01/09/2023
နှစ် ၂၀ ကြာမှ ပြန်ကန်ရတဲ့ချန်ပီယံလိဂ်မှာ ကျတော့လည်း မရဏအုပ်စုတဲ့
*********************************************************************
နုယူးကာဆယ်ဟာ ချန်ပီယံလိဂ်အုပ်စုမှာ ပြန်ကန်ခွင့်ရဖို့အတွက် နှစ် ၂၀ တောင် စောင့်ခဲ့ရပါတယ်။
ဖြစ်ချင်တော့ နှစ် ၂၀ ကြာမှ ပြန်ကန်ရတဲ့ ချန်ပီယံလိဂ်မှာ သူတို့ဟာ မရဏအုပ်စုထဲ ကျရောက်နေတာပါ။
ပီအက်စ်ဂျီ၊ အေစီမီလန်နဲ့ ဒေါ့မန်တို့ ၃ သင်းစလုံးဟာ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ကြတဲ့အသင်းတွေပါ။
အေစီဆို ချန်ပီယံလိဂ်မှာ ၇ ကြိမ်ဗိုလ်စွဲဖူးပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဆီမီးအထိ ရောက်ခဲ့ပါတယ်။
ပီအက်စ်ဂျီကလည်း ၂၀၂၀ ကပဲ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကန်ထားတာပါ။
ဒေါ့မန်ဆိုလည်း ၁၉၉၇ တုန်းက ဥရောပချန်ပီယံဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကပဲ ဗိုလ်လုပွဲတက်ထားပါတယ်။
နယူးကာဆယ်အနေနဲ့ အဲဒီအသင်းတွေနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာပါ။