့်(ခွေးသားတွေကြောင့်) Dollar ဈေးတက်ခဲ့ရတာ February လ ကတည်းက ဖြစ်ပြီး ယခုအခါမှာ အမြင့်ဆုံးစံချိန် 1,990/ 2,000 ဆိုတဲ့ Rate ကို ရောက်ရှိသွားပြီပဲဖြစ်ပါတယ်

မနေ့က(9. Sept. 2021) ပဲ 1700 ဝန်းကျင်သာရှိနေပြီး ယနေ့ 2000 နီးပါးရှိခဲ့သည်မှာ ဒေါ်လာအရောင်းအဝယ်ပြုလုပ်သော လူ 50 ခန့်ကို အကြမ်းဖက် အဖွဲ့အစည်းက လိုက်လံဖမ်းဆီးခဲ့တာဖြစ်တာကြောင့်လို့ ကျွမ်းကျင်သူတစ်ချို့က ပြောပါတယ်။

Input ကို အများကြီး မှီတည်နေတဲ့ နိုင်ငံသေးသေးလေး အနေနဲ့ Dollar ဈေးတက်တာဟာ အိမ်မက်ဆိုးပဲဖြစ်ပါတယ်။ အရင်လို ငွေကျပ် 13 သိန်း($1000)နဲ့ Laptop တစ်လုံးဝယ်နိုင်ရာမှ သိန်း 20 ($1000) အထိ
နေရင်းထိုင်ရင်း 7 သိန်းပိုပေးရမှာဖြစ်ပါတယ်။

နောက်ဆုံး Impact အနေနဲ့ကတော့ အခြေခံစားကုန်တွေ တစ်ဖန်ပြန်ပြီး ဈေးတက်လာမှာဖြစ်ပြီးတော့ unemployment 90% လောက်ဖြစ်နေတဲ့ Myanmar နိုင်ငံအတွက် အခြေခံလုပ်သားများအတွက်ရော ထမင်းတစ်နပ်ပါ တစ်ရက်ထပ် တစ်ရက်ပိုမိုခက်ခဲလာတာကို တွေ့ရပါတယ်။

09/09/2021

တော်လှန်ရေးကတော့ တစ်စ တစ်စ သိသိသာသာ ပြင်းထန်လာပြီ ၊ အားရ ကျေနပ်ဖို့လည်းကောင်းနေပြီ။ ကိုယ့်လွတ်လပ်မှု ၊ ကိုယ့်ရပိုင်ခွင့်တွေကို ပြန်ယူဖို့ မတွန့်ဆုတ်ကြပါနဲ့တော့ ၊ ခုလို ကျီးလန့်စာစား ရှင်ရက်နဲ့သေနေရတဲ့ဘဝကို နေသားကျစရာ မလိုဘူးနော် ။ နေသားကျရင် ဒီထက်အဆပေါင်းများစွာ ဆိုးတာတွေလာမှာ ဆိုတာ အမှန်တရားပဲ ။

နိုင်ပြီးသွားရင် ရလာမယ့် ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေ အခွင့်အလမ်းတွေက အတိုင်းအဆ မရှိဘူး ၊ အဲပျော်ရွှင်မှုတွေကို အမြန်ဆုံး ရအောင် ယူကြဖို့ အမြဲ တွေးထားပါ ၊ အချိန်အကြာကြီး ပိတ်လှောင် မခံကြပါနဲ့ ။

မကောင်းမှုလုပ်တဲ့သူက ဘယ်လောက် တန်ခိုးကြီးပါတယ်ဆိုတာတွေပဲ ဆောင်နေပါစေဦး ၊ ဒီလိုလူတွေလက်ထဲရောက်ရင် သာမန် ပြန်ဖြစ်သွား ၊ စိ...
07/09/2021

မကောင်းမှုလုပ်တဲ့သူက ဘယ်လောက် တန်ခိုးကြီးပါတယ်ဆိုတာတွေပဲ ဆောင်နေပါစေဦး ၊ ဒီလိုလူတွေလက်ထဲရောက်ရင် သာမန် ပြန်ဖြစ်သွား ၊

စိတ်မပူနဲ့ ။
မကောင်းတာလုပ်ရင် ဆိုးတာတွေပဲ ကြုံရမှာ ။

06/09/2021

အပစ်အခတ် လေးလ ရပ်လိုက်ရင် ...

- စိတ်ဓာတ်ပျက်ပြီးကစဉ့်ကလျားဖြစ်နေတဲ့ စကစတပ်တွေကို ပြန်စည်းရုံး၊ ပြန်စုစည်းနိုင်သွားမယ်။

- EAO's တွေနဲ့ ထိစပ်‌နယ်မြေတွေထဲက တပ်စခန်းတွေကို လူအင်အား၊ လက်နက်အင်အားနဲ့ စားနပ်ရိက္ခာတွေ ဖြည့်‌ဆ‌ည်းဖို့ အချိန်ရသွားမယ်။

- EAO's တွေနဲ့ အပစ်အခတ်ရပ်ထားတဲ့အတွက် ထီးထီးကြီးကျန်နေတဲ့ Local PDF တွေကို စိတ်တိုင်းကျ ခြေမှုန်းခွင့် ရသွားမယ်။

- အုပ်ချုပ်ရေးပိုင်းကို ဖိဖိစီးစီးအသက်သွင်းဖို့ အားပိုစိုက်နိုင်သွားမယ်။

- ဖမ်းဆီးမှုတွေ နှိပ်ကွပ်မှုတွေကို ဒီထက်ပို ကြပ်ကြပ်မတ်မတ် လုပ်ဖို့ အခွင့်အရေးရသွားမယ်။

- တိုက်ပွဲတွေ မရှိတော့ပါဘူး၊ အေးချမ်းနေပါပြီ၊ စကစကို ပြည်သူတွေက လက်ခံသွားပါပြီဆိုပြီး ကမ္ဘာကို ကြေငြာခွင့်ရသွားမယ်။

- တချို့တချို့သော ပြည်သူတွေလဲ စိတ်ဓာတ်ကျပြီး စကစလက်အောက်မှာ ပုံမှန်ဘဝတွေလို နေသားကျသွားမယ်။

ဒါတွေက ကိုယ်လို သာမန်ပြည်သူတယောက်တောင် ရိုးရိုးလေးတွေးမိတဲ့ အချက်တွေ။

ဒီပွဲက ....
ပြည်သူက ချဉ်ပေါင်၊
စစ်‌ေခွးတွေက ဝက်သား၊
ချဉ်ပေါင်နဲ့ ဝက်သား အားပြိုင်တဲ့ပွဲ .....

အာဆီယံအနေနဲ့ ချဉ်ပေါင်ကို ကာပြန် ခြေကန်ကာရုန်းပြီး ဝက်သားဘက်စုန်းစုန်းပါသွားရင်လဲ အာဆီယံနဲ့ချိတ်ထားတဲ့လက်ကို ဖြုတ်လိုက်ရုံမှအပ ...

03/09/2021

ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်စျေး ရှိပါတယ်။

(ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စျေးနှုန်းနဲ့ ဘယ်မှာမှ ဝယ်မရ / ရောင်းမရပါ)

ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။

ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်းလောက်သာ ထည့်တွက်မယ်ဆိုရင် ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။

တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ မအလ အာဏာရူးမှုကြောင့် အရာရာ တန်ဖိုးကျဆင်းကုန်တာပါ။

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ အတွက်ပါ။

Address

Hlaeden
Yangon
04025

Alerts

Be the first to know and let us send you an email when 𝙵𝚛𝚎𝚎𝚍𝚘𝚖 𝙼𝚢𝚊𝚗𝚖𝚊𝚛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙵𝚛𝚎𝚎𝚍𝚘𝚖 𝙼𝚢𝚊𝚗𝚖𝚊𝚛:

Shortcuts

Share